RSS

Affect or Effect

Affect and Effect

Affect နဲ့ Effect သည် အမှားများသော ဆင်တူယိုးမှာစကားလုံးတွေဖြစ်ကြပါတယ်။

Affect သည် Verb (Action) ဖြစ်ပြီး ၊ တစ်ခုခုလုပ်ရန်ရှိသောအခါ Affect ကို သုံးရပါမယ်။
Affect - တစ်စုံတစ်ခု (သို့) တစ်ဦးတစ်ယောက်ကို သြဇာသက်ရောက်၍ ပြောင်းလဲမှုလုပ်သည်။
ဥပမာ -
The noise outside affected my performance.

Effect သည် Noun (thing) ဖြစ်ပြီး၊ လုပ်ကိုင်ပြီးစိးသွားသောအရာအများအတွက် Effect ကို သုံးရပါမယ်။
Effect သည် ရှေ့တွင် Article (an , the) လိုက်ပြီး နောက်တွင် Preposition (on) ပါသည်။
ဥပမာ-
His smile had a strange effect on me.

နောက်ထပ်သုံး၍ရသည့်အသုံးအနှုန်းမှာ နောက်ဆက်တွဲ သက်ရောက်မှုရလဒ်ဖြစ်သည်။
ဥပမာ-
The drug has many adverse side effects.
xxxxxxxxxxxxxxxxxxxxxxxxxx
Stationary and Stationery
Stationary သည် မလှုပ်မလှက်ငြိမ်သက်နေခြင်းကို ဆိုလိုပါသည်။
ဥပမာ-
The car was stationary.
Stationery  မှာ စာရေးခြင်းနှင့်ပတ်သတ်သောအရာများ ( စက္ကူ၊ ဖောင်တိန်၊ခဲတံ၊ စာအိတ်အစရှိသည်တို့ဖြစ်သည်)
ဥပမာ-
It is the secretary's job to order the stationery?

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment