RSS

I was busy + verb-ing


ကျနော် စာမရေးတာတော်တော်ကြာနေပြီ၊ ဆောင်းပါးဘက်လည်းမလှည့်နိုင်သလို၊ နည်းပညာဘက်ကိုလည်းမလှည့်နိုင်ဖြစ်နေတယ်။ အချိန်ရသ၍လည်း  ကျနေ်ာလေ့လာခဲ့သမျှစာတွေကို ပြန်လည်ဖော်ပြချင်ပါတယ်။
အခုဖော်ပြမယ့် Easy way to speak English ဆိုရင် (အပိုင်း-၆)တောင်ရောက်နေပြီ pdf ဖိုင်အဖြစ်နဲ့လည်းပြောင်းပြီးလုပ်ပေးထားပါမယ်. လေ့လာသူတွေအတွက် တစ်စုတစ်ဝေးတည်းလေ့လာစေချင်လို့ပါ.
အခုလည်းလေ့လာဖို့ ထပ်မံဖော်ပြလိုက်ပါတယ်။
ခင်မင်စွာဖြင့်
အလင်္ကာည
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
I was busy + verb-ing
အတိတ်ကာလမှာ တစ်စုံတစ်ရာကြောင့် မိမိမအားလပ်ဖြစ်ခဲ့တဲ့အကြောင်းပြောတဲ့အခါ I was busy ဆိုတဲ့ စကားလုံးအတွဲကို အလွတ်ကျက်မှတ်ထားပြီး နောက်က V-ing အမျိုးမျိုးပြောင်းလဲကာ ပြောဆိုနိုင်ပါတယ်။
နမူနာဝါကျတွေကို လေ့လာကြည့်ရအောင်ဗျာ။
1)    I was busy thinking. (ကျနော် တွေးတောနေတာနဲ့ မအားမလပ်ဖြစ်ခဲ့တယ်)
2)    I was busy working. (ကျနော် အလုပ် လုပ်နေတာနဲ့ မအားမလပ်ဖြစ်ခဲ့တယ်)
3)    I was busy cooking dinner. (ကျနော်ညစာ ချက်ပြုတ်နေတာနဲ့ မအားမလပ်ဖြစ်ခဲ့တယ်)
4)    I was busy talking on the phone. (ကျနော် ဖုန်းပြောနေတာနဲ့ပဲ အလုပ်ရှုပ်ခဲ့တယ်)
5)    I was busy cleaning the house. (ကျနော် အိမ်သန့်ရှင်းရေးလုပ်နေတာနဲ့ အလုပ်ရှုပ်ခဲ့တယ်)
6)    I was busy studying for my test. (ကျနေ်ာစာမေးပွဲအတွက်လေ့လာနေတာနဲ့မအားမလပ်ဘူး)
7)    I was busy thinking of ideas for our website. (ကျနော်တို့ ဝက်ဘ်ဆိုက်အတွက် စိတ်ကူးစိတ်သန်းတွေ စဉ်းစားနေတာနဲ့ မအားမလပ်ဖြစ်ခဲ့တယ်)
8)    I was busy entertaining our neighbours. (ကျနေ်ာ အိမ်နီးနားချင်းတွေကို ဧည့်ခံနေတာနဲ့ မအားမလပ်ဖြစ်ခဲ့တယ်)
9)    I was busy completing my housework. (ကျမ အိမ်မှုကိစ္စတွေလက်စသတ်နေတာနဲ့ မအားမလပ်ဖြစ်ခဲ့တယ်)
10) I was busy learning new things. (ကျနော်အကြောင်းအရာအသစ်အဆန်းတွေ သင်ယူနေတာနဲ့ မအားလပ်ဖြစ်ခဲ့တယ်)

ဖော်ပြခဲ့တဲ့ စကားလုံးတွဲ၊ စကားစုတွေထဲက အတိတ်ကာလကိုရည်ညွှန်းတဲ့ “was” နေရာမှာ “am” ကို ပြောင်းလဲအစားထိုးကာ ယခုလက်ရှိအချိန်မှာ မိမိဘယ်အရာကို လုပ်ဆောင်ခြင်းဖြင့် မအားမလပ်ဖြစ်နေတဲ့ အကြောင်းကို ပြောဆိုနိုင်ပါတယ်၊
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါဦး
1)    I am busy working. (ကျနော် အလုပ်လုပ်နေတာနဲ့ မအားမလပ်ဖြစ်နေတယ်)
2)    I am busy cooking dinner. (ကျနေ်ာ ညစာချက်ပြုတ်နေတာနဲ့ မအားမလပ်ဖြစ်နေတယ်)
3)    I am busy studying for my test. (ကျနေ်ာ စာမေးပွဲအတွက် လေ့ကျင့်ကျက်မှတ်နေတာနဲ့ မအားမလပ်ဖြစ်နေတယ်)


လေ့ကျင့်ရင်း ပြောဆိုနိုင်ကြပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment