RSS

I’ve decide to + Verb

ဒီတစ်ခါတော့ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့်စကားစုတွဲလုံး (Phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ပါ။

I’ve decide to + Verb

မိမိတစ်ခုတစ်ခုကို ပြုလုပ်ဖို့ဆုံးဖြတ်ပြီးဖြစ်တဲ့အကြောင်းပြောတဲ့အခါ I have decide to ဆိုတဲ့ စကားလုံး အတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးကာ မိမိပြောချင်တဲ့ စိတ်ကူးအတွေး တွေကို အမျိုးမျိုးပြောဆိုနိုင်ပါတယ်။

ဥပမာ ဝါကျတွေကို လေ့လာကြည့်ရအောင်………
I’ve decide to accept the job.
ကျွန်တော်အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်ပြီးပြီ။

I’ve decide to complete my degree.
ကျွန်တော် ဘွဲ့ရသည်အထိ သင်ယူဖို့ ဆုံးဖြတ်ပြီးပြီ။

I’ve decide to change my bad habits.
ကျွန်တော့ရဲ့မကောင်းတဲ့အကျင့်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးပြီ။

xxxxxxxxxxxxxxxxxxxxxxxxxxxxx

I was about to + Verb
တစ်ခုခုကိုလုပ်ခါနီးမှာ၊ တစ်ခုခုဖြစ်ပျက်တယ်လို့ပြောဆိုတဲ့အခါမှာ I was about to +verb ပုံစံနဲ့ပြောဆို နိုင်ပါတယ်။ ဥပမာ ထမင်းစားမယ်လုပ်တုန်း ဧည့်သည်ရောက်လာတယ်။ ရေချိုးမယ်လုပ်နေတုန်း တယ်လီ ဖုန်းလာတယ် ဆိုတဲ့ သဘောမျိုးတွေမှာ သုံးနိုင်ပါတယ်။ “တော့မလို့” ဟု ဘာသာပြန်နိုင်ပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါဦး…………
I was about to go out.
ကျနေ်ာအပြင်သွားတော့မလို့။

I was about to go to dinner.
ကျနော် ညစာစားဖို့ သွားတော့မလို့။

I was about to go to bed.
ကျနေ်ာအိပ်ယာထဲဝင်တော့မလို့။

I was about to go to work.
ကျနေ်ာအလုပ်သွားတော့မလို့

I was about to send you an e-mail.
ကျနော် ခင်ဗျားကို အီးမေလ်းတစ်စောင့် ပို့တော့မလို့။
xxxxxxxxxxxxxxxxxxxxxxxxxxxx


အားလုံးသော သူငယ်ချင်းများကို
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment