RSS

မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ (Any and some , All and Every)

မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ (Any and some , All and Every)

Any and some
တိကျရေရာမှုမရှိတဲ့ အတိုင်းအဆ(သို့)အရေအတွက်ကိုပြောတဲ့အခါ any နဲ့ some ကိုသုံးပါတယ်။ “အချို့၊အနည်းငယ်၊ နည်းနည်း” လို့အဓိပ္ပါယ်ရပါတယ်၊ လူအချို့၊ ငွေအနည်းငယ်၊ သကြားနည်းနည်း၊ ဆားနည်းနည်း၊ စသည်ဖြင့် ပြောဆိုတဲ့အခါ သုံးတတ်ကြပါတယ်။ ဒီနေရာမှာ သတိထားစရာတစ်ချက်က any နဲ့ some ဟာ အဓိပ္ပါယ်တူပေမဲ့ some ကိုအဖြေဝါကျ (affirmative clauses) တွေမှာသာသုံးပြိး any ကိုတော့ မေးခွန်းဝါကျနဲ့အငြင်းဝါကျ(questions and negative clauses) တွေမှာသုံးတာ တွေ့ကြရပါတယ်။ လွယ်ပေမယ့် သတိထားသုံးရမယ့်စကားလုံးတွေဖြစ်တာကြောင့် အသုံးအနှုန်းကွဲပြားပုံကိုလေ့လာကြည့်ပါဦး။

I need some pencils.  (အဖြေပုံစံ)
(I need any pencils ဟုမရေးရပါ)
ကျနော်ခဲတဲ့တစ်ချို့လိုအပ်တယ်။

Have you got any pencils? (မေးခွန်းပုံစံ)
မင်း ခဲတံတစ်ချို့ ရပြီးပြီလား။
Sorry, I haven’t got any pencils. (အငြင်းပုံစံ)
ဟင့်အင်း၊ ကျွန်တော်ခဲတံတစ်ချို့မရသေးဘူး။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

All and every

Every ဟာ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ခုချင်းဆီကို ဆိုလိုတာပါ၊ “အားလုံး၊ တိုင်း”လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။ နိုင်ငံတိုင်း၊ကျေးရွာတိုင်၊ မြို့တိုင်း စသည့်ဖြင့်အဓိပ္ပါယ်မျိုးမှာ သုံးပါတယ်။သဒ္ဒါသဘောအရပြောရရင် Every ရဲ့နောက်ကလိုက်တဲ့ noun ဟာ အနည်းကိန်း ဖြစ်ရပါမယ်။

ဥပမာဝါကျကိုလေ့လာကြည့်ပါ။
Every children need love. (အမှား)
Every child needs love. (အမှန်)

All ရဲ့ဝေါဟာရအသုံးအနှုန်းကို  အားလုံးတိုင်း၊ ဟုူသရွှေ့ လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။ မိန်းမအားလုံး၊ယောကျားအားလုံး၊ အဖွဲ့အစည်းအားလုံးစသည်ဖြင့် ဆိုလိုတာပါ။ အဓိပ္ပါယ်သဘောသိပြီးလို့ သဒ္ဒါရှုထောင့်အရ ပိုင်းခြားစိတ်ဖြာကြည့်တဲ့အခါ all ရဲ့နောက်မှာလိုက်တဲ့ noun ဟာ ရေတွက်လို့ရတဲ့နာမ် (countable noun) ဖြစ်တယ်ဆိုရင် အများကိန်းပုံစံနဲ့လိုက်ရပါတယ်၊

All the light was out. (အမှား)
All the Lights were out.(အမှန်)

 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လေ့လာရင်းတိုးတက်နိုင်ပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment