“ထိုင်ခုံ”
" ကျွန်မတို့ ပာာ ထိုင်ခုံအတွက် ကြိုးစားကြမှာလား ဘယ်နေရာသွားသွား ထိုင်ခုံအဆင်သင့် ရှိနေတဲ့ သူမျိုးဖြစ်အောင်ကြိုးစားကြမှာလား လူငယ်တွေ သိဖို့လိုပါတယ်။"
......................................
.................................................................
ခုခေတ် လူငယ်တွေက သင်တန်းတွေသိန်းချီသန်းချီပေးပြီးတက်ထားပေမဲ့ လုပ်ငန်းခွင် စစဝင် တဲ့အချိန်မှာ အောက်ခြေကနေစရမယ်ဆိုတာသူတို့မသိကြဘူး။
“ကျွန်တော်က Marketing ကဗျာ သူတို့ Admin က မပြီးတာတွေလာကူခိုင်းနေတယ်”
“ကျွန်မက Customer Care က မသိရင် သူ့ Secretary လိုပဲ လူကိုတစ်မျိုးပြီးတစ်မျိုးခိုင်းနေတယ်။”
အစရှိသဖြင့်ဆိုတာမျိုးတွေ ခုခေတ် လုပ်ငန်းခွင်ထဲစဝင်နေတဲ့လူငယ်တွေ ငြီးတွားနေတာကြားနေရလို့ပါ။
မဆိုင်တာတွေလုပ်နေတယ်လို့ တွေးနေမယ့်အစား အတွေ့အကြုံသစ်ရတယ်လို့ သဘောထားကြည့် ပါလား။ ကိုယ်ကိုယ်တိုင်လဲလူငယ်မို့ ညည်းဖူးတဲ့အထဲမှာပါတယ်လေ။
အလုပ်ငန်းခွင်ထဲမှာက ကုမ္ပဏီကြီးရင် ကြီးသလို ငယ်ရင် ငယ်သလို အလုပ်လုပ်ရတဲ့ Procedure တွေကမတူပါဘူး။ တစ်ချို့ ကုမ္ပဏီတွေက ကုမ္ပဏီကြီးတွေဆိုတော့ ကိုယ့် Department နဲ့ ကိုယ် အလုပ်သီးသီးသန့်သန့် လုပ်ရတယ်။ တစ်ချို့ ကြတော့ မိသားစု ကုမ္ပဏီမျိုးဆိုတော့ ဘာညာသာရကာ ခွဲခြားမနေနိုင်ဘူး… လုပ်နိုင်တာရှိရင် ခိုင်းမှာပဲ။ ကိုယ်ကလက်အောက်ငယ် ဝန်ထမ်းဆို တာ ခိုင်းရင် ဘာမဆိုလုပ်ရမှာပဲလေ။ ကိုယ်ပာာ ခုမှ လုပ်ငန်းခွင်ထဲစဝင်လာတဲ့ သူဆိုတာမေ့မထားဖို့လိုတယ်။ကိုယ့်ကိုယ်ကို ဘာဆိုတာတောင် သတ်မှတ်လို့မရပါဘူး။ တစ်ချို့လူငယ် တွေက သည်းခံနိုင်တယ်။ တစ်ချို့လူငယ်တွေကြ တော့ မဆိုင်တာတွေ လုပ်နေရတယ်ဆိုပြီး ပြန်ပြောလို့ကလဲမရ ဒေါသတွေထွက်ပြီး အဆင် မပြေဖြစ်ရော။ အထက်လူကြီးတွေက သေးသေးမွှားမွားသူတို့ကိုယ်တိုင်မလုပ်ဘူး လူကို စက်ရုပ် များ မှတ်နေလား ၊ ဆယ့်နှစ်မျိုးဂျင်းသုပ် လုပ်နေရတယ် ဆိုပြီး မခံနိုင်ဖြစ် နေတတ်တာ ။တကယ်တော့ ကိုယ် ပာာဘာကောင်မှမဖြစ်သေးခင် သည်းခံပြီးလုပ်ရမှာပဲ။ အလွန်အကျွံဖြစ်လာရင် တော့ တစ်မျိုးပေါ့။ ချက်ချင်းလက်ငင်း ရော့အင့် မန်နေဂျာ၊ ထွေဂျာ အဲလိုမျိုး ရာထူးတွေကို ကုမ္ပဏီတွေ ပုံအပ်မပေးကြပါဘူး။ လုပ်ရည်ကိုင်ရည်ကြည့်ပြီးမှ ထိုက်တန်တဲ့ ခုံနေရာကို ထိုးပေးကြတာပါ။ မိမိရဲ့ ကျွမ်းကျင်မှု Skill က ဘယ်ဘက်အားသာလဲ။ ဘယ်လမ်းကြောင်းနဲ့ အသက်မွေးကြောင်းပြုမှာလဲ ။ (ဥပမာ - Admin, HR, Account, Engineer, Sale and Marketing, Interpreter, Teacher အစရှိသဖြင့်ပေါ့) အကောင်းဆုံးနည်းကတော့ အလုပ်လုပ်ရင်းနဲ့ သက်ဆိုင်ရာနယ်ပယ် အလိုက် သင်တန်းတက်ပါ။ လုပ်သက်လည်းရ ပညာလည်းရပေါ့ သင်တန်းပြီးတော့ မိမိရဲ့အသုံးချနိုင်မှုပေါ် မူတည်ပြီး ရာထူးတိုးတောင်းသင့်ပါတယ်။ Theory တွေသင်ပြီး Practical တွေလုပ်မှ အဆင်ပြေမှာပါ။ Theory တွေဆို ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ။ မိမိရဲ့ ကျွမ်းကျင်မှု Skill Brand ကို မိမိကိုယ်တိုင် အောင်မြင်အောင် ထိုးဖောက်မှသာအဆင်ပြေပါမယ်. ဘယ်သူမှ လာပြီးလုပ်ပေးမယ့်သူမရှိပါဘူး…..
အဲဒီလိုမဟုတ်ပဲ ပုံမှန် မနက်ရုံးတက်/ရုံးဆင်း လုပ်ပြီး ဘာမှထူးခြားမလာ၊ ပြီးတော့ ပာိုမှာလုပ်လဲအဆင်မပြေ ဒီမှာလုပ်လဲအဆင်မပြေ၊ ဒီတော့ အလုပ်ခဏခဏထွက်နေတာမျိုးက ကိုယ်ကအဆင်မပြေလို့လား ကုမ္ပဏီက မပာုတ်လို့လား။ ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် အလုပ်ခဏလေးလုပ်ပြီးပြောင်းပြောင်းနေတဲ့သူမျိုးဆို သိပ်ပြီး သဘောကျ လေ့မရှိပါဘူး။
အစ်မတစ်ယောက်ကပြောဖူးတယ်..အလုပ်ထွက်တော့မယ် ဒီထက်သာတဲ့နေရာမျိုးသွားတော့ မယ်လို့ဆိုရင်..မိမိ ဒီအလုပ်မှာ ဘာတွေကောင်းကောင်း လုပ်ခဲ့တယ်ဆိုတာပြဖို့လိုတယ်တဲ့။ အလုပ်ထွက်ပြီဆိုတာနဲ့ အလုပ်ထွက်စာတင်၊ ပြီးတော့ မိမိ လုပ်ခဲ့တဲ့ အလုပ်နဲ့ပါတ်သတ်ပြီး ကုမ္ပဏီက အထက်လူကြီးရဲ့ ထောက်ခံချက် တောင်းခံယူသင့်ပါတယ်။ (တစ်ချိှု့ရှိသေးတယ် အလုပ်ထွက်တာနဲ့ စာတွေဘာတွေမတင်ပဲ ရုံးမလာတော့ဘူး၊) အဲ့ဒီလိုမျိုးဆို မကောင်းဘူးလို့မြင်ပါတယ်။
အနည်းဆုံး ကိုယ်ဘယ်နေရာမှာ ပိုကျွမ်းကျင်တယ်ဆိုတာလေး ပေါ့။ လုပ်ငန်းခြင်း မတူတောင်မှ zero ကနေစရတဲ့နေရာမျိုးမှာ မခိုင်းဘူးတဲ့။ဒါကစဉ်းစားစရာပဲလေ တစ်ခါတစ်လေ ငါကဘယ်ဌာန ဘယ်ရာထူး ဘယ်နေရာ မှာဘာတွေလုပ်နေရတယ်ဆိုတာမျိုးတွေ မာန်တက်နေတတ်တယ်။ အဲဒီတော့ မဆိုင်တာတွေ လုပ်စရာမလိုဘူး လို့အတွန့်တက် ချင်ကြတယ်ပေါ့လေ။ ကိုယ်အလုပ်လုပ်မိတဲ့ ကုမ္ပဏီကို ပြန်ကြည့်သင့်တယ် ..ကုမ္ပဏီကြီးကြီး ဆိုဝန်ထမ်း များများခန့်မယ်တာဝန်တွေခွဲထားပြီးသားဖြစ်တဲ့အတွက် ထိုက်သင့်တဲ့တာဝန်ကိုယ်ကျေရမယ် ကိုယ့်တာဝန်ကိုယ်မကျေရင် လုပ်ငန်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သွားမယ်။ ဒါမျိုးရှိပြီးသား။ တစ်ချို့မိသားစုကုမ္ပဏီကျတော့ တကယ်မိသားစုအလုပ်လိုပဲ အစုံသုပ်လုပ်ရတာမျိုးပေါ့ ပြီးတော့ ပာိုလိုလိုဒီလိုလို လုပ်ရတာများတယ်..ဒီလိုနေရာမျိုးမှာတော့လစာ များများမပေးနိုင်ဘူး ဒါမဲ့ ယူတတ်ရင်တော့ပညာများကြီးရမယ်။ ကိုယ့်လက်ကိုယ့်ခြေများမယ် မှားမယ်..ဆူခံရမယ်…ပြောခံရမယ်…ဒါမဲ့ နောက်တစ်ခါမမှားတော့ဘူး ။ စိတ်မပျက်ဖို့လိုတယ်။ဘယ်နေရာမှာပဲလုပ်ရလုပ်ရ လုပ်နိုင်တဲ့အချိန်မှာ လုပ်နိုင်သမျှလုပ်ပေး လုပ်ပြဖို့လိုတယ်။အလုပ်လုပ်တယ်..လစာယူတယ်..ပေးလို့လုပ်တယ် လုပ်လို့ပေးတယ်။ဆိုတဲ့ပုံစံမျိုးနဲ့အလုပ်မလုပ်ခိုင်းစေချင်ဘူး။အလုပ်လုပ်တဲ့အချိန် တစ်ခုခုကိုမျှော်လင့်ပြီး (ဥပမာ ငါ့ကိုရာထူးများတိုးပေးမလား၊လခများတိုးပေးမလားဆိုပြီး)လုပ်တာမျိုးမလုပ်ပဲ စေတနာနဲ့ လုပ်ပေးလိုက်တာမျိုးပဲဖြစ်ခိုင်းစေချင်တယ်။လူတွေသတိမထားမိတာ သက်ရောက်မှုတိုင်းတန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာပဲ..တိုက်ရိုက်မပာုတ်တောင်သွယ်ဝိုက်ပြီးတော့ပေါ့လေ။ကိုယ့်အထက်လူကြီးတိုင်းက ကိုယ့်ထက်နှာတစ်ဖျားသာနေလို့ ဒီနေ့ ဒီလိုအချိန် ဒီလိုနေရာမှာရှိနေတာပဲ၊ ကိုယ်အလုပ်လုပ်တယ်မလုပ်ဘူး ဆိုတာသူတို့သိနေပါတယ်။ သူတို့ကိုယ်တိုင်ပါးစပ်ထုတ်ဖော်ပြောပြတာမျိုးမရှိပေမဲ့ သူတို့ record ထဲမှာရှိပြီးသား။အဲဒါကြောင့် ကိုယ့်ကိုအကူညီတောင်းလာရင် ကိုယ်ကလဲလုပ်ပေးနိုင်တာမျိုးဆို မငြင်းပဲနဲ့လုပ်ခိုင်းစေချင်တယ်။ဒါပာာ အခွင့်အရေးကောင်းတစ်ခုလဲဖြစ်ကောင်းဖြစ်လာနိုင်တယ်လေ။အခွင့်အရေးဆိုတာ နှစ်ခါမလာသလို မယူလိုက်မိလို့ နောင်တရတဲ့အခါ နှစ်ဆ ခံစားရပါတယ်။
ထိုင်ခုံကို မက်ပြီးလုပ်နေမဲ့အစား…အလုပ်ကိုပဲ ကြိုးကြိုးစားစားလုပ်ပြီး လုပ်ငန်းခွင်မှာ ကိုယ်ပာာ ဘယ်သူ့ ကို မဆို ကူညီဖို့အသင့်ဖြစ်နေတဲ့ အလုပ်ပျော်တဲ့သူမျိုးပဲ ဖြစ်ခိုင်းစေချင်ပါတယ်။ အဲဒါကြောင့်လူငယ် တွေကိုယ့် အလုပ်ကိုချစ်ခိုင်းစေချင်ပါတယ်။ ဆိုလိုတာက ကုမ္ပဏီက အထက်လူကြီးတွေကိုကပ်ဖားဖို့မပာုတ်ပါဘူး ကိုယ့်အလုပ်ကို ရိုရိုသေသေချစ်ချစ်ခင်ခင်ကြိုးကြိုးစားစားလုပ်ရင် ဘယ်နေရာပဲသွားသွား ထိုင်ခုံကမရှားပါဘူး။
ကဲ ကျွန်မတို့ ပာာ ထိုင်ခုံအတွက် ကြိုးစားကြမှာလား ဘယ်နေရာသွားသွား ထိုင်ခုံအဆင်သင့် ရှိနေတဲ့ သူမျိုးဖြစ်အောင်ကြိုးစားကြမှာလား လူငယ်တွေ သိဖို့လိုပါတယ်။
(ခွန်းဆက်ချို)