RSS

Admin တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်တော့မည်ဆိုလျှင်


Admin ဌာန

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ များစွာသော ကုမ္ပဏီများ၏လုပ်ငန်းတိုင်းမှာ Admin. department လည်း လိုအပ်မှာပါ။
- ကုမ္ပဏီကချမှတ်တဲ့  စည်းမျဉ်းစည်းကမ်းတွေ ထိန်းသိမ်းဖို့၊
- ကုမ္ပဏီလုပ်ငန်းတွေလည်ပတ်ဖို့အတွက်  Register လို စာရွက်စာတမ်းကိစ္စအဆင်ပြေချောမွေ့စွာလည်ပတ်ဖို့၊
- လိုအပ်နေတဲ့ သယ်ယူပို့ဆောင်ရေးစတဲ့ ထောက်ပံ့ရေးကိစ္စတွေ စီမံခန့်ခွဲပေးတာ အစရှိသည်တို့ကို   Admin ဌာနကပဲတာဝန်ယူဆောင်ရွက်ရပါတယ်။
မည်သို့ပင်ဆိုစေ လုပ်ငန်းအမျိုးအစား လုပ်ငန်းသဘောတရား ဘယ်လိုပင်ကွဲပြားကွဲပြား Admin Department ကတော့ လုပ်ငန်းအဆင်ပြေချောမွေ့ရေးအတွက် စီမံပံ့ပိုးပေးရတဲ့ ဌာနတစ်ခုပဲ မဟုတ်ပါလား

 သိထားသင့်သောအချက်များ
Administration နဲ့ပါတ်သတ်ပြီး admin တစ်ယောက်အဖြစ်  စတင် တာဝန်ထမ်းဆောင်တော့မယ်ဆိုရင် admin တစ်ဦးလုပ်ဆောင်ရမည့် JD (Job Description) တွေလည်း သိထားသင့်တယ်လို့ ထင်ပါတယ်။

Main JD တွေအဖြစ်
1. Fix assets
2. Filing system (Document Controll)
3. Inventory / Purchasing
4. Maintenance
5. Supporting
6. Transportation
7. Monthly to do list စသည့်အချက်တွေတော့ မဖြစ်မနေ သိထားရမည့် အချက်များဖြစ်ပါတယ်။


1. Fix Assets (ပုံသေပိုင် ပစ္စည်းစာရင်းပြုစုခြင်း)

       ကုမ္ပဏီတစ်ခုမှာရှိတဲ့ ပုံသေပိုင်စာရင်း ပြုစုရမှာဖြစ်ပါတယ်။
ဥပမာ-ကွန်ပျူတာ၊ ပရင်တာ၊ အဲကွန်း၊စားပွဲကုလားထိုင် အစရှိသည့် ပုံသေပိုင်စာရင်းတွေကို ကောက်ယူပြီး စနစ်တကျဖြစ်အောင် Item code နဲ့ တွဲပြီး မှတ်သားသင့်ပါတယ်။

2. Filing System( Document Controll) ( ဖိုင်များအား စနစ်တကျပြင်ဆင်သိမ်းဆည်းခြင်း)
     
       ကုမ္ပဏီတစ်ခုမှာရှိတဲ့ စာဝင်/စာထွက် ပိုင်းဆိုင်ရာ Document စာရွက်စာတမ်းအားလုံးကို စနစ်တကျ သိမ်းဆည်းရမှာဖြစ်ပြီး စာဝင်/စာထွက် အတွက် စာအမှတ် အမျိုးအစား ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဥပမာ-
- အခြားဌာန ဝင်စာ/ထွက်စာများ
- ရုံးတွင်း အမိန့်/ ရုံးတွင်းညွှန်ကြားစာများ အစရှိသည်များကို ဆိုင်ရာဆိုင်ရာ သူဖိုင်နှင့်သူ သိမ်းဆည်းထားရမှာဖြစ်ပြီး လိုအပ်ပါက ပြန်ရှာလျှင် ဘယ်နေရာမှာ သိမ်းထားသလဲဆိုတာ ချက်ချင်း သိနိုင်မှာပါ။

3. Inventory & Purchasing
     
        မိမိရုံးမှာရှိတဲ့ ပစ္စည်းစာရင်းလက်ကျန် ကောက်ယူရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကုမ္ပဏီကြီးလျှင် store ဌာနအဖြစ် သီးသန့်ထားရှိပေမယ့်  တစ်ချို့ ကုမ္ပဏီက store ဌာနအဖြစ် သီးသန့်မထားရှိတော့ပဲ Admin ဌာနရဲ့လုပ်ဆောင်မှုအောက်ကိုပဲ ပို့လိုက်ကြပါတယ်၊ အဲ့ဒီအတွက် Admin ဌာန ကပဲ ဒီတာဝန်ကို ယူကြပြီး ရုံးတစ်ခုလုံး၏ Electronic Equipment / Stationary / အခြားအသုံးဆောင်များ အစရှိသည့် ပစ္စည်းများ၏ ဝင်/ထွက်/လက်ကျန် စာရင်းစစ်တမ်းများကို ကောက်ယူထားနိုင်မှ ပစ္စ္စည်းအပိုအလျှံကို ထိန်းညှိနိုင်ပြီး ငွေကြေးအခြေအနေကိုလည်း လျော့ချပေးနိုင်ပါသည်။

4. Maintenance (ပြုပြင် ထိန်းသိမ်းခြင်း)
         Admin ရဲ့ လုပ်ငန်းတာဝန်ထဲမှာပင် ပြုပြင်ထိန်းသိမ်းခြင်း Maintenance တာဝန်လည်း တစ်ခုအပါအဝင်ပါ။
ဥပမာ ....
- ရုံးရှိ   မီးချောင်း မီးသီးမကောင်းလို့ ပြင်ဆင်ဆောင်ရွက်ပေးတာမျိုး၊
- ရေမလာရင်ရေလာအောင် စီစဉ်ဆောင်ရွက်ပေးတာမျိုး၊
- ရုံးမီးမလာလို့ ရုံးမီးစက်အသုံးပြုမယ်ဆိုသော် မီးစက်တွင် ဆီ/ရေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရှိတာမျိုး၊
- လောင်စာဆီ၊ မော်တော်ယာဉ်တွေရဲ့ ပြုပြင်ထိန်းသိမ်းရေး၊ မော်တော်ယာဉ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း အစရှိသည်တို့ကို စီစဉ်ဆောင်ရွက်ပေးရပါသေးတယ်။

5. Supporting  ( ကုန်စည် ထောက်ပံ့ပေးခြင်း)

        ရုံးရှိ ဌာနအသီးသီးမှ materials လိုအပ်ချက်များကို ဝယ်ယူဖြည့်တင်းဆောင်ရွက်ပေးရခြင်းဖြစ်ပါသည်။
ဥပမာ - Account ဌာနမှ ဂဏန်းတွက်စက် calculator လိုအပ်တာမျိုး၊
အင်ဂျင်နီယာဌာန safety ပစ္စည်းလိုအပ်တာမျိုး
IT ဌာနမှ ကွန်ပျူတာ လိုအပ်တာမျိုး အစရှိသည်များကို supply request ပြုစု၍ အထက်လူကြီးထံ ခွင့်ပြုချက်တောင်းခံပြီး ဝယ်ယူဖြည့်တင်းဆောင်ရွက်ပေးရမှာဖြစ်ပါသည်။
စနစ်တကျ စီမံခန့်ခွဲပေးနိုင်မှ Marketing ,Finance အစရှိသည့်အခြားသော ဌာနတွေအတွက်လည်း လိုအပ်ချက်တွေကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

6. Transportation ( သယ်ယူပို့ဆောင်ရေး စီစဉ်ပေးခြင်း)

        ဝန်ထမ်းများ ခရီးသွားလာရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ဖို့အတွက် Transportation ကိစ္စကလည်း admin တစ်ယောက်ရဲ့ တာဝန်တစ်ခုပါပဲ၊
- ဝန်ထမ်းတွေရဲ့ ဖယ်ရီလမ်းကြောင်း စီစဉ်ပေးခြင်း၊
- ကားထပ်မံငှားရမ်းလိုအပ်ပါက ကားကုမ္ပဏီ တွေထံမှ ကားငှားရန်စီစဉ်ပေးခြင်း၊
- ငှားရမ်းထားသော ကားများ၏ ဆီစားနှုန်းတွက်ချက်တင်ပြ ရခြင်း

7. Monthly to do List (လစဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ )  

       ဒီအခြေအနေကတော့ မိမိ ရုံးရှိ လစဉ် စီစဉ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကိုလည်း မဖြစ်မနေ သိရှိထားရမှာ ဖြစ်ပြီး လုပ်ဆောင်ပေးရမည့်အချက်တွေပဲဖြစ်ပါတယ်။
- လစဉ် ဖုန်းဘေလ် ဆောင်ပေးခြင်း၊
- အင်တာနက်ဝန်ဆောင်မှုအတွက် အင်တာနက်ဘေလ် ဆောင်ပေးခြင်း၊
- မိမိရုံးတွင် cleaning service ဝန်ဆောင်မှုရယူထားပါက cleaning service ခပေးချေခြင်း၊
- Security service ဝန်ဆောင်မှုရယူထားပါက security service ခပေးချေခြင်း၊
- ရုံးခန်းအဆောက်အဦး ငှားရမ်းထားပါက  အဆောက်အဦးဌားရမ်းခ ပေးချေခြင်း၊
စသည့်အချက်တွေကတော့ တစ်ချို့သော အချက်အလက်တွေ့ဖြစ်ပြီး မိမိတာဝန်ယူလုပ်ဆောင်နေတဲ့ ကုမ္ပဏီအမျိုးအစားပေါ် မူတည်ပြီး အချက်အလက်တွေကွဲပြားသွားနိုင်ပါတယ်။

8. Other problem (အခြားသော ပြသနာများ)
     တစ်ခါတစ်ရံ လုပ်ငန်း သဘောသဘာဝအရ ကုမ္ပဏီတိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဝန်ထမ်းအချို့ရဲ့  ကုန်ပစ္စည်း အလွဲသုံးစားမှုတွေကြုံလာရင်  admin manager နဲ့အတူဖြေရှင်းရတဲ့ ကိစ္စမျိုးတွေလည်း ကြုံတွေ့လာရတတ်ပါတယ်။ ထို့အတွက်ကြောင့် စာရွက်စာတမ်း၊ ပစ္စည်း အလွှဲအပြောင်း လုပ်ရသည့်အခါမျိုးမှာဖြစ်စေ သေချာဂရုစိုက် မှတ်တမ်းမှတ်ရာနှင့်တကွ  ထိန်းသိမ်းထားရမှာဖြစ်ပြီး တစ်စုံတစ်ခုသော ပြသနာကြုံလာရင် ဖြေရှင်းဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။

9. Daily Activities( နေ့စဉ်လုပ်ဆောင်ချက်များ)
         လုပ်ငန်းစဝင်ရောက်ပြီဆိုရင် နေ့စဉ် မိမိရဲ့ လုပ်ဆောင်ချက်များကို ဗလာစာအုပ် (သို့) မှတ်စုစာအုပ်တစ်အုပ်ဖြင့်  Daily logs ရေးသွင်းထားသင့်ပါသည်။ သို့မှာသာ မိမိရဲ့လုပ်ဆောင်ချက်ကို မိမိပြန်အကဲခတ်နိုင်ပြီး လိုအပ်ချက်တွေရှိလာရင်လည်း ပြန်လည်ပြင်ဆင်ရန် လွယ်ကူပြီး မတူညီတဲ့နေ့စဉ်ပြသနာတွေကို နားလည်သဘောပေါက်လာပါလိ့မ်မည်။ ကိုယ် မတွေ့မိလိုက်တဲ့ အချက်တွေကိုလည်း ပြန်လည် သုံးသပ်လို့ ရလာပါလိမ့်မယ်။
....................

ဘာတွေလိုအပ်မလဲ?????

  Admin အဖြစ် တာဝန်ယူလုပ်ကိုင်နေပြီဆိုလျှင် လုပ်ဆောင်ရမည့်   တာဝန်တွေက မိမိရုံးရှိ ဌာနအသီးသီးနဲ့  ချိတ်ဆက် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဌာနအသီးသီးနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုလည်း ရှိရပါမည်။ သို့မှသာ လုပ်ကိုင်ရ မြန်ဆန်ချောမွေ့စေပါမည်။

admin တစ်ယောက်ဖြစ်ရန် လိုအပ်ချက်တွေကတော့

- Communication skill - ကောင်းမွန်ရပါမည်။ ဌာနအသီးသီးနဲ့ချိတ်ဆက် ဆက်ဆံရမည့်လုပ်ငန်းဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးကောင်းမွန်ရပါမည်။

- Computer skill- တတ်ကျွမ်းရပါမည်။ အနည်းဆုံးတော Word ,Excel , PowerPoint နဲ့ စာစီစာရိုက်လေးတော့ တတ်ကျွမ်းရပါမည်။

- Accounting- စာရင်းအင်းပညာ Cash book ရေးသွင်းခြင်းလောက်တော့ အနည်းငယ်နားလည်ထားရပါမည်။

- English ဘာသာစကား - အတွက်တော့ လုံးဝမတတ်ရင်တောင် Conversation  အခြေခံစကားပြောလောက်ရင် အဆင်ပြေပါပြီ။

- HRM- Human Resource Management အကြောင်းကိုလည်း အခြေခံသဘောတရားလောက်တော့ သိထားရပါမည်။ ကုမ္ပဏီရဲ့ တစ်ချို့ ကိစ္စရပ်တွေမှာလည်း HR ဌာန နဲ့ လက်တွဲဆောင်ရွက်ရမည့်ကိစ္စရပ်များတွေရှိတဲ့အတွက် အခြေခံသဘောတရားတွေဖြစ်တဲ့
- Social Security Board -SSB (လူမှုဖူလုံရေးကိစ္စ ပေးသွင်းခြင်း)
- Salary , Allowance & other  Benefits( လစာနှင့် ခံစားရပိုင်ခွင့်အကြောင်း)

အထက်ဖော်ပြပါအချက်များသည် Admin assistant အဖြစ် စတင်ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါလိမ့်မည်ဟု မျှော်လင့်ပါသည်။
Admin Manager တစ်ယောက်ဖြစ်လာဖို့ (သို့) ဒီထက်ပိုမြင့်မည့် career  သွားမည်ဆိုပါက မိမိမှာ သက်ဆိုင်ရာလုပ်သက် များစွားရှိရမည့်အပြင် မိမိ၏အရည်အချင်းကိုလည်း မြင့်သထက်မြင့်အောင် ကြိုးစားသွားနေရမည်သာဖြစ်ပါသည်။


လေးစားစွာဖြင့်
မျိုးမြင့်ကျော်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment