ပန်းတစ်ပွင့် ပွင့်ဖို့အတွက်
အချိန်ငါးမိနစ်နဲ့ မလုံလောက်ပါဘူး
ပန်းပွင့်တစ်ပွင့် ရဖို့အတွက်တော့
ဘယ်ပန်းဆိုင်မှာမဆို ဝယ်လို့ရပါတယ်
ကိုယ်တိုင်စိုက်ပျိုးတဲ့အပင်က
အသီးအပွင့်ကိုလိုချင်ရင်တော့
သင်ကိုယ်တိုင်အရင်ဆုံး အချိန်ပေးပြီး
ရေလောင်းပေါင်းသင်ရမှာပါ
စစ်မှန်သောဥယျာဉ်မှုးတွေက
စေတနာအရင်းခံနဲ့ ပြုစုပျိုးထောင်ကျတယ် အပင်စိုက်ပြီး အချိန်တန်သူ့ဟာသူ ပွင့်လာလိမ့်မယ်ဆိုပြီး ပြီးစလွယ် ပြစ်မထားတက်ပါဘူး
သင်ကိုယ်တိုင်ဂရုစိုက်ပြီး
မစိုက်ပျိုးနိုင်ရင် အစကတည်းက မျိုးစေ့မချပါနဲ့
0 comments:
Post a Comment