RSS

English Expression (စကားလုံးအသုံးအနှုန်း)


English Expression (စကားလုံးအသုံးအနှုန်း)
အဓိပ္ပါယ်တစ်မျိုးတည်းကို စကားလုံးတစ်လုံး(သို့မဟုတ်) စကားလုံးတွဲများဖြင့် ရေးသားပြောဆိုရတဲ့အကြောင်း ကိုဖော်ပြရခြင်းဖြစ်ပါသည်။ အင်္ဂလိပ်စာလေ့လာလိုက်စားသူများအတွက် အရေးနှင့် အပြောစွမ်းရည်တိုးတက် စေရန်ရည်ရွယ်ပါသည်။


ကျနော်တို့ မြန်မာစကားတွင်လည်းရှိပါတယ်။
ပစ္စည်းတစ်ခုကိုဝယ်တဲ့အခါပဲဖြစ်ဖြစ် “ဟဲ ဈေးပေါလိုက်တာ၊ဈေးချိုလိုက်တာနော်၊”စသည့်ဖြင့်ပြောဆိုကြပါတယ်။
အခုဖော်ပြမယ့်အကြောင်းအရာက ရုပ်ရှင်ပြဇာတ်များတွင်၊ ပါဝင်သရုပ်ဆောင်သည့် “မင်းသား၊ မင်းသမီး၊ ဇာတ်ဆောင်” စသည်ဖြင့် ပြောဆိုလိုသည့်အခါ အောက်ပါ စကားလုံးများဖြင့် ရေးသားပြောဆိုနိုင်ပါသည်။
Actor
Actress
Star
Film star / movie star
Cast
ဆက်လက်ပြီး အထက်ပါစကားလုံးများဖြင့် ရေးသားထားသည့် ဥပမာဝါကျများကိုလည်းလေ့လာကြည့်ပါ။
Actor (n) = သရုပ်ဆောင်၊ ဇာတ်ဆောင်မင်းသား၊
Lwin Moe is my favourite  actor.

Actress (n) = အမျိုးသမီးသရုပ်ဆောင်၊  အမျိုးသမီးဇာတ်ဆောင်၊ မင်းသမီး၊
Wuthmon Shweyi is one of the young-actress who has become famous in Myanmar movie world.
ဝတ်မှုန်ရွှေရည်ဟာ မြန်မာရုပ်ရှင်လောကမှာ လူသိများထင်ရှားတဲ့ လူငယ်အမျိုးသမီး သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တယ်။

Star (n) = ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်
Eddie Murphy is one of the most successful stars in Holywood.
အက်ဒီမာဖီ ဟာ ဟောလီးဝုဒ်မှာ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တယ်။

Film star/ movie star (n) = ရုပ်ရှင်သရုပ်ဆောင်၊
Her real ambition is to be movie star, not just an actress on stage.
သူ(မ)ရဲ့ တကယ့်ရည်မှန်းချက်က ဇာတ်ခုံပေါ်မှာ မင်းသမီးတစ်ယောက်မျှသာ မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ဖို့ဖြစ်တယ်။

Cast (n) = ရုပ်ရှင်၊ ပြဇာတ်စသည်တို့၌ ပါဝင်သည့် သရုပ်ဆောင်အားလုံး၊


Films like “Ben Hur” were made with a cast of thousands.
ဘင်ဟား လို ရုပ်ရှင်ကားတွေကို သရုပ်ဆောင်ထောင်ပေါင်းးများစွာနဲ့ ရိုက်ကူးထုတ်လုပ်ခဲ့တယ်။

The entire cast of the play deserves praise for this performance.
ပြဇာတ်မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်အားလုံးဟာ ဒီသရုပ်ဆောင်မှုအတွက် ချီးကျူးခံထိုက်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရုပ်ရှင်၊ပြဇာတ်တို့တွင် “ပါဝင်ကပြသည်၊ ပါဝင်သရုပ်ဆောင်သည်” စသည်ဖြင့် ပြောဆိုသည်အခါ အောက်ပါစကားလုံး၊ စကားလုံးတွဲ များကို သုံးနိုင်သည်။
Act
Play                           
Go on the stage
ဝါကျတွေကိုလေ့လာကြည့်ပါဦး။
Act (v) = သရုပ်ဆောင်သည်။


In recent years Ko Ko Maung has been acting in television dramas.
မကြာသေးခင် နှစ်များအတွင်းမှာ ကိုကိုမောင် ဟာ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်လျှက် ရှိတယ်။

That woman just can’t act!
ဒီအမျိုးသမီး သရုပ်မဆောင်တတ်ဘူး။

Play (v) =ကပြ၊ သရုပ်ဆောင်သည်။


The roles of a wealthy man’s son and village girl were played by Aung Thu and Su Su Hlaing.
သူဌေးသားတစ်ယောက်ရဲ့ ကျေးတောသူတစ်ယောက်ရဲ့ အခန်းကဏ္ဍကို အောင်သူနဲ့စုစုလှိုင် တို့က သရုပ်ဆောင်ခဲ့ကြတယ်။

Go on the stage (V phrase) = ဇာတ်စင်ပေါ်တွင် ကပြဖျော်ဖြေသည်။
Tin Zar Khine’s parents did not want her to go on a stage.
တင်ဇာခိုင်ရဲ့ မိဘတွေက သူမကို ဇာတ်စင်ပေါ်မှာ ကပြဖျော်ဖြေတဲ့အလုပ်ကို မလုပ်စေချင်ဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော်တို့ မြန်မာရုပ်ရှင်ကား၊ ဗွီဒီယိုကား တွေကြည့်ရင် ရုပ်ရှင်သရုပ်ဆောင်၊ မင်းသားမင်းသမီးနာမည်တွေကို ဖော်ပြပါတယ်။
အင်္ဂလိပ်ရုပ်ရှင်ကားတွေမှာလည်း အလားတူဖော်ပြထားပါတယ်။
လေ့လာရင်းနဲ့ တွေးမိအောင်လို့ပါဗျာ။
နောက်ဆုံးအနေနဲ့ စကားမစပ်ဗျာ မှတ်ထားလို့ရအောင်အတွက်ပါ……. အင်္ဂလိပ်စာကြောင်းတွေရှည်ရှည်ရေးချင်ရင် သိပ်ပြီးမတွေးပါနဲ့. အင်္ဂလိပ်စာကြောင်းတွေမှာ ရှည်ချင်သလောက်ရှည် နောက်ကပဲရှည်ပါတယ်။ ဂရုစိုက်ပြီး လေ့လာကြည့်ပါ။

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment