RSS

I am not used to + Verb-ing

I am not used to + Verb-ing

တစ်ခုခုကိုလုပ်တာ ကျင့်သားမရသေးဘူး၊ အသားမကျသေးဘူး၊ အလေ့အကျင့်မဖြစ်သေးဘူးဆိုတဲ့ သဘောမျိုးပြောဆိုရာမှာတော့ “I’m not used to”  ကို ပုံသေမှတ်ထားပြီး နောက်ဘက်က V-ing နဲ့တွဲပြီး ပြောဆိုနိုင်ပါတယ်။ ပေးထားတဲ့ဥပမာဝါကျတွေကို လေ့လာကြည့်ပါဦး။

1)    I am not used to talking English. (အင်္ဂလိပ်စကားပြောတာအလေ့အကျင့်မရှိဘူး)
2)    I’m not used to studying so much. ( ကျနော်များများစားစားလေ့လာသင်ယူတဲ့ အလေ့အထမရှိဘူး)
3)    I’m not used to being around new people. (ကျနော် လူစိမ်းတွေနဲ့ ရောရောနှောနှောနေတဲ့ အကျင့်မရှိဘူး)
4)    I’m not used to talking in front of groups of people.
( ကျနေ်ာလူပရိတ်သတ်ရှေ့မှာထွက်ပြီး စကားပြောတဲ့အလေ့အကျင့်မရှိဘူး)
5)    I’m not used to having so much stress. (ကျနော်မှာ စိတ်ဖိစီးမှုတွေများများစားစား ဖြစ်လေ့ဖြစ်ထမရှိဘူး)
6)    I’m not use to travelling so much. (ကျနေ်ာ ခရီးအလွန်အမင်းထွက်တဲ့ အလေ့အထမရှိဘူး)
7)    I’m not use to having so much responsibility. (ကျနော် တာဝန်တွေအများကြီး ယူတတ်တဲ့ အလေ့အကျင့်မရှိဘူး)
8)    I’m not used to drinking so much. (ကျနော် အလွန်အကျွံသောက်စားတဲ့ အလေ့အကျင့်မရှိဘူး)
9)    I’m not used to working so early. (ကျနော် အလုပ်စောစောလုပ်တဲ့ အလေ့အထမရှိဘူး)

နောက်ထပ်မှတ်သားစရာတစ်ခုကတော့ “I’m not used to” နောက်က noun နဲ့တွဲပြီးလည်း ပြောဆိုနိုင်ပါတယ်။ ကျင့်သားမရသေးဘူး၊ အသားအကျသေးဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဥပမာဝါကျတွေကိုကြည့်ပြီး လေ့ကျင့်ပြောဆိုကြည့်ပါဦး

1)    I’m not use to the climate of  NayPyiTaw yet. (နေပြည်တော်မြို့ရဲ့ ရာသီဥတုနဲ့ ကျနေ်ာ ကျင့်သားမရသေးဘူး)
2)    I’m not use to the new subjects yet. (ဘာသာရပ်အသစ်တွေနဲ့ ကျနော် ကျင့်သားမရသေးဘူး)

-not ဖြုတ်လိုက်ရင်တော့ အသားကျသွားပြီ၊ ကျင့်သွားရသွားပြီ ဆိုတဲ့သဘောမျိုးကို ဆိုလိုပါတယ်။
1) I’m used to living in NayPyiTaw now. (အခုဆို နေပြည်တော်မှာ နေတာ အသားကျသွားပြီ)
2) I’m used to riding a bicycle. ( ကျနေ်ာ စက်ဘီးစီးတာ ကျင့်သားရသွားပြီ)

Note:
 (S + be used to + Ving / N)
(ကျင့်သားရနေပြီ ၊ အကျင့်ဖြစ်နေပြီ၊ ရိုးနေပြီ ၊အံတိုနေပြီ၊ မဆန်းတော့ပါဘူး၊လုပ်နေကျပါ)
 S + used to +  V1
(လေ့ရှိခဲ့သည်၊ (အတိတ်အတွက် သီးသန့်ဖြစ်ပါသည်)
They used to go there. (သူတို့မကြာခဏ အဲ့ဒီကို သွားလေ့ရှိခဲ့တယ်)
She used to bully me. (သူ(မ) က ကျနေ်ာကို အနိုင်ကျင့်လေ့ရှိခဲ့တယ်
လေ့ကျင့်ရင်း ပြောဆိုနိုင်ကြပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment