RSS

Save your friends from outdated email

Save your friends from outdated email

ကျနော်တို့ဂျီမေလ်းအသုံးပြုတဲ့အခါ Gmail blog ကနေ ကြေငြာချက်တွေကို သတိထားကြည့်မိကြမလားမသိဘူး/



ကျနော်တော့ အမြဲသတိထားကြည့်မိတဲ့အပြင် Gmail blog မှာဝင်ဖတ်ဖြစ်ပါတယ်။
အခုလည်း သတင်းတစ်ခုဖတ်မိလို့ ပြန်လည် Sharing လုပ်ပေးတာပါ။

ဒီသတင်းကတော့ Gmail ၀န်ဆောင်မှုကို Gmail အသုံးပြုသူများကိုယ်တိုင် ကြေငြာသွားစေသည့် ပုံစံမျိုးပါ။
Google ၏ ကြေငြာထားချက်များအရ Gmail အသုံးပြုသူများမှာ Gmail အသုံးမပြုသူ သူငယ်ချင်း၊ မိတ်ဆွေ
တစ်ယောက်အား email ပေးပို့ပါက ခက်ခဲမှာဖြစ်သည့်အပြင် email invitation များပေးပို့လျှင်လည်း Spam များ
အသွင်သာ ပြောင်းလဲသွားကြမည်ဖြစ်သည်။ အဆိုပါ Gmail မရှိသော သူငယ်ချင်းမိတ်ဆွေများအား Gmail အသုံး
ပြုသွားစေရန် နည်းစနစ်မှန်မှန် အချက်အလက်အပြည့်အစုံဖြင့် ဖိတ်ခေါ်သွားစေနိုင်မည့် ဖိတ်ခေါ်ခြင်းကြော်ငြာ
အား ပြုလုပ်ထားကြောင်း သိရပါတယ်။




အသုံးပြုပုံကတော့ ပထမအဆင့်အနေဖြင့် Learn More ကိုနှိပ်ကာ Start the Interventation ကို မိမိ Gmail လိပ်စာ
နာမည်နှင့်အခြား Free mail သို့မဟုတ် gmail နှင့်မတူသော email service အသုံးပြုနေသူ မိတ်ဆွေသူငယ်ချင်း
တစ်ယောက်၏ နာမည်။ email လိပ်စာတို့ကို ဖြည့်စွက်ရမည်ဖြစ်တယ်

အဆိုပါ ဖိတ်ခေါ်စာအတွက် မိမိကြိုက်နှစ်သက်သော စာကြောင်းများ ကိုရိုက်ထည့်သွားနိုင်သလို ရေးသားထားပြီး
သောစာများကိုလည်းရွေးချယ်နိုင်ပါတယ်။ ထို့အပြင် စာဖြင့်မရှင်းလင်းပါကလည်း မိမိကိုယ်တိုင် Webcam ဖြင့် Video
ရိုက်ကူးကာ ထည့်သွင်းသွားနိုင်မှာဖြစ်ပါတယ်။

၎င်းဝန်ဆောင်မှုကို အသုံးချင်ပြုချင်တယ်ဆိုလျှင် http://www.emailintervention.com/ မှတဆင့် ၀င်ရောက်အသုံးပြုနိုင်ပြီး မိမိတို့ရဲ့ Gmail setting အောက်တွင် Shortcut အဖြစ်ပါဝင်သွားမှာဖြစ်ကြောင်း။။



ခင်မင်စွာဖြင့်


nyaalinkarr

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

မေသိမ့်သိမ့် ကျော် said...

ကျေးဇူးပါ။ ကိုယ်တိုင်က မကြည့်ဖြစ်လိုက်မိဘူး။ သေချာကြည့်လိုက်ပါ့မယ်။

ခင်မင်လေးစားလျက်

Post a Comment