RSS

Making an Appointment (ကြိုတင်ချိန်းဆိုခြင်း)

Making an Appointment (ကြိုတင်ချိန်းဆိုခြင်း)
ဒီကဏ္ဍမှာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ၊ ချိန်းဆိုမယ့်နေရက်၊ ချိန်းဆိုမယ့်အချိန်၊ ချိန်းဆိုမယ့် နေရာ စသည်ဖြင့် အသေးစိတ်အချက်အလက်များကို ဘယ်လိုပြောဆိုကြသလဲဆိုတာကို ဖော်ပြထားတဲ့ ဝါကျ အသုံးအနှုန်းတွေနဲ့ ယှဉ်တွဲပြီးလေ့လာကြည့်ကြရအောင်ဗျာ…………….

Suggesting an appointment (ချိန်းဆိုချက် တစ်ခုအဆိုပြုခြင်း)
To propose making an appointment, use:
သူလာတွေ့မယ်၊ ငါလာတွေ့မယ် စသည်ဖြင့် တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ အောက်ဖော်ပြပါ အတိုင်းပြောဆိုနိုင်ပါတယ်။
(1)  Can I come and see you? (ကျနေ်ာခင်ဗျားကို လာပြီးတွေ့နိုင်မလား)
(2)  I’d like you to come and see me. (ခင်ဗျား ကျနေ်ာကို လာပြီးတွေ့စေချင်ပါတယ်)
(3)  Let’s meet. ( ကျနော်နဲ့ ခင်ဗျားတွေ့ကြရအောင်)
Talking about dates (ချိန်းဆိုမည့် နေ့ရက်ကိုပြောဆိုခြင်း)
To ask about dates, use:
ဘယ်နေ့၊ ဘယ်ရက်၊ဘယ်သီတင်းပတ်၊ဘယ်လ စသည်ဖြင့် ချိန်းဆိုတဲ့ နေ့ရက်အဆင်ပြေ/မပြေ၊ မေးမြန်း ပြောဆိုတဲ့အခါ-
(1)  What day would you suit you? (ဘယ်နေ့ဟာ မင်းအတွက် အဆင်ပြေမလဲ)
To suggest a date, use:
ချိန်းဆိုတဲ့နေ့ရက်ကို အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about Thursday? (ကြာသပတေးနေ့ဆို ဘယ်လိုလဲ)
(2)  I’d like to make it soon. (ကျွန်တော်ကတော့ မကြာခင်မှာပဲ ချိန်းချင်တယ်)
(3)  I’m free on Tuesday. (အင်္ဂါနေ့တွေမှာ ကျနော်အားလပ်ပါတယ်)
(4)  Next Friday would suit me. (လာမယ့် သောကြာနေ့ဆို ကျနော်အဆင်ပြေပါတယ်)
To specify date, use:
ချိန်းဆိုမယ့်နေ့ရက်ကို သတ်သတ်မှတ်မှတ် တိတိကျကျပြောမယ်ဆိုရင်တော့-
(1)  On Monday (or) On Tuesday (or) On Wednesday.(တနင်္ဂလာနေ့(သို့)အင်္ဂါနေ့(သို့)ဗုဒ္ဓဟူးနေ့
(2)  On the 25th of March (or) On March the 25th. (မတ်လ ၂၅ ရက်နေ့မှာ)
(3)  Tomorrow, The day after tomorrow. (မနက်ဖြန်၊ သဘက်ခါ)
(4)  Soon; In the next few days. (မကြာမှီ၊ လာမည့်ရက်အနည်းငယ်အတွင်းမှာ)

Talking about Time (ချိန်းဆိုမယ့်အချိန်ကို ပြောဆိုခြင်း)
To ask about time, use:
ဘယ်အချိန် ချိန်းလို့ ဖြစ်နိုင်မလဲ၊ ဘယ်အချိန် အဆင်ပြေမလဲ စသည်ဖြင့် မေးမြန်းတဲ့အခါ-
(1)  What time would suit you? (ခင်ဗျားအတွက် ဘယ်အချိန် အဆင်ပြေမလဲ)။
(2)  What time are you free? (ခင်ဗျား ဘယ်အချိန်အားလဲ)

To suggest a time, use:
ဘယ်အချိန် ချိန်းဆိုရင် အဆင်ပြေမယ့်အကြောင်း အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about early afternoon? (မွန်းလွဲပိုင်း ခပ်စောစောဆိုရင်ရော)
(2)  I’m free in the afternoon (မွန်းလွဲပိုင်းမှာ ကျနေ်ာအားပါတယ်)
(3)  I’d like to make it about ten o’ clock. (ကျနေ်ာဆယ်နာရီလောက်မှာ ချိန်းချင်တယ်)
(4)  Three-thirty would suit me. (ညနေသုံးနာရီခွဲမှာဆိုရင် ကျနေ်ာအဆင်ပြေပါတယ်)
(5)  In the morning (or) In the afternoon (or) In the evening. (မနက်ပိုင်းမှာ၊ နေလည်ပိုင်းမှာ၊ ညနေပိုင်းမှာ)
(6)  Before Lunch / after lunch. (နေ့လည်စာ စားချိန်မတိုင်ခင်၊ နေ့လည်စာ စားပြီး)
(7)  At about eleven (or) At about eleven-thirty (or) At about twelve (ဆယ့်တစ်နာရီလောက်မှာ၊ ဆယ့်တစ်နာရီခွဲလောက်မှာ၊ ဆယ့်နှစ်နာရီလောက်မှာ)

Talking about place (ချိန်းဆိုမည့်နေရာကိုပြောဆိုခြင်း)
To ask about place, use:
ဘယ်နေရာမှာတွေ့ရင်ကောင်းမလဲ၊ အဆင်ပြေမလဲ စသည့်ဖြင့်မေးမြန်းတဲ့အခါ-
(1)  Where shall we meet? (ကျနော်တို့ ဘယ်နေရာမှာတွေ့ရင် ကောင်းမလဲ)
(2)  Where would suit you? (ဘယ်နေရာမှာတွေ့ရင် ခင်ဗျားအတွက် အဆင်ပြေမလဲ)
To suggest a place, use:
ချိန်းဆိုမယ့်နေရာကို အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about at my place? (ကျနော့်နေရာမှာဆိုရင် ဖြစ်မလား)
(2)  Let’s make it here. (ဒီနေရာမှာပဲတွေ့ကြရအောင်)

To specify place, use:
ချိန်းဆိုမယ့်နေရာကို သတ်သတ်မှတ်မှတ်တိတိကျကျ ပြောမယ်ဆိုရင်တော့-
(1)  At your/ my office/ home/ hotel. (ခင်ဗျားရဲ့ ရုံးခန်းမှာ/ အိမ်မှာ/ဟိုတယ်မှာ/ ကျနေ်ာရဲ့ရုံးခန်းမှာ/ အိမ်မှာ/ ဟိုတယ်မှာ)….

လေ့လာရင်းတိုးတက်နိုင်ပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment