RSS

Alternative and alternate

ဝေါဟာရစကားလုံးတစ်လုံးကို ဝါကျများမှာ ထည့်သွင်းရေးသားတဲ့အခါ အဲ့ဒီဝေါဟာရ ရဲ့လုပ်ဆောင်ချက် (Function) ကိုခွဲခွဲခြားခြားသိရှိနားလည်ဖို့လိုပါတယ်။ နောက်ပြီးတော့ အဲ့ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကိုလည်း တိတိကျကျနားလည်ဖို့လိုပါတယ်၊ ဒါမှသာ မှန်ကန်တဲ့ဝါကျတည်ဆောက်ပုံနဲ့အသုံးအနှုန်းကိုရေးသားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မကြာခဏဆိုသလို မှားယွင်းသုံးစွဲတတ်တဲ့ဝေါဟာရစကားလုံးတွေကိုဆက်ပြီး လေ့လာဖို့ဖော်ပြလိုက်ပါတယ်။

Alternative and alternate
ပေးထားတဲ့စကားလုံးနှစ်လုံးဟာ စာလုံးပေါင်းခြင်း ဆင်တူနေတာကြောင့် အဓိပ္ပါယ်ကွဲပြားမှုကို သတိထားကြည့်ဖို့လိုပါတယ်။
Alternate ဟာ နာမဝိသေသနစကားလုံးဖြစ်ပြီး (နှစ်ခု၊နှစ်ရပ်) တစ်ခုခြားတစ်ထပ်စီ၊ တစ်ကန့်စီဖြစ်သော၊ တစ်လှည့်စီဖြစ်သော လို့ အဓိပ္ပါယ်ရပါတယ်။
ဥပမာဝါကျကိုလေ့လာကြည့်ပါ.။
He only comes to work on alternate days. (သူအလုပ်ကို တစ်ရက်ခြားစီ လာဆင်းတယ်)
Alternative ကတော့ နာမဝိသေသနာလိုရော၊ နာမ်လိုရော သုံးနိုင်ပါတယ်.။ နာမဝိသေသန ဆိုရင် “အခြားသော၊ သမားရိုကျမဟုတ်သော” လို့အဓိပ္ပါယ်ရပြီး နာမ်ဆိုရင် “အခြားနည်းလမ်း၊ ရွေးချယ်စရာ” လို့ဆိုလိုပါတယ်။ အောက်မှာပေးထားတဲ့ ဥပမာဝါကျများကို လေ့လာကြည့်ပါဦး။
We will make an alternative arrangement if these plans don’t suit you. (ဒီအစီအစဉ်တွေဟာ မင်းနဲ့မကိုက်ညီဘူးဆိုရင် အခြားအစီအစဉ်တွေ ငါတို့လုပ်ပေးမယ်)
I had to go. There was no alternative.
(ကျနေ်ာထွက်သွားခဲ့ရတာပေါ့၊ အခြားရွေးစရာမှမရှိတာကိုး။

Xxxxxxxxxxxxxx


လေ့လာရင်းတိုးတက်နိုင်ပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment