RSS

Ago and Before

Ago and Before

Ago ဟာ Adverb ဖြစ်ပြီး ၊ “ လွန်ခဲ့သော……….” ဟု အဓိပ္ပါယ် ရပါတယ်. Two weeks, months, years ago စသည်ဖြင့် ago နဲ့ တွဲပြီးရေးနိုင်ပါတယ်။
ago ရဲ့သဘောက လက်ရှိ ကာလကစပြီး နောက်ကြောင်းပြန်ရေ တွက်တဲ့အခါမှာ သုံးရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက် / နှစ်လ / နှစ်ပတ်တုန်းက ဟု ပြောဆိုတဲ့အခါမှာ သုံးပါတယ်။
ago ကိုသုံးတဲ့အခါမှာ ဝါကျ ရဲ့ ကြိယာ (verb) ကိုအတိတ်ကာလ (past tense) သာရေးရပါတယ်။

Before  ဟာ ဝိဘတ် (preposition)/ ကြိယာဝိသေသန (Adverb)/ သမ္ဗန္ဓ(Conjunction) ဖြစ်ပြီး
မိမိသီးသန့် သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုမှာ နောက်ကြောင်းပြန်ရေတွက်ပြောဆိုတဲ့အခါမှာ သုံးရပါတယ်။
 “မတိုင်ခင်၊ မတိုင်မီ” လို့ အဓိပ္ပါယ်ရပါတယ်။

His father died three years before. (မှား)
His father died three years ago. (မှန်)

ဥပမာ ပေးထားတဲ့ အပေါ်က ဝါကျမှာ ပြောချင်တဲ့အဓိပ္ပါယ်က
“သူ့ဖခင်ဟာ လွန်ခဲ့တဲ့ သုံးနှစ်က ကွယ်လွန်ခဲ့တယ်” လို့ ဆိုလိုတာပါ။
Before ရှေ့က noun နဲ့ တွဲပြီး three years before လို့ရေးထားတာမှားနေပါတယ်။
three years ago လို့ရေးမှ မှန်ပါတယ်။
 လက်ရှိ (ပစ္စုပ္ပန်) ကာလမှ အတိတ်ကာလကို ပြန်ပြောင်းရေတွက်ပြီးပြောတာကြောင့် ago ကို သုံးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုခုမှအတိတ်ကာလ ကို နောက်ကြောင်းပြန်ရေတွက် ပြောမယ်ဆိုရင်တော့ before ကို သုံးနိုင်ပါတယ်။

Before ကို conjunction လို့သုံးပြီး နောက်ဘက်က ဝါကျ(subject + Verb) လိုက်ရပါတယ်။
ဥပမာဝါကျကိုလေ့လာကြည့်ပါ။
I saw him two years before I went to Singapore.
ကျွန်တော် စင်္ကာပူမသွားခင် နှစ်နှစ်က သူ့ကို တွေ့ခဲ့တယ်

“စင်္ကာပူမသွားခင် နှစ်နှစ်က” ဆိုတာဟာ သတ်မှတ်ဖော်ပြတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Before ကို နောက်ဘက်က ဝါကျနဲ့ချိတ်တွဲပြီး ရေးရကြောင်း ဖော်ပြလိုက်ပါတယ်။

အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment