RSS

Learn English 2

[ အထာပေါက်ရင် အဆင်ပြေသွားပါလိမ့်မယ်။]
အထာပေါက်ဖို့ နည်း စနစ်ကောင်းကောင်း လိုပါတယ်။

me   - ကျနော့်ကို၊ကျမကို၊ငါ့ကို၊ကျုပ်ကို၊ကိုယ့်ကို ...
us    - တို့ကို၊ကျနော်တို့ကို၊ကျမတို့ကို၊ငါတို့ကို ...
you  - ခင်ဗျားကို၊ခင်ဗျားတို့ကို၊ရှင့်ကို၊ရှင်တို့ကို ...
him  - သူ့ကို၊အဲ့သူကို၊အဲဒီ အစ်ကို့ကို၊အဲ့ညီကို ...
her   - အဲဒီ အမျိုးသမီးကို၊သူ(မ)ကို၊အဲ့ ညီမကို ...
them - သူတို့ကို၊အဲဒီဥစ္စာတွေကို၊...
it      - ဒါကို၊အဲဒီ ဟာကို၊...

"ကို" ပုံစံ 7 လုံး ဒေါင်လိုက် မှတ်သားထားရပါမယ်။
စကားတွေမှာထည့်၍ပြောဆိုပာ။

Me တစ်လုံးကို စကား ၆ မျိုးဖြင့် ဥပမာပေးထားပါတယ်။
အခြား "ကို" စကားလုံးများလည်း တွဲဖက်လေ့ကျင့်ပါရန်။

၁။ဟုတ်ကြောင်း စကား
၂။မဟုတ်ကြောင်း စကား
၃။လုပ်ပါလို့တောင်းဆိုတာ(ခိုင်း)
၎။မလုပ်ပါနဲ့လို့တောင်းဆိုတာ(တား)
၅။လား ဖြင့်အဆုံးသတ်တဲ့ မေးခွန်း
၆။လဲ ဖြင့်အဆုံးသတ်တဲ့ မေးခွန်း

Examples.

စကားပြော ဝါကျများ ကို လေ့ကျင့်ကြည့်ပါ။

သူ ကျမကို ချစ်ပါတယ်။(ဟုတ်ကြောင်း)
"He loves me."

သူတို့ကျနော့်ကို မနေ့ညက ဖုန်းဆက်သင့်တယ်။(ဟုတ်ကြောင်း)
"They should have called me last night."

ဒါကျနော့် စေတနာပါဗျာ။(ဟုတ်ကြောင်း)
"This is kind of me."

အဲဒီ ကား ကျနော်ပိုင်တာ။(ဟုတ်ကြောင်း)
"That automobile belongs to me."

ရှင့်အမေက ကျမကို ကြည့်မရဘူး။(မဟုတ်ကြောင်း)
"Your mother doesn't like me."

ဒါကိုယ့်အတွက် ကိစ္စမရှိပါဘူး။(မဟုတ်ကြောင်း)
"It doesn't matter to me."

သူကျနော့်ကို မချစ်ဘူး ထင်ပါတယ်ဗျာ။
(မဟုတ်ကြောင်း)
"I don't think she loves me."

ကျနော်တို့ ကျောင်းတွေနဲ့ပတ်သက်လို့ ခင်ဗျားရဲ့ ပွင့်လင်းတဲ့ သဘောထားလေးပေးပါ အုံးခင်ဗျာ။
(တောင်းဆို/ခိုင်း)
"Give me your frank opinion about our schools"

ကိုယ့်ကို ယုံကြည် အားကိုးစမ်းပါကွာ။(လုပ်ပါလို့တောင်းဆို/ခိုင်း)
"Trust me."

မင်းကိုယ့်ကို ခွင့်လွှတ်ပါ။(တောင်းဆို/ခိုင်း)
"Forgive me."

ခင်ဗျား လိပ်စာ ကျနော့်ကို ပြောပါ။ဖြစ်လားဗျာ။(တောင်းဆို)
"Tell me your address,will you?"

ဒီည ကိုယ့်ကိုယ် ဖုန်းဆက်ဖို့
မင်းအစ်ကို ကိုပြောပေးပါ။
(တောင်းဆို/ခိုင်း)
"Tell your brother to phone me tonight."

ကျမကို ခု မနှောက်ယှက်ပါနဲ့။(တား)
"Don't disturb me right now!"

ကျနော့်ကို မနက်ဖြန် ဖုန်းမခေါ်ပါနဲ့။(တား)
"Don't telephone me tomorrow."

ကျုပ်ကို ခင်ဗျားရဲ့ ပတ်စ်ပို့ မပေးပါနဲ့။(တား)
"Don't give me your passport. "

ခင်ဗျား လျှို့ ဝှက်ချက် ကျနော့်ကို မပြောပြပါနဲ့။(တား)
"Don't tell me what your secret is."

မင်း ကိုယ့်ကို စောင့်နေတာလား။(လား?)
"Are you waiting for me?"

ရှင်ကျမကို ရှော့ပင်းစင်တာထဲမှာ
မြင်လိုက်လား မနေ့ကလေ။(လား?)
"Did you see me in the shopping center yesterday."

ခင်ဗျား ကျနော့်ကို မှတ်မိလား။(လား?)
"Do you remember me?"

မင်းကိုယ့်ကို မုန်းနေတာလား။(လား?)
"Do you hate me?"

မင်းငါ့ကို ဒုက္ခပေးနေတာလားကွ။(လား?)
"Are you bothering me?"

သူ မနေ့က ကျနော့်ကို ဒေါသထွက်နေတာလား။(လား?)
"Was she angry with me?"

သူက ကျနော့်ကို ဘာကြောင့် တွေ့ဆုံချင်ရတာလဲ။
(လဲ?)
"Why do they want to meet me?"

ဘယ်သူကျနော့်ကို စောင့်နေတာလဲ။(လဲ?)
"Who is waiting for me?"

ရှင်ကျမကို ဘယ်လို ထင်မြင်ယူဆလဲ။(လဲ?)
"What do you think of me?"

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment