RSS

All the difference in the world

"There always room for a story
                  that can 
transport people to another 
                  place."
         - J.K. Rowling

စိတ်အပြောင်းအလဲလေး တစ်ခုဖြစ်အောင် ပုံပြင်လေး တစ်ပုဒ်လောက်ပြောပါရစေဗျာ...
စာဖတ်သူ မိတ်ဆွေတို့အတွက် သိကျွမ်းပြီးသား ပုံပြင်ဟောင်းလေး တစ်ပုဒ်ဖြစ်မှာပါ

(ဒီပုံပြင်လေးဖတ်ပြီး စာဖတ်သူစိတ်ထဲ ရသ တစ်ခုခု စွဲကျန်ရစ်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီဗျာ)Linn Sat

******************************
"All the difference in the world"

တနင်္ဂနွေနေ့ရဲ့ မနက်တိုင်း ကျနော့် အိမ်နားမှာရှိတဲ့ ပန်းခြံထဲမှာ ပုံမှန် ပြေးလေ့ရှိပါတယ်....
အဲ့ဒီပန်းခြံရဲ့ ထောင့်တစ်နေရမှာတော့ေ
ရကန်လေး တစ်ခုရှိပြီး ဒီရေကန်လေးကို ကျနော် ပတ်ပြီး ပြေးနေစဉ်အတွင်း ရေကန်အစပ်မှာ  သတ္တုလှောင်အိမ်ကလေး တစ်ခုကိုင်ပြီး ထိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို ပုံမှန် မြင်တွေ့နေခဲ့ရတာပေါ့

တနင်္ဂနွေတစ်ရက်မှာတော့ ကျနော်ရဲ့ စူးစမ်းလိုစိတ် သိချင်စိတ်ကို မတားနိုင်တော့ဘဲ  ပြေးနေတာကိုရပ်ပြီး အမျိုးသမီးရှိရာ ရေကန်စပ်ကို  သွားခဲ့လိုက်တယ်။

အမျိုးသမီးနဲ့ နီးကပ်လာတဲ့အခါ  ကျနော် မြင်လိုက်ရတဲ့ သတ္တု လှောင်အိမ်ဆိုတာ တကယ်တော့ တိရစ္ဆာန်လေးတွေ ထွက်ပြေးလို့မရအောင်ထားတဲ့ လှောင်အိမ်ငယ်ကလေးဆိုတာ နားလည်သဘောပေါက်လိုက်တယ်.....

အဲ့ဒီလှောင်အိမ်ကလေးထဲမှာ ပင်လယ်လိပ်လေး(၃)ကောင်က ဖြေးညင်းစွာလှည့်ပတ်သွားနေပြီး (၄)ကောင်မြောက် ပင်လယ်လိပ်ကိုတော့ အမျိုးသမီးကြီးရဲ့ ရင်ခွင်ထဲမှာ ပိုက်ထွေးထားပြီး spongy brush နဲ့ ဂရုတစိုက်နဲ့ သန့်ရှင်းရေးလုပ်ပေးနေတာပေါ့

ကျနော်လည်း အမျိုးသမီးဆီကို သွားပြီး မိတ်ဆက်လိုက်တယ်
"ဟဲလို....
.တနင်္ဂနွေ မနက်တိုင်း မင်းဒီမှာထိုင်နေတာ ငါအမြဲတွေ့တယ် 
မင်း စိတ်မဆိုးဘူးဆိုရင် ဒီ ပင်လယ်လိပ်တွေနဲ့ ဘာတွေလုပ်နေသလဲဆိုတာ ငါ့ သိလို့ရနိုင်မလားလို့"  
ဆိုပြီး ကျနော် ပြောလိုက်တယ်...

"သူတို့ရဲ့ အခွံ တွေကို ငါ သန့်ရှင်းရေး လုပ်ပေးနေတာပါ " ဆိုပြီး  အမျိုးသမီးက ပြုံးပြီး ပြန်ဖြေတယ်... တဆက်တည်း သူက ဆက်ရှင်းပြတယ်

"လိပ်အခွံပေါ်မှာရှိတဲ့အရာတိုင်းဟာ ရေထဲမှာရှိတဲ့ အညစ်အကြေးနဲ့ ရေညှိရေမှော် တွေကြီးပဲ"
ဒီအညစ်ကြေးတွေက လိပ်ရဲ့ အပူစုပ်ယူနိုင်တဲ့ စွမ်းအားကို လျော့ကျစေပြီး ရေကူးနိုင်စွမ်းကိုလည်း ကြန့်ကြာတတ်အောင် ဒုက္ခပေးတတ်တယ်လေ...

ကြာလာရင် သူတို့အခွံတွေက တဖြည်းဖြည်း အားနည်းလာပြီး တမြည့်မြည့် ပျက်စီးတော့တာပဲ"

ဒါကြောင့် ငါဒီမှာ သန့်ရှင်းရေး လုပ်ပေးနေရတာပေါ့.....

"ဝိုး..... မင်းနဲ့တွေ့ရတာ အရမ်း အံသြဖို့ကောင်းတာပဲ" ဟု ကျနော်လည်း ပြန်ပြောမိလိုက်တယ်"


ဒီလိုနဲ့ တနင်္ဂနွေမနက်တိုင်း ရေကန်စပ် မှာ လိပ်ကလေးတွေကို (၂)နာရီလောက် သူမနဲ့အတူ ကူညီ သန့်ရှင်းပေးပြီး လိပ်ကလေးတွေကို ရေကန်ထဲလွှတ်ပေးပြီးနောက် သူမ ပြန်သွားလေ့ရှိပြီး ဒီအပြုအမူလေးက ကျတော့်စိတ်ကိုလည်း အေးချမ်းစေတယ်
ဒါကတော့ ကျနော့်နဲ့ ကွဲပြားခြားနားတဲ့ ထူးထူးခြားခြား လုပ်ဆောင်ချက်လေးတွေကို စတင်အစပျိုးလိုက်ခြင်းပါ....

"ဒါနဲ့..... ရေချိုလိပ်အများဆုံးဟာ  သူတို့ရဲ့အခွံမှာ ကပ်ညှိနေတဲ့ ရေညှိနဲ့အညစ်အကြေးတွေကြောင့် သူတို့ ဘဝတစ်လျောက်လုံး အသက်ရှင်နေထိုင်နိုင်ကြပါ့မလား" လို့
သူမကို မေးလိုက်တဲ့အခါ

"နေထိုင်နိုင်ကြမှာပါ... သူတို့လုပ်နိုင်မှာပါ"ဆိုပြီး စိတ်မကောင်းစွာနဲ့ ပြန်ဖြေတယ်။

"ကောင်းပြီ..... မင်းရဲ့အချိန်တွေကို ဒီထက်ပိုကောင်းတဲ့နည်းနဲ့  အချိန်ဖြုန်းဖို့ မစဉ်းစားမိဘူးလား??" ငါဆိုလိုတာက
" မင်းမှာ အားလုံးကို ကြင်နာတတ်တဲ့စိတ် ရှိတယ်...
ဒါပေမယ့် ကမ္ဘာအနှံ့မှာရှိတဲ့ ရေကန်ထဲမှာလည်း ဒီလိုလိပ် တွေ နေထိုင်နေကြတယ်လေ" ပြီးတော့
ဒီလိပ်တွေရဲ့ ၉၉ %လောက်ကို မင်းလိုမျိုးသူတို့ရဲ့အခွံတွေကို ကြင်နာစွာကူညီသန့်ရှင်းပေးပြီး လုပ်ပေးနိုင်မယ်သူမျိုး ရှိမှာမဟုတ်ဘူး"

"ဒီလိုမျိုး ရှိမလာဘူးဆိုရင်"

"မင်းရဲ့ဒီလိုကွက်ကြားမိုး ကြိုးစားအားထုတ်မှုတွေက ဘယ်လိုများ ပိုပြီး ထူးလာမှာမို့လို့လဲကွာ။"

အမျိုးသမီးက အသံကြားရုံလောက်တခစ်ခစ်ရယ်မောလိုက်ပြီး ရင်ခွင်မှာပိုက်ထားတဲ့   လိပ် ကို ငုံ့ကြည့်လိုက်တယ်...

ပြီးတော့ အခွံပေါ်ကနောက်ဆုံးကျန်တဲ့ရေညှိအချို့ကို  ရှင်းလင်းပြီး သူမက လိပ်ကလေး ကို ပြောလိုက်တယ်'...."

"လိပ်ကလေးသာ စကားပြောတတ်ခဲ့မယ်ဆိုရင် မင်းကိုသူက ပြောလိမ်မယ်..."

"ကမ္ဘာမှာရှိတဲ့ ကွဲပြားခြားနားချက်အားလူံးကို ငါက ပြုလုပ်ပေးချင်တာပဲ ရှိတာပါကွာ"

"Let yourself believe that you have the full right to go after your heart's desires and dreams!


*************
The  Moral - You can change the World.

> ကမ္ဘာကြီးကိုပြောင်းလဲဖို့ ချက်ချင်း လုပ်ဆောင်လို့မရနိုင်ဘူးလေ
>ဒါပေမယ့် တစ်ဦးတစ်ယောက် / တိရစ္ဆာန်တစ်ကောင် ဖြစ်ဖြစ် အချိန်ခဏအတွင်းမှာ မိမိရဲ့ကောင်းမွန်တဲ့အပြုမှုလေးကို ဆောင်ရွက်ရင်း ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်....
******************
Linn Sat (Sep / 3 / 2017)


Ref: All the difference in the World Written by MARC CHERNOFF

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Report

Reporting (လုပ်ငန်းသုံး အစီရင်ခံတင်ပြမှုပုံစံများ)
--------------------×××××××××-----------------------
လုပ်ငန်းစနစ်တကျလည်ပတ်မှု၏ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Reporting အစီရင်ခံစာတင်ပြခြင်းနှင့် Meeting အစည်းအဝေးပြုလုပ်ခြင်း များသည် မဖြစ်မနေပြုလုပ်သင့်တဲ့ Information Management သတင်းအချက်အလက်ဆိုင်ရာ စီမံခန့်ခွဲမှုပုံစံများဖြစ်ပြီး၊ လုပ်ငန်း၏ Internal Strength အတွင်းပိုင်းဆိုင်ရာ အားသာချက်ကိုဖြစ်စေပြီး လုပ်ငန်း၏ ဖွံဖြိုးတိုးတက်မှုများကို များစွာ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
 
လုပ်ငန်းလိုအပ်မှုအလိုက် Daily Report (နေ့စဉ်)၊ Weekly Report (အပတ်စဉ်)၊ Monthly (လစဉ်)၊ Yearly (နှစ်စဉ်) စသည်ဖြင့် စီမံအုပ်ချုပ်မှုရဲ့ လိုအပ်ချက်အလိုက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Top Management အထက်ပိုင်း စီမံခန့်ခွဲမှု၊ Mid Management အလယ်ပိုင်း စီမံခန့်ခွဲမှုနှင့် Supervisory Management အောက်ခြေလုပ်ငန်းဖော်ဆောင်မှု အကြားမှာ အရေးကြီးတဲ့ Information သတင်းအချက် အလက်များ၊ Decision ဆုံဖြတ်ချက်များ၊ Instruction လမ်းညွှန်ချက်များ၏ အခြေအနေများအပေါ် ပြင်ဆင်သုံးသပ်ပြီး Reporting (အစီရင်ခံတင်ပြချက်များ) မှုဖြင့် လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။

လုပ်ငန်း၏ လက်ရှိအခြေအနေအပေါ် Planning for the Report (အစီရင်ခံစာတင်ရန် အစီအစဉ်ရေးဆွဲခြင်း) ကို ပထမဦးစွာ သုံးသပ်ဖို့လိုပြီး၊
Purpose: Why are we writing this report? ရည်ရွယ်ချက် - ဘာကြောင့် ကျွန်ုပ်တို့ အစီရင်ခံစာ ရေးသလဲဆိုတာ အဓိကဖြစ်ပါတယ်။
Audience: Who will be reading this report?
ပါဝင်မည့်သူများ -မည်သူတွေ ဤ အစီရင်ခံစာကို ဖတ်မှာလဲ။
Information: Which topics are priority and feedback? သတင်းအချက်အလက် - မည်သည့်အချက်များသည် ဦးစားပေးရန် နှင့် ပြန်လည်ရယူရန်….
Deadline: When have to turn report in? သတ်မှတ်ရက် - မည်သည့်အချိန် ပြန်လည်၍ အစီရင်ခံစာတင်ပြရမလဲ။
စတဲ့ အချက်များကို စီစဉ်ရေးဆွဲပြီး အစီရင်ခံစာများကို Daily (နေ့စဉ်ဖြစ်စေ)၊ Weekly (အပတ်စဉ်ဖြစ်စေ)၊ Monthly (လစဉ်ဖြစ်စေ)၊ Yearly (နှစ်စဉ်ဖြစ်စေ) တင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်။

Reporting Points: (အစီရင်ခံတင်ပြမှုဆိုင်ရာ အဓိကအချက်များမှာ)
- To show current update situation: (လက်ရှိ နောက်ဆုံး အနေအထားအား သိရှိစေရန် အစီရင်ခံတင်ပြခြင်း) ဖြစ်ပါတယ်။
- To get additional instruction for future: (ဆက်လက်ဆောင်ရွက်မှုအပေါ်ညွှန်ကြားမှုများရှိစေရန် တင်ပြခြင်း) ဖြစ်ပါတယ်။
- To support need of project processing: (စီမံချက် လုပ်ဆောင်မှုအပေါ် လိုအပ်သည်များ ပံ့ပိုးစေရန် တင်ပြခြင်း)။ ဖြစ်ပါတယ်။
- To do appropriate meeting for detail discussion: (သင့်လျှော်သောအစည်းအဝေးပွဲ ပြုလုပ်စေရန် တင်ပြခြင်း) ဖြစ်ပါတယ်။
- To record for work-done or activities finished: (လုပ်ဆောင်မှု ပြီးစီးမှုအပေါ် မှတ်တမ်းတင်စေရန် တင်ပြခြင်း)။ ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အခြေခံပြီး Reporting အစီရင်ခံတင်ပြမှုများကို ဆောင်ရွက်ကြတာ တွေ့ရပါတယ်။
လက်ရှိအနေအထားရဲ့ လိုအပ်ချက်လား၊ ဆွေးနွေးချက်လား စတဲ့အခြေအနေများကို Reporting အထက်နှင့်အောက် ချိတ်ဆက်နိုင်မှသာလျှင် ရှေ့ဆက်ရမဲ့လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Report မရှိခြင်းဟာ လုပ်ငန်းဘာဖြစ်နေမလဲဆိုတာ မသိနိုင်ခြင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် စီမံခန့်ခွဲသူများအနေဖြင့် စီစဉ်ဆောင်ရွက်သင့်တဲ့အပိုင်းဖြစ်လို့ ရေးသားအကြံပြုခြင်းဖြစ်ပါတယ်။

Common Layout for Reporting: (ယေဘူယျကျသည့် အစီရင်ခံစာတင်ပြမှု ပုံစံများ)
- Attention Person and Other: အဓိကဦးတည်ပေးပို့မည့်သူ… နှင့် တခြားထပ်မံ၍ ပေးပို့ရမည့်သူ…?
- Subject Line (Report Topic): ပေးပို့မည့်အကြောင်းအရာ ခေါင်းစဉ်…?
- Activity date (Past or Future): လုပ်ဆောင်မှု နေ့ရက် (ပြီးစီးခဲ့ပြီး (သို့) ဆက်လက်လုပ်ဆောင်ရန်)…?
- Branch of Activity detail (1,2,3): လုပ်ဆောင်မည့် အစီအစဉ်အသေးစိတ် ၁၊ ၂၊ ၃ ဖော်ပြချက်များ)…?
- Attachment (PDF, Pic, Plan): ပူးတွဲလျှက်ဖော်ပြရန် (ဖိုင်၊ ဓာတ်ပုံ၊ အစီအစဉ်)…?
- Future process (need???) Feedback Messages: အနာဂတ်လုပ်ဆောင်ချက်များ (လိုအပ်မှု…) ပြန်လည် တုန့်ပြန်မှု လိုအပ်သည့်အရာများ…?
- Closing and Reporter Detail: နိဂုံးချုပ်ခြင်း နှင့် တင်ပြသူ၏ အသေးစိတ်အချက်အလက် (အမည်၊ လက်မှတ် စသည့်) အချက်များပါဝင်တဲ့ Reporting များကို လုပ်ငန်းလိုအပ်ချက်အလိုက် တင်ပြအစီရင်ခံဆောင်ရွက်ဖို့လိုအပ်ပါတယ်။

အားလုံးအတွက်လိုအပ်လာနိုင်တဲ့ အနာဂတ်ခေတ်ပြိုင်စီးပွားရေးဖြစ်လာတာနဲ့ ရုံးပိုင်းဆိုင်ရာလုပ်ငန်းများဟာ သိသာစွာတိုးတက်လာဖွယ်ရှိပါတယ်။ ကျွန်တော်နိုင်ငံခြားမှပြန်လာကတည်းက လုပ်ငန်းတွေရဲ့လိုအပ်ချက်ကို သုသေသန ပြုနိုင်ခဲ့တယ်။ ဒီအခါမှာ လိုအပ်လာတဲ့ ရုံးပိုင်းဆိုင်ရာ အသိပညာများကို စုစည်းပြီးလက်တွေ့ကျပြီး လုပ်ငန်းနဲ့တိုက်ရိုက်အသုံးဝင်တဲ့ Course တွေကို ရေးဆွဲပြီး Organization Development (OD) လုပ်ငန်းများတိုးတက်စေဖို့ စီစဉ်ဆောင်ရွက်နိုင်ခဲ့တယ်။  လက်ရှိမှာလည်း တနိုင်ငံလုံးအဆင့် ၀န်ဆောင်မှုရဖို့အတွက် (မြို့နယ်ပေါင်း ၂၀) ခန့်မှာ လုပ်ငန်းရှင်တွေ၊ မန်နေဂျာအဆင့်တွေ ရုံးဝန်ထမ်းပေါင်း (၄၀၀၀) ကျော်ကို လုပ်ငန်းသုံးလက်တွေ့သင်တန်းပို့ချထားပြီးဖြစ်ပါတယ်။ လုပ်ငန်းတွေမှာ ဘယ်လိုအခက်အခဲဖြစ်စေ၊ လုပ်ငန်းအတွက်ပြင်ဆင်မှုဖြစ်စေ ဥပမာ အစည်းအဝေး၊ Report ပုံစံတွေနဲ့ ၀န်ထမ်းတွေအုပ်ချုပ်တဲ့ HR စီမံမှု အကြောင်းတွေ၊ ဈေးကွက်ကို ထိုးဖောက်တဲ့ Marketing ပုံစံတွေအပြင်၊ ကိုယ်ပိုင် လုပ်ငန်းရှင် တွေအတွက်ဆို Business Plan ရေးဆွဲတာတို့ လက်တွေ့ပြန်အသုံးချလို့ရတဲ့ ဘာသာရပ်တွေကို MESI ကျောင်းတွေမှ လုပ်ငန်းသုံးလက်တွေ့စုစည်းသင်ကြားပေးနေပါတယ်။ အားလုံးအတွက် လိုအပ်လာလျှင် MESI မှ အားလုံးအတွက်ကူညီပေးနိုင်ဖို့ ယုံကြည်ပါတယ်။

Reporting တင်ပြချက်များသည် လုပ်ငန်း၏ အတွင်းပိုင်းဆိုင်ရာ (အားသာချက် - အားနည်းချက်) များနှင့် အပြင်ပိုင်းဆိုင်ရာ (အခွင့်အလမ်း - အတားအဆီး) များကို အဓိကထားဖော်ပြရန် လိုအပ်ပြီး၊ လက်ရှိအနေအထားအပေါ် အခြေခံသုံးသပ်လျှက် လုပ်ငန်းပုံမှန်လည်ပတ်မှု Information ပိုင်းဆိုင်ရာ စီမံခန့်ခွဲနည်းတခုဖြစ်သည့်အလျှောက် တင်ပြအစီရင်ခံမှုပုံစံများကို လုပ်ငန်းလိုအပ်ချက်အလိုက် စနစ်တကျစီမံခန့်ခွဲလမ်းညွှန်မှုများပြုလုပ်နိုင်ရန်အတွက် မျှဝေရေးသားပေးလျှက်။ ဆက်လက်ကြိုးစားပါဦးမည်။

 credit #Zin Phyo Paing(MESI)
-----------------------------------------

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Exit Interviews

Exit Interviews...

Admin & Operation  လုပ်သက် (၁၈)နှစ်အတွင်း ပထမဆုံး အကြိမ် Exit Interview ဆိုတဲ့ အကြောင်း ကြုံတွေ့ လာရတော့တယ်.

ကိုယ်ကိုယ်တိုင်လည်း လုပ်ခဲ့တဲ့ လုပ်သက် ကာလအတွင်း သူတစ်ပါးကို employee satisfaction surveys မမေးခဲ့ဘူးလေတော့  Exit interview လုပ်ရမယ်ဆိုတဲ့အကြောင်း မသိခဲ့ဘူးပေါ့

အခုချိန် မှာ ကိုယ်ကိုယ်တိုင်က ဒါကိုဖြေရမယ့် အချိန်ကြုံလာပြီဆိုတော့ Exit Interviews အကြောင်း တွေကို သိဖို့ လိုပါသေးလားဆိုတာ သိလာတယ်

Exit Interview???
Exit interviews are key to organization improvement since rarely will you receive such frank feedback from current employee.


အဓိကတော့ အလုပ်ကနှုတ်ထွက်သူကို လက်ရှိလုပ်ခဲ့ရတဲ့ အားသာချက် အားနဲချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခိုင်းတာပါ

exit interviews are a rich source of information for organization improvement.

ဒီလိုပြောဆိုချက်တွေကို စစ်တမ်းကောက်ယူထားခြင်းဖြင့် အဖွဲ့အစည်းတစ်ခု အနေနဲ့ ဘယ်နေရာမှာ လိုအပ်ချက်တွေရှိနိုင်မလဲ Advantage and Disadvantage ရွေးချယ်ပြီး ပြင်ဆင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်

> ဝန်ထမ်းတွေက ဒီအလုပ်က ဘာကြောင့်ထွက်ရသလဲ  ဆိုတာကို အလုပ်ရှင်ဘက်က employee satisfaction surveys ကောက်ယူစုဆောင်းသလို
> အလုပ်ရှင်ကလည်း မိမိကုမ္ပဏီ ဘာကြောင့် ဝန်ထမ်းတွေမမြဲတာလည်းဆိုတာကိုလည်း ပြင်ဆင်ပြုမှုဖို့ ကောက်ယူတာလည်းဖြစ်ပါတယ်...

မေးလေးမေးထ Exit Interviews ပုံစံကတော့ 
လောလောဆယ် ဒီနှစ်ခုကတော့ ကုမ္ပဏီဘက်က အများဆုံးပြင်ဆင်ထားကြတာများတယ်

  1. Perform Exit Interviews
 (How to conduct an exit interview with an employee who is leaving.)

  1. Effective exit Interviews
(Conduct an effective exit interview  to understand why your employee leave)

အသေးစိတ်ကိုတော့ နောက်မှဆက်ရေးပါမယ်...
ဒီနေ့ ကျနော့်ကြုံတွေ့ရမည့် Exit Interview အကြောင်းကို မနက်ဖန်မှ ပြန်လည် ဖော်ပြပေးသွားပါမယ်

ကျေးဇူးတင်စွာဖြင့်


Ref: https://www.thebalance.com/susan-m-heathfield-1916605

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

32 Birthday

11-07-1985
Today is lovely day.
Thanks Dad and Mom.
The day passing day by day.
I am missing my past .
" Time flies never to be recalled."
I want to share my lovely moment with my precious people for the rest of my life.
Alin Sat (12:15 am)
...........................
Quote:
Dream more,
Learn more,
Do more, and
Become more.
"If your actions inspire others to dream more, learn more, do more and become more, you are a leader. "
- John Quincy Adams
Biography
Author Profession: President
Nationality: American
Born: July 11, 1767
Died: February 23, 1848

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Learn English 6

'ကို' စကားလုံးများ ​လေ့ကျင့်​​ပြောဆို ​ရေးသားကြည့်​ပါ။

  It doesn't matter to [ me. ]

"ဒါ ကျ​နော်​/ကျမအတွက်​(အဖို့) ကိစ္စမရှိပါဘူး"
(အ​လေးအနက်​ကြီးမဟုတ်​)

ဆက်​လုပ်​ရမှာက__
နောက်​ထပ်​ ၁၀ ခွန်း
၁။ "ဒါ ကျ​နော်​တို့အတွက်​ကိစ္စမရှိပါဘူး"
၂။ "ဒါ သူတို့ အတွက်​ကိစ္စမရှိပါဘူး"
၃။ "ဒါ  ရှင့်​/ခင်​ဗျား အတွက်​ကိစ္စမရှိပါဘူး"
၎။ "ဒါ  သူ့ အတွက်​ကိစ္စမရှိပါဘူး"
၅။ "ဒါ  သူ့(မ)အတွက်​ကိစ္စမရှိပါဘူး"
၆။ "ဒါ  မင်းတို့ အတွက်​ကိစ္စမရှိပါဘူးကွာ"
၇။ "ဒါ  သူ့(မ) အ​ဖေ အတွက်​ကိစ္စမရှိပါဘူး"
၈။ "ဒါ သူ့ မိဘ​တွေ အတွက်​ကိစ္စမရှိပါဘူး"
၉။ "ဒါ John နဲ့ Helen အတွက်​ကိစ္စမရှိပါဘူး"
၁၀။ "ဒါ ခင်​ဗျား မိတ်​ဆွေ အဖို့ ကိစ္စမရှိပါဘူး"


It doesn't matter to me.
It doesn't matter to them.
It doesn't matter to you.
It doesn't matter to him.
It doesn't matter to her.
It doesn't matter to you.
It doesn't matter to her father.
It doesn't matter to his parents.
It doesn't matter to John and Helen.
It doesn't matter to your friend.

Does it matter to your friend?
Why does it matter to you?
It doesn't matter to him,does it?
It matters to her,doesn't it?
I think that it matters to you.
Do you think it matter to me

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Learn English 5

English စကားကို ချဲ့ ထွင်​ ပြောတတ်​ဖို့ လွယ်​ကူတဲ့နည်း။
စကားတစ်​ခွန်းကို ၁၀ မျိုး
လှည့်​ပတ်​​ပြောဆို၊​ရေးသားတတ်​​အောင်
လေ့ကျင့်​ပါ။

၁။ဟုတ်​​ကြောင်း
၂။ဟုတ်​လား
၃။ဟုတ်​တယ်​    မဟုတ်​လား
၎။ဘာ/ဘယ်​  .... ဟုတ်​သလဲ
၅။ဘာ/ဘယ်​  .... ဆိုတာ 

၆။မဟုတ်​​ကြောင်း
၇။မဟုတ်​လား
၈။မဟုတ်​ဘူး  ဟတ်​လား
၉။ဘာ/ဘယ်​ .... မဟုတ်​လဲ
၁၀။ ဘာ/ဘယ်​ .... မဟုတ်​လဲ ဆိုတာ

ဟုတ်​​ကြောင်းကို ​ရှေ့​နောက်​​ပြောင်းတဲ့ ကိစ္စ

1.They are playing tennis.
   "သူတို့ တင်းနစ်​ရိုက်​​နေကြတယ်​"
2.Are they playing tennis?
   "သူတို့ တင်းနစ်​ရိုက်​​နေတာလား"
3. They are playing tennis,aren't they?
   "သူတို့ တင်းနစ်​ ရိုက်​​နေတယ်​​လေ၊မဟုတ်​လား"
4. Where are they playing tennis?
    "သူတို့ ဘယ်​မှာ တင်းနစ်​ရိုက်​​နေကြတာလဲ"
5. Do you know where they are playing tennis?
    "သူတို့ ဘယ်​မှာ တင်းနစ်​ရိုက်​​နေကြလဲ ခင်ဗျားသိလား"

6.They aren't playing tennis.
   "သူတို့ တင်းနစ်​ မကစား​နေကြဘူး"
7.Aren't they playing tennis?
   "သူတို့ တင်းနစ်​ ရိုက်​မ​နေဘူးလား"
8.They aren't playing tennis, are they? 
   "သူတို့ တင်းနစ်​မရိုက်​​နေဘူး​လေ၊ဟုတ်​တယ်​မလား"
9.Why aren't they playing tennis? 
   "သူတို့ ဘာလို့ တင်းနစ်​ မကစား​နေတာလဲ"
10.Do you know why they aren't playing tennis?
     "သူတို့ ဘာလို့ တင်းနစ်​ မရိုက်​​နေကြတာလဲဆိုတာ 
      ခင်​ဗျား သိလား" 

ဟုတ်​​ကြောင်းကို Do,Does,Did ​ပေါင်းတဲ့ ကိစ္စ

1.They like seafood.
  "သူတို့ ပင်​လယ်​စာကြိုက်​တယ်​"
2.Do they like seafood?
   "သူတို့ ပင်​လယ်​စာကြိုက်​လား"
3.They like seafood,don't they?
   "သူတို့ပင်​လယ်​စာကြိုက်​တယ်​​လေ၊ မဟုတ်​လား"
4.What do they like?
   "သူတို့ ဘာကြိုက်​ကြလဲ"
5.I know what they like.
    "သူတို့ ကြိုက်​တဲ့အရာကို ကျ​နော်​သိတယ်​"

6.They don't like seafood.
  "သူတို့ ပင်​လယ်​စာမကြိုက်​ကြဘူး."
7.Don't they like seafood?
   "သူတို့ ပင်​လယ်​စာမကြိုက်​ဘူးလား"
8.They don't like seafood,do they?
   "သူတို့ပင်​လယ်​စာမကြိုက်​ကြဘူး၊ ဟုတ်​လား"
9.What don't they like?
   "သူတို့ ဘာမကြိုက်​ကြလဲ"
10.I know what they don't like.
    "သူတို့ မကြိုက်​တဲ့အရာကို ကျ​နော်​သိတယ်​"

ရှေ့ဆက်​ ပွားများ ​​ရေးသား၊ပြောဆိုနိုင်​ဖို့ 
ပုံစံတူ Exercise များများ လုပ်​ကြည့်​ပါ။

လေးစားလျက်

Saya U Thura
(TESOL,LTTC)
English American Language Center
0951 70785 
0996 5188225

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Learn English 4

မိုးရွာတာနဲ့ပတ်သတ်တဲ့ စကားလေးတွေ       
           လေ့ကျင့်ကြည့်ရအောင်။

မိုးရွာနေတယ်။
It's raining.

မိုးရွာနေလား?
Is it raining?

မိုးအရမ်းရွာနေတယ်။(သည်းထန်စွာရွာ)
It's raining a lot.
(It's raining heavily.)
( It's raining cats and dogs outside.)
[  idiomatic usage ]

မိုးရွာလောက်တယ်။
It might rain.(It will rain.)

မိုးရွာလောက်မယ် ထင်လား?
Do you think it might rain?

မိုးရွာလိမ့်မယ်လို့ ထင်လား?
Do you think it will rain?

မိုးရွာတော့မယ်။
It's going to rain.

မိုးရွာတော့မလား?
Is it going to rain?

ဒီမြို့မှာ(ဒီမှာ)မိုး ခဏ ခဏ ရွာလေ့ရှိတယ်။
It rains very often here in this town.

ဒီမှာ မိုးမကြာမကြာရွာနေကျလား?
Does it rain  very often here?

မိုးရွာပြီးခါစပဲ...မြေပြင်ကစိုစွတ်နေတယ်။
It has been raining. The ground is wet.
(It's been ...)

ကျနော်အပြင်သွားတုန်းက မိုးရွာနေခဲ့တယ်။
It was raining when I went out.

ကျနော်အပြင်လည်းထွက်ရော မိုးရွာရော။
When I went out, it rained.

မိုးရွာနေတာ တစ်နာရီလောက်ရှိပြီ။
It has been raining for an hour.
(It's been... )

မိုးမရွာတာ တစ်ပတ်ရှိပြီ။
It hasn't rained for a week.

ဒီနေ့ မိုးအုံ့နေတယ်။
It's cloudy today.

မိုးအုံ့နေတယ်လေ မဟုတ်လား။
It's cloudy,isn't it?

မနေ့ညက မိုးရွာခဲ့တယ်။
It rained last night.

မနေ့ညက မိုးရွာလား?

Did it rain last night?

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS