RSS

( Travel, Trip, Voyage or Journey, Look and Watch)

( Travel, Trip, Voyage or Journey, Look and Watch)

Travel, Trip, Voyage or Journey

Travel (v) ကို (Verb) အနေဖြင့် အသုံးများပါသည်။ Noun အနေဖြင့် အလွန်သုံးခဲသည်။
တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာသည် ဟု အဓိပ္ပါယ်ရပါသည်။
 ဥပမာ - I have to travel a lot for work.

Trip (n) သည် ခရီး ဟု အဓိပ္ပါယ်ရသည်။ ခရီးတို Trip သည် “holiday” အပျော်ခရီးထွက်ခြင်း အဓိပ္ပါယ်ရသည်။
 ဥပမာ - How was your trip?

Business ကိစ္စနှင့်လည်း ဆက်စပ်အသုံးများသည်။
 ဥပမာ- I have to travel a lot for work. I am off on another business trip next week.

Trip (v) ကြိယာအနေနှင့် မူမတူကွဲပြားသော အဓိပ္ပါယ်ရှိသည်။ ခလုပ်တိုက်မှောက်လဲသည်ဟု အဓိပ္ပါယ် ရသည်။
ဥပမာ- I tripped over the carpet and sprained my ankle.

Voyage (n) ရေကြောင်းဖြင့် ခရီးဝေးသွားခြင်းဟု မူလအဓိပ္ပါယ်ရှိသည်။ noun ဖြစ်ပြီး Verb အနေဖြင့်မူ အလွန် သုံးခဲသည်။
ဥပမာ - The voyage to South Africa took over six weeks.

Journey (n) ကို British English တွင်အသုံးများပြီး American English တွင် သိပ်မသုံးပါ။ ခရီးစဉ်ဟု အဓိပ္ပါယ်ရသည်။ Journey ကို Verb အနေဖြင့် သုံးခဲသည်။
ဥပမာ - The journey from Yangon to Naypyitaw takes 5 hours.
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Look and Watch
Look ကို Preposition at  နှင့် တွဲ၍ သုံးသည်။ Look at  တစ်စုံတစ်ခု၊ တစ်ဦးတစ်ယောက်ကိုကြည့်ရှုသည်။ (စိတ်ဝင်စားသည်)။ ငြိမ်နေသောအရာဝတ္တူကိုကြည့်ခြင်းဖြင့်သည်။
ဥပမာ-
Look at these photos, they're really good.
I went to the art gallery to look at the exhibition of paintings.
Watch (V) ဘာဖြစ်မလဲဟု စိတ်ဝင်တစားကြည့်ခြင်း၊ ရွှေ့နေသော၊ ပြောင်းနေသောအရာကိုကြည့်ခြင်း။
ဥပမာ -
I watch TV every night.
The security guard watched the shoplifter steal the clock.
Look at him.  (သူရဲ့ ရုပ်ကိုကြည့်ခိုင်းခြင်းသာ)။
Watch him (သူရဲ့လှုပ်ရှားမှုကို သတိထားစောင့်ကြည့်ရန် သတိပေးခြင်း)
xxxxxxxxxxxxxxxxxxxxxx
ဆက်လက်ဖော်ပြပါမည်။
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment