RSS

G+ Hangout အကြောင်းတစေ့တစောင်း

G+ Hangout အကြောင်းကိုတော့ Google Plus အသုံးပြုမှသာလျှင် သိရှိနိုင်ပါမည်။
လူတော်တော်များများက Facebook နှင့် Twitter တို့ကိုသာလျှင် အသုံးပြုမှုများကြလေသည်။
Google Plus(G +) ကို ဂျီမေလ်းဝင်ရုံသာဝင်ပြီးအသုံးပြုကြသူနည်းပါးလှပါသည်။ ယခုဆိုလျှင် Google Plus မှ Google Hangout ကို အသုံးပြုခွင့်ပေးထားပြီးဖြစ်ပါသည်။ Google hangout ဆိုသည်မှာ VZO , Skype တို့လို့ Face to Face Chat နိုင်သည့်အပြင် ဖုန်းလည်းပြောဆိုနိုင်ပါသည်။ ဖုန်းခေါ်ဆိုသည့်အခါမှာလည်း နိုင်ငံအသီးသီးသို့ ခေါ်ဆိုခ နှုန်းထားများကိုလည်းဈေးနှုန်းချိုသာစွာ ပြောဆိုနိုင်ကြောင်းကိုလည်း Google Voice in Hangouts : Calling Rates တွင် ဖော်ပြထားပါသည်။ မိမိပြောကြားလိုသည်များကိုလည်း G+ တွင် မိမိနှင့်ဆက်သွယ်ထားသော မိတ်ဆွေသူငယ်ချင်းများထံ တိုက်ရိုက်ပြောကြားနိုင်ပါသည်။ နောက်ထပ် Group Chat ပြောဆိုနိုင်သည့်အပြင် လူ(၉)ဦးထက်မနည်း တစ်ပြိုင်တည်း Face to Face ပြောဆိုနိုင်ပါသေး သည်။ ဒါတွေက Google Plus ၏ Hangout ၏ အသုံးဝင်သော အချက်တစ်ချို့သာဖြစ်ပါသည်။
ပုံမှာပြောထားတဲ့အတိုင်း Gmail က တစ်ခုသက်သက် ၊ G+ (+Alin Kar) က တစ်ဖက် မြင်တွေ့နိုင်ပါတယ်။ Handout ကို အသုံးပြုမယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း Start A Hangout ကိုနှိပ်၍ စတင်လုပ်ဆောင်နိုင်ပါ သည်။

Start A Handout ကို Click နှိပ်ပါက အောက်ဖော်ပြပါပုံပါအတိုင်း ဆက်လက်မြင်တွေ့နိုင်ပါလိမ့်မယ်။
Add Name နေရာတွင် Face to Face ပြောဆိုနိုင်မည့် နာမည်တစ်ခုရိုက်ထည့်ပေးရမည်။
Name the Hangout နေရာတွင် မိမိနှင့် မိတ်ဆွေတို့ပြောဆိုကြမည့် အကြောင်းအရာနာမည် တစ်ခုခု ကြိုက်သာရေးထည့်ပေးရမည်။(ဥပမာ- Say something) ပြီးလျှင် Hangout ကိုနှိပ်၍ စတင်ပြောဆိုနိုင်ပါသည်။

Handout စတင်အသုံးပြုသည်နှင့် ပုံမှာပြထားသည့် အချက်အလက်များလည်း သိရှိထားရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် Google+ အသုံးပြုသူ နည်းပါသည့်အပြင် Hangout အသုံးပြုရာတွင်လည်း Connection နှေးကွေးမှုကြောင့် ပုံရိပ်လှုပ်ရှားမှုလည်း နှေးကွေးလွန်းလှသည့်အပြင် မိမိတစ်ဦးတည်း ပြောဆိုလို့မရသည့် အတွက် မိတ်ဆွေများ Invite လုပ်၍ ခင်မင်ခွင့်ရမှသာလျှင် တွေ့ဆုံပြောဆိုလို့ရပါမည်။ Hand out တွင် မိတ်ဆွေများရှာဖွေလိုပါက #(name) ရိုက်ထည့်ပြီးရှာဖွေနိုင်ပါသည်။ (ဥပမာ- #alinkarrnya )
ဖော်ပြပါအချက်များအတိုင်း G+ handout ကို အွန်လိုင်းမှမိတ်ဆွေသူငယ်ချင်းများအား ဗဟုသုတအနေဖြင် သိရှိနိုင်ရန်သာ အကြမ်းဖျင်း ဖော်ပြရခြင်းပါသည်။ အခါအားလျော်မယ်ဆိုရင်တော့ G+ Hangout မှာတွေ့ဆုံချင်ပါသေးသည်။
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment