RSS

I’m here to + (Verb)

I’m here to + (Verb)
တစ်ခုခုကိုလုပ်ဆောင်ဖို့ရောက်ရှိနေတယ်၊(သို့မဟုတ်) အသင့်ရှိနေတယ်လို့ ပြောဆိုတဲ့အခါမှာ အထက်ပါပုံစံကိုသုံးနိုင်ပါတယ်။ I’m here to ကိုပုံသေမှတ်သားပြီး နောက်ဘက်က Verb အစားထိုးပြောနိုင် ပါတယ်…….
ပေးထားတဲ့ဥပမာဝါကျတွေကိုလေ့လာပြီး ကိုယ်ပိုင်အင်္ဂလိပ်စကားပြောကို လေ့ကျင့်နိုင်ပါတယ်။
I’m here to apply for the job. (ကျွန်တော် အလုပ်လျှောက်ဖို့ ဒီကိုရောက်လာတာပါ)
I’m here to take a rest. (ကျွန်တော်ဒီနေရာကို အနားယူဖို့ရောက်နေတာပါ)
I’m here to receive my gift. (ကျွန်တော့ရဲ့လက်ဆောင်ကို လက်ခံဖို့ ဒီမှာရှိနေတာပါ)
I’m here to start the job. (ကျွန်တော် အလုပ်စလုပ်ဖို့ ဒီမှာရောက်နေတာပါ)
I’m here to raise awareness for cancer. (ကျွန်တော် ကင်ဆာရောဂါနဲ့ဆိုင်တဲ့ အသိစိတ်ဓါတ်ကို မြှင့်တင်ပေးဖို့ ဒီမှာရောက်နေတာပါ.)

xxxxxxxxxxxxxxxxxxxxx
ဒီလောက်ဆိုရင် ပေးထားတဲ့အသုံးအနှုန်းပုံစံတွေကို လေ့လာမှတ်သားပြီး ဘယ်လိုအစားထိုးပြောရမယ်ဆိုတာ သဘောပေါက်လောက်ပါပြီး

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment