RSS

English Expression (စကားလုံးအသုံးအနှုန်း-၂)

“ဈေးချိုတယ်၊ ဈေးပေါတယ်၊ ဈေးသက်သာတယ်” စသည့်အဓိပ္ပါယ်မျိုးကို ပြောဆိုလိုသည့်အခါ အောက်ဖော်ပြပါ စကားအသုံးအနှုန်း (expression) များဖြင့်ရေးသား ပြောဆိုနိုင်ပါသည်။
(1)  Cheap
(2)  Inexpensive
(3)  Not cost much
(4)  Economical
(5)  Affordable
(6)  Low-cost
(7)  Be low in price
(8)  Low-budget
(9)  It won’t break the bank
အထက်တွင် ဖော်ပြထားသည့် အဆိုပါအသုံးအနှုန်းများဖြင့် ရေးသားထားသော ဝါကျများကို ဆက်လက် လေ့လာကြည့်ပါ။
Cheap (adj) = တန်ဖိုးနည်းသော၊ ပေါသော၊ အရတော်သော ၊ဈေးတော်သော
1)    My shoes were really cheap- they only cost ks 300. (ကျွန်တော့် ရှူးဖိနပ်တွေက တကယ့်ကိုဈေးပေါတယ်။ ၃၀၀ ကျပ်ပဲ ကျတယ်)

2)    The cheapest way to get to Mandalay is to take the train. ( မန္တလေးကိုသွားဖို့ ဈေးအသက် သာဆုံးနည်းလမ်းက ရထားနဲ့သွားတာပဲဖြစ်တယ်)
Inexpensive (adj) = တန်ဖိုးနည်းသော၊ ဈေးမကြီးသော၊ စရိတ်စက နည်းသော။
1)    The furniture is inexpensive but well-made.( အိမ်ထောင်ပရိဘောဂတွေက ဈေးမကြီးပါဘူး၊ ဒါပေမဲ့ ကောင်းကောင်းလုပ်ထားပါတယ်)

2)    There are some hotels that offer air-conditioned rooms at relatively inexpensive prices. (တစ်ခြားဟိုတယ်တွေနဲ့ နှိုင်းယှဉ်ရင် လေအေးစက် တပ်ဆင်ထားတဲ့ အခန်းတွေအတွက် ဈေးအတော် သက်သာတဲ့ နှုန်းထားနဲ့ယူတဲ့ ဟိုတယ်တွေရှိတယ်)
Not cost much (verb phrase) = ဈေးမကြီးပါ။
1)    We stayed in a very nice hotel in Vienna and it didn’t cost much. (ကျွန်တော်တို့ ဗီယင်နာ မှာ ရှိတဲ့ အတော်ကောင်းမွန်တဲ့ ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့တယ်၊ ဈေးမကြီးပါဘူး)

2)    It doesn’t cost much to rent an apartment here. (ဒီနေရာမှာ တိုက်ခန်း တစ်ခန်းဌားရမ်းတာဟာ ဈေးမကြီးပါဘူး)
Economical (adj) = တွက်ခြေကိုက်သော၊ တွက်သားကိုက်သော၊ ချွေတာရာရောက်သော။
1)    We have a very economical heating system, so the bills aren’t too high. (ကျွန်တော်တို့မှာ အလွန်တွက်ခြေကိုက်တဲ့ အခန်းအပူပေးစက်ရှိတယ်၊ ဒါကြောင့် ဘီလ် သိပ်မကျဘူး)။
မှတ်ချက် (ဤနေရာတွင် အတွဲလိုက်မှတ်သားသင့်သည့် အသုံးအနှုန်းတစ်ခုမှာ be economical to use /run /operate ဖြစ်သည်။ တစ်စုံတစ်ခုကို သုံးဖို့၊လုပ်ဆောင်ဖို့ တွက်ခြေကိုက်သည် ဆိုသည့်သဘောပင် ဖြစ်သည်။
ဥပမာဝါကျကိုလေ့လာကြည့်ပါ။

This is a well-designed car that is also very economical to run. (ဒါဟာ သေသေချာချာပုံစံထုတ်ပြီး သွားတဲ့ ကားဖြစ်တယ်၊ မောင်းပြီးစိးတဲ့အခါအကုန်အကျနည်းပြီး အလွန်တွက်ခြေကိုက်တယ်။
Affordable (adj) = တက်နိုင်သော။ သိပ်ဈေးမကြီးတာမို့ တတ်နိုင်တယ်၊ ဝယ်နိုင်တယ်ဆိုသည့် သဘောကို ဆိုလိုသည်။
1)    Single mothers have trouble finding affordable child care. (ကူဖော်လောင်ဖတ်မရှိတဲ့ တစ်ယောက်တည်းဖြစ်နေတဲ့ မိခင်တွေဟာ သူတို့တတ်နိုင်တဲ့ ကလေးထိန်းဌာနကိုရှာတဲ့အခါမှာ ဒုက္ခရောက်ကြရတယ်။

2)    We have a vast range of car to choose from at affordable prices.
ကျွန်တော်တို့တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ဝယ်ယူဖို့ရွေးချယ်စရာ ကားအမျိုးအစားတွေအများကြီးရှိပါတယ်။
Low-cost (adj) = တန်ဖိုးနည်းသော
အထက်ဖော်ပြပါ စကားလုံးကိုသုံးသည့်အခါ noun ၏ ရှေ့တွင်ထားကာ အထူးပြုပုဒ်အဖြစ်သာ အသုံးပြုရသည်။ ဥပမာ ….low-cost housing /  heating / transport …..စသည်ဖြင့်ရေးနိုင်ပါသည်။
1)    If you want low-cost transport and regular exercise, a bike is ideal. (စရိတ်စကအကုန်အကျနည်းတဲ့ သယ်ယူပို့ဆောင်ရေးအတွက်ရော၊ ပုံမှန်လေ့ကျင့်ခန်းသဘောမျိုး အတွက်ရော ခင်ဗျားအလိုရှိတယ်ဆိုရင် စက်ဘီးဟာ အကောင်းဆုံးပဲပေါ့)

2)    If elected, he promised to build more low-cost housing in the city.
 (အကယ်၍ သူသာ ရွေးချယ်တင်မြှောက်ခံရမယ်ဆိုရင် မြို့တော်မှာတန်ဖိုးနည်းအိမ်ရာတွေ ထပ်ပြီး ဆောက်လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်

Be low in price (verb phrase)= ဈေးချိုသည်၊ ဈေးသက်သာသည်။
အထက်ဖော်ပြပါစကားလုံးမျိုးကို အထူးသဖြင့် အရေးအင်္ဂလိပ်စာတွင် သုံးလေရှိသည်။ ဥပမာဝါကျကိုလေ့လာ ကြည့်ပါ။
1)    Nikon’s latest camera is low in price and easy to use.
(နောက်ဆုံးထုတ်လုပ်လိုက်တဲ့ နစ်ကွန်ကင်မရာ ဟာ ဈေးသက်သာပြိး အသုံးပြုရလွယ်ကူတယ်)

Low-budget (adj)=အကုန်အကျအနည်းဆုံးဖြစ်၊
အဆိုပါစကားလုံးကို Noun ၏ ရှေ့တွင်ထားကာ အထူးပြုပုဒ်အဖြစ်သာ အသုံးပြုနိုင်သည်။
ဥပမာ ….low-budget film /movie/prduction …..စသည်ဖြင့်ရေးနိုင်ပါသည်။

1)    My first acting job was in a low-budget horror movie with a terrible plot. (ကျွန်တော်ရဲ့ ပထမဆုံးသရုပ်ဆောင်အလုပ်ကတော့ ကြောက်မက်ဖွယ်ရာ ဇာတ်လမ်း၊ ဇာတ်ကွက်ပါတဲ့ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ထုတ်လုပ်ထားတဲ့ ရင်တုန်စရာရုပ်ရှင်ကားမှာ ပါဝင်ခဲ့တာပဲဖြစ်တယ်.။)
Budget (adj) = ဈေးချိုသော၊ ဈေးသက်သာသော၊
noun ၏ ရှေ့တွင်ထားကာ အထူးပြုပုဒ်အဖြစ်သာ အသုံးပြုရသည်။ ဥပမာ ….budget hotel /  flight / accommodation …..စသည်ဖြင့် သုံးနိုင်သည်။

1)    The tourist information office will give you a list of budget hotels in the area.
( ကမ္ဘာလှည့်ခရီးသည် ပြန်ကြားဆက်သွယ်ရေးရုံးက ဒီဒေသမှာရှိတဲ့ ဈေးသက်သာတဲ့ ဟိုတယ်စာရင်း ကို မင်းကို ပေးလိမ့်မယ်။)

It won’t break the bank (spoken) = တစ်စုံတစ်ခုဝယ်ယူရန်၊ တစ်စုံတစ်ခု လုပ်ရန် ငွေအလုံအလောက်ရှိသည်။
အထက်ပါအသုံးအနှုန်းကို အပြောအင်္ဂလိပ်စကား တွင် သုံးလေ့ရှိသည်။ တစ်ခုခု လုပ်ဖို့ငွေ အလုံအလောက်ရှိတယ်။ ထည့်တွက်စရာမလိုဘူး။ လုပ်သင့်တယ် စသည်ဖြင့် ပြောဆိုလိုသည့်အခါတွင် သုံးသည်။
အောက်ဖော်ပြပါ အပြန်အလှန်ပြောဆိုသည့်ဥပမာကို လေ့လာကြည့်ပါ။

A: “I’m not sure if I should buy this suit”
(ဒီဝတ်စုံကို ကျနော်ဝယ်ရမလား၊ မဝယ်ရဘူးလား ဆိုတာ မဆုံးဖြတ်တတ်အောင် ဖြစ်နေတယ်)
B: “Come on! It won’t break the bank.
(လုပ်လိုက်စမ်းပါ၊ဝယ်လိုက်စမ်းပါ၊ အဲ့ဒါထည့်တွက်မနေပါနဲ့၊ ငွေအလုံအလောက်ရှိနေတာပဲ)

ဤနေရာတွင် တစ်ဆက်တည်းဆိုသလို without breaking the bank ဟူသည့် အသုံးအနှုန်းကိုလည်း မှတ်သားသင့်သည့် “ငွေအများကြီးပေးစရာမလိုဘဲ” ဟု အဓိပ္ပါယ်ရသည်။

This guide lists 900 of the best places in which to eat without breaking the bank.
(ဒီလမ်းညွှန်စာအုပ်က ငွေအများကြီးပေးစရာမလိုဘဲ စားသောက်နိုင်တဲ့အကောင်းဆုံးနေရာ ၉၀၀ စာရင်းကို ဖော်ပြထားတယ်)
လေ့လာရင်းတိုးတက်နိုင်ပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment