RSS

လောကသဘာဝက မပေးဘဲရမလား????

                     လောကသဘာဝက မပေးဘဲရမလား????
မပေးဘဲရသလား???
ရပါသည်-တစ်ကြိမ်တော့ရနိုင်သည်။ သို့ သော် အကြိမ်ကြိမ်ယူချင်၍ မရနိုင်ပါ။
မစိုက်ဘဲစားရသလား???
ရသည်-တစ်နပ်တော့ စားရနိုင်သည်။ သို့ သော် ထာဝရမရနိုင်ပါ။
တစ်ရာသီစားဖို့ /တစ်သက်တာစားဖို့ သားစဉ်မြေးဆက် စားဖို့ အတွက်တော့ စိုက်ပျိုးရလိမ့် မည်။
ကောက်နှံတွေ ဝေနေသည့်  စပါးခင်းကြီးတစ်ခင်းရလိုချင်လျှင်  မျိုးစိတ်အနည်းအကျဉ်းတော့ သုံးစွဲရလိမ့်မည်။
မပေးဘဲ ယူလျှင်၊မစိုက်ဘဲစားချင်လျှင် အဲ့ဒီ လူတစ်နေ့ ဒုက္ခရောက်တတ်ပါသည်။
သူနှင့်ဆက်စပ်လုပ်ကိုင်နေသောပတ်ဝန်းကျင်လည်း ၎င်းကြောင့်အနှောက်အယှက်တွေ များရလိမ့်မည်။
သူရောကိုယ်ပါ သာယာဖို့ အတွက်  ပေးသင့်ပေးထိုက်တာကို ပေးတတ်သော အလေ့အကျင့်မွေးမြူဖို့  လိုပါ လိမ့်မည်။  
ဒါကို စွန့်လွှတ်အနစ်နာခံရခြင်းလို့ မထင်ပါနှင့် မျှမျှတတဆောင်ရွက်သော သဘော၊ မိမိက သူတစ်ပါးကို မတရားမလုပ်သော သဘောသာဖြစ်ပါတယ်။
သို့သော် အဲ့ဒီလောက်ကိုပင် ကျွန်တော်တို့ အခါခပ်သိမ်းကျင့်ကြံနိုင်ပါ့မလား????

"ဆရာဖေမြင့်၏ စာဖတ်သမားမှတ်စုများ စာအုပ်"မှ ကောက်နှုတ်ဖော်ပြပါသည်။
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

စံပယ်ချို said...

မှတ်သားစရာတွေရလိုက်ပါတယ်

La said...

ဟုတ်တာပေါ့ မောင်လေးရာ နှစ်ဦးနှစ်ဖက်သာယာဖို့ဆိုတာ အပေးအယူမျှတစွာနဲ့နေသွားနိုင်ကြရင် ကောင်းပါတယ် အားလုံးကိုမေတ္တာတရားတွေပေးဆပ်ပီးနေသွားချင်ပါတယ်

Post a Comment