RSS

ဟန်းနီးမွန်းခရီး

ဟန်းနီးမွန်းခရီး

Honeymoon ဆိုတာကို မင်္ဂလာဆောင်ပြီးစမှာ ခရီးထွက်ကြတဲ့ ပျားရည်ဆန်းခရီးလို့ သိထားကြပါတယ်။ ဟုတ်တော့လည်း….ဟုတ်ပါတယ်……… ဒါပေမဲ့ ဒီထက်မက ပြည့်စုံတဲ့လေးနက်တဲ့ အဓိပ္ပါယ်တွေရှိနေပါ တယ်……..

စောစောပိုင်းအဓိပ္ပါယ်ဖွင့်ဆိုချက်အရ honeymoon (ဟန်းနီးမွန်း) ဆိုတာ လက်ထပ်ပြိးပြီးချင်း သစ်လွင် လတ်ဆတ်သော ကာလကို ဆိုပြီး၊ ဒီတစ်လတာကာလကို ဆိုတာဖြစ်ပါတယ်. စောဦးပိုင်း အင်္ဂလိပ်ဘာသာ စကားအရ honey moon လို့ဆိုပြိး ၁၅၄၆ ခုနှစ်မှာ အစောဆုံးတွေ့ရပါတယ်။

ဟန်းနီးမွန်းနဲ့ ဆက်နွယ်တဲ့အဆိုတစ်ရပ်ကတော့ ယောကျာ်းတစ်ယောက်သည် လက်ထပ်ပြိးစ ကာလမှ စစ်မှုထမ်းခြင်းပြုရန် မလိုအပ်ဘူး။ ထို့တူစွာ public duty ခေါ် လူထုနှင့် စပ်ဆိုင်သော အလုပ်တွေကိုလည်း မလုပ်ဘဲ နေသင့်လှပါသတဲ့. လက်ထပ်ချိန်မှစလို့ တစ်နှစ်တာကာလကြာ၊ ဇနီးသည်အနားမှာ နေထိုင် သင့်သတဲ့။

အနောက်တိုင်းယဉ်ကျေးမှုအရ လက်ထပ်ပြီးစ ဇနီးမောင်နှံတွေ ခွင့်ယူပြီးခရီးထွက်ကြတာ (၁၉)ရာစုနောက် ပိုင်း၊ဂရိတ်၊ဗြိတိန်မှာ စတင်ခဲ့ပါတယ်။ သို့သော် မူလအော်ရီဂျင်နယ်က အိန္ဒိယလူ့မလိုင်မလွှာက လာတာ ဖြစ်ပါတယ်။ အိန္ဒိယ မှာက အပျော်ချည်းသက်သက်မဟုတ်ပါ…. မင်္ဂလာပွဲကို မတက်ရောက်နိုင်တဲ့ဆွေမျိုး တွေရှိရာ ရပ်ရွာကို သတိုးသမီး ဇနီးအသစ်စက်စက်ကို ခေါ်ငင်ပြသတာဖြစ်ပါတယ်….။ bridal tour လို့ ခေါ်ပြီး မြန်မာမှာက ဆွေပြမျိုးပြ လို့ ဆိုကြပါတယ်…… ဤသို့ဇနီးပြခရီးမှာ သူငယ်ချင်းများနှင့်ဆွေမျိုးများ ကိုပါ ခေါ်ဆောင်တတ်ကြပါတယ်. ။အိန္ဒိယ မှသည် ဥရောပကို ကူးစက်ခြင်းဖြစ်ပါတယ်။ ၁၈၂၀ ခုနှစ်ခန့် တွင် ပြင်သစ်နိုင်ငံမှာ ပြုလုပ်လာကြပါပြီ…….English-style voyage လို့ဆိုပြိး voyage a la focon anglaise လို့ခေါ်ပါတယ်။

ယခုကာလကဲ့သို့လက်ထပ်ပြီးစ ဇနီးခင်ပွန်းအသစ်စက်စက် ပျားရည်ဆမ်းခရိးထွက်ကြတာ Belle Époque (ခေတ်မီသူများ အစုလိုက်ခရီးထွက်တတ်ကြသော ကာလဦးပိုင်း) ကာလမှာ ပျံ့နှံ့သွားတယ်.။ ပျံ့နှံ့စမှာ ဇနီးအသစ်စက်စက်ရဲ့ ကိုယ်စိတ်သက်သောင့်သက်သာဖြစ်မှုကို ငဲ့ကွက်စရာမလိုသယောင်ဖြစ်ခဲ့တယ်……

အဆိုပါ စဦးပိုင်းကာလတွေမှာ ဟန်းနီးမွန်းခရီးသွားကြတဲ့နေရာတွေကတော့ အီတလီရှိ French Riviera, Rome ၊ Verona နှင့် Venice တို့ဖြစ်ကြပါတယ်။

တကယ်တော့ ဟန်းနီးမွန်းဆိုတာ ပထမည( မင်္ဂလာဦးည) ကတည်းက စပါတယ်.။ ဘယ်လိုစလဲဆိုရင် မင်္ဂလာပွဲမှသည် ခရီးထွက်မယ့်သင်္ဘော (သို့)ရထား (သို့) လေယာဉ်ဆီကို သွားကြကတည်းက ဟန်းနီးမွန်းခရီးအစပါ…..

၂၁ ရာစုမှာတော့ စုံတွဲအများအပြားသည် (၁)ရက်မှ (၃)ရက်ကြာပြီးမှသာ ခရီးစလေ့ရှိကြပါတယ်။ အကြောင်းအရင်းကတော့ မင်္ဂလာပွဲများမှာ ပင်ပန်းထားသမျှ (၁)ရက်၊(၂)ရက်၊(၃)ရက်ကြာ ခ၀ါချပြိးမှ ဟန်းနီးမွန်းစတင်တဲ့သဘောပါ……….။

Honeymoon စကားလုံးအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကလည်း အများအပြားရှိပါတယ်။

“လက်ထပ်ပြီးစ (၁)လတာ ကာလသည် အချိန်မြိန်ဆုံးဖြစ်တယ်”

(The Merriam-Webster dictionary) (1546)ခုနှစ်………………..။

ဟန်းနီးမွန်းခရိးသည် အသစ်စက်စက် ဇနီးမောင်နှံအတွက် အတူကုန်ဆုံးတဲ့ ပထမဦးဆုံးကာလလည်း ဖြစ်ပါတယ်။

Samuel Johnson ဆိုသူရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကတော့……….. “လက်ထပ်ပြိးစ (၁)လတာ ကာလ ဆိုတာ ဘာမှမလိုသည့်ကာလဖြစ်ရာ၊ (၁)လတာဟူသော အချိန်ကန့်သတ်ချက်နှင့် မသက်ဆိုင်၊ သို့သော်…… လမင်းကြီးက ဆန်းသည်ဖြစ်စေ၊ ဆုတ်သည်ဖြစ်စေ၊ လပြည့်သည့်ဖြစ်စေ၊ မပြည့်သည် ဖြစ်စေ၊ လက်ထပ်ပြီးစ အားလပ်ရက်တွေကို အိမ်ပြန်ချိန်မရောက်မချင်း ကုန်ဆုံးပစ်လိုက်တာကို” ခေါ်တယ် ………. လို့ဆိုထားပါတယ်………………

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

Anonymous said...

အားပေးပါတယ်ရှင်........
အရင်တုန်းက ဒီလောက်အသေးစိတ်မသိခဲ့ရဘူး
ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

ချိုဇင်

မဒမ်ကိုး said...

မျက်စိလည်လမ်းမှားရင်းက သိလိုက်ရတဲ့ ဗဟုသုတလေးအတွက် ကျေးဇူးတင်ပါတယ်း)

အင်း နောက်တစ်ခေါက်ပြန်သွားရမလားလို့း)

Post a Comment