RSS

အလင်္ကာည

“အလင်္ကာည”

အာကာတစ်ခွင်...တိမ်လွှာကင်းစင်
ပြည့်ဝန်းသာစွ....စန္ဒာယုန်ရှင်
မိုးယံနန်းတွင် ကြယ်စင်ရံခ
တင့်ရွှန်းလှသည် ညမွှေးပန်းနံ
ကြိုက်လှိုင်ကြသည်. ညရဲ့ပန်းချီ
လင်္ကာတေးဖွဲ့ ဆိုဘူးသည်။

တစ်ချိန်ကဆို ..သည်လိုညမျိုး
ချစ်သူချင်းဆုံ အပြုံးချင်းယှက်
နွေးထွေးခဲ့တဲ့ .အနမ်းပွင့်မျာုး
အကြင်နာစကား..ပြောခဲ့ဘူးသည်
ငယ်ချစ်ဦးရဲ့ ရင်ခွင်ထဲမှာ
မှေးစက်ခိုဝင်.. ချစ်ခြင်းပြိုင်ခဲ့သည်.

ခုတော့လည်းကွယ်...အလွမ်းနယ်မှာ
သာသည့်ညမှာ ကိုယ်တစ်ယောက်တည်း
ရှိုက်သံပင့်သက် ညဥ့်နက်လည်မှာ
တမ်းတမှန်းဆ လွမ်းတဲ့ညတွေ
အလင်္ကာရေး လွမ်းကဗျာရေးဖွဲ့ပါလေပြီ ။

ညအလင်္ကာ(၁၁.၁၀.၁၀)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment