လူတိုင်းအောင်မြင်နေကြတယ်
ကိုယ်တစ်ယောက်တည်း
အကြွေးနဲ့ အရှုံး သံသရာ လည်နေတာ
နှစ် (၂၀)ကျော်လာပြီပေါ့
လူတိုင်းအောင်မြင်နေကြတယ်
ကိုယ်တစ်ယောက်တည်း
အကြွေးနဲ့ အရှုံး သံသရာ လည်နေတာ
နှစ် (၂၀)ကျော်လာပြီပေါ့
|
|||||||||||||||||||||||||||||
|
|
|||||||||||||||||||||||||||||
|
Daryl
|
I
am upset. Somebody told my boss I have a part-time job.
|
|
Smith
|
And
he doesn't like that ?
|
|
Daryl
|
No,
he doesn't. He thinks that I am too tired to work.
|
|
Smith
|
I
am sorry. I have to admit I told him.
|
|
Daryl
|
You
told him ? Why ?
|
|
Smith
|
I
couldn't help it. He
asked me point-blank.
|
(1) Can I come and see you? (ကျနေ်ာခင်ဗျားကို လာပြီးတွေ့နိုင်မလား)
(2) I’d like you to come and see me. (ခင်ဗျား ကျနေ်ာကို လာပြီးတွေ့စေချင်ပါတယ်)
(3) Let’s meet. ( ကျနော်နဲ့ ခင်ဗျားတွေ့ကြရအောင်)
(1) What day would you suit you? (ဘယ်နေ့ဟာ မင်းအတွက် အဆင်ပြေမလဲ)To suggest a date, use:
(1) What about Thursday? (ကြာသပတေးနေ့ဆို ဘယ်လိုလဲ)To specify date, use:
(2) I’d like to make it soon. (ကျွန်တော်ကတော့ မကြာခင်မှာပဲ ချိန်းချင်တယ်)
(3) I’m free on Tuesday. (အင်္ဂါနေ့တွေမှာ ကျနော်အားလပ်ပါတယ်)
(4) Next Friday would suit me. (လာမယ့် သောကြာနေ့ဆို ကျနော်အဆင်ပြေပါတယ်)
(1) On Monday (or) On Tuesday (or) On Wednesday.(တနင်္ဂလာနေ့(သို့)အင်္ဂါနေ့(သို့)ဗုဒ္ဓဟူးနေ့
(2) On the 25th of March (or) On March the 25th. (မတ်လ ၂၅ ရက်နေ့မှာ)
(3) Tomorrow, The day after tomorrow. (မနက်ဖြန်၊ သဘက်ခါ)
(4) Soon; In the next few days. (မကြာမှီ၊ လာမည့်ရက်အနည်းငယ်အတွင်းမှာ)
(1) What time would suit you? (ခင်ဗျားအတွက် ဘယ်အချိန် အဆင်ပြေမလဲ)။
(2) What time are you free? (ခင်ဗျား ဘယ်အချိန်အားလဲ)
(1) What about early afternoon? (မွန်းလွဲပိုင်း ခပ်စောစောဆိုရင်ရော)
(2) I’m free in the afternoon (မွန်းလွဲပိုင်းမှာ ကျနေ်ာအားပါတယ်)
(3) I’d like to make it about ten o’ clock. (ကျနေ်ာဆယ်နာရီလောက်မှာ ချိန်းချင်တယ်)
(4) Three-thirty would suit me. (ညနေသုံးနာရီခွဲမှာဆိုရင် ကျနေ်ာအဆင်ပြေပါတယ်)
(5) In the morning (or) In the afternoon (or) In the evening. (မနက်ပိုင်းမှာ၊ နေလည်ပိုင်းမှာ၊ ညနေပိုင်းမှာ)
(6) Before Lunch / after lunch. (နေ့လည်စာ စားချိန်မတိုင်ခင်၊ နေ့လည်စာ စားပြီး)
(7) At about eleven (or) At about eleven-thirty (or) At about twelve (ဆယ့်တစ်နာရီလောက်မှာ၊ ဆယ့်တစ်နာရီခွဲလောက်မှာ၊ ဆယ့်နှစ်နာရီလောက်မှာ)
(1) Where shall we meet? (ကျနော်တို့ ဘယ်နေရာမှာတွေ့ရင် ကောင်းမလဲ)To suggest a place, use:
(2) Where would suit you? (ဘယ်နေရာမှာတွေ့ရင် ခင်ဗျားအတွက် အဆင်ပြေမလဲ)
(1) What about at my place? (ကျနော့်နေရာမှာဆိုရင် ဖြစ်မလား)
(2) Let’s make it here. (ဒီနေရာမှာပဲတွေ့ကြရအောင်)
(1) At your/ my office/ home/ hotel. (ခင်ဗျားရဲ့ ရုံးခန်းမှာ/ အိမ်မှာ/ဟိုတယ်မှာ/ ကျနေ်ာရဲ့ရုံးခန်းမှာ/ အိမ်မှာ/ ဟိုတယ်မှာ)….
| နာမ်၊ နာမ်စား | ပစ္စုပ္ပန် | အတိတ် | ဖြစ်ပြီးကာလ | ဖြစ်ဆဲကာလ |
|---|---|---|---|---|
| I, We | do | did | have done | am doing, are doing |
| You, They, men | do | did | have done | are doing |
| He, She, it , A man | does | did | has done | is doing |
| I do not | I don't |
|---|---|
| We do not | We don't |
| You do not | You don't |
| They do not | They don't |
| He does not | He doesn't |
| She does not | She doesn't |
| It does not | It doesn't |
| A boy does not | A boy doesn't |
| I did not | I didn't |
| You did not | You didn't |
| We did not | We didn't |
| They did not | They didn't |
| He did not | He didn't |
| A girl did not | A girl didn't |
(1) What are you doing? (မင်းဘာလုပ်နေသလဲ)Do ကို V-ing နဲ့တွဲပြီး အလုပ်မျိုးစုံ လုပ်တာပြောလို့ရပါသေးတယ်။
I'm watering flower plants. (ငါ ပန်းပင်တွေ ရေလောင်းနေတယ်)
(2) What are you doing this evening? ( မင်းဒီညနေ ဘာလုပ်မလဲ)
I'm going to play cane-ball? ( ငါ ခြင်းလုံးခတ်မယ်)
(3) Are you doing anything tomorrow? (မနက်ဖြန် မင်းတစ်ခုခုလုပ်ဖို့ ရှိသေးလား)
I shall go to my office tomorrow. (မနက်ဖြန် ငါရုံးတက်မယ်)
(4) He does his job well. (သူ့အလုပ်ကိုကောင်းကောင်းလုပ်တယ်)
(5) Tin Hla has done a good job. (တင်လှက အလုပ်ကောင်းတစ်ခုကို လုပ်ခဲ့တယ်)
(6) Girl do physical training. (မိန်းကလေးများက ကာယလေ့ကျင့်ခန်းများလုပ်ကြတယ်)
(7) Ni Ni does aerobics once a week. (နီနီက တစ်ပတ်ကိုတစ်ကြိမ် အေရိုးဘစ်ကစားတယ်)
(8) What can I do for you.? (မင်းအတွက် ငါဘာလုပ်ပေးရမလဲ)
(9) Do as you wish / please. ( မင်းကြိုက်သလို / နှစ်သက်သလို လုပ်ပါ)
(10) why can''t you do as you're told.? (မင်းကိုပြောတဲ့အတိုင်း ဘာကြောင်း မင်းမလုပ်နိုင်ရတာလဲ)
(1) My mother does the shopping. (ငါ့အမေက ဈေးဝယ်တယ်။(ဈေးဝယ်ခြင်းကိုလုပ်တယ်)။ ထမင်းဟင်းလည်းချက်ပြုတ်တယ်။( ချက်ပြုတ်ခြင်းကို လုပ်တယ်)့ဖြစ်စေသည်၊ အကျိုးသက်ရောက်စေသည် အဓိပ္ပါယ်နဲ့လည်း Do ကြိယာကို သုံးနိုင်ပါတယ်။
(2) My sister does the washing. (ငါ့ညီမက လျော်ဖွပ်တာ လုပ်တယ်)
(3) Will you do ironing? (မင်း မီးပူတိုက်ပေးမလား)
(4) I do some writing in my spare time.( ငါ့ရဲ့အားလပ်ချိန်မှာ စာ (ဝတ္တု၊ကဗျာ၊ စသည်) ရေးတယ်.
(4) We do our shopping at weekends.(စနေ၊တနင်္ဂနွေ မှာငါတို့ဈေးဝယ်ကြတယ်)
(5) I've done talking -It's time to act. (ပြောသင့်တာပြောပြီးပြီ၊ ပြုလုပ်ဖို့ အချိန်ရောက်ပြီ)
(1) Smoking will do you harm? (ဆေးလိပ်သောက်ခြင်းက သင့်ကိုဘေးဖြစ်စေမယ်)
(2) Reading will do you good. (စာဖတ်ခြင်းက မင်းကို ကောင်းကျိုးပေးမယ်)
(3) What damage did the storm do? (မုန်တိုင်းက ဘာပျက်စီးမှုကို ဖြစ်စေသလဲ).။အဆင်ပြေသည် အဓိပ္ပါယ်နဲ့လည်း Do ကြိယာကို သုံးနိုင်ပါတယ်။
(1) How are you doing?ကြိယာတစ်လုံးကို နှစ်ကြိမ်ထပ်မသုံးရအောင် Do ကြိယာနဲ့လည်း အစားထိုးသုံးနိုင်ပါတယ်။
(2) How's your doing?
(3) Aye Aye is doing well at school.
(4) How's your business doing?(မင်းရဲ့ လုပ်ငန်းကော အဆင်ပြေရဲ့လား)
(1) Who call me? (ငါ့ကို ဘယ်သူခေါ်လဲ)
She does. (She calls you. အစားသုံး ) သူမခေါ်တယ်။
(2) Who want to play soccer?
We do. (We want to play အစားသုံး) ငါတို့ကစားချင်တယ်။
(3) Did you find your book? (မင်းစာအုပ်ကို မင်းတွေ့ပြီလား)
Yes, I did. ( I found it အစားသုံး) ဟုတ်တယ် ၊ ငါတွေ့ပြီ။အကူကြိယာအနေနဲ့ Do ကြိယာကို အမျိုးမျိုးသုံးပါသေးတယ်။
(1) Do you go to school? (မင်း ကျောင်းသွားသလား)
Yes, I do.
(2) Does she go to the market? (သူ(မ) ဈေးသွားသလား)
No, she doesn't. (ဟင့်အင်း။ သူ(မ) မသွားဘူး။
(3) Do you want a ball-pen? (မင်း ဘောပင် လိုချင်သလား)Do ကြိယာကို မဟုတ်ဝါကျ Negative Sentence လုပ်ဖို့သုံးတယ်။
No, I don't. (ဟင့်အင်း ၊ ငါမလိုချင်ဘူး)
(4) Don't you go to your teacher? (မင်းရဲ့ဆရာဆီ မင်းမသွားဘူးလား)
Yes, I go. ( ဟုတ်ကဲ့ ကျနေ်ာသွားတယ်)
(5) Did the guests come yesterday? (မနေ့က ဧည့်သည်တွေလာကြသလား)
Yes, they did. (ဟုတ်ကဲ့ ၊ သူတို့လာကြတယ်)
No, they didn't. (ဟင့်အင်း၊ သူတို့မလာကြဘူး)
(1) I don't go to school today.အဓိပ္ပါယ်လေးနက်စေဖို့ Do ကြိယာကို ထည့်သုံးတယ်။
(2) She doesn't go to town.
(3) Don't forget to write to me. (ငါ့ဆီစာရေးဖို့မမေ့နဲ့)
(1) Do help me. (ငါ့ကိုကူညီဖြစ်အောင် ကူညီစမ်းပါ)
(2) Do shut up. (တိတ်တိတ်နေစမ်းပါ)ကြိယာဝိသေသန (သို့) ကြိယာဝိသေသနစကားစုကို ဝါကျရှေ့မှာထားတဲ့အခါ do ကြိယာကို ကတ္တားရှေ့မှာ ခံပေးရပါတယ်။
(3) I do hate you. (မင်းကို ငါမုန်းတယ်)
(4) He does look tired. (သူ တကယ်မောပန်းနေပုံရတယ်)
(5) Do stay for dinner. (ညစာစားဖို့ နေဖြစ်အောင် နေပါ)
(1) Rarely does she go out. (သူ (မ) အပြင်ထွက်ခဲတယ်)
(2) Very seldom does he smoke. (သူဆေးလိပ်အင်မတန်သောက်ခဲတယ်)
(3) Not only does she come, she also brings some flowers. (သူမလာရုံတင်မကဘူး၊ ပန်းအချို့ကိုလည်း ယူလာတယ်)
(4) No longer did we arrive home than the light went out.(ငါတို့အိမ်ရောက်ပြီး မကြာခင် မီးပျက်သွားတယ်)
(5) Rarely did she request help but this was an urgent matter.( သူ(မ) အကူအညီတောင်း ခဲတယ်၊ ဒါပေမဲ့ ဒါကအရေးပေါ်ကိစ္စဖြစ်နေတယ်).xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
| နာမ်၊ နာမ်စား | ပစ္စုပ္ပန် | အတိတ် | အနာဂတ် |
|---|---|---|---|
| I | am | was | shall be |
| He, She, it, A man | is | was | will be |
| We, You, They, Men, Girls | are | were | we shall be,
you will be, They will be |
| I am | I'm |
|---|---|
| He is | He's |
| She is | She's |
| It is | It's |
| We are | We're |
| You are | You're |
| They are | They're |
| He is not | He isn't |
| She is not | She isn't |
| It is not | It isn't |
| We are not | We aren't |
| You are not | you aren't |
| They are not | They aren't |
| I was not | I wasn't |
| He was not | He wasn't |
| She was not | She wasn't |
| It was not | It wasn't |
| We were not | We weren't |
| You were not | You weren't |
| They were not | They weren't |
| I shall be | I'll be |
| He will be | he'll be |
| She will be | She'll be |
| You will be | You'll be |
| They will be | They'll be |
| I shall not | I shan't |
| We shall not | We Shan't |
| You will not | You won't |
| He will not | He won't |
| She will not | She won't |
| They will not | They won't |
| I have been | I've been |
| We have been | We've been |
| You have been | You've been |
| He has been | He's been |
| She has been | She's been |
| It has been | It's been |
(1) Who are you? (မင်းဘယ်သူလဲ)နာမည်အစား ၊ အဖေ၊အမေ၊ အဒေါ် စသည် ဖြစ်တယ်လို့လည်းဖြေနိုင်ပါတယ်။
(2) Who is he? (သူဘယ်သူလဲ)
ဒီလိုမေးခွန်းမျိုးကို နာမည်ပြောပြီးဖြေနိုင်တယ်။
(3) I'm Tun Win. (ကျနေ်ာထွန်းဝင်းပါ)
(4) You're Mya Aye. ( မင်းက မြအေးပါ)
(5) He is U Ba. (သူက ဦးဘ ပါ)
(6) She is Sein Sein. (သူ(မ)က စိန်စိန် ပါ)
Who is he? (သူဘယ်သူလဲ)ဒါမှမဟုတ် သူက ကျောင်းသားပဲ၊ လယ်သမားပဲ စသည်ဖြင့်လည်း ပြောနိုင်ပါတယ်။
He is my father. (သူက ကျနော့်အဖေ ပါ)
Who is that woman? (ဟိုအမျိုးသမီးက ဘယ်သူလဲ)
She is my aunt. (သူမက ကျွန်မအဒေါ် ပါ)
Who is that boy? (ဟိုကောင်ကလေးက ဘယ်သူလဲ)
He's my younger-brother. (သူက ကျွန်တော့်ညီ ပါ)
Who is he?What is he? သူဘာလုပ်သလဲ။
He is a student.
(1) He's a salesman. (သူက အရောင်းစာရေးပါ)What is your name? မင်းနာမည်က ဘာလဲ။
(2) She's a housemaid. (သူ(မ)က အိမ်ဖော်ပါ)
(3) What is your Uncle? (မင်းဦးလေးက ဘာလုပ်သလဲ)
He's an engineer. (သူက အင်ဂျင်နီယာတစ်ယောက်ပါ)
(1)My name is AlinKarNya.လမ်းနာမည်စသည်တို့ကိုလည်း အလားတူမေးမြန်းနိုင်ပါတယ်.။
(2) What is his name?
His name is La Wun Cho Cho.
(1) What is this street?Verb to be ရဲ့ အဖြည့်ခံအဖြစ် နာမ်အစား နာမဝိသေသန ကိုလည်း ထည့်အသုံးပြုလို့ရပါသေးတယ်။
This is the 1st Street.
(2) What street is this?
This is the 2nd street.
(3) What street is that? (ဟိုဟာက ဘာလမ်းလဲ)
That is the 13th Street.
(4) What road is the next road? (နောက်လမ်းက ဘာလမ်းလဲ)
The next road is Stand road.
(1) I'm tall.Verb to be ကို "ရှိသည်" အဓိပ္ပါယ်နဲ့လည်း ပင်မကြိယာအဖြစ်သုံးလို့ရပါသေးတယ်။
(2) You're short.
(3) She is pretty.
(4) Ko Myo Ko Ko is Hansome.
(4) Nyo lei Ye is friendly.
(5) KhunSakCho is intelligent.
(6) This child is lovely.
(1) Where are you?Verb to be ရဲ့နောက်မှာ not ထည့်လိုက်ရင် "မရှိဘူး" "မဖြစ်ဘူး" လို အဓိပ္ပါယ်ရပါတယ်။
I'm here.
(2) Where is your father?
He's in the farm.
(3) Where is your sister?
She's in the house.
(4) Where are your books?
They are on the table.
(5) Where is the bus stand?
It is over there.
(6) Where is the post office?
It is on the Strand Road.
(1) Are you a Student?ကြိုက်သလိုနည်းနဲ့ဖြေဆိုနိုင်ပါတယ်.။
Yes. (ဟုတ်ကဲ့)
No. (မဟုတ်ပါဘူး)
Yes, I am. (ဟုတ်ပါတယ် ၊ကျနေ်ာကျောင်းသားပါ)
No, I'm not. (ဟင့်အင်း၊ ကျနော် ကျောင်းသားမဟုတ်ဘူး)
Yes, I'm a student.
No. I'm not a student.
(2) Is Tun Naung a footballer? (ထွန်းနောင်က ဘောလုံးသမားလား)Verb to be ကို အကူကြိယာအနေနဲ့ ဖြစ်ဆဲကာလ Continuous Tense ကို ဖော်ပြဖို့အတွက်လည်းသုံးပါတယ်။
Yes, he is. / No, he isn't.
(3) Isn't he a tennis-player? ( သူက တင်းနစ်ကစားသူမဟုတ်ဘူးလား).။
Yes, he is. / No, he isn't.
(1) I'm writing. (ကျနေ်ာစာရေးနေတယ်)နီးကပ်နေတဲ့အနာဂတ်ကာလကိုလည်း "going to" နဲ့ဖော်ပြတယ်။
(2) My father is reading the morning newspaper. (ကျနေ်ာအဖေ နံနက်သတင်းစာ ဖတ်နေတယ်)
(3) It isn't raining now. (ယခုမိုးရွာမနေဘူး)
(4) Yin Yin is washing clothes. (ယဉ်ယဉ် က အဝတ်လျှော်နေတယ်)
(5) Your mother is calling you. (မင်းအမေ မင်းကို ခေါ်နေတယ်)
(1) Is she going to sing?( သူမ သီချင်းဆိုမလား။)Passive Voice ကို ဖော်ပြဖို့ Verb to be + V-ed/en ပုံစံကိုလည်းအသုံးပြုကြပါသေးတယ်။
(2) The baby is going to cry. (ကလေး ငိုတော့မယ်)
(3) We're going to see a movie tonight. (ငါတို့ ဒီည ရုပ်ရှင်ကြည့်ကြမယ်)
(1) A girl was hit by a car. (မိန်းကလေးတစ်ယောက် ကားတိုက်ခံရတယ်)xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(2) Each child was a given a sweet. (ကလေးတစ်ယောက်ဆိကို သိကြားလုံးတစ်လုံးပေးတယ်)
(3) Are you married.? (မင်းလက်ထပ် ပြီးပြီလား)
No, I'm not. I'm single. (ဟင့်အင်း၊ လက်မထပ်ရသေးဘူး၊ ငါက တစ်ကိုယ်ရေသမားပဲ)
(4) Your sister is engaged,isn't she? (မင်းညီမက စေ့စပ်ထားတယ်မဟုတ်ဘူးလား)
Yes, she is. (ဟုတ်တယ်၊ စေ့စပ်ထားတယ်)
She'll get married next month. ( နောက်လမှာ သူမလက်ထပ်မယ်)
(1) Cheapအထက်တွင် ဖော်ပြထားသည့် အဆိုပါအသုံးအနှုန်းများဖြင့် ရေးသားထားသော ဝါကျများကို ဆက်လက် လေ့လာကြည့်ပါ။
(2) Inexpensive
(3) Not cost much
(4) Economical
(5) Affordable
(6) Low-cost
(7) Be low in price
(8) Low-budget
(9) It won’t break the bank
1) My shoes were really cheap- they only cost ks 300. (ကျွန်တော့် ရှူးဖိနပ်တွေက တကယ့်ကိုဈေးပေါတယ်။ ၃၀၀ ကျပ်ပဲ ကျတယ်)Inexpensive (adj) = တန်ဖိုးနည်းသော၊ ဈေးမကြီးသော၊ စရိတ်စက နည်းသော။
2) The cheapest way to get to Mandalay is to take the train. ( မန္တလေးကိုသွားဖို့ ဈေးအသက် သာဆုံးနည်းလမ်းက ရထားနဲ့သွားတာပဲဖြစ်တယ်)
1) The furniture is inexpensive but well-made.( အိမ်ထောင်ပရိဘောဂတွေက ဈေးမကြီးပါဘူး၊ ဒါပေမဲ့ ကောင်းကောင်းလုပ်ထားပါတယ်)Not cost much (verb phrase) = ဈေးမကြီးပါ။
2) There are some hotels that offer air-conditioned rooms at relatively inexpensive prices. (တစ်ခြားဟိုတယ်တွေနဲ့ နှိုင်းယှဉ်ရင် လေအေးစက် တပ်ဆင်ထားတဲ့ အခန်းတွေအတွက် ဈေးအတော် သက်သာတဲ့ နှုန်းထားနဲ့ယူတဲ့ ဟိုတယ်တွေရှိတယ်)
1) We stayed in a very nice hotel in Vienna and it didn’t cost much. (ကျွန်တော်တို့ ဗီယင်နာ မှာ ရှိတဲ့ အတော်ကောင်းမွန်တဲ့ ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့တယ်၊ ဈေးမကြီးပါဘူး)Economical (adj) = တွက်ခြေကိုက်သော၊ တွက်သားကိုက်သော၊ ချွေတာရာရောက်သော။
2) It doesn’t cost much to rent an apartment here. (ဒီနေရာမှာ တိုက်ခန်း တစ်ခန်းဌားရမ်းတာဟာ ဈေးမကြီးပါဘူး)
1) We have a very economical heating system, so the bills aren’t too high. (ကျွန်တော်တို့မှာ အလွန်တွက်ခြေကိုက်တဲ့ အခန်းအပူပေးစက်ရှိတယ်၊ ဒါကြောင့် ဘီလ် သိပ်မကျဘူး)။မှတ်ချက် (ဤနေရာတွင် အတွဲလိုက်မှတ်သားသင့်သည့် အသုံးအနှုန်းတစ်ခုမှာ be economical to use /run /operate ဖြစ်သည်။ တစ်စုံတစ်ခုကို သုံးဖို့၊လုပ်ဆောင်ဖို့ တွက်ခြေကိုက်သည် ဆိုသည့်သဘောပင် ဖြစ်သည်။
This is a well-designed car that is also very economical to run. (ဒါဟာ သေသေချာချာပုံစံထုတ်ပြီး သွားတဲ့ ကားဖြစ်တယ်၊ မောင်းပြီးစိးတဲ့အခါအကုန်အကျနည်းပြီး အလွန်တွက်ခြေကိုက်တယ်။Affordable (adj) = တက်နိုင်သော။ သိပ်ဈေးမကြီးတာမို့ တတ်နိုင်တယ်၊ ဝယ်နိုင်တယ်ဆိုသည့် သဘောကို ဆိုလိုသည်။
1) Single mothers have trouble finding affordable child care. (ကူဖော်လောင်ဖတ်မရှိတဲ့ တစ်ယောက်တည်းဖြစ်နေတဲ့ မိခင်တွေဟာ သူတို့တတ်နိုင်တဲ့ ကလေးထိန်းဌာနကိုရှာတဲ့အခါမှာ ဒုက္ခရောက်ကြရတယ်။Low-cost (adj) = တန်ဖိုးနည်းသော
2) We have a vast range of car to choose from at affordable prices.
ကျွန်တော်တို့တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ဝယ်ယူဖို့ရွေးချယ်စရာ ကားအမျိုးအစားတွေအများကြီးရှိပါတယ်။
1) If you want low-cost transport and regular exercise, a bike is ideal. (စရိတ်စကအကုန်အကျနည်းတဲ့ သယ်ယူပို့ဆောင်ရေးအတွက်ရော၊ ပုံမှန်လေ့ကျင့်ခန်းသဘောမျိုး အတွက်ရော ခင်ဗျားအလိုရှိတယ်ဆိုရင် စက်ဘီးဟာ အကောင်းဆုံးပဲပေါ့)
2) If elected, he promised to build more low-cost housing in the city.
(အကယ်၍ သူသာ ရွေးချယ်တင်မြှောက်ခံရမယ်ဆိုရင် မြို့တော်မှာတန်ဖိုးနည်းအိမ်ရာတွေ ထပ်ပြီး ဆောက်လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်
1) Nikon’s latest camera is low in price and easy to use.
(နောက်ဆုံးထုတ်လုပ်လိုက်တဲ့ နစ်ကွန်ကင်မရာ ဟာ ဈေးသက်သာပြိး အသုံးပြုရလွယ်ကူတယ်)
1) My first acting job was in a low-budget horror movie with a terrible plot. (ကျွန်တော်ရဲ့ ပထမဆုံးသရုပ်ဆောင်အလုပ်ကတော့ ကြောက်မက်ဖွယ်ရာ ဇာတ်လမ်း၊ ဇာတ်ကွက်ပါတဲ့ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ထုတ်လုပ်ထားတဲ့ ရင်တုန်စရာရုပ်ရှင်ကားမှာ ပါဝင်ခဲ့တာပဲဖြစ်တယ်.။)Budget (adj) = ဈေးချိုသော၊ ဈေးသက်သာသော၊
1) The tourist information office will give you a list of budget hotels in the area.
( ကမ္ဘာလှည့်ခရီးသည် ပြန်ကြားဆက်သွယ်ရေးရုံးက ဒီဒေသမှာရှိတဲ့ ဈေးသက်သာတဲ့ ဟိုတယ်စာရင်း ကို မင်းကို ပေးလိမ့်မယ်။)
A: “I’m not sure if I should buy this suit”
(ဒီဝတ်စုံကို ကျနော်ဝယ်ရမလား၊ မဝယ်ရဘူးလား ဆိုတာ မဆုံးဖြတ်တတ်အောင် ဖြစ်နေတယ်)
B: “Come on! It won’t break the bank.
(လုပ်လိုက်စမ်းပါ၊ဝယ်လိုက်စမ်းပါ၊ အဲ့ဒါထည့်တွက်မနေပါနဲ့၊ ငွေအလုံအလောက်ရှိနေတာပဲ)
This guide lists 900 of the best places in which to eat without breaking the bank.လေ့လာရင်းတိုးတက်နိုင်ပါစေ
(ဒီလမ်းညွှန်စာအုပ်က ငွေအများကြီးပေးစရာမလိုဘဲ စားသောက်နိုင်တဲ့အကောင်းဆုံးနေရာ ၉၀၀ စာရင်းကို ဖော်ပြထားတယ်)
Actorဆက်လက်ပြီး အထက်ပါစကားလုံးများဖြင့် ရေးသားထားသည့် ဥပမာဝါကျများကိုလည်းလေ့လာကြည့်ပါ။
Actress
Star
Film star / movie star
Cast
Actor (n) = သရုပ်ဆောင်၊ ဇာတ်ဆောင်မင်းသား၊
Lwin Moe is my favourite actor.
Actress (n) = အမျိုးသမီးသရုပ်ဆောင်၊ အမျိုးသမီးဇာတ်ဆောင်၊ မင်းသမီး၊
Wuthmon Shweyi is one of the young-actress who has become famous in Myanmar movie world.
ဝတ်မှုန်ရွှေရည်ဟာ မြန်မာရုပ်ရှင်လောကမှာ လူသိများထင်ရှားတဲ့ လူငယ်အမျိုးသမီး သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တယ်။
Star (n) = ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်
Eddie Murphy is one of the most successful stars in Holywood.
အက်ဒီမာဖီ ဟာ ဟောလီးဝုဒ်မှာ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တယ်။
Film star/ movie star (n) = ရုပ်ရှင်သရုပ်ဆောင်၊
Her real ambition is to be movie star, not just an actress on stage.
သူ(မ)ရဲ့ တကယ့်ရည်မှန်းချက်က ဇာတ်ခုံပေါ်မှာ မင်းသမီးတစ်ယောက်မျှသာ မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ဖို့ဖြစ်တယ်။
Cast (n) = ရုပ်ရှင်၊ ပြဇာတ်စသည်တို့၌ ပါဝင်သည့် သရုပ်ဆောင်အားလုံး၊
Films like “Ben Hur” were made with a cast of thousands.
ဘင်ဟား လို ရုပ်ရှင်ကားတွေကို သရုပ်ဆောင်ထောင်ပေါင်းးများစွာနဲ့ ရိုက်ကူးထုတ်လုပ်ခဲ့တယ်။
The entire cast of the play deserves praise for this performance.
ပြဇာတ်မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်အားလုံးဟာ ဒီသရုပ်ဆောင်မှုအတွက် ချီးကျူးခံထိုက်တယ်။
Actဝါကျတွေကိုလေ့လာကြည့်ပါဦး။
Play
Go on the stage
Act (v) = သရုပ်ဆောင်သည်။
In recent years Ko Ko Maung has been acting in television dramas.
မကြာသေးခင် နှစ်များအတွင်းမှာ ကိုကိုမောင် ဟာ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်လျှက် ရှိတယ်။
That woman just can’t act!
ဒီအမျိုးသမီး သရုပ်မဆောင်တတ်ဘူး။
Play (v) =ကပြ၊ သရုပ်ဆောင်သည်။
The roles of a wealthy man’s son and village girl were played by Aung Thu and Su Su Hlaing.
သူဌေးသားတစ်ယောက်ရဲ့ ကျေးတောသူတစ်ယောက်ရဲ့ အခန်းကဏ္ဍကို အောင်သူနဲ့စုစုလှိုင် တို့က သရုပ်ဆောင်ခဲ့ကြတယ်။
Go on the stage (V phrase) = ဇာတ်စင်ပေါ်တွင် ကပြဖျော်ဖြေသည်။
Tin Zar Khine’s parents did not want her to go on a stage.
တင်ဇာခိုင်ရဲ့ မိဘတွေက သူမကို ဇာတ်စင်ပေါ်မှာ ကပြဖျော်ဖြေတဲ့အလုပ်ကို မလုပ်စေချင်ဘူး။
Children need to be shown lots of love. (ကလေးတွေကို ချစ်ခြင်းမေတ္တာတရားပြသဖို့လိုတယ်)
I have a great love of music. (ကျွန်တော်ဂီတကို အလွန်မြတ်နိုးတယ်)
I give you this ring as a pledge of my everlasting love for you. (မင်းအပေါ်ထားရှိတဲ့ အမြဲတည်တံ့ခိုင်မြဲတဲ့ အချစ်ရဲ့အထိမ်းအမှတ်အဖြစ် ဒီလက်စွပ်ကို မင်းကိုငါ ပေးတာပါ)
They are nature Lovers. (သူတို့ဟာ သဘာဝကို ချစ်မြတ်နိုးသူများဖြစ်ကြတယ်)
They were friends before they became lovers. (သူတို့ချစ်သူတွေမဖြစ်ခင်က သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်)
She had a string of lovers before her marriage finally broke up.(သူ(မ)ရဲ့ အိမ်ထောင်ရေး နောက်ဆုံး မပြိုကွဲခင်က သူ(မ)မှာ ချစ်သူတွေအများကြီးရှိခဲ့တယ်)
He is a loveable child. (သူဟာ ချစ်စရာကလေးလေးပါ)
Her behavior is lovable. (သူမရဲ့အပြုအမူဟာ ချစ်စရာကောင်းတယ်)
Houses near industrial sites do not sell so quickly because they are regarded as unlovable. (စက်မှုလုပ်ငန်းနေရာအနီးအနားမှာရှိတဲ့အိမ်တွေဟာ မြန်မြန်အရောင်းမထွက်ကြဘူး၊ အကြောင်းကတော့ အဲ့ဒီအိမ်တွေဟာ နှစ်သက်စရာမကောင်းဘူးလို့ ယူဆကြလို့ပဲ)Loveless (Adj) = အချစ်မဲ့သော၊ အချစ်မရှိသော
A loveless life is a living death. (အချစ်မဲ့ ဘဝဟာ ရှင်လျှက်နဲ့သေနေတဲ့ဘဝပဲ)
She is a lovely girl. (သူ(မ)ဟာ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ)
It is a lovely evening.( နှစ်သက်စရာကောင်းတဲ့ ညနေခင်းပါ)
While I was away in a foreign Country, I missed my loving mother so much. (ကျနေ်ာ နိုင်ငံခြား မှာရှိနေစဉ် ချစ်စွာသော ကျနေ်ာ့မိခင်ကို အရမ်းသတိရခဲ့တယ်)
I am sure he loves his kids. (သူဟာ သူ့ကလေးတွေကိုချစ်တယ်ဆိုတာ ကျနော်အသေအချာသိတယ်)
Mother kissed her baby lovingly. (မိခင်က သူ့ကလေးကို ချစ်မြတ်နိုးစွာ နမ်းခဲ့တယ်)xxxxxxxxxxxxxxxxxxxxxxxxxxx
