HR diploma ရှိထားပြီဆိုရင်တောင်
အလုပ်ကမရနိုင်သေးပါဘူးဆိုတဲ့အပေါ်
*******
အလုပ်ရဖို့ဘာတွေလိုအပ်မလဲ
၁) လိုအပ်တဲ့ကွန်ပျုတာပိုင်းကျွမ်းကျင်မှုရှိလား???
ကွန်ပျူတာသင်တန်းတက်ပြီးCertificate ရတာနဲ့လုပ်ငန်းခွင်ထဲဝင်ဖို့ကျွမ်းကျင်မှုရှိသူနည်းပါးပါတယ်ဒါကြောင့်ကွန်ပျူတာကျွမ်းကျင်ပိုင်နိုင်ဖို့လိုပါတယ်
Excel - ပထမ
Word - ဒုတိယ
Powerpoint - တတိယ
Pagemaker - စတုတ္တ
HR assistant ကနေManager level ပဲဖြစ်ဖြစ်လုပ်ပြီဆ်ုတာနဲ့HR လုပ်ငန်းစဉ်တော်တော်များများက
Excel နဲ့ပတ်သတ်မှုရှိတာများပါတယ်Formula တွေကိုယ်တိုင်အသုံးပြုနိုင်အောင်လေ့လာသင်ယူပြီးကျွမ်းကျင်ထားဖို့လိုပါတယ်. ဥပမာရုံးတက်ရုံးဆင်းကိစ္စတွေ... အချိန်ပိုတွေ... လစာတွက်ချက်တာတွေကအစexcel ကနေအသုံးပြုတာများပါတယ်
Word - အများစုကတော့ရုံးစာတွေကိုWord နဲ့ရိုက်တာများပါတယ် Pagemaker ကအသုံးနည်းပါတယ် မိမိကျွမ်းကျင်တဲ့app ကိုအသုံးပြုနိုင်ပါတယ်
စာရိုက်ရာတွင်လည်းZawgyi Font ကိုအသုံးပြုရုံနဲ့မရသေးပါဘူးMyanmar 3 နဲ့Win font တွေလည်းကျွမ်းကျင်စွာစာရိုက်တတ်ဖို့လိုပါတယ်
Powerpoint - Presentation တင်ပြဖို့ဖြစ်ဖြစ် Monthly , Annual Report ,စသဖြင့်လုပ်ဆောင်ရသည်အခါPpt ကိုကောင်းစွာအသုံးပြုတတ်အောင်နားလည်ထားဖို့လိုပါတယ်
၂) ရုံးစာရေးနည်း
ရုံးစာအရေးအသားနှင့်ပတ်သတ်၍ရေးနည်းပုံစံတွေလေ့လာထားရပါမယ်စကားလုံးပြေပြစ်ယဉ်ကျေးအောင်ရေးနိုင်ဖို့စာများများဖတ်ထားဖို့လိုပါတယ် ဒါမှသာဝန်ထမ်းရေးရာနှင့်ပတ်သတ်၍စာထုတ်ပြန်ဖို့လိုသည့်အခါအထက်လူကြီးကဒါဆိုတာနှင့်ပြင်ဆင်ဖို့အဆင်သင့်ပေါ့
၃) အလုပ်သမားဥပဒေတွေကောနားလည်ပြီလား?
HR diploma တွေကနိုင်ငံခြားကရယူတာပါအဲ့ဒီမှာမြန်မာအလုပ်သမားဥပဒေတွေထည့်မသင်ပါဘူး
မိမိဘာသာလေ့လာတာပဲဖြစ်ဖြစ်၊မြန်မာအလုပ်သမားဥပဒေအကြောင်းသင်ပေးတဲ့သင်တန်းမှာဖြစ်ဖြစ်တက်ရောက်လေ့လာထားသင့်ပါတယ်... အကြမ်ဖျင်းသိထားရုံနဲ့မလုံလောက်ပါဘူး(Diploma လက်မှတ်ကိုင်ထားရင်ပိုမိုပြည့်စုံသင့်ပါတယ်.)
၎) SSB လူမှုဖူလုံရေးအကြောင်းတွေကောသိထားပြီလား?
အလုပ်သမားတွေရဲ့ကျန်းမာရေးအာမခံအတွက်လူမှုဖူလုံရေးနည်းဥပဒေသတ်မှတ်ချက်တွေကိုလည်းလေ့လာထားသင့်ပါတယ်.. ဒါတွေကလုပ်ငန်းခွင်မှာမဖြစ်မနေတွေ့ကြုံရမယ်လုပ်ငန်းစဉ်တစ်ခုဖြစ်နေလို့ပါ
၅) အလုပ်ရှင်နှင့်အလုပ်သမားသဘောတူစာချုပ်( Employee Contract)
လုပ်ငန်းခွင်ဝင်ရောက်မယ်ဆိုရင်အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ကမဖြစ်မနေချုပ်ဆိုရပါမယ်-
ဒါကြောင့်ဒီအကြောင်းအရာကိုကောလေ့လာထားပြီးပြီလား...
EC - ထဲမှာအချက်အလက်ပြည့်စုံနေဖို့အပြင်နောက်ဆက်တွဲ(က) (ခ) အတွက်ထည့်သွင်းချုပ်ဆိုမည့်အချက်အလက်တွေကိုလည်းHR သမားတိုင်းသိထားသင့်ဖို့လိုပါတယ်...
တစ်ချိန်ကျရင်HR သမားတွေတစ်ချိန်ကျရင်ရုံးတွေမှာဖြေရှင်းရမယ့်အကြောင်းအရာတွေပေါလာတတ်ပါမယ်
၆) ဝင်ငွေခွန်( Personal Income Tax -PIT)
အခုနောက်ပိုင်းကုမ္ပဏီတော်တော်များများမှာဝင်ငွေခွန်ဆောင်လာကြပါပြီဒီအတွက်ကြောင့်လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ဝင်ငွေပေါ်မူတည်ပြီးတွက်ချက်ရတာဖြစ်တဲ့အတွက်ဝင်ငွေခွန်ဘယ်လိုဆောင်ပြီးဘယ်လိုတွက်ချက်ရမယ်ဆိုတာကိုလည်းလေ့လာထားသင့်ပါတယ်....
၇) Information Technology သတင်းအချက်အလက်နည်းပညာနဲ့ပတ်သတ်ပြီးအင်တာနက်ကိုကောင်းကောင်းအသုံပြုနိုင်ပြီလား?
HR သမာတစ်ယောက်ဖြစ်လာပြီဆိုရင်ဝန်ထမ်းရှာဖွေရေးတွေဆောင်ရွက်ရပါတော့မယ်ကုမ္ပဏီအတွက်. ဝန်ထမ်းကောင်းတွေရှာဖွေဖို့အတွက်Email နှင့်ပတ်သတ်၍အသုံးပြုတတ်ရမည့်အပြင်Social media တွေ၊တစ်ခြားRecruitment method တွေကိုလည်း, အသုံးချတတ်အောင်ကျွမ်းကျင်နားလည်ထားရပါမယ်..
၈) office Document ရုံးပိုင်းဆိုင်ရာစာဝင်စာထွက်နှင့်ရုံးဖိုင်တွေနှင့်ပတ်သတ်၍ကောစီမံနားလည်လေ့လာထားပြီးပြီလား??
အင်တာဗျုးနှင့်ပတ်သတ်သောဖိုင်တွဲ
ရုံးတွင်းဝင်စာ/ထွက်စာ
ရုံးပြင်ပဝင်စာ/ ထွက်စာ
ကိုယ်ရေးအချက်အလက်ဖိုင်တွဲ
စသဖြင့် HR လုပ်ငန်းစဉ်နှင့်ပတ်သတ်သောရုံးလုပ်ငန်းစဉ်များကိုလည်းလေ့လာပြီးနားလည်တတ်ကျွမ်းထားဖို့လိုပါတယ်။
၉) Employee Hanbook အကြောင်းလေ့လာထားပြီးပြီလား?
လုပ်ငန်းခွင်အတွင်းလိုက်နာရမည့်ဆောင်ရန်ရှောင်ရန်အချက်အလက်တွေအပြင်အလုပ်ရှင်ဘက်ကအလုသမားတွေအတွက်စည်းကမ်းသတ်မှတ်ချက်တွေရပိုင်ခွင့်တွေအလုပ်ရှင်သဘောတရားတွေစသဖြင့်ပါဝင်ပြင်ဆင်နိုင်ဖို့အတွက်Employee Handbookပြင်ဆင်ရေးဆွဲတတ်ဖို့လိုပါတယ်။
၁၀) KPI (Key Performance Indicator) အကြောင်းလေ့လာထားပြီးပြီလား?
လုပ်ငန်းခွင်အတွင်းအလုပ်သမားတစ်ဦးချင်းစီရဲ့အဓိကကျတဲ့အရေးကြီးလုပ်ငန်းတာဝန်တွေကိုကာလအပိုင်းအခြားလိုက်မှတ်တမ်းတင်ပြီးတိကျတဲ့KPI တွေသတ်မှတ်တွက်ချက်ပေးရတာကိုလည်းလေ့လာသင်ယူထားဖို့လိုပါမယ်
အချုပ်ပြောရရင်
ဒါတွေအပြင်HR သမားတွေလုပ်ရမည့်အပိုင်းတွေအများကြီးရှိပါသေးတယ်..
ဒီအတွက်ကြောင့်HR diploma ရရှိပြီးပြီဆိုရင်
မိမိဘယ်ရာထူးကိုလျောက်မှာလဲ
အခြေခံကစမှာလား
Level တစ်ခုခုကနေဝင်မှာလား
ပြီးတော့....
> ရေးထားတဲ့အချက်အလက်တွေကိုပိုင်နိုင်ကျွမ်းကျင်ပြီလား??
> နားလည်ရုံပဲလား
စာရေးသူအမြင်ကတော့
Diploma လက်မှတ်ရရှိထားပြီးသော်လည်း
အခြေခံကနေစပါ
လုပ်ငန်းအတွေ့အကြုံယူပါ
လုပ်ငန်းခွင်မဝင်ခင်လည်းအထက်ဖော်ပြပါအချက်အလက်တွေလည်းလေ့လာထားပါ
လုပ်ငန်းခွင်ရောက်ပြီဆိုတာနဲ့မိမိလေ့လာထားတဲ့အကြောင်းအရာတွေနဲ့အထက်လူကြီးရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာသင်ယူပါ
သင်ယူလိုစိတ်ရှိရပါမယ်
ဒါဆိုရင်နေရာကောင်းတစ်ခုကိုမြန်မြန်လျောက်လှမ်းနိုင်မှာပါဆုတောင်းရင်း...
အလင်္ကာည
5062019