RSS

10 Great Alternatives to “Good”- Part(2)

10 Great Alternatives to “Good”
Good စကားလုံးကို အစားထိုးပြောင်းလဲ အသုံးပြုနိုင်သည့် စကားလုံး(၁၀) လုံး

ဒုတိယအပိုင်းလေး ဆက်ပြီးပြောပါရစေ....

  1. Exceptional
“Exceptional” means that someone or something is above average. 
တစ်ဦးတစ်ယောက် /တစ်စုံတစ်ခု စသည်တို့ဟာ ပုံမှန်အနေအထားထက်အဆင့်မြင့်မားနေတယ်ဆိုရင် Exceptional (adj) ဆိုတဲ့ စကားလုံးကို ခေတ်မှီစွာ အသုံးပြုပြောဆိုနိုင်ပါတယ်

For example -
 “I think Italy is one of the most beautiful countries in the world. 
The scenery is exceptional”.

                                                 ...............................................
  1. Terrific
“Terrific” means very good or great. 
ဒီစကားလုံးကို good ဆိုတဲ့ စကားလုံးနည်းတူ အသုံးပြုနိုင်ပါတယ်။ 
You can use it the same way you use “good”.  
Terrific is used to describ- something you really like a lot. တစ်စုံတစ်ခုကို နှစ်သက်ခုံမင်တယ် ဆိုရင် -
For example- 
I’m very happy with the results. She did a terrific job on this project”. 

It can also describe someone’s idea or performance as “terrific”, 
အလားတူ တစ်ဦးတစ်ယောက်ရဲ့ အကြံဉာဏ် (သို့) ပြုမူလုပ်ဆောင်ချက်တွေက ပုံမှန်အနေအထားထက်ကောင်းလွန်နေတယ်ဆိုရင် -
 “I’m very happy with the results. She did a terrific job on this project”.  

“terrific” can also be used to describe something very bad depending on the noun
ဆိုးရွားတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်နေတယ်၊ ဖြစ်ပျက်ခဲ့တဲ့အပေါ်မူတည်ပြီး "Terrific" စကားလုံးကို ဒီလို သုံးနှုန်းပြောဆိုနိုင်ပါတယ်။
 For example - “terrific storm” or  “terrific explosion”.

                                                 ...............................................
  1. Outstanding
“Outstanding” describes something that “stands out” or is noticeably better than the alternatives. 
တစ်စုံတစ်ရာသော အကြောင်းအရာ /အရာဝတ္တု စသည်တို့ဟာ ပုံမှန်မဟုတိတာထက် အထင်ကရဖော်ပြခံရတဲ့အခြေအနေတစ်ခုမှာ Outstanding ကို အသုံးပြု ပြောဆိုနိုင်ပါတယ်။
For exammples-
An “outstanding” book is better than all the other books you’ve read recently, 
An “outstanding” hotel is one of the nicest hotels you’ve ever stayed in. 

Note that “outstanding” can also mean “unpaid” depending on the situation.
အခြေအနေတစ်ခုပေါ်မူတည်ပြီး မပေးချေရသေးဘူးလို့ ဖော်ပြခံရတဲ့အခါမှာလည်း Outstanding ကို အသုံးပြု ပြောဆိုနိုင်ပါတယ်။

So if you have an “outstanding” bill, it means that you have a bill that needs to be paid, not a “very good” bill.
                                                 ...............................................
  1. Pleasant
“Pleasant” describes something that is enjoyable or likable. 
It can be used to describe people, places, or experiences. 
လူ/နေရာ/တွေ့ကြုံခဲ့ရတာတွေ နဲ့ပတ်သတ်၍ ပျော်ရွှင်နှစ်သက်ဖွယ်ကောင်းတဲ့အခြေအနေတစ်ခုမှာ Pleasant ကို အသုံးပြု ပြောဆိုနိုင်ပါတယ်။

For example-  “We had a nice time at dinner. It was a very pleasant evening”.

Note:  “Pleasant” is a little less strong than words like “outstanding”, “terrific” or “fantastic”

                                                 ...............................................
  1. Awesome
Technically, “awesome” describes something that inspires awe or wonder. Typically, however, “awesome” is used to describe people, experiences or places that are very good or impressive.

လူ/နေရာ/တွေ့ကြုံခဲ့ရတာတွေ ဟာ လက်ဖျားခါလောက်အောင် အံသြမင်သက်ဖွယ်ကောင်းတဲ့အခြေအနေတစ်ခုဆိုရငိ ဒီစကားလုံးကို အောက်ပါအတိုင်း အသုံးပြုပြောဆိုနိုင်ပါတယ်။

 For example, 

 “I love your new watch. It looks awesome”. 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘဝဆိုတာ...

ဘဝဆိုတာ...

-ကောင်းတာတွေကြုံရသလို
ဆိုးတာတွေလည်းဖြတ်သန်းရတယ်

-ပျော်စရာကောင်းတဲ့အခိုက်အတန့်တွေမှာပျော်ရွှင်ရသလို
စိတ်ညစ်ရတဲ့အချိန်တွေလည်းဖြတ်သန်းရတယ်

-ပြည့်စုံတဲ့အချိန်တွေရှိသလို
ခက်ခဲတဲ့အရာတွေလည်းရင်ဆိုင်ရတယ်

-အောင်မြင်နေတဲ့အချိန်တွေရှိသလို
ကျဆုံးတဲ့အချိန်တွေကိုလည်းရင်ဆိုင်ရတယ်

ဒီလိုပဲ အတက်တွေရှိသလို 
အကျတွေလည်းအချိန်မရွေး
ရှိလာနိုင်တယ်။ 

ဘယ်လိုတွေဖြစ်နေပါစေ ...
ဘဝ ဆိုတဲ့အရာကို အကောင်းဆုံးဖြစ်အောင်ရှေ့ဆက်နေကြရမှာက 
ကျနော်တို့ရဲ့ တာဝန်တစ်ခုပဲ မဟုတ်ပါလား မိတ်ဆွေသူငယ်ချင်းတို့ရေ


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

10 Great Alternatives to “Good”

If you’re an ESL (English Second Language) student who wants to improve their English vocabulary, this post is for you.
(Linn Sat)

xxxxxxxxxxxxx
10 Great Alternatives to “Good”

Are you tired of always saying “good”?
Maybe you’d like to try some new English vocabulary words instead?
အမြဲတမ်း "Good"  စကားလုံးတစ်ခုတည်း တွင်တွင် အသုံးပြု ပြောဆိုနေတာ ငြီးငွေ့နေ့ပြီလား???
"Good" နေရာမှာ အချို့စကားလုံးအသစ်တွေနဲ့ အစားထိုးအသုံးပြုကြည့်ဖို့ ကြိုးစားကြည့်ပါလား...

The English vocabulary word list below shows 10 great alternatives to the word “good.”
အောက်မှာဖော်ပြထားတဲ့ စကားလုံး(၁၀)လုံးက  "Good" စကားလုံးကို အစားထိုးပြောင်းလဲ အသုံးပြုနိုင်တဲ့ Vocubulary list တွေပါ။ လေ့လာကြည့်ရအောင်.....

1. Cool !
In addition to being used to describe - temperature, “cool” also means very good or fashionable.
Cool စကားလုံးကို အပူချိန်နဲ့ ပါတ်သတ်တဲ့အနေထားမျိုးမှာ အသုံးပြုနိုင်သလို အခြားနည်းအားဖြင့် အရမ်းကောင်းတယ် / ခေတ်မှီတယ် ဖက်ရှင်ကျတယ်  အစရှိသဖြင့်လည်း ပြောဆို အသုံးပြုနိုင်ပါတယ်။
For example-
you might describe stylish clothes as “cool” or a performance by a musician that you really enjoy.


It can also be used to express acceptance when someone makes a suggestion. For example, if someone suggests meeting to go to a movie, you could say “Cool! I’ll see you at 6pm”.
တစ်စုံတစ်ယောက်က သင့်ကို  တစ်ခုခုလုပ်ဖို အကြံပြုပြောဆိုတဲ့အခါ သင့်အနေနဲ့ "လက်ခံတယ်/လက်သင့်ခံနိုင်ကြောင်း" ပြန်လည်ဖြေကြားတဲ့အချိန်မှာလည်း "Cool" ကို အသုံးပြုပြောဆိုနိုင်ပါတယ်။
သင့်ကို ရုပ်ရှင်သွားကြည့်ဖို့ချိန်းဆိုတဲ့အခါ -- သင့်အနေနဲ့ "Cool! I will see you at 6pm. ဒီလိုပြောဆိုနိုင်ပါတယ်။

Like “awesome”, “cool” is a popular expression for younger people, and you shouldn’t use it in more formal conversations.
(Note: - awesome, cool အစရှိသည့် စကားလုံးတွေက လူငယ်တွေကြားမှာ အသုံးများတဲ့ Expression တွေဖြစ်ပါတယ်၊ Formal Conversation တွေမှာ အသုံးပြုဖို့ မသင့်တော်ပါဘူး။ )

                                                 ...............................................
2. Excellent
“Excellent” is used to describe - something very good or of high quality.
တစ်စုံတစ်ခု အဲ့ဒီတစ်ခုက အရည်အချင်း အမျိုးအစား ကောင်းတယ် ဆိုရင် "Good" အစား "Excellent " ကို အစားထိုး အသုံးပြုနိုင်ပါတယ်။

It can be used when speaking to friends, family, or coworkers when you want to emphasize that something is not just ok or good, but very good.
မိသားစု ၊သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားပြောဆိုတဲ့အခါ တစ်စုံတစ်ခု ကို အလေးထား ပြောဆိုဖို့လိုတဲ့အခါ Ok,  Good အစား "Excellent " ကို အစားထိုး အသုံးပြုနိုင်ပါသေးတယ်။

For example -
 “how are you”, လို့ မေးလာတဲ့အခါ
 “excellent”.   လို့ တုန့်ပြန် ပြောဆိုနိုင်ပါတယ်။

 “Have you been to the new restaurant downtown? The food there is excellent”.

                                                 ...............................................
3. Wonderful
“Wonderful” means -  great or very good.  ကြီးကျယ်မြင့်မြတ်တယ် အရမ်းကိုကောင်းတယ် ဆိုတဲ့ စကားနေရာမျိုးမှာ “Wonderful”  ကို အသုံးပြု ပြောဆိုနိုင်ပါတယ်။
People can be wonderful, (လူပုဂ္ဂိုလ် )
experiences can be wonderful(အတွေ့အကြုံ)
 and things can be wonderful. (အရာဝတ္တု တွေ) အစရှိသည် တို့ကိုလည်း Formal & Casual နှစ်မျိုးစလုံးမှာ “Wonderful”  ကို ထည့်သွင်းအသုံးပြု ပြောဆိုနိုင်ပါတယ်။
You can use this word in both formal and casual settings.

For example -
 “The paintings at the art exhibition last night were wonderful”,
“I think you’ll like her. She’s a wonderful person”.

                                                 ...............................................
4. Perfect
Perfect describes something that is flawless or exactly matching the need in a particular situation.
အခြေအနေတစ်ခုမှာ လိုအပ်ချက်နဲ့ ကိုက်ညီနေတာမျိုး ဒါမှမဟုတ် အပြစ်ဆိုဖွယ်မရှိအောင် ကောင်းနေတာမျိုး မှာ "Perfect" စကားလုံးကို "Good" အစားအသုံးပြုနိုင်ပါသေးတယ်။

For example -
If you have a very good day and everything happens exactly as you want it to, you could describe it as a “perfect day”.

A hotel could be “perfect for families”

If someone suggests an idea that you like, you can say “That’s perfect” or “That sounds perfect”.
လူတစ်ဦးက သင့်ကို စိတ်ကူးအကြံဉာဏ်တွေ အကြံပြုတဲ့အခါ ဒီအကြံဉာဏ်တွေကို သင် သဘောကျတယ်ဆိုရင်တော့ That’s perfect” ဒါမှမဟုတ်  “That sounds perfect” လို့ ပြောဆို အသုံးပြုနိုင်ပါတယ်။
                                                 ...............................................
5. Fantastic
The world “fantastic” is used to describe something very good or exciting.
တစ်စုံတစ်ခု က အလွန်ကောင်းတယ် သင့်ကိုစိတ်လှုပ်ရှားစရာ တစ်ခုခု ဖော်ပြပေးတယ်ဆိုရင်  "Good" အစား Fantastic ကို အသုံးပြု ပြောဆိုနိုင်ပါတယ်။

For example -
if someone asks you about your trip to Thailand, you could say “It was fantastic!”

(It can be used in both formal and informal situations.)

It’s a very enthusiastic,
 so you should say it with some emphasis or exclamation. တစ်စုံတစ်ခုကို အံ့အော် မှင်တတ်မိတယ် / အလေးထား ပြုမူပြောမိလိုက်တဲ့အခါမျိုးမှာလည်း အလားတူ စကားလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။
                                                 ...............................................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

How to be successful in life :13 Tips

How to be successful in life :13 Tips

ကျနော်တို့ရဲ့
အသက် ဘယ်လောက်ပဲရှိနေပါစေ၊
ဘယ်နေရာမှာ နေထိုင်သည်ပဲဖြစ်စေ၊
ဘဝအတွက် ဘာတွေပဲလုပ်နေပါစေ၊
ကျနော်တို့အားလုံး လိုအပ်တဲ့အောင်မြင်မှု တစ်စုံတစ်ခုကို မျှော်လင့်နေရတာပါပဲ။

အောင်မြင်တဲ့ လူတိုင်းရဲ့ နည်းလမ်းဖွင့်ဆိုချက်တွေက ကွဲပြားခြားနားကြပါတယ်။
အများစုကတော့ အောင်မြင်မှုဆိုတာ
ချမ်းသာကြွယ်ဝမှု
ကျော်ကြားမှု နဲ့
အာဏာ... ဆိုပြီး ဖွင့်ဆိုယူဆကြပါတယ်။

ကျနော်တို့အားလုံး အောင်မြင်မှု ပန်းတိုင်ကို လိုချင်ကြတာပါပဲ
ဒါမှ စိတ်ချမ်းသာစွာနဲ့ နေနိုင်မှာကို.....
ငွေကြေးကိစ္စ အပူအပန်မရှိပဲ ငွေကိုရေလို သုံးချင်တယ်
အကောင်းစား ကားလည်း စီးချင်တယ်
အိမ်လှလှလေးနဲ့ နေထိုင်ဖို့ကိုလည်း စိတ်ကူးပုံဖော်မိကြမှာပါ။
သို့သော်လည်း ဒီလိုနေနိုင်ဖို့ ဒီလိုအောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့တော့ လွယ်လွယ်ကူကူနဲ့တော့
ရလာနိုင်မှာမဟုတ်ဘူးလေ။

ဒီမှာဖော်ပြထားတဲ့ အောင်မြင်နေတဲ့သူတွေရဲ့ အောင်မြင်ရေးနည်းလမ်း(၁၃) အချက်တွေက ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လိုနည်းလမ်း တွေကို ဖော်ဆောင်ပြမလဲဆိုတာ တစ်ချက်ပြီးတစ်ချက် လေ့လာဖတ်ရှုကြည့်ရအောင်ဗျာ

...........
1. ယုံကြည်မှုကို ကြီးကြီး စဉ်းစား စိတ်ကူးပုံဖော်ဖို့ပါ

သင်တို့ ရည်မှန်းထားတဲ့ ကြီးကျယ်တဲ့အရာတွေ ဘယ်တော့မှ လုပ်လို့မရနိုင်ဘူး /ဖြစ်မလာနိုင်ဘူးဆိုတဲ့ စိတ်အတွေးတွေက သင်ကို့ အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ ပိတ်ပင်ထားတဲ့ အကြီးမားဆုံး အန္တရာယ် တစ်ခုပါ။
ဒါတွေကို ပြောင်းလဲပစ်လိုက်ပါ။ သင်စိတ်ကူးပုံဖော်ထားတာတွေကို လုပ်ဆောင်နိုင်တယ်၊ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိတ်ကူးကို အမြဲ ပုံဖော်စဉ်းစားပေးနေဖို့ပါပဲ။

2. မိမိ ဘာကို စိတ်ဝင်စားလဲ အချက်ကိုရှာဖွေပါ၊ ပြီးလျှင် လုပ်ဆောင်ပါ။
သင်တို့ နှစ်သက်တဲ့ အရာတွေကို ရှာဖွေပြီး လုပ်ဆောင်မယ်ဆိုလျှင် သင်တို့ဟာ အောင်မြင်ရေးကိုပန်းတိုင်ကိုသွားနေတဲ့ ပြေးလမ်းပေါ်ကလူတစ်ယောက်ဆိုတာ သင်တို့ သိလာမှာပါ။
ဒီအတွက် သင်လည်း ဘာမှမလုပ်ဆောင်ဘူးဆိုရင်တော့ ဘာတစ်ခုမှ သင့်ဘဝမှာ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

3. ဘဝမှာ ဟန်ချက်ညီနေထိုင်နိုင်အောင် လေ့လာသင်ယူပါ
ရှင်သန်နေထိုင်တဲ့ လူလောကထဲမှာ
အလုပ်အကိုင်နဲ့ စီးပွားရေး
သင့်မြတ်မှုနဲ့ ပရမ်းပတာမသင့်မြတ်မှု ဖြစ်စဉ်တွေကြားမှာ မပြောင်းနိုင်သေးတဲ့ သဘောထားကွဲလွဲမှုတွေရှိနေဦးမှာပါ။  ဒီလိုကွဲပြားမှုဖြစ်စဉ်တွေကြားထဲက လူတိုင်း အာဏာရခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်သလို  သြဇာလွှမ်းမိုးတဲ့ လူတစ်ယောက်လည်း ဖြစ်လာနိုင်တာပါပဲ။
သင့် အတွက်လည်း ဒီလိုလူတွေကြားထဲမှာ အောင်မြင်ရေး သော့ချက်ကိုရဖို့ ဘယ်လိုရှေဆက်လျောက်လှမ်းဖို့ကို လေ့လာသင်ယူဖို့ ရမှာပါ။

4. ကျရှုံးမှုကို မကြောက်ပါနဲ့။
ရှုံးနိမ့်မှုဆိုတာ နောက်တစ်ချိန်ပြန်စဖို့  အခွင့်အလမ်းတစ်ခုပါ။ ဒီတစ်ကြိမ်မှာတော့ အမှားအယွင်းမရှိ အောင် လုပ်ဆောင်နိုင်ဖို့  အကင်းပါးရမယ်။

5. အောင်မြင်မှုကိုရဖို့  ဆုံးဖြတ်ချက်တွေ ခိုင်မာရမယ်
တစ်ခါတစ်ခါ ဆုံးချက်တွေနှောင့်နှေးမှုတွေကြောင့် ဘဝမှာကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ လွဲချော်တတ်ကြတယ်။ အောင်မြင်မှုကိုရဖို့အတွက် သင့် ဆုံးဖြတ်ချက်တွေ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်ရှိနေရပါမယ်။

6. အသုံးကြတဲ့ လူတစ်ယောက်ဖြစ်ပါစေ။
သင့်မှာ တစ်ခြားသူတွေလိုမဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ဖို့ အလုပ်ကိုအကောင်းဆုံးလုပ်ပြဖို့ပါ။ အလုပ်ပတ်ဝန်းကျင်လူတွေက သင့်ရဲ့ လုပ်ဆောင်နိုင်ချက်တွေကို လိုချင်အားကျလောက်အောင်  ထူးချွန်စွာပြုမူ လုပ်ဆောင်ပြပါ။
သင်က ပုံမှန်သူတွေထက်ပိုတယ်ဆိုရင်တော့ သင် လုပ်နိုင်တာထက် လုပ်ဆောင်ပြနိုင်မှာပါ။

၇)သဘောထားချင်း တိုက်ဆိုင်ပါ
လူတွေကြားမှာ ရှင်သန်လုပ်ကိုင် နေထိုင်နိုင်ဖို့အတွက် အောင်မြင်ရေးလမ်းစတစ်ခုက သဘောထားကွဲလွဲမှု မဖြစ်အောင်လုပ်ဆောင်ဖို့ပါ။ ဒီအတွက် တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲမှုမရှိအောင် ညှိနှိုင်းဖြေရှင်းလုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

8. စိတ်ကူးအသစ်တွေ ဖော်ဆောင်ပြဖို့ မကြောက်မရွံပါနှင့်။
မိမိတွေးလိုက်တဲ့ စိတ်ကူးအတွေးတွေက တစ်ခြားသူတွေအတွက် မဖြစ်နိုင်လောက်အောင် ကြောင်စီစီနိုင်ပေမယ့်  ဖြစ်နိုင်တယ်/အောင်မြင်နိုင်မယ်ဆိုရင် ဒီစိတ်ကူးအတွေးတွေကို လူတွေကိုချပြဖို့ ရှင်းပြဖို့ ပြောပြဖို့ အတွက် မကြောက်ရွံ့ပါနဲ့။

9. အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယုံကြည်မှုရှိပါစေ။
သင့် အိမ်မက်ထဲက လိုချင်တဲ့အရာရှိရင် သင် ဒါကိုရအောင်လုပ်ဆောင်နိုင်တယ်ဆိုလျှင် ရအောင်လုပ်ဆောင်ပြလိုက်ပါ။ ဘာပဲလုပ်လုပ် ငါလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို မွေးယူပါ။

10. ကောင်းတဲ့အတွေးအခေါ် ထားရှိပါ။
အောင်မြင်မှု ပန်းတိုင်ကိုရဖို့ ယုံကြည်ပြီး ပျော်ရွင်နိုင်တာတွေကို စဉ်းစားမလား
ပတ်ဝန်းကျင်က ပြသနာတွေ-စိတ်ဆင်းရဲတာတွေကို စဉ်းစားမလား
ကောင်းတဲ့ မျှော်လင့်ချက်ကိုစဉ်းစားဆုံးဖြတ်နိုင်ရင် ဘဝမှာ ပျော်ရွှင်လာပါလိမ့်မယ်
ကောင်းတဲ့ အတွေးအခေါ်ရှိရင် ကောင်းတဲ့အပြုအမူဖြစ်လာမှာပါ။

11. စိတ်ပျက်အားလျော့မှုကို လက်မြှောက်အရှုံးမပေးပါနဲ့။
မိမိကိုယ်ကို စိတ်ပျက်အားလျော့မှု ခံစားချက်တွေကို မဖြစ်စေပါနဲ့။
သင်သာ ဒီလို စိတ်ပျက်အားလျော့ အရှုံးပေးမှုတွေ ရှိမနေဘူးဆိုရင် အောင်မြင်မှုဆိုတာ သင့်ရဲ့ အနီးဆုံးမှာဆိုတာ ကျိန်းသေပါတယ်။

12. ကြိုးကြိုးစားစားလုပ်ပြပါ။
သင် လုပ်ပြနိုင်တာထက် ပိုလုပ်ဆောင်မပြနိုင်ဘူးဆိုရင် ပိုမြင့်မားတဲ့ ရာထူးနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် အလုပ်ကို စွမ်းစွမ်းတမံ လုပ်ပြရမှာက သင့်ရဲ့တာဝန်ပါ။

13. စိတ်လိုအင်ဆန္ဒကို လုပ်ဆောင်ဖို့ လုံလောက်တဲ့ သတ္တိရှိပါစေ။
တစ်ခါတစ်ခါ စွန့်စားမှုမရှိလို့ သင် လုပ်ချင်တဲ့အရာတွေ ဖြစ်မလာနိုင်တာတွေရှိတယ်။။
သင့် ရဲ့ စိတ်နှလုံးသားထဲက ဒါကိုလုပ်ကိုလုပ်မယ် ရကိုရရမယ်လို့ လုံလောက်တဲ့ သတ္တိအားမွေးမယ်ဆိုရင် သင့် လိုချင်တာတွေအမှန်တကယ်ရလာမှာပါ။

Kara Heissman ရဲ့
How To Be Successful In Life: 13 Tips From The World’s Most Successful People ကို ဆီလျော်အောင် ဘာသာပြန်သည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"ဘာအတွက် အလုပ်လုပ်ကြတာလဲ"

မနက်ဖန်ဆို ရုံးတွေပြန်ဖွင့်ကြပြီ
အလုပ်တွေ လုပ်ရတော့မှာပေါ့
Monday Blues ဆိုတာကြီးကို စတင်ခံစားရတော့မယ်ဗျာ၊
(Monday Blues ဆိုတာ--- တနင်္ဂလာနေ့တွင် အလုပ်တတ်ရန်စိုးရိမ်ခံစားနေရခြင်း၊ စိတ်အားတတ်ကြွမှုပျောက်ဆုံးနေခြင်းနှင့် ကြုံတွေ့လာရမည့် တစ်ပါတ်တာအလုပ်တာဝန်များအတွက် အဆင်သင့်မဖြစ်ခြင်းတို့ဖြစ်သည်)။

ကျနော် စဉ်းစားမိတယ်
အလုပ်မှာ ဒီနေ့ စဉ် Repetitive jobs တွေကိုလုပ်နေရင်း တစ်ခါတစ်ခါ ငြီးငွေ့လာသလို့ ခံစားရတယ်
တစ်ယောက်နဲ့တစ်ယောက် မသိကြပဲ အလုပ်ထဲရောက်မှသိကြ
အတင်းပြောကြ ၊ ဖိနှိပ်ကြ၊ မနာလိုတာ ၊ ချောက်တွန်းတာတွေ၊ နေရာယူတာတွေ၊ အပေါ်ဖား အောက်ဖိ လူတွေ စသည်ဖြင့်ပေါ့ ကျနော်တို့တွေ ကြုံနေရကြတာပဲ
ဒီလို စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့အလုပ် လုပ်နေရတော့ သူတို့ပြောတာ မခံချင်လည်း ခံ၊
မမှန်လည်းဟုတ် မှန်လည်းဟုတ်နေရမယ်၊ လူတိုင်းမာနလေးရှိတော့  အပြောမခံနိုင်ရင် အလုပ်ထွက် ဆိုရင်လည်း စားဝတ်နေရေးက  တစ်ဦးတည်းဆိုရင်တော့ ဘာမှမဖြစ်၊ မိသားစုနဲ့သာဆိုရင် လွယ်မှာဟုတ်ဘူး၊ ဒီတော့ ကြိတ်မှိတ်လုပ်ကြရင်း အချိန်တန်ရင် လစာလေးထုတ်၊ဒီလစာလေးရဖို့ ဝတ်ကျေတန်းကျေပဲ လုပ်ကြတော့တာပေါ့ ။

လုပ်သက်သာကြာလာတယ် လစာမတိုး နောက်အလုပ်တစ်ခုပြောင်းလုပ် ၊
ဒီလိုနဲ့ နောက်တစ်ကြိမ် အလုပ်သစ်မှာ အလားတူမျိုး ပြန်ကြုံလာရင်း ဘာမှထူးခြားမလာဘဲ
အသက်တွေသာ ကြီးလာကြပြီး ဘဝအတွက် နေမြဲတိုင်းကနေမြဲတမ်း ပေါ့ဗျာ

ဒီတော့
ကျနော် တို့ ဘာအတွက် အလုပ် လုပ်နေရတာလဲ???
စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ ဝတ်ကျေတန်းကျေ အလုပ် အလုပ်နေကြတော့မှာလား
ကျနော်အနေနဲ့တော့ ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ်မလုပ်စေချင်ဘူး

ကျနော်တို့ သင်ယူလာခဲ့တဲ့  ကျွမ်းကျင်တဲ့ပညာနဲ့ လုပ်အားကိုပေါင်းပြီး လစာဆိုတဲ့ ပိုက်ဆံကို ကုမ္ပဏီက  ပြန်ရကြတာပါ။ကျနော်တို့ဒီတိုင်းနေရင် ဒီအတိုင်းပဲ ဖြစိနေမှာပါ၊ ကျနော်တို့ဘဝတိုးတက်မှုအတွက် အနည်းငယ်ပြောင်းလဲကြည့်ရအောင်.....

1. ကိုယ့်အတွက် လိုအပ်တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို  ထပ်မံလေ့လာသင်ယူပါ Upgrade လုပ်ပါ၊

ပိုက်ဆံကုန်မှာပဲ၊ အချိန်မရှိလို့၊ အဝေးရောက်နေလို့ဆိုပြီး ဆင်ခြေတွေပေးနေရင် ကိုယ်အတွက်တိုးတက်မှုတွေက  တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် ဆုတ်လျော့လာပါလိမ့်မယ်၊ ဒီအတွက် နေ့စဉ်နည်းနည်းစီ လေ့လာသင်ယူပါ၊

2. အလုပ်ကို စိတ်ဝင်တစားလုပ်ပါ။

မိမိအလုပ်ကို စိတ်ဝင်တစားအလုပ် လုပ်မှ အလုပ်က တိုးတက်လာမှာပါ၊ လစာတိုးလာမယ်၊ ရာထူးတိုးလာမယ် အခွင့်အလမ်းကောင်းတွေက သင့်အတွက် အမြဲ ဖြစ်နေတော့မှာပါ၊ ဒီအတွက် မခိုမကပ်ပါနဲ့၊ ဉာဏ်စွမ်းရှိသလောက် ထုတ်ဖော်လုပ်ဆောင်ပြလိုက်ပါ၊

3. မိတ်ဆွေများများထားပြီး မတူတာတွေကို လေ့လာသင်ယူပါ။

မိတ်ဆွေတွေက သင့်ကိုကူညီနိုင်သလို သင့်ကိုလည်း ဖျက်စီးပစ်နိုင်ပါတယ် ၊ ဒါပေမယ့် မိတ်ဆွေများချင်းက သင့်အလုပ်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါ၊  ဒီအတွက် အလုပ်ပါတ်ဝန်းကျင်က လူတွေနဲ့ မိတ်ဆွေဖွဲ့ပါ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွေ့အကြုံတွေကို လေ့လာသင်ယူပါ၊

4. လစာအပြင် အပိုထပ်ရနိုင်မယ့် စီးပွားရေးနည်းလမ်းတွေကို အမြဲရှာဖွေပါ၊

ကိုယ်ဘာတတ်ကျွမ်းသလဲ ဘယ်အပိုင်းမှာအားသာချက်ရှိလည်း ကိုယ့်ကိုကိုယ် စမ်းစစ်ပါ။
(ဒီနေရာမှာပြောချင်တာက ကျနော်သူငယ်ချင်းတစ်ယောက် အင်္ဂလိပ်စာကျွမ်းကျင်တယ် ဒီတော့ အလုပ်ချိန်ပြင်ပမှာ အိမ်တွေလိုက်ပြီး အင်္ဂလိပ်စကားပြောလိုက်သင်ပြီး ဝင်ငွေအပိုရှာတယ် ၊ ပြီးတော့ တစ်ပါတ်(၃)ရက် စာမူတွေကို ဘာသာပြန်တယ်၊) ဒီအတွက် ကိုယ်က ဝင်ငွေအပိုရနိုင်မည့် နည်းလမ်းတွေကို အပြင် မိတ်ဆွေတွေဆီကဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကပဲ ဖြစ်ဖြစ် ပဲ  စူးစမ်းလေ့လာပြီးအခွင့်အလမ်းတွေကို ဖန်တီးရယူပါ။

5. ကိုယ်တတ်စွမ်းနိုင်သလောက် သူတစ်ပါးကို ကူညီပေးပါ ။

လူတစ်ယောက်က အကူအညီတောင်းလိုက်တဲ့အခါမျိုးဆိုရင် ဒီလူဆီက ဘာပြန်ရမလဲဆိုပြီး မတွေးပါနဲ့။  မမျှော်လင့်ပါနဲ့။ စိတ်ရှင်းရှင်းထားပြီး ကိုယ်တတ်နိုင်သလောက်ကူညီပေးလိုက်ပါ ၊
ကိုယ်ပေးခဲ့တဲ့အကူညီ က တစ်ချိန်မှာ သင့်အတွက် အကျိုးရှိစေမှာပါ။ ဒီအတွက် အကူအညီဆိုတာ အသွားအပြန်ရှိတဲ့အတွက် ကူညီပေးလိုက်ပါ။


ဒီအချက်တွေက ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ် လုပ်နေတော့တာမဟုတ်သလို
အချိန်အတိုင်းအတာ တစ်ခုပြီးဆုံးသွားရင်တော့ ကျနော်တို့ ပြောင်းလဲလိုက်တဲ့ ဒီကြိုးစားမှုရလဒ်တွေက ကျနော်တို့ဘဝရှေ့ရေးအတွက် အရာထင်လာမှာပါ၊

ချစ်စွာဖြင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Believe yourself

Keep Moving, Keep Fighting
Forgive to all weakness people ,
do not bring them to your brighter future.

"တစ်ရွာမပြောင်းသူကောင်းမဖြစ်" ဆိုသလို

ကိုယ်ဘယ်လောက်ကောင်းအောင် လုပ်လုပ်
Personal Attack တွေ
မဟုတ်မမှန် သော မကောင်းသတင်း လွှင့်မှုတွေ
အတို့အထောင် တိုင်ကြားမှုတွေကို
ကြုံရင်ကြုံသလို ပြောဆိုခံနေရပါဦးမယ်
ကိုယ့်အရည်အချင်းတွေ သူတို့အမှန်မမြင်တော့ရင်
စွန့်လွှတ်လိုက်ပါ
ကိုယ်နှင့်ထိုက်တန်သော နေရာကောင်းများစွာ
စောင့်မျှော်နေပါလိမ့်မယ်.....

ဒါပေမယ့်.....
တစ်ချို့သော သူတွေကတော့
ပြောကြပါလိမ့်မယ်
"သေချင်တဲ့ကျား တောပြောင်း" တဲ့
ပြောရင်လည်း ပြောကြပါစေ
ကိုယ်ဝမ်းနာတာ ကိုယ်သာပဲ သိသလို
ကိုယ့်ဆုံးဖြတ်ချက်
ကိုယ်ယုံကြည်ရာကို
လျှောက်လှမ်းလိုက်ပါ.... မိတ်ဆွေ...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဥယျာဉ်မှူး စေတနာ

ပန်းတစ်ပွင့် ပွင့်ဖို့အတွက် 
အချိန်ငါးမိနစ်နဲ့ မလုံလောက်ပါဘူး 
ပန်းပွင့်တစ်ပွင့် ရဖို့အတွက်တော့ 
ဘယ်ပန်းဆိုင်မှာမဆို ဝယ်လို့ရပါတယ် 
ကိုယ်တိုင်စိုက်ပျိုးတဲ့အပင်က 
အသီးအပွင့်ကိုလိုချင်ရင်တော့ 
သင်ကိုယ်တိုင်အရင်ဆုံး အချိန်ပေးပြီး
ရေလောင်းပေါင်းသင်ရမှာပါ 
စစ်မှန်သောဥယျာဉ်မှုးတွေက
စေတနာအရင်းခံနဲ့ ပြုစုပျိုးထောင်ကျတယ် အပင်စိုက်ပြီး အချိန်တန်သူ့ဟာသူ ပွင့်လာလိမ့်မယ်ဆိုပြီး ပြီးစလွယ် ပြစ်မထားတက်ပါဘူး 
သင်ကိုယ်တိုင်ဂရုစိုက်ပြီး 

မစိုက်ပျိုးနိုင်ရင် အစကတည်းက မျိုးစေ့မချပါနဲ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS