RSS

“အီဒီယမ်”ဆိုသည်မှာ


Idioms
“အီဒီယမ်”ဆိုသည်မှာ ဘာသာစကားတစ်ခု၌ ထူးခြားသော အပြောအဆိုအရေးအသားတစ်ခုဟု ဆိုရပေ မည်။ ထိုအဆိုမှာ သက်ဆိုင်ရာဘာသာစကားဖြင့် အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြရသော ဆိုရိုးတစ်ခုဖြစ်သည်။ ဥပမာ------ စကားစုတစ်စုတွင် ပါဝင်သောစကားလုံးတိုင်းတွင် သီးခြားအဓိပ္ပါယ်ရှိသည်။ သို့သော် ထိုစကားလုံးများကိုပေါင်းစပ်လိုက်သောအခါ မူလအဓိပ္ပါယ်များမဟုတ်တော့ဘဲ သီးသန့်….ထူးခြားသော အနက်အဓိပ္ပါယ်ကို ဖော်ပြသည်။ ၎င်းကို အီဒီယမ်(Idiom)ဟုခေါ်သည်။
ဘာသာစကားတိုင်းမှာ ၎င်းတို့နှင့်သက်ဆိုင်သော အီဒီယမ်များရှိပေသည်။ ကျွန်တော်တို့မြန်မာဘာသာစကားမှာလည်း မြန်မာအီဒီယမ်များရှိပါသည်။ အင်္ဂလိပ်ဘာသာစကား၌မူ အီဒီယမ် အမျိုးရှိကြပါသည် - Prepositional Idioms, Verbal Idioms, Miscellaneous Idioms.
အောက်မှာဖော်ပြထားတဲ့ ဝါကျလေးတွေကို ဘာသာပြန်ကြည့်စမ်းပါ။
  1. I gave you best.  (ငါက မင်းကိုအကောင်းဆုံးပေးခဲ့တာ)။လို့များ ဘာသာမပြန်လိုက်ပါနဲ့။ “ငါက မင်းကို အရှုံးပေးခဲ့ပါတယ်” လို့ဘာသာပြန်ရမယ်။
  2. He is a big gun. (သူက သေနတ်ကြီးတစ်လက် ဖြစ်တယ်)။လို့များ ဘာသာမပြန်လိုက်ပါနဲ့။ “သူကဧရာမပုဂ္ဂိုလ်ကြီးလေ…” လို့ငေါ့တော့တော့ ထေ့တေ့တေ့နဲ့ပြောတာပါ…
မူလက ကိုယ်သိထားတဲ့ best. = အကောင်းဆုံးgun = သေနတ် ဆိုတဲ့အဓိပ္ပါယ်တွေနဲ့မဟုတ်ဘဲ၊ သီးသန့်အဓိပ္ပါယ်ဆိုလိုချက်တွေနဲ့ သုံးထားတာဆိုရင် အီဒီယမ် လို့ခေါ်တာပါ။
လူစစ်စစ်က နွားတွေ၊ဖျံတွေ ဖြစ်သွားတာမဟုတ်ကြောင်း သူများခိုင်းတိုင်း လုပ်၊ ထုံတဲ့၊ နုံတဲ့ ၊ ညံ့တဲ့သူတွေ ကို “နွား” လို့ပြောပြီး လူလည်ကျတဲ့သူကို “ဖျံ” လို့ဆိုလိုတာဖြစ်ကြောင်း လူတိုင်းသိသလိုပါပဲ။

ဒီအကြောင်းအရာနှင့်ပတ်သတ်၍ ဆရာဦးသိန်းလွင် ရေးသော နေ့စဉ်သုံး အီဒီယမ် (Idioms for Everyday Use) ကို လေ့လာနိုင်စေရန်အတွက် ဖော်ပြရခြင်းဖြစ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
Idioms for Everyday Use
အရောင်တွေနဲ့ပတ်သက်တဲ့ အီဒီယမ်လေးတွေအကြောင်း စပြိးလေ့လာကြရအောင်ဗျာ…….
၁။ အောက်မှာပေးထားတဲ့စာပိုဒ်ကလေးကိုဖတ်ပြီး မိမိအမြင်နဲ့ အရင်ဆုံးဘာသာပြန်ကြည့်ပါ.
၂။ ပြိးတော့မှ အောက်ဘက်မှာပေးထားတဲ့ အီဒီယမ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လေ့လာမှတ်သားပါ။
၃။ နောက်ဆုံးကျတော့မှ အောက်ဆုံးက ဘာသာပြန်ချက်ကလေးနဲ့တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါတော့.။

Idioms from Colors
In the Red.

The Letter came out of the blue! I wasn’t expecting it. But it was in black and white, sign by the bank manager. I had no money in my checking account. I was in the red.
          I couldn’t believe it. So I went to see the manager. We looked at the problem together. The bank had made a mistake. It had put ten dollars into my account instead of one thousand dollars!
          Because it was the bank’s mistake, there was no delay reopening my account. The manager cut through all the red tape. Now I had money in my account. And I had the green light to write checks again.
ဖွင့်ဆိုချက်။
  1. Out of the blue        =မထင်မှတ်ဘဲ၊မမျှော်လင့်ဘဲ။
  2. In black and white    =ရှင်းရှင်းလင်းလင်း၊ပြတ်ပြတ်သားသား။
  3. In the red                =အခက်အခဲတွေ့သည်။ကြွေးတင်သည်။
  4. Red tape                 =အဆင့်ဆင်တင်ပြရသောရှုပ်ထွေးကြန့်ကြာသည့်ရုံးလုပ်ထုံးလုပ်နည်း။
  5. Green light               =အဆင်ပြေသည်။စတင်ပြုလုပ်ခွင့်ရသည်။
  6. The black market     =မှောင်ခိုဈေး(အစိုးရက ခွင့်ပြုထားသောတရားဝင်ဈေးမဟုတ်)။
  7. To feel blue             =ဝမ်းနည်းသည်၊စိတ်မကောင်းဖြစ်သည်။
  8. Green with envy       =မနာလိုဖြစ်သည်။
  9. In the black             =ငွေကြေးရှိသည်။ငွေကြေးလုံလောက်အောင်ရှိသည်။
10. In the red                =ကြွေးတင်သည်။(ငွေကြေးလိုအပ်သည့်ရဲ့ဆန့်ကျင်ဘက်)
11. (roll out) the red carpet=(ကော်ဇော်နီခင်းသည်လို့တိုက်ရိုက်ပြန်မယ့်အစား) အရေးပါအရာရောက်သည့်လူကို ဂုဏ်ပြုကြိုဆိုသည် လို့ပြန်ဆိုရပါမယ်)
ဘာသာပြန်ဆိုချက်။
          စာကမထင်မှတ်ဘဲရောက်လာတယ်။ ကျွန်မက မျှော်လင့်မထားဘူး။ဒါပေမဲ့ စာကရှင်းရှင်း လင်းလင်းကြီးရေးထားတာ။(ပြီးတော့)ဘဏ်မန်နေဂျာက လက်မှတ်ထိုးထားတာလေ……။ ကျွန်မရဲ့ ဘဏ်ငွေစာရင်းမှာ ငွေ(လက်ကျန်)မရှိတော့ဘူး…တဲ့. ကျွန်မ ငွေရေးကြေးရေး အခက်အခဲတွေ့ရပြီ… ကျွေးတင်ပြီပေါ့…….။
          ကျွန်မအနေနဲ့ မယုံနိုင်လောက်အောင်ပါပဲ ဒါကြောင့် ကျွန်မက ဘဏ်မန်နေဂျာနဲ့သွားတွေ့တယ်။ ဒီပြဿနာကို ကျွန်မတို့နှစ်ယောက်အတူတူ စီစစ်ကြတယ်၊ ဘဏ်ကအမှားအယွင်းတစ်ခုလုပ်ထားတာကို.. (တွေ့ရတယ်) ကျွန်မရဲ့ ငွေစာရင်းထဲကို ဒေါ်လာတစ်ထောင်ထည့်ရမယ့်အစား ဆယ်ဒေါ်လာပဲ ထည့်ထားတာကို…..။
          ဘဏ်ဘက်က အမှားဆိုတော့ ဘဏ်(မှာငွေ) စာရင်းပြန်ဖွင့်ဖို့ရန် (အခက်အခဲမရှိ) နှောင့်နှေးမှုမရှိ ဘူးပေါ့.။ ရှုပ်ထွေးကြန့်ကြာတဲ့ ရုံးလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ကျော်လွှားဖြတ်တောက်ပြီး မန်နေဂျာက ဆောင်ရွက်ပေးလိုက်တာ………အခုတော့ ကျွန်မရဲ့ငွေစာရင်းထဲမှာ ငွေ ပြန်ရှိသွားပြီလေ…….။ (ငွေပေးငွေယူ)ချက်လက်မှတ်တွေ ရေးနိုင်ခွင့်လည်းရသွားပြီ။ အဆင်ပြေသွားပြီပေါ့……….။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Conversation
Situation 1
Tom is talking to his friend.
Tom:            I just got a call from my brother.
Carol:           How is he?
Tom:            Out of the blue he told me he just got married.
Situation 2
Jenny is feeling Lonely.
Lucia:           You don’t look very happy, Jenny.
Jenny:           I’m just feeling blue. I guess I feel lonely.
Lucia:           Don’t feel lonely. I’m your friend! That’s why I came to take you out.
Situation 3
Nancy is talking to her husband.
Nancy:          Let’s go to a nice restaurant for supper.
Matt:            Is there something special to celebrate?
Nancy:          No, but I just finished doing our expenses for the month, and we’re in the black. Let’s spend some of our extra money.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment