RSS

* * * * ဘ၀မှာ * * * *

အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိတယ်။
အဲဒါ မိဘ နဲ့ အချိန် ပဲ။
လူတစ်ယောက်၏ တန်ဖိုး ဆိုတာ
အလုပ်လုပ်ခြင်းပဲ။
ဆင်ခြေပေးတဲ့ ပါးစပ်
ထမင်းငတ်တတ်တယ်။
မေ့တယ်ဆိုတာ မလေးစားလို့
ကြောက်တယ်ဆိုတာ မခိုင်လုံလို့
နှေးတာ အရေးမကြီးဘူး။
ရပ်မနေဖို့ဘဲ အရေးကြီးတယ်။
မနာလိုမဖြစ်ပါနဲ့
လုပ်တဲ့သူက နေရာရမှာပဲ။
စာရိတ္တကောင်းရင်
နောက်ကြောင်းရှင်းတယ်။
မလုပ်တတ်ကြောင်း များများပြောလေ
မလုပ်တတ်လေ။
လိုသလောက်မရနိုင်ပေမယ့်
လုပ်သလောက်တော့
ရနိုင်ပါတယ်။
အကျင့်စာရိတ္တသည်
ထိုသူ၏ ကံကြမ္မာပင်ဖြစ်သည်။ ။


အကို ညလင်္ကာ မအားလပ်တဲ့ အချိန် အင်တာနက် မသုံးဖြစ်တဲ့ အချိန်မှာ အကို့ ကိုယ်စား ဒီ Post လေးကို တင်ပေးခြင်း ဖြစ်ပါသည် ။ အကိုက ကိုယ်စားတောင်ပန်ပေးထားဖို့ ပြောထားသည်မှာ ကြာပါပြီ။ အားလုံးကို ခင်မင်လေးစားစွာဖြင့် . . .

တာရာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 comments:

အဖြူရောင်နတ်သမီး said...

ဖတ်သွားပါသည်..။
ခရီးသွားနေတယ်လို့ ကြားလို့..။
၂လလောက်ကြာမယ်ဆိုလား..။
သတိရလျှက်..

Naung Taw Lay said...

ပျော်ရွှင်ပါစေ အကိုရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

အားတဲ့အချိန် စာပြန်ရေးပေါ့..
အားပေးနေပါတယ်...
အဆင်ပြေပျော်ရွှင်ပါစေ..

အင်္ဂါဟူး said...

မှတ်သားစရာပဲ ကိုတာရာရေ

ငြိမ်းချမ်းပါစေ

blackroze said...

အားတဲ့အချိန်စာတွေေ၇းပါဦးလို့

Post a Comment