RSS

မှာတမ်း

တနည်းအားဖြင့် သူကျနော့်ကို ပြောခဲ့တဲ့
"မှာတမ်း"
............
  • သတိရတယ် 
သတိရတဲ့ စိတ်ကို ဖြေသိမ့်ဖို့ 
ကြိုးစား အလုပ် လုပ်ဖို့လိုတယ်- မှာတမ်း
  • လျှောက်လည်ချင်တယ်
လျှောက်လည်ချင်တဲ့စိတ်ကို ဖြေသိမ့်ဖို့
လည်ပတ်မယ့်ကုန်ကျစရိတ်ကို ရှေ့ရေးအတွက် စုဖို့ ပြင်ဆင်သင့်တယ်- မှာတမ်း
  • တွေ့ချင်တယ်
တွေ့ချင်တဲ့ စိတ်ကို ဖြေသိမ့်ဖို့ 
အွန်လိုင်းနဲ့ပဲ Face To Face သုံးလို့ရတယ်- မှာတမ်း
  • ဖုန်းဆက်ချင်တယ်
ဖုန်းဆက်ချိန်တိုင်း အလုပ်အချိန် 
မတူတဲ့အတွက် အလုပ်ရှုပ်နေလို့ 
ဖုန်းမကိုင်ဖြစ်တာ-မှာတမ်း

ဒီ "မှာတမ်း"ကို နားလည်မယ်ထင်ပြီး 
ဒီလိုသာဆက်သွားနေမယ်ဆိုရင်
ရေးထားခဲ့တဲ့ ကဗျာစာသားအတိုင်း
"သေချာနေပြီချစ်သူရယ် 
ငါရဲ့ဘက်မှာအဆင်သင့်ပဲ 
နင်သာတွေဝေနေရင် 
အလိုလိုဝေးလိမ့်မယ် ....ဆိုသလိုမျိုး

သေသောသူကြာရင်မေ့
အနေဝေးလို့ ကိုယ်တို့နှစ်ယောက်လည်း
သံသယတွေ ရင်ဝယ်ပိုက်ပြီး
တစ်နေ့ ဒီလိုပဲဝေးကွာသွားတော့မယ်
ဆိုတာ ယုံကြည်နေမိပြီကွယ်
xxxxxxx
အလင်္ကာည

Mar-27-2018

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

စံပယ်ချို said...

ခံစားချက်လေးတွေဖွဲ့စည်းထားတဲ့ကဗျာလေးဖတ်ခဲ့ပါပြီ

Post a Comment