English စကားကို ချဲ့ ထွင် ပြောတတ်ဖို့ လွယ်ကူတဲ့နည်း။
စကားတစ်ခွန်းကို ၁၀ မျိုး
လှည့်ပတ်ပြောဆို၊ရေးသားတတ်အောင်
လေ့ကျင့်ပါ။
၁။ဟုတ်ကြောင်း
၂။ဟုတ်လား
၃။ဟုတ်တယ် မဟုတ်လား
၎။ဘာ/ဘယ် .... ဟုတ်သလဲ
၅။ဘာ/ဘယ် .... ဆိုတာ
၆။မဟုတ်ကြောင်း
၇။မဟုတ်လား
၈။မဟုတ်ဘူး ဟတ်လား
၉။ဘာ/ဘယ် .... မဟုတ်လဲ
၁၀။ ဘာ/ဘယ် .... မဟုတ်လဲ ဆိုတာ
ဟုတ်ကြောင်းကို ရှေ့နောက်ပြောင်းတဲ့ ကိစ္စ
1.They are playing tennis.
"သူတို့ တင်းနစ်ရိုက်နေကြတယ်"
2.Are they playing tennis?
"သူတို့ တင်းနစ်ရိုက်နေတာလား"
3. They are playing tennis,aren't they?
"သူတို့ တင်းနစ် ရိုက်နေတယ်လေ၊မဟုတ်လား"
4. Where are they playing tennis?
"သူတို့ ဘယ်မှာ တင်းနစ်ရိုက်နေကြတာလဲ"
5. Do you know where they are playing tennis?
"သူတို့ ဘယ်မှာ တင်းနစ်ရိုက်နေကြလဲ ခင်ဗျားသိလား"
6.They aren't playing tennis.
"သူတို့ တင်းနစ် မကစားနေကြဘူး"
7.Aren't they playing tennis?
"သူတို့ တင်းနစ် ရိုက်မနေဘူးလား"
8.They aren't playing tennis, are they?
"သူတို့ တင်းနစ်မရိုက်နေဘူးလေ၊ဟုတ်တယ်မလား"
9.Why aren't they playing tennis?
"သူတို့ ဘာလို့ တင်းနစ် မကစားနေတာလဲ"
10.Do you know why they aren't playing tennis?
"သူတို့ ဘာလို့ တင်းနစ် မရိုက်နေကြတာလဲဆိုတာ
ခင်ဗျား သိလား"
ဟုတ်ကြောင်းကို Do,Does,Did ပေါင်းတဲ့ ကိစ္စ
1.They like seafood.
"သူတို့ ပင်လယ်စာကြိုက်တယ်"
2.Do they like seafood?
"သူတို့ ပင်လယ်စာကြိုက်လား"
3.They like seafood,don't they?
"သူတို့ပင်လယ်စာကြိုက်တယ်လေ၊ မဟုတ်လား"
4.What do they like?
"သူတို့ ဘာကြိုက်ကြလဲ"
5.I know what they like.
"သူတို့ ကြိုက်တဲ့အရာကို ကျနော်သိတယ်"
6.They don't like seafood.
"သူတို့ ပင်လယ်စာမကြိုက်ကြဘူး."
7.Don't they like seafood?
"သူတို့ ပင်လယ်စာမကြိုက်ဘူးလား"
8.They don't like seafood,do they?
"သူတို့ပင်လယ်စာမကြိုက်ကြဘူး၊ ဟုတ်လား"
9.What don't they like?
"သူတို့ ဘာမကြိုက်ကြလဲ"
10.I know what they don't like.
"သူတို့ မကြိုက်တဲ့အရာကို ကျနော်သိတယ်"
ရှေ့ဆက် ပွားများ ရေးသား၊ပြောဆိုနိုင်ဖို့
ပုံစံတူ Exercise များများ လုပ်ကြည့်ပါ။
လေးစားလျက်
Saya U Thura
(TESOL,LTTC)
English American Language Center
0951 70785
0996 5188225
0 comments:
Post a Comment