RSS

၂၀၁၂ ကိုအပြုံးလေးများနဲ့  ကြိုဆိုလိုက်ကြရအောင်

၂၀၁၂ ကိုအပြုံးလေးများနဲ့  ကြိုဆိုလိုက်ကြရအောင်

လူတစ်ယောက်၏ ဘ၀မှာရှိရှိသမျှ အရာအားလုံးကို စိုးရိမ်ပူပန်နေမည်ဆိုပါက ထိုသူရဲ့ ဘ၀ဟာအ တော်ငြီးငွေ့ ပျင်းရိစရာကောင်းပေလိမ့်မယ်။နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်လို့  ကုန်မှန်းမသိအောင်သောက တွေ သိပ်များနေရင် လူဖြစ်ရကျိုးနပ်တယ်လို့ ဆိုနိုင်ပါ့မလား။
ဒါကြောင့် အလွန်တန်ဖိုးရှိလှတဲ့ ဘ၀ရဲ့ အချိန်တွေမှာ အာရုံတွေ ခံစားမနေတော့ဘဲ မကြာမီ ကူးပြောင်းတော့မယ့် နှစ်သစ် ၂၀၁၂ ကိုကြိုဆိုလိုက်ပါ။
ရယ်မောခြင်းဟာအသက်အရွယ်အားလုံးအတွက်အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ဒါ့အပြင်စိတ်ဖိစီးမှုကိုလည်း ပြေလျော့သွားစေပါတယ်။ ရောဂါတွေကို တိုက်ဖျက်တဲ့ ခုခံအားစနစ်ကိုတိုးမြှင့်ပေးတဲ့ အတွက် ကျန်းမာရေးပြဿနာတွေလည်းခံစားတော့မှာမဟုတ်ပါဘူး။
ရယ်မောခြင်းဟာမိမိကိုယ်ကိုယုံကြည်မှုလေးစားမှုတွေကို တိုးတက်စေပါတယ်။ ဖန်တီးနိုင်စွမ်းရည် ကို ပိုမိုကောင်းမွန်စေတဲ့ အပြင် သစ်လွင်သောအကြံဥာဏ်ကောင်းတွေပေါ်ထွက်လာစေပြီး မှတ်ဥာဏ်တွေ လည်းပိုမိုကောင်းမွန်လာစေပါတယ်။
မျက်နှာကြွက်သား လေ့ကျင့်ခန်း အတွက်ဆိုရင် ရယ်မောခြင်းဟာ အကောင်းဆုံးပါပဲ။ ရယ်မောခြင်းဟာ သင့်ရဲ့မျက်နှာကို လန်းဆန်းနုပျိုစေတယ်ဆိုတာ သက်သေပြခဲ့ကြပြီးဖြစ်ပါတယ်။
ရယ်မောခြင်းဟာ နှလုံးသားရေးရာအတွက်လည်းအကျိုးပြုပြန်ပါတယ်။မိန်းကလေးတွေဟာ သူတို့  ကိုရယ်မောပျော်ရွှင်စေတဲ့သူကိုသာနှစ်သက်ကြပါတယ်။နှလုံးသားထဲမှာဟာသဥာဏ်လေးကိန်းအောင်းနေကာ ပြဿနာတွေကို ရင်ဆိုင်နိုင်တဲ့ ယောင်္ကျားမျိုးကို သဘောကျတယ်။
ရယ်မောခြင်းဆိုတဲ့ သဘာဝဆေးတစ်ခွက်ရဲ့ အာနိသင်တွေကိုသင်ချစ်တဲ့မိသားစု၊သူငယ်ချင်းတွေ နဲ့  အတူမျှဝေရင်းနှစ်သစ်ကိုကြိုဆိုလိုက်ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment