RSS
အမှတ်တရ နေ့
အမှတ်တရ နေ့
အာဒံက ဧ၀ ကို
ပန်းသီးကျွေးတဲ့ နေ့……..
ရိုမီယိုက ဂျူးလီယက် ကို
အာဘွားကြီးကြီးပေးတဲ့ နေ့…..
အချစ်သင်္ကေတ
အကြင်နာအယုအယကို
ထင်ရှားစွာ ပုံဖော်ကြတဲ့နေ့။
ချောကလက်တစ်တောင့်
ပန်းတစ်ပွင့်နဲ့
ဝယ်လို့ရတဲ့ နေ့…
အသည်းနှစ်ခြမ်း ဖြစ်လို့နေလိမ့်မယ်
တစ်ခြမ်းက “Lo”  တစ်ခြမ်းက  “Ve”
“Love” လိုပီ အချစ်
တူညီဝတ်စုံကလေးများ
ကာလာစုံ ရှုပ်ထွေးတဲ့နေ့
February (13) . ကြီးကျယ်ခမ်းနားတဲ့
ဗိုလ်ချုပ်မွေးနေ့ရဲ့ မနက်ဖန်….
ဘာနေ့ဖြစ်မလဲ။
February (14) Happy Valentine’s Day
အဲ့သည့်နေ့လေးကို
ငါလည်း နည်းနည်းပိုင်တယ်
ငါ့ချစ်သူအတွက်
အမှတ်တမဲ့တွေကို
အမှတ်တရ။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
“ ချစ်သူ အတွက် Valentine “
“ ချစ်သူ အတွက် Valentine “
Valentine လို့ ခေါင်းစဉ်တပ်တဲ့နေ့
အနမ်းပွင့်တွေ ပေါတယ်….
နှုတ်ခမ်းနှစ်စုံ တစ်ထပ်တည်းကျတယ်။
ချောကလက် အရသာ
ခါးသက်သက်က ချိုမြိန်လို့…..
ချောကလက်အရောင်နက်ပေမယ့်
စားမိတဲ့ နှလုံးသားတွေ….
 “Feb (14)”  မှာ ဖြူစင်တယ်။
ဒီနေ့ရဲ့ နံနက်ခင်း
ရင်ခုန်သံနဲ့ နှိုးမယ်……..
ချစ်သူနဲ့…. ဆင်တူဝတ်မယ်…..
စိတ်ညစ်စရာတွေကို  ပင်စင်ပေးထားမယ်။
နှင်းဆီပွင့်ရဲ့အဓိပ္ပါယ်ကို
ချစ်သူရင်ခွင်မှာ ကဗျာစပ်ရင်း….
ဒီနေ့ရဲ့ အချိန်တွေကို
ချစ်သူထံသို့ ဆက်သမယ်….။
Valentine နေ့ရဲ့ နေ၀င်ချိန်
အမှတ်တရများစွားနဲ့
နှုတ်ဆက်အနမ်းလေး…
ချစ်သူ နဖူးထက်
အညင်သာဆုံး ဆင်းသက်လိုက်မယ်
Valentine ပါ ချစ်သူ။   
(အလင်္ကာည)
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Applied Grammar for Spoken English
စ
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Learn to Spoken English
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Life's too short
Life's too short to
 live without hope.
 (Jelf Haden)
 အသက်​ရှင်​​နေထိုင်​ဖို့ ဘ၀ဆိုတာ
 သိပ်​ကို တို​တောင်းလွန်းပါတယ်​။
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
မင်းကို ငါ လိုအပ်​တယ်​ ( I need you)
မင်းကို ငါ လိုအပ်​တယ်​ ( I need you) ကဗျာဆရာတစ်​​ယောက်​ဟာ လှပတဲ့ ကဗျာ​တွေကိုဖန်​တီးဖို့ စိတ်​ကူးခံစားချက်​​တွေ လိုအပ်​သလို ငါလည်း မင်းကိုလိုအပ်​တယ်​........ Just as a poet needs inspiration to write a masterpiece, I need you....... ပန်းချီဆရာတစ်​​ယောက်​ဟာ လှပတဲ့ပန်းချီကား​တွေကို ဖန်​တီးဖို့ အ​ကြောင်းအရာ​တွေ လိုအပ်​သလို ငါလည်း မင်းကိုလိုအပ်​တယ်​ Just as an artist needs a subject for his work of art, I need you....... ဆရာတစ်​​ယောက်​ဟာ ကြီးကျယ်​မြင့်​မြတ်​မှုကို ဖန်​တီးလွှမ်းမိုး​ဖော်​​ဆောင်​ဖို့ တပည့်​တစ်​​ယောက်​ လိုအပ်​သလို ငါလည်း မင်းကိုလိုအပ်​တယ်​ ...... Just as a teacher needs a pupil to mold into greatness, I need you....... သီချင်း​ရေးဆရာတစ်​​ယောက်​ဟာ ထာဝရရှင်​သန်​​နေမယ့်​ ​​တေးသွားေ​​​တွကို ဖန်​တီးဖို့ အ​ကြောင်းအရာ​ကောင်း ခံစားချက်​​တွေ လိုအပ်​သလို ငါလည်း မင်းကိုလိုအပ်​တယ်​..... Just as a composer needs a theme to create a timeless melody, I need you..... Translated by Myo Myint Kyaw
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
"လျာရိုးမရှိ ပြောတတ်တယ်"
Words are cheap and deeps are dear ဆိုတဲ့ စကားကိုကြားဖူးတယ်။ အပြောလွယ်သလောက် အလုပ်ခက်တယ် ဆိုတာကို တင်စားပြောဟန်ရှိပါတယ်။ လူတိုင်းလူတိုင်း စကားပြောစရာ ပါးစပ်တစ်ပေါက်စီ ပါလာလေတော့ ကျိုးကြောင်းဆီလျော်တာ မဆီလျော်တာ တကယ်စွမ်းဆောင်နိုင် မစွမ်းဆောင်နိုင်တာ ယုတ္တိရှိတာမရှိတာ အသာထား ပါးစပ်ပါနေတဲ့အတွက် တာဝန်ဝတ္တရားအရပြောနေကြသလို ထင်ရာမြင်ရာကိုပြောထွက်ကြတာကလည်း ဖြစ်မြဲဓမ္မတာတစ်ခုပါ။ အဲ့လိုပြောလိုက်တဲ့စကားရဲ့အတိမ်အနက်က ဘယ်လောက် အထိ သက်ရောက်သွားတယ်ဆိုတာသတိမထားမိဘဲ လွယ်လွယ်ကူကူ ပြောလိုက်ကြတာက များနေတာပဲ။ အဆင်ပြေအောင် ပေါ့ပေါ့လေးပြောပြီး ပြောလိုက်တဲ့စကားရဲ့နောက်မှာ Action Supporting တွေမပါလာတဲ့အခါ အခက်အခဲတွေဖြစ် ပြဿနာတွေတက်လာကြတာပါပဲ။ စီးပွားရေးသမားတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်းစကားပြောရပါတယ်။ ပြောတဲ့အခါ အကျိုးရှိတာရော မရှိတာရော ရောထွေးနေပြန်ရော။ မလုပ်နိုင်တာ မဖြစ်နိုင်တာကိုပြောရဆိုရလွယ်သလောက် အပြောနဲ့အလုပ်တွဲပြီးထွက်လာတာမဟုတ်တော့ အလွယ်တကူပြောတတ်တဲ့သူတွေကို အပြောလွယ်ပြီး အလုပ်ခက်တယ် လို့မြန်မာမှုနယ်ပယ်မှာသုံးကြပါတယ်။ ပါးစပ်ကထွက်လာတဲ့အကျိုးသက်ရောက်မှုဟာ မိမိဘဝအတွက် ကောင်းမွေဆိုးမွေတွေကို ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့မြင်နေရတယ်။ "မိမိနှုတ်ကို စောင့်သူသည် မိမိအသက်ကိုစောင့်၏။" ကျနော်သိတဲ့လုပ်ငန်းရှင်တစ်ယောက်ရှိတယ်။ အတိုဆုံးခြုံပြောရရင် ခန့်အပ်ထားတဲ့မည်သည့်ဝန်ထမ်းတွေကိုမှ လစာကိုလစဉ်ပုံမှန်မပေးဘူး။ နှစ်ကုန်မှအားလုံးတွက်ချက်ပြီး ပေးတယ်။ဒီကြားထဲလိုအပ်ရင်တော့ ကြိုတင်ငွေထုတ်ပေးတယ်။ ဝန်ထမ်းတွေကလည်းရတယ် ပြဿနာမရှိဘူး ငွေစုဆောင်းပြီးသားဖြစ်တယ် နှစ်ကုန်မှယူမယ် ။ နှစ်ဦးသဘောတူကြတော့ အလုပ်ဖြစ်တာပေါ့။ ဟော … နှစ်သာကုန်သွားတယ် လုပ်အားခ အကျေမရှင်းဘူး ။နောက်တစ်နှစ်လည်း အလားတူ ဖြစ်ပြန်တော့ ဝန်ထမ်းတွေမယုံကြတော့ဘူး အဲ့ဒါနဲ့ တရားဥပဒေအတိုင်းအလုပ်သမားတွေတောင်းတော့ ရုံးရောက်ဂါတ်ရောက်ဖြစ်ကုန်တာပေါ့ ………………… ပစ္စည်းတွေပို့ဖို့ သင်္ဘောငှားတယ်။ သင်္ဘောငှားခကို ပစ္စည်း ရောက်ရှိပြီး(1)ပါတ်အတွင်း ပေးမယ်ပေါ့ ။ ဟော ပစ္စည်း လက်ဝယ်ရောက်ပြီး သင်္ဘောပိုင်ရှင် ပိုက်ဆံလာတောင်း တော့ ဟိုအကြောင်းပြ ဒီအကြောင်းပြ။ ဒီသင်္ဘောပိုင်ရှင် တစ်ယောက်တည်းမဟုတ်ဘူး အလားတူသင်္ဘောပိုင်ရှင်တွေ တော်တော်များများခံလိုက်ရတယ်။ နောက်ဆုံး အဲ့ဒီ လုပ်ငန်းရှင်သူဌေးဘာပဲပြောပြောမယုံကြတော့ လုပ်ငန်းမဖြစ်။ လုပ်ငန်းခွင်ဆိုတာကျယ်ပြန့်တယ် နီးစပ်ရာအသိုင်းအဝိုင်းတွေကအစသိကုန်တော့ နာမည်ပျက်လာတာပေါ့ နောက်ဆုံးတော့လည်း ပိုက်ဆံပေးရတာပဲ ပေးနိုင်ရဲ့သားနဲ့မပေးပဲငွေကစားတော့ ကတိမတည်တဲ့သူတစ်ယောက်ဖြစ်သွားတော့ပေါ့ ဒီလိုအပြောနဲ့အလုပ် မညီတဲ့ကိစ္စတွေ ပြောပဲပြောပြီး မလုပ်နိုင်တဲ့ကိစ္စမျိုးတွေဟာ နေရာတိုင်းမှာ တွေ့နေရမှာပါ။ အထူးသဖြင့် ကြုံသလိုပြောပြီး ပြောသလိုမလုပ်နိုင်ပဲ မနိုင်ဝန်ထမ်းတတ်တဲ့လုပ်ငန်းရှင် သူတို့ဟာ အကြောင်းအမျိုးမျိုးကို လက်ညှိုးထိုးကြပေမယ့် ကိုယ်တိုင်နှုတ်စောင့်စည်းမှု အစီအမံညံ့ဖျင်းပါတယ်ဆိုတဲ့ အချက်ကိုတော့ ကွယ်ဝှက်ထားတတ်ကြတယ်။ မြန်မာမှုမှာ "လျာရိုးမရှိ ပြောတတ်တယ်" ဆိုတဲ့ စကားဟာ သိပ်ကို အပြောကောင်းတဲ့ အထက်ပါလူတွေပဲဖြစ်ပါလိမ့်မယ်။ အလင်္ကာည ကိုးကား- Mouth Management (ထက်ကျော်)
  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS