RSS

Learn English

လွယ်ကူတဲ့နည်းလမ်း ဖြင့်လေ့ကျင့်ပါ။

ဟုတ်ကြောင်း စကားကို ရှေ့နောက်ပြောင်းခြင်းဖြင့်
"လား မေးခွန်း"လုပ်ကြည့်ပါရန်။

ဟုတ်ကြောင်းတွင်
1)am is are was were
2)has have (had) v3
3)will,would,can,could,should ...

Drills.

1)She is driving to work.
2)Is she driving to work?
၁။သူ(မ) အလုပ်ကို ကားမောင်းသွားနေတယ်။
၂။သူ အလုပ်ကို ကားမောင်းသွားနေတာလား?

1)His eyes are blue.
2)Are his eyes blue?
၁။သူ့မျက်လုံးတွေက အပြာရောင်တွေဗျ ။
၂။သူ့မျက်လုံးတွေက အပြာရောင်တွေလား?

1)You are richer than I am.(me)
2)Are you richer than me?
၁။ခင်ဗျားက ကျနော့်ထက်ပိုချမ်းသာပါတယ်ဗျ ။
၂။ခင်ဗျားက ကျနော့်ထက် ပိုချမ်းသာလို့လား?

1)He was 25 last year.
2)Was he 25 last year?
၁။သူ မနှစ်က အသက် ၂၅ပါ။
၂။သူ မနှစ်က အသက် ၂၅လား?

1)I am clever.
2)Am I clever?
၁။ကျမကလည်ပါတယ်ရှင့်။
၂။ကျမက လည်လို့လား?

1)You've lived in New York for years.
2)Have you lived in New York for years?
၁။ခင်ဗျား နယူးယောက်မြို့မှာနေတာ
   နှစ်တွေလည်း ကြာပြီပဲဗျာ။
၂။ခင်ဗျား New York မှာနေတာ
    နှစ်အတော် ကြာပြီလား?

1)Her mother has spoken English all her life.
2)Has her mother spoken English all her life?
၁။သူ့အမေ အင်္ဂလိပ်ပြောလာတာ
    သူ့ဘဝ တစ်လျောက်လုံးပဲ။
၂။သူ့အမေ အင်္ဂလိပ်ပြောလာတာ
    သူ့ဘဝ တစ်လျောက်လုံးပဲလား?

1)You had eaten dinner
    when we got home last night.
2)Had you eaten dinner
    when we got home last night?
၁။ငါတို့ မနေ့ညက အိမ်ရောက်တော့
    မင်း ညစာ စားပြီးပြီပဲ။
၂။ငါတို့ မနေ့ညက အိမ်ရောက်တော့
    မင်း ညစာ စားပြီးပြီလား?

1)Simon can swim well.
2)Can Simon swim well?
၁။ဆိုင်မွန် က ရေကောင်းကောင်းကူးနိုင်တယ်။
၂။ဆိုင်မွန် ရေကောင်းကောင်းကူးနိုင်လား?
     မှတ်ချက်။
    (အသံအမှန်က တော့
      'ဆိုင်း(အ်)မန်' လို့ထွက်ပါတယ်။)
     [မြန်မာစာလုံးဖြင့် အင်္ဂလိပ်အသံ
      ထပ်တူ ရေးမရပါ။
      အသံထွက် ဖုန်း software များ
      အထောက်အကူဖြင့် နားထောင်ပြီး
      ထပ်တူကျအောင် ကြိုးစား၍အသံထွက်ပါ။]

1)She will be beautiful.
2)Will she be beautiful?
၁။သူမ လှလာလိမ့်မယ်။
၂။သူမ လှလာပါ့မလား?

1)I should take this medicine.
2)Should I take this medicine?
၁။ကျမ ဒီဆေးသောက်သင့်တယ်။
၂။ကျမ ဒီဆေးသောက်သင့်လား?
   (I = ကျွန်တော်/ကျွန်မ/ငါ/ကျုပ်/....)
   [မိမိကိုယ်မိမိရည်ညွှန်းသောစကားတိုင်း]

(ဆက်ရန်)
ဆက်လက်ဆင့်ပွားလေ့ကျင့်တတ်မြောက်
ကျွမ်းကျင်ကြပါစေ။
လေးစားလျက်
Saya U Thura
(TESOL,LTTC)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment