RSS

I’m getting + Noun / Adjective

 အင်္ဂလိပ်စကားကို လွယ်လွယ်ကူကူပြောတတ်ချင်ရင် စကားလုံးတစ်လုံးချင်း ကျက်မှတ်တာထက်၊ စကားလုံးအတွဲလိုက်၊ စကားစုအလိုက် လေ့လာမှတ်သားသင့်ပါတယ်။ အဲ့ဒီလို လေ့လာမှတ်သားထားမယ် ဆိုရင် သဒ္ဒါစည်းမျဉ်းစဉ်းစားစရာမလိုဘဲ အလိုအလျောက်ပြောနိုင်လာပါလိမ့်မယ်.
အခုဒီစကားလုံးတွဲကိုသုံးပြီး အင်္ဂလိပ်စကားပြောဆိုပုံကို လေ့လာကြည့်ကြရအောင်……………
အလင်္ကာည
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
I’m getting + Noun / Adjective


အခြေအနေတစ်ရပ်ကို ဖော်ပြတဲ့အခါမှာ ဖြစ်စေ၊ စိတ်ခံစားမှုကိုဖော်ပြတဲ့အခါဖြစ်စေI’m getting ကို Adjective နဲ့တွဲပြီး ပြောဆိုနိုင်သလို ၊
တစ်စုံတစ်ခုကို ရရှိတော့မယ်၊ ပိုင်ဆိုင်တော့မယ်လို့ ပြောတဲ့အခါမှာ တော့ I’m getting ကို Noun နဲတွဲပြီး ပြောဆိုလေ့ရှိပါတယ်။ ဖော်ပြထားတဲ့ ဥပမာဝါကျတွေကို လေ့လာ ကြည့်ပါ…………..
I’m getting better. (ကျနော် သက်သာလာပြီ၊ (ကျန်းမာလာပြီ)
I’m getting ready for bed. (ကျနော် အိပ်ရာဝင်တော့မလို့)
I’m getting a toothache. (ကျနော် သွားကိုက်နေတယ်)
I’m getting a cold. (ကျနော် အအေးမိနေတယ်)
I’m getting married. (ကျနော် အိမ်ထောင်ပြုတော့မယ်)
I’m getting tired. (ကျနော် ပင်ပန်းနေတယ်)
I’m getting good at reading. (ကျနော်စာဖတ်အားကောင်းလာတယ်)
I’m getting a car. (ကျနော် ကားသစ်တစ်စီးရတော့မယ်)
I’m getting a puppy. (ကျနော် ခွေးကလေးတစ်ကောင်ရတော့မယ်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment