RSS

I want you to + (Verb)

အင်္ဂလိပ်လိုလွယ်လွယ်ပြောလို့ရအောင် သုံးနိုင်မယ့်စကားစုတွေရဲ့အသုံးအနှုန်းတွေကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဖော်ပြထားတဲ့ စကားစုအသုံးအနှုန်းကို ပုံသေလေ့လာမှတ်သားပြီး အစားထိုးရမယ့်နေရာမှာ မိမိစိတ်ကူးအတွေးနဲ့ အစားထိုးပြောဆိုလိုက်ရုံပါပဲ။ သဒ္ဒါအချက်အလက်ကို စဉ်းစားစရာမလိုဘဲ လွယ်လွယ်ကူကူနဲ့ မှန်မှန်ကန်ကန် ပြောဆိုနိုင်တာကိုတွေ့ရပါလိမ့်မယ်.
စကားပြောတဲ့နေရာမှာ အသုံးများတဲ့ပုံသေမှတ်သားထားရမယ့်အသုံးအနှုန်းစကားစုတွေကို ဆက်လက်လေ့လာနိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်…………..
I want you to + (Verb)
S + want (O) to / would like (O) to + V10
စေချင်တယ် / ဖြစ်စေချင်တယ် (သူများကို)
ကိုယ့်ရဲဆန္ဒများကို သူတစ်ပါးအား သိစေချင် / ပြောပြချင်တဲ့အခါမျိုးမှာ ဒါတွေကိုသုံးပါ။

မိမိက တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ပေးစေချင်တယ်လို့ ပြောဆိုတဲ့အခါမှာ အထက်ပါပုံစံနဲ့ အလွယ်တကူ ပြောဆိုနိုင်ပါတယ်။ ဥပမာ…ရေခပ်ပေးစေချင်တယ်။ ဈေးဝယ်ပေးစေချင်တယ်… စသဖြင့် ပြောဆိုတဲ့အခါမျိုးသုံးနိုင်ပါတယ်။ အဲ့ဒီလိုပြောတဲ့အခါမှာ I want you to ကို ပုံသေမှတ်သားပြီး နောက်ဘက်က Verb ကို အစားထိုးပြီး မိမိစိတ်ကူးစိတ်သန်းရှိသလို ပြောဆိုနိုင်ပါတယ်။

I want you to clean the dishes. (ပန်းကန်တွေကိုဆေးပေးစေချင်တယ်)
I want you to come right after the school. (ကျောင်းဆင်းရင် ငါ့အိမ်ကို ချက်ချင်းလာစေချင်တယ်)
I want you to call once you get there. (အဲ့ဒီနေရာကိုရောက်တာနဲ့ ချက်ချင်းဖုန်းဆက်စေချင်တယ်)
I want you to make coffee for me. (ငါ့အတွက် ကော်ဖီဖျော်ပေးစေချင်တယ်)
I want you to go to the market and buy vegetables and meat.(ဈေးကိုသွားပြီး ဟင်းသီးဟင်းရွက်နဲ့အသား ဝယ်ပေးစေချင်တယ်)

ဆက်လက်လေ့လာကြည့်ပါဦး

I don’t want you to cry. (ကိုယ်က မင်းကို မငိုစေချင်ဘူးကွာ)
I don’t want you to worry about me. (ငါနဲ့ပတ်သတ်ပြီး မင်းကိုသောကမရောက်စေချင်ဘူး)
I don’t want her to leave right now. (ကျွန်တော်က သူမကို အခုမသွားစေချင်ဘူး)

Question နဲ့မေးကြည့်ပါဦး

Do you want me to speak English? (ကျွန်တော့်ကိုအင်္ဂလိပ်ကားပြောစေချင်တာလား)
Do you want me to go there alone? (ငါ့ကိုတစ်ယောက်တည်းသွားစေချင်တာလား)
Do you want me to live in Yangon? (ကျွန်တော့်ကို ရန်ကုန်မှာနေစေချင်လို့လား)

တစ်ခါတစ်ရံ၌ want အစား need ကိုလည်းသုံးနိုင်ပါတယ်….
လိုအပ်သည့်အရာ (သို့မဟုတ်) အလိုရှိသည့်အရာကို ဖော်ပြပြောဆိုခြင်းဖြစ်ပါတယ်)

ဥပမာဝါကျကိုလေ့လာကြည့်ပါ။


I need you to study harder in school. (မင်းကိုကျောင်းမှာ ကြိုးစားလေ့လာစေချင်တယ်)
I need you to stop and listen to me. (ခဏရပ်ပြီး ငါပြောတာကို နားထောင်စေချင်တယ်)
I need you to greet our guests. (တို့ရဲ့မိတ်ဆွေတွေကို နှုတ်ဆက်စေချင်တယ်)
I need you to introduce me to your family. (မင်းရဲ့မိသားစုနဲ့ ငါ့ကိုမိတ်ဆက်ပေးစေချင်တယ်)
I need you to encourage me when I am down hearted. (ငါစိတ်ဓါတ်ကျတဲ့အခါ ငါ့ကို အားပေးစေချင်တယ်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment