How to be successful in life :13 Tips
ကျနော်တို့ရဲ့
အသက် ဘယ်လောက်ပဲရှိနေပါစေ၊
ဘယ်နေရာမှာ နေထိုင်သည်ပဲဖြစ်စေ၊
ဘဝအတွက် ဘာတွေပဲလုပ်နေပါစေ၊
ကျနော်တို့အားလုံး လိုအပ်တဲ့အောင်မြင်မှု တစ်စုံတစ်ခုကို မျှော်လင့်နေရတာပါပဲ။
အောင်မြင်တဲ့ လူတိုင်းရဲ့ နည်းလမ်းဖွင့်ဆိုချက်တွေက ကွဲပြားခြားနားကြပါတယ်။
အများစုကတော့ အောင်မြင်မှုဆိုတာ
ချမ်းသာကြွယ်ဝမှု
ကျော်ကြားမှု နဲ့
အာဏာ... ဆိုပြီး ဖွင့်ဆိုယူဆကြပါတယ်။
ကျနော်တို့အားလုံး အောင်မြင်မှု ပန်းတိုင်ကို လိုချင်ကြတာပါပဲ
ဒါမှ စိတ်ချမ်းသာစွာနဲ့ နေနိုင်မှာကို.....
ငွေကြေးကိစ္စ အပူအပန်မရှိပဲ ငွေကိုရေလို သုံးချင်တယ်
အကောင်းစား ကားလည်း စီးချင်တယ်
အိမ်လှလှလေးနဲ့ နေထိုင်ဖို့ကိုလည်း စိတ်ကူးပုံဖော်မိကြမှာပါ။
သို့သော်လည်း ဒီလိုနေနိုင်ဖို့ ဒီလိုအောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့တော့ လွယ်လွယ်ကူကူနဲ့တော့
ရလာနိုင်မှာမဟုတ်ဘူးလေ။
ဒီမှာဖော်ပြထားတဲ့ အောင်မြင်နေတဲ့သူတွေရဲ့ အောင်မြင်ရေးနည်းလမ်း(၁၃) အချက်တွေက ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လိုနည်းလမ်း တွေကို ဖော်ဆောင်ပြမလဲဆိုတာ တစ်ချက်ပြီးတစ်ချက် လေ့လာဖတ်ရှုကြည့်ရအောင်ဗျာ
...........
1. ယုံကြည်မှုကို ကြီးကြီး စဉ်းစား စိတ်ကူးပုံဖော်ဖို့ပါ
သင်တို့ ရည်မှန်းထားတဲ့ ကြီးကျယ်တဲ့အရာတွေ ဘယ်တော့မှ လုပ်လို့မရနိုင်ဘူး /ဖြစ်မလာနိုင်ဘူးဆိုတဲ့ စိတ်အတွေးတွေက သင်ကို့ အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ ပိတ်ပင်ထားတဲ့ အကြီးမားဆုံး အန္တရာယ် တစ်ခုပါ။
ဒါတွေကို ပြောင်းလဲပစ်လိုက်ပါ။ သင်စိတ်ကူးပုံဖော်ထားတာတွေကို လုပ်ဆောင်နိုင်တယ်၊ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိတ်ကူးကို အမြဲ ပုံဖော်စဉ်းစားပေးနေဖို့ပါပဲ။
2. မိမိ ဘာကို စိတ်ဝင်စားလဲ အချက်ကိုရှာဖွေပါ၊ ပြီးလျှင် လုပ်ဆောင်ပါ။
သင်တို့ နှစ်သက်တဲ့ အရာတွေကို ရှာဖွေပြီး လုပ်ဆောင်မယ်ဆိုလျှင် သင်တို့ဟာ အောင်မြင်ရေးကိုပန်းတိုင်ကိုသွားနေတဲ့ ပြေးလမ်းပေါ်ကလူတစ်ယောက်ဆိုတာ သင်တို့ သိလာမှာပါ။
ဒီအတွက် သင်လည်း ဘာမှမလုပ်ဆောင်ဘူးဆိုရင်တော့ ဘာတစ်ခုမှ သင့်ဘဝမှာ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
3. ဘဝမှာ ဟန်ချက်ညီနေထိုင်နိုင်အောင် လေ့လာသင်ယူပါ
ရှင်သန်နေထိုင်တဲ့ လူလောကထဲမှာ
အလုပ်အကိုင်နဲ့ စီးပွားရေး
သင့်မြတ်မှုနဲ့ ပရမ်းပတာမသင့်မြတ်မှု ဖြစ်စဉ်တွေကြားမှာ မပြောင်းနိုင်သေးတဲ့ သဘောထားကွဲလွဲမှုတွေရှိနေဦးမှာပါ။ ဒီလိုကွဲပြားမှုဖြစ်စဉ်တွေကြားထဲက လူတိုင်း အာဏာရခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်သလို သြဇာလွှမ်းမိုးတဲ့ လူတစ်ယောက်လည်း ဖြစ်လာနိုင်တာပါပဲ။
သင့် အတွက်လည်း ဒီလိုလူတွေကြားထဲမှာ အောင်မြင်ရေး သော့ချက်ကိုရဖို့ ဘယ်လိုရှေဆက်လျောက်လှမ်းဖို့ကို လေ့လာသင်ယူဖို့ ရမှာပါ။
4. ကျရှုံးမှုကို မကြောက်ပါနဲ့။
ရှုံးနိမ့်မှုဆိုတာ နောက်တစ်ချိန်ပြန်စဖို့ အခွင့်အလမ်းတစ်ခုပါ။ ဒီတစ်ကြိမ်မှာတော့ အမှားအယွင်းမရှိ အောင် လုပ်ဆောင်နိုင်ဖို့ အကင်းပါးရမယ်။
5. အောင်မြင်မှုကိုရဖို့ ဆုံးဖြတ်ချက်တွေ ခိုင်မာရမယ်
တစ်ခါတစ်ခါ ဆုံးချက်တွေနှောင့်နှေးမှုတွေကြောင့် ဘဝမှာကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ လွဲချော်တတ်ကြတယ်။ အောင်မြင်မှုကိုရဖို့အတွက် သင့် ဆုံးဖြတ်ချက်တွေ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်ရှိနေရပါမယ်။
6. အသုံးကြတဲ့ လူတစ်ယောက်ဖြစ်ပါစေ။
သင့်မှာ တစ်ခြားသူတွေလိုမဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ဖို့ အလုပ်ကိုအကောင်းဆုံးလုပ်ပြဖို့ပါ။ အလုပ်ပတ်ဝန်းကျင်လူတွေက သင့်ရဲ့ လုပ်ဆောင်နိုင်ချက်တွေကို လိုချင်အားကျလောက်အောင် ထူးချွန်စွာပြုမူ လုပ်ဆောင်ပြပါ။
သင်က ပုံမှန်သူတွေထက်ပိုတယ်ဆိုရင်တော့ သင် လုပ်နိုင်တာထက် လုပ်ဆောင်ပြနိုင်မှာပါ။
၇)သဘောထားချင်း တိုက်ဆိုင်ပါ
လူတွေကြားမှာ ရှင်သန်လုပ်ကိုင် နေထိုင်နိုင်ဖို့အတွက် အောင်မြင်ရေးလမ်းစတစ်ခုက သဘောထားကွဲလွဲမှု မဖြစ်အောင်လုပ်ဆောင်ဖို့ပါ။ ဒီအတွက် တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲမှုမရှိအောင် ညှိနှိုင်းဖြေရှင်းလုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။
8. စိတ်ကူးအသစ်တွေ ဖော်ဆောင်ပြဖို့ မကြောက်မရွံပါနှင့်။
မိမိတွေးလိုက်တဲ့ စိတ်ကူးအတွေးတွေက တစ်ခြားသူတွေအတွက် မဖြစ်နိုင်လောက်အောင် ကြောင်စီစီနိုင်ပေမယ့် ဖြစ်နိုင်တယ်/အောင်မြင်နိုင်မယ်ဆိုရင် ဒီစိတ်ကူးအတွေးတွေကို လူတွေကိုချပြဖို့ ရှင်းပြဖို့ ပြောပြဖို့ အတွက် မကြောက်ရွံ့ပါနဲ့။
9. အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယုံကြည်မှုရှိပါစေ။
သင့် အိမ်မက်ထဲက လိုချင်တဲ့အရာရှိရင် သင် ဒါကိုရအောင်လုပ်ဆောင်နိုင်တယ်ဆိုလျှင် ရအောင်လုပ်ဆောင်ပြလိုက်ပါ။ ဘာပဲလုပ်လုပ် ငါလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို မွေးယူပါ။
10. ကောင်းတဲ့အတွေးအခေါ် ထားရှိပါ။
အောင်မြင်မှု ပန်းတိုင်ကိုရဖို့ ယုံကြည်ပြီး ပျော်ရွင်နိုင်တာတွေကို စဉ်းစားမလား
ပတ်ဝန်းကျင်က ပြသနာတွေ-စိတ်ဆင်းရဲတာတွေကို စဉ်းစားမလား
ကောင်းတဲ့ မျှော်လင့်ချက်ကိုစဉ်းစားဆုံးဖြတ်နိုင်ရင် ဘဝမှာ ပျော်ရွှင်လာပါလိမ့်မယ်
ကောင်းတဲ့ အတွေးအခေါ်ရှိရင် ကောင်းတဲ့အပြုအမူဖြစ်လာမှာပါ။
11. စိတ်ပျက်အားလျော့မှုကို လက်မြှောက်အရှုံးမပေးပါနဲ့။
မိမိကိုယ်ကို စိတ်ပျက်အားလျော့မှု ခံစားချက်တွေကို မဖြစ်စေပါနဲ့။
သင်သာ ဒီလို စိတ်ပျက်အားလျော့ အရှုံးပေးမှုတွေ ရှိမနေဘူးဆိုရင် အောင်မြင်မှုဆိုတာ သင့်ရဲ့ အနီးဆုံးမှာဆိုတာ ကျိန်းသေပါတယ်။
12. ကြိုးကြိုးစားစားလုပ်ပြပါ။
သင် လုပ်ပြနိုင်တာထက် ပိုလုပ်ဆောင်မပြနိုင်ဘူးဆိုရင် ပိုမြင့်မားတဲ့ ရာထူးနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် အလုပ်ကို စွမ်းစွမ်းတမံ လုပ်ပြရမှာက သင့်ရဲ့တာဝန်ပါ။
13. စိတ်လိုအင်ဆန္ဒကို လုပ်ဆောင်ဖို့ လုံလောက်တဲ့ သတ္တိရှိပါစေ။
တစ်ခါတစ်ခါ စွန့်စားမှုမရှိလို့ သင် လုပ်ချင်တဲ့အရာတွေ ဖြစ်မလာနိုင်တာတွေရှိတယ်။။
သင့် ရဲ့ စိတ်နှလုံးသားထဲက ဒါကိုလုပ်ကိုလုပ်မယ် ရကိုရရမယ်လို့ လုံလောက်တဲ့ သတ္တိအားမွေးမယ်ဆိုရင် သင့် လိုချင်တာတွေအမှန်တကယ်ရလာမှာပါ။
Kara Heissman ရဲ့
How To Be Successful In Life: 13 Tips From The World’s Most Successful People ကို ဆီလျော်အောင် ဘာသာပြန်သည်