RSS

"အိနြေ္ဒရှင် မိန်းကလေးတွေ"

(အိနြေ္ဒ) ဆိုသော စကားသည်အလွန်အဖိုးတန်လှဧ။်။
(အိနြေ္ဒ) ဆိုတဲ့ စကားကို ကြားတာနဲ့ ပိုင်ရှင်သည်
*ယောကျာင်္းလေးလား မိန်းကလေးလားဆိုတာ *
အထူးမေးစရာကို မလိုပါဘူး.........
*မိန်းကလေး* ဆိုတာ လူတိုင်း အသိပင်ဖြစ်ပါသည်။
မိန်းမတို့ဧ။် (အိနြေ္ဒ) ကို  စောင့်ရှောက်ထိန်းသိမ်းဖို့ရာ အထူးလိုအပ်ပါသည်။
အပျို မိန်းကလေးများဧ။် ကိုယ်ကျင့်တရား(၇)ပါးကို
ဗဟုသုတ ဖော်ပြပေးချင်ပါသည်။
  1. အရှက်အကြောက် ရှိရမည်။
  2. ရတနာသုံးပါး အတွက် နေ့ညမပျက် ဆောင်ရွက် အားထုတ်ရမည်။
  3. မိဘ၊ မောင်ဘွားကို အထူး ရိုသေလေးစားရမည်။
  4. မိခင်အလုပ် (အိမ်မှုကိစ္စ) ဟူသမျှကို တတ်ကျွမ်းကူညီနိုင်ရပါမည်။
  5. အတတ်ပညာ သင်ကြားခြင်းတို့ကို ပျင်းရိတွန့်တိုသော
     စိတ်ကို မထားဘဲ ၊ထကြွ လုံလ္လ ၀ီရီယရှိရပါမည်။
  6. ဆွေမျိုး၊မိတ်သင်္ဂဟ တို့ဧ။် ၀တ္တရားကို နားလည်ရမည်။
  7. (အိနြေ္ဒ) ၆ ပါး ကိုရိုသေစောင့်ထိန်းရမည်။

ကဲ ! သူငယ်ချင်းမိတ်ဆွေနှင့် မိန်းကလေးတို့ရေ ကိုယ့်ကိုကိုယ် စမ်းစစ်ကြည့်ကြပါအုံးဗျာ။
ငါတို့ ဘယ်နှစ်ချက်နဲ့ ကိုက်ညီလဲဆိုတာကို ပေါ့။ မိဘတွေ အနေနဲ့လဲ
 မိမိတို့ သားသမီးတွေကို ဒီအချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာကို လေ့လာကြည့်ပါ။
ယုံကြည်မှု အပြည့်နဲ့ လွတ်မထားပါနဲ့။ မိဘနဲ့သားသမီးဆိုတာ ကင်းကွာလွန်းရင် ဝေးလွန်းသွားရင်
*အဆိုးဘက်* ကိုဦးတည်လာလေ ဖြစ်တတ်ပါတယ်။
မိန်းကလေးအပျိုမတို့ရေ လမ်းမှားမရောက်ခင် တစ်ပါးသူတို့ ရဲ့ကဲ့ရဲ့မှု နဲ့ နှလုံးနာခြင်းကို မခံဘဲ
ချီးမွှမ်းချီးမြှောက်သံတွေကို အမြန်ဆုံး လက်ဝယ်ရောက်အောင် ယူလိုက်ကြပါတော့။
မိမိတစ်ယောက် အတွက်နဲ့ မိဘ မောင်နှစ်မတွေ လူသူကြားမှာ မျက်နှာမလှ ၊ မျက်နှာမပျက်
ရအောင် တန်ဖိုးရှိတဲ့ က္ကုနြေရှင် မိန်းမလှလေးတွေ ဖြစ်ဖို့ ထက်မြတ်တဲ့
မြန်မာမိန်းမလှလေးတွေ အဖြစ်နဲ့  ကမ္ဘာအလယ်မှာ တင့်တယ်အောင် နေပြလိုက်ကြရအောင်လို့ ဖော်ပြရင်း။



                                                                                
                                                   အားလုံးကို ခင်မင်စွာဖြင့်
                                                                          အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“စကားများသော လိပ်လိုအဖြစ်မျိုး”

“စကားများသော လိပ်လိုအဖြစ်မျိုး”
စကားပြောတတ်ခြင်းဟူသည် လူသားအားလုံးအား တိရစ္ဆာန်များနှင့် ကွဲပြားခြားနားစေသည့် အကြီးမားဆုံး လက္ခဏာတစ်ရပ်ပါ။
ဘယ်သူမှ မွေးကတည်းက စကားပြောတတ်လာသည်တော့မဟုတ်ပါ။ တစ်လုံးချင်း၊ တစ်ခွန်းချင်းမှစတင် ကာ နှစ်ရှည်လများ သင်ကြားပြီးကာမှ သူ့စကားကိုယ်နားလည် ကိုယ်စကားသူအဓိပ္ပါယ်ပေါက်လာသည့် အဆင့်သို့ရောက်ရှိလာတာပါ။
ဒီလိုနှင့်ပြီးသလားဆိုတော့……………….
အဓိပ္ပါယ်ရှိအောင်ပြောတတ်ရုံနှင့်လည်းမပြီး ၊ သင့်တင့်လျောက်ပတ်စွာ ပြောဆိုတတ်ဖို့ကလည်း လိုသေး သည်။ တစ်နည်းအားဖြင့် တတ်သည့်ပညာကို  လိမ်မာပါးနပ်စွာသုံးစွဲဖို့ (သို့) အပြောအဆိုဆင်ခြင်ဖို့ ဖြစ် သည်။ မဟုတ်လျှင် ပြောမိသည့်စကားကြောင့် အကျိုးရရှိမှုနည်းပါးပြီး ပြသာနာအငြင်းပွားမှုသာ များလာ နိုင်သည်။ လွှတ်ကနဲပြောလိုက်သောစကားတစ်ခွန်းကြောင့် တစ်ပါးသူကို ဆိုးဆိုးရွားရွားထိခိုက်နစ်နာနိုင် သလို မိမိအတွက်လည်းမကောင်းနိုင်ပါ။
ကျွန်တော်တို့ မြန်မာစကားမှာ စကားနှင့်ပတ်သက်ပြီး စကားပုံတောင်ရှိသေးသည်။
“ကြမ်းကျွံလျှင် နှုတ်လို့ရ၊
စကားကျွံလျှင် နှုတ်လို့မရ။”
ဒါ့အပြင်---------------
“ခြေထောက်ကိုမထိန်းနိုင်သဖြင့်၊
ငှက်တို့ပိုက်ကွန်တွင် မိကြ၏။
လျှာကိုမထိန်းနိုင်သဖြင့်၊
လူတို့ အန္တရာယ်တွင် ငြိကြ၏။” 
ဆိုပြီး  ရှေးလူကြီးတို့၏ ဆိုဆုံးမစကားတွေက မှတ်သားစရာပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာမှာ“ နှုတ်မစောင့်စည်းသော လိပ်” ဆိုပြီး
 သင်ခဲ့ဖူးကြပါတယ်။ နွားကျောင်းသားတို့ရဲ့ အော်ဟစ်ပြောဆိုမှုကြောင့် နှုတ်မစောင့်စည်းသဖြင့်လိပ် သေပွဲဝင်ရသည့် သာဓကမျိုး ဖတ်မှတ်လေ့လာဖူးခဲ့ပါသည်။

စကားအလွန်ပြောသူတို့သည်လည်း မိမိစကားနားထောင်သူတို့၏ စီမံဖန်တီးသမျှ ခံရတတ်သည့်အဖြစ်မျိုး ကြုံတွေရနိုင်သည့်ဟု ခံစားဖော်ပြရင်း။

ခင်မင်စွာဖြင့်
 ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တဒင်္ဂလေးမှ အမှတ်တရများဆီသို့

တဒင်္ဂလေးမှ အမှတ်တရများဆီသို့
ကျွန်တော် ကြားဖူးတဲ့ ဆိုရိုးစကားတစ်ခွန်းရှိတယ်။ ဘယ်သူပြောခဲ့မှန်းတော့မသိဘူး။ လူတွေက နေ့စွဲရက် စွဲတွေ ကို မှတ်မိတာမဟုတ်ဘူးတဲ့။ လူတွေတကယ်မှတ်မိတာက အခိုက်အတန့်တွေသာဖြစ်တယ်။ ဆိုတဲ့ စကား တစ်ခွန်းပါပဲ။ ကျွန်တော်တို့တွေ   နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတတ်တဲ့ အသေးအဖွဲ့ပျော်ရွှင်ချမ်းမြေ့ စရာကလေးတွေကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေထဲမှာမှ အပြစ်ကင်း တဲ့ အသေးအဖွဲ့ ပျော်ရွှင်ချမ်းမြေ့မှုကလေးတွေကိုခံစားသာယာရတဲ့အခိုက်အတန့်လေးတွေ ပါဝင်ပါတယ်။
အဲ့ဒီအခိုက်အတန့်မှ ကျနော်မှတ်မိနေတာက ….. ………..
အဲ့ဒီတစ်နေ့……….. တိတိကျကျပြောရသော် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်၊ နေပြည်တော်-မန္တလေး ခရီးစဉ် ထွက်ခဲ့ခြင်းဖြစ်သည်။
မနက်(၅.၃၀) ကြယ်စင်ဟိန်း Express ကားဖြင့် မန္တလေးသို့ လမ်းဟောင်းမှထွက်ခဲ့ခြင်းဖြစ်သည်။ လမ်းတွင် အဆင်ပြေချောမွေ့ပါစေလို့ဆုတောင်းခဲ့သော်လည်း ကားဘီးပေါက်ခြင်း၊ ကလပ်ဘရိတ်ပေါက်ခြင်း၊ Toll-gate တွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းတို့ဖြင့်  မန္တလေးကျွဲဆည်ကန်ကားဂိတ်သို့ နေ့လည် 14:35 အချိန်တွင် အောင်မြင်စွာ ဆိုက်ရောက်ခဲ့ပါသည်။
          ကျွဲဆန်ကန် ကားဂိတ်မှ ကျွန်တော်သွားလိုရာ ငွေကျားတိုက် (Opple lighting) သို့ လိုင်းကားဖြင့် သွားရောက်ခဲ့ပြီး၎င်းကုမ္ပဏီတွင်ညီမဖြစ်သူအားအလုပ်သွင်းပေးခဲ့သောမလပြည့်ဝန်း(lapyaewunmdy)
နှင့်တွေ့ဆုံခဲ့ပါသည်။ မလပြည့်ဝန်းနှင့် အွန်လိုင်းမှခင်မင်ခဲ့ရာတွင် အချိန်အတိုင်း အတာအားဖြင့် ကြာမြင့်ခဲ့ပါပြီ၊ မောင်ရင်း တစ်ယောက် လို့ ခင်မင်မှုကြာလာသည်နှင့်အမျှ  အစ်မ တစ်ယောက်လို သည်းခံနားလည်မှုအပြည့်နှင့်  ကျွန်တော့်အပေါ် အရမ်းဂရုစိုက်ခဲ့ပါသည်။ ကျနော်ရေးသမျှ စာအားလုံး ကို ဝေဖန်အကြံပေးခဲ့သလို့ လမ်းညွှန်မှုလည်းပေးခဲ့ပါသည်။ အခုတွေ့ဆုံခြင်း ဟာ အပြင်မှာ ပထမဆုံးတွေ့ဆုံ  ခြင်းဖြစ်ပါသည်
ကျနော်ရောက်ရှိချိန်အတွင်း ကျွန်တော့်အတွက်သာမက ညီမဖြစ်သူအတွက်ပါ လိုလေသေးမရှိ အစစ အရာရာကူညီဆောင်ရွက်ပေးခဲ့သဖြင့်ဒီစာမျက်နှာမှကျေးဇူးတင်ရှိပါကြောင်းဖော်ပြလိုပါသည်။
အချိန်ကြည့်တော့ ညနေ 17:30 ၊ ကျနော်ပြန်မယ်လုပ်တော့ ဖုန်းသံမြည်လာတယ်။ ဘယ်သူလဲကြည့်တော့ ကိုကိုးအိမ် (http://www.kokoeaimmdy.info/) ဖုန်းဆက်တော့ သူလာခဲ့မယ်ဆိုလို့  ကျနော် ဆက်ပြီး စောင့်မျှော်နေမိတယ်။. အဲ့ဒါနဲ့ ကိုကိုးအိမ် ဆိုတာက အွန်လိုင်းကနေစာပေးရေးရင်းခင်မင်တွေ့ဆုံလာတာ။ သူနဲ့လည်းတစ်ခါမှမတွေ့ဘူးသေး။ အွန်လိုင်းမှာတော့စာဖတ်ရင်းနဲ့ ဓါတ်ပုံတွေတော့မြင်ဘူးပါတယ် ။ ဒါပေမဲ့ အပြင်မှာက ဘယ်လိုလဲဆိုတာမသိ။။ ဟော.. စောင့်ရင်းနဲ့ (10)မိနစ်လောက်ကြတော့ သူရောက်ချ လာ၏။ လမ်းမှာစကားရပ်မပြောပဲ ကျနော်တို့စကားပြောမိတ်ဆက်ကြဖို့ လက်ဖက်ရည်ဆိုင်ကိုရွေးချယ် လိုက်တယ်။ “အောင်ကြယ်စင်” လက်ဖက်ရည်ဆိုင် ထဲသို့ဝင်ထိုင်ပြိး စကားပြောမိတ်ဆက်ကြတော့မှ
တစ်ယောက်အကြောင်းတစ်ယောက်ပိုမိုသိလာကြတော့၏။ ကိုကိုးအိမ် ဆိုတာက သဘောကောင်းဖော်ရွေ တယ်၊ အသက်ငယ်ရွယ်ပင်သော်ငြား။ ဥပဒေအတိုင်ပင်ခံရှေ့နေအဖြစ်အလုပ်လုပ်နေသူ၊ သူ့ရဲ့အတွေ့ အကြုံအဖြစ်အပျက်၊ ခံစားချက်တွေကိုလည်း ကလောင်သွားဖြင့် ဖော်ပြကျူးရစ်နေသူတစ်ယောက်။ အဲ့ဒီလိုစကားပြောကြရင်း ကျနော်ပြန်မယ်လုပ်တော့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြသည့်

ပြန်မယ့်အချိန်ကလည်းနီးကပ်နေတော့စကားပြောရတာအားမရ၊ ကျနော်က နေပြည်တော်ကို ည (20.30) ကားနဲ့ ကားလက်မှတ်ဖြတ်ထားတာ။ အချိန်ကနီးကပ်နေပြီ။ ဘာပဲဖြစ်ဖြစ်။ ဒီပျော်ရွင်ချမ်းမြေ့မှု အခိုက်အတန့်ကလေးတွေကို သတိတရနဲ့ ခံစားနိုင်လောက်အောင် အချိန်လုံလောက် ရှိဖို့ပဲလိုပါတယ်။
အချိန်လုံလောက်သာရှိရင် ကျနော်အနေဖြင့် ဒီထက်မက အစ်မဖြစ်သူ မလပြည့်ဝန်း နှင့် ကိုကိုးအိမ်တို့ကို  စကားတွေ ဖောင်ဖွဲ့ပြောချင်နေပါသေးသည်။

ခင်မင်မှုများစွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Give & Take

Give & Take
ကျွန်တော်တို့ပတ်ဝန်းကျင်တွင် လူမှုရေးအခြေခံပေါင်းသင်းဆက်ဆံမှု အလွန်အမင်းများပြားလာ သည်နှင့်အမျှ မိတ်ဆွေသူငယ်အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ မိသားစုအချင်းချင်း ခင်မင်မှု အတိုင်းအတာအရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးကြပါသည်။ ထိုသို့လက်ဆောင်ပေးကြရာ တွင်လည်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းများအချင်းချင်း လက်ဆောင်ပေးခြင်းက အနှောင်အဖွဲ့ကင်းမည် ဟုထင်ရသလို၊ တစ်ချို့ကျတော့လည်းပစ္စည်းတန်ဖိုးကြည့်ပြီးပြန်ပေးတက်ကြပြီး၊“သူကဒီပစ္စည်းလေးပေးတာ၊
ငါလည်းဒီတန်ဖိုးလောက်ရှိတဲ့ပစ္စည်းလေး ပြန်ပေးလိုက်ဦးမယ်” ဆိုတဲ့ စိတ်အတွေးလေးများကိုယ်စီရှိကြ ပါတယ်။
ဒီလို ခင်မင်မှုအတိုင်းအတာအရ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်အပြန်အလှန်ပေးကမ်း ကြရာမှ ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံနေရာသော ကုမ္ပဏီဝန်ထမ်းများအဖို့လည်း  ထိုသူတို့နှင့် လက်ဆောင်ပေးခြင်းမျိုးတွေရှိလာကြရပြန်တယ်။ မိတ်ဖက်ကုမ္ပဏီအချင်းချင်း လက်ဆောင် အပြန်အလှန် ပေးကြသည့်အပြင်၊ နိုင်ငံခြားကုမ္ပဏီများကလည်း အပြန်အလှန်ပေးပို့ကြပါသည်။ ထိုမှတဆင့် ကုမ္ပဏီ တွေက ဌာနဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်သောလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်း မှာ ဘယ်ဌာနက ဘယ်သူက လုပ်ပိုင်ခွင့်ရှိလဲ?? လုပ်ပိုင်ခွင့်ရှိတဲ့သူကို  ၀င်ထွက်သွားလာမှုရအောင် နည်းမျိုးစုံသုံးလာကြသလို ရင်းနှီးကျွမ်းဝင်မှုရရန် အခွင့်အရေးတွေများစွာ ကုမ္ပဏီတွေကပေးလာကြသည်။ ပစ္စည်းမျိုးစုံ အမျိုးအစားစုံလင်အောင် ပေးကမ်းကြလာပါသည်။
ကုမ္ပဏီနှင့်သက်ဆိုင်သော လုပ်ငန်းများအဆင်ပြေစေရန် ငွေကြေးအတန်အသင့်သုံးစွဲခဲ့ရသလို၊ လုပ်ငန်းအကြီးအသေးပေါ်မူတည်ပြီး အနည်းအများသာ ကွာခြားလှပါသည်။ ကုမ္ပဏီတွင် လုပ်ကိုင်သော ၀န်ထမ်းများအဖို့လည်း ဌာနဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်ရသည့်အခါ ကုမ္ပဏီအတွက် ဆောင်ရွက်ပေးသောဌာနဆိုင်ရာဝန်ထမ်းအတွက် လက်ဖက်ရည်အတူထိုင်သောက်ရင်း လုပ်ငန်း အကြောင်းဆွေးနွေးပြောရင်း အလုပ်အဆင်ပြေ ချော့မွေ့က ကျေနပ်ဝမ်းသာမိကြသည်။  ၄င်းလိုသော ပစ္စည်းများကိုလည်း ကုမ္ပဏီ မှငွေဖြင့် ဖြည့်တင်းပေးကြသည်။ ထိုသို့ အလုပ်ကိစ္စများကို ဌာနဆိုင်ရာများ နှင့် ဆက်ဆံဆောင်ရွက်လုပ်ကိုင်နေရချိန်မျိုးတွင့် အသေးအဖွဲကိစ္စဖြစ်ပါစေ၊ မိမိဌာနလုပ်ငန်းပိုင်းမှ ၀န်ထမ်းမရှိပါက အခြားဝန်ထမ်းကလည်း ၀င်ရောက်လုပ်ကိုင်နိုင်သည့်တိုင်အောင် အကူအညီမပေးပဲ မသိလိုက်မသိဘာသာ နေတတ်ကြပါသေးသည်။ လုပ်ငန်းအဆင်ပြေစေရန်အတွက် ကုမ္ပဏီနှင့်ဌာနဆိုင်ရာ ဆက်ဆံရေးကို ကျွန်တော့်အနေ ဖြင့် ဒီလိုမြင်ပါသည်။





သူ့အတိုင်းအတာ သူ့Level နှင့်သူ ကုမ္ပဏီတာဝန်ရှိသူမှ ၀င်ရောက်တွေ့ဆုံဆွေးနွေးညှိနှိုင်း ကြပါသည်။ တွေ့ဆုံတဲ့အခါ မိန်းကလေးမှပြောဆိုဆက်ဆံမှအဆင်ပြေမယ်ဆိုရင် ကုမ္ပဏီမှ အချောအလှ မိန်းကလေးတွေကိုလွှတ်ပြီး ၀င်ရောက်တွေ့ဆုံခိုင်းကြပါသည်။ (အဲ့ဒါမှ အဆင်ပြေမှာကို…) ဒါမှသာ ကုမ္ပဏီဝန်ထမ်းတွေအနေဖြင့် ဌာနဆိုင်ရာဝင်ထွက်သွားလာရာတွင် ဘယ်ကုမ္ပဏီက ဘယ်သူတွေပါဆိုရင် အဆင်ပြေမှုများစွာရရှိလာကြပါတယ်။  ဌာနဆိုင်ရာ ၀င်ထွက်သွားလာရာတွင်လည်း ဘယ်နေရာမဆို သူ့အထာနှင့်သူ ၊ သူလမ်းကြောင်းနှင့်သူ၊ ပေးကမ်းကြရင်း ၀င်ထွက်သွားနေကြရသလို၊ တစ်ချို့ကျတော့ လည်း ထိုသို့ပေးကမ်းကြရာတွင်လည်း လက်မခံချင်၊ လက်ခံချင်သလို၊ ဒီလိုနှင့် တဖြည်းဖြည်း ကုမ္ပဏီ တွေဆီကလက်ခံလာတက်ကြသလို ဘယ်လိုကြံဖန်ရမှန်းသိလာသည့်နောက်ပိုင်း ပါးစပ်မှတောင်းခံတတ် လာသည့် အထိ ဖြစ်လာတော့သည်။
ဒီလိုတောင်းဆိုတတ်လာသော ကုမ္ပဏီတွေကလည်း Give & Take သဘောဖြင့် ဆောင်ရွက်လာ ကြသည်။ ဒါကိုဆောင်ရွက်ပေးပါ။ ရော့…ဒါကိုယူပါပေါ့။။
ဌာနဆိုင်ရာတစ်ခုထဲမဟုတ်ပါ။ နေရာတိုင်းမှာရှိပါသည်။
Give & Take ကို အပေးရှိလို့အယူရှိတာလား။ အယူရှိလို့အပေးရှိတာလား  ကျနော်လည်း မသိတော့ပါ။
လက်ခုပ်သံသည် လက်နှစ်ဖက်တီးမှမြည်နိုင်သလို Give & Take သည်လည်းပေးသူယူသူ နှစ်ဦးနှစ်ဖက် ရှိမှ ဖြစ်မြောက်နိုင်ပေကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

အားလုံးကို ခင်မင်စွာဖြင့်
ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“လူတွေရဲ့ ဘက်လိုက်တတ်တဲ့သဘာဝ”

လူတွေမှာ အစွဲကလေးတွေ ရှိတတ်ကြသည်။
အယူအဆအစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ စသည်ဖြင့်။ အဲ့သည့်အထဲမှာ အားအကြီးဆုံးက ငါစွဲ။

ကိုယ့်ဘာသာကိုယ်တော့ “မျှမျှတတ မှန်မှန်ကန်ကန်မြင်သည်” ဟု ထင်တတ်ကြသည်။ သို့သော် ပြောရာ ဆိုရာ လုပ်ကိုင်ရာများမှာ သတိထားပြီးကြည့်လျှင် တစ်ဖက်ဖက်က လိုက်နေမိတာတွေ၊ အစွဲကလေးနဲ့ ဆုံးဖြတ်မိတာတွေရှိနေတာ တွေ့ရလိမ့်မည်။
လူတွေမှာ ရှိတတ်ကြသည့် အဲ့သည့်သဘောကို Tom Knight ဆိုသော ပုဂ္ဂိုလ်က အခုလိုရေးသည်။

စဉ်းစားကြည့်ရင် ရယ်စရာဗျ။
ဟိုလူ အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီး လုပ်နေရင် သိပ်နှေးကွေးတဲ့လူလို့ ပြောတယ်။
ကိုယ်ကြာနေရင်တော့ အဲ့ဒါစေ့စပ်သေချာတာ၊ တဲ့။

ကိစ္စတစ်ခုဟိုလူမလုပ်ရင် ပျင်းတာ။
ကိုယ်မလုပ်တာက အလုပ်များလို့။

ကိစ္စတစ်ခုကို သူလုပ်ပါမပြောဘဲနဲ့ ဟိုလူထလုပ်ရင် အဲ့ဒီလူ ဘောင်ကျော်တာ။
ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လပ်မြင်တာ။ လုပ်သင့်တဲ့အလုပ်ကို ကိုယ်ဥာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီး လုပ်တတ်တာ။

ဟိုလူက သူ့အယူအဆကို အကြောက်အကန်ပြောနေရင် အဲ့ဒါ တစ်ဇောက်ကန်း၊ တစ်ယူသန်။
ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာ.

အစဉ်အလာကျင့်ဝတ်စည်းကမ်း တစ်ခုတစ်လေ ဟိုလူချိုးဖောက်ရင် အဲ့ဒီလူ ယဉ်ကျေးမှုမရှိတာ။
ကိုယ်ဂရုမစိုက်ခဲ့ရင် …ဟာ…မရဘူး..ကျွန်တော်က ကိုယ့်ပုံစံနဲ့ကိုယ်ပဲ။….တဲ့။

လူတော်တော်များများ အဲ့သည့်အတိုင်းပဲလို့ စာဖတ်သူ ကော ထင်မြင်မိပါလား။ မိမိကိုယ်တိုင်ကော ဘယ်လို ရှိကြလဲ၊????။ မေးရင်းနဲ့ ဖြေပေးကြဦးနော်။ ကျနော်ကိုပြန်မေးရင်လည်း ထိုနည်းလည်းကောင်းပါပဲ။


ဆရာဖေမြင့်- “စာဖတ်သမား၏ မှတ်စုများ စာအုပ်”မှ ကောက်နှုတ်ဖော်ပြပါသည်။

အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နည်းစနစ်ကျစွာ စာရေးသားခြင်း.

ကျွန်တော်သည် ယနေ့အချိန်အထိ စာရေးကောင်းသူတစ်ဦး မဟုတ်သေးပါ။ စာတစ်ပုဒ်ကို စနစ်တကျနှင့် ရေးတတ်လာနိုင်ရန်အတွက် ကြိုးစားဆဲအဆင့်သာဖြစ်ပါသည်။ ယခုရေးမည့်စာသည်လည်း စာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို စနစ်တကျရေးသားနိုင်စေဖို့ ကြိုးစားနေသူတစ်ဦးမှ၊ မိမိနှင့် ဘဝတူကြိုးစားနေသူများ ထံ၊ ဖတ်မှတ်မိသမျှကို ပြန်လည်မျှဝေခြင်း အနေဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။

မိမိရေးသားလိုက်သော စာတစ်ပုဒ်အား စနစ်တကျနှင့် မိမိ၏ စာဖတ်သူမှ မဖတ်ခင်တွင် ဖတ်ချင်လာအောင်၊ ဖတ်နေဆဲတွင် ဆက်ပြီးဖတ်ချင်အောင်၊ ဖတ်ပြီးလျှင်လည်း စွဲနေအောင် လုပ်ဆောင်နိုင်ရန်တို့မှာ စာရေးသူ တို့၏ တာဝန်ဖြစ်ပါသည်။ ထိုသို့ရေးသားရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သည်ကတော့ သေချာပါသည်။ သာမာန်လူများအဖို့ ခက်ခဲလွန်းပြီး၊ ပါရမီရှင်များမှသာ ထိုသို့ရေးသားနိုင်ခြင်းမျိုးတော့ မဟုတ်ပါ။ အောက်ပါ အတိုင်း လေ့ကျင့်ရေးသားသွားလျှင်တော့ အတိုင်းအတာတစ်ခုအထိ တိုးတက်လာပါလိမ့်မည် ထင်ပါသည်။

ဖွဲ့စည်းပုံ နည်းစနစ်ကျပါစေ

ငယ်ငယ်တုန်းက ကျွန်တော်တို့ မြန်မာစာ စာစီစာကုံး၊ ဒါမှမဟုတ် အင်္ဂလိပ်စာ Essay & Letter ရေးရင် သူ့သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံနဲ့ဘဲရေးခဲ့ရပါတယ်။ အဲဒီ့လိုပါဘဲ ဘယ်လိုစာအမျိုးအစားဘဲရေးရေး သူ့ဖွဲ့စည်းပုံနဲ့သူ စနစ်တကျရေးရမှာပါ။ စာအမျိုးအစား အားလုံးအတွက် ယေဘူယျပြောရရင်တော့ နိဒါန်း၊ စာကိုယ်၊ နိဂုံးပေါ့။ သင့်တော်တဲ့ အစချီပေးရပါမယ်၊ ပြီးရင် စာကိုယ်ပိုင်းကို စာပိုဒ်လေးတွေ ပိုင်းပြီးရေးရပါမယ်။ ဘယ်သူမှ စာပိုဒ်မခွဲဘဲ ရေးထားတဲ့ စာကိုစိတ်ရှည်ရှည်နဲ့ဖတ်မှာ မဟုတ်ပါဘူး။ စာပိုဒ်တစ်ခုဆီဟာလည်း သက်ဆိုင်ရာအကြောင်းအရာ တစ်ခုစီကိုကိုယ်စားပြုရပါမယ်။ မသက်ဆိုင်တဲ့ အကြောင်းအရာအများကြီးကို ရောထွေးပြီး၊ စာပိုဒ်တစ်ခုထဲမှာ ထည့်ခြင်းမျိုးကို ရှောင်ရှားရပါမယ်။ စာပိုဒ်တစ်ခုစီဟာ တိုပြီး၊ တိကျ၊ ထိရောက်ရပါမယ်။

စာစီရာမှာ စာပိုဒ်ခွဲရုံနဲ့တင်မလုံလောက်ပါဘူး။ စာပိုဒ်တစ်ပိုဒ်ဆီကို သင့်လျော်ရာခေါင်းစဉ်တပ်ပြီး ရေးသားပေးရပါမယ်။ ထိုသို့ခေါင်းစဉ်တပ်ပေးခြင်းဟာ စာဖတ်သူအတွက် ထိုစာပိုဒ်ကို မဖတ်ခင်မှာ၊ စာပိုဒ်နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ခြုံငုံမိစေပြီး စိတ်ထဲစွဲစေလို့ပါဘဲ။ ခေါင်းစဉ်များဟာလည်း ထင်ထင်ရှားရှားရှိရပါမယ်။ (ဥပမာ- စာလုံးကိုထင်းအောင် လုပ်ထားစေခြင်း (သို့) font-size ကိုကြီးထားခြင်း။) မျဉ်းသားခြင်းကိုတော့ ရှောင်ရှားရမှာဖြစ်ပါတယ်။ ခေါင်းစဉ်ကို မပေါ်လွင်စေဘဲ ပိုရှုပ်သွားစေတတ်ပါတယ်။

အချိန်ရမယ်ဆိုရင် စာပိုဒ်များကို ခေါင်းစဉ်တပ်ရုံတင်မက၊ စာပိုဒ်ထဲမှာရှိတဲ့ အချို့သော ထင်ရှားစေချင်တဲ့ စာလုံးတွေကို bold (သို့မဟုတ်) italic လုပ်သင့်ပါတယ်။ ထိုသို့လုပ်ပေးခြင်းအားဖြင့် စာပိုဒ်မှာပါဝင်တဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကို၊ စာဖတ်သူအနေနဲ့ မှတ်မိရ၊ ရှာဖွေရလွယ်စေပါတယ်။ အထူးသဖြင့် စာဖတ်မြန်သူ(speed-reader)များလို စာတစ်ပုဒ်ကို ရှပ်သွားကျော်သွား ဖတ်ရင်း၊ တကယ့်ချက်ကောင်း နေရာတွေ့မှ အမိအရ အသေအချာဖတ်တတ်သူတို့အတွက် အလွန်အဆင်ပြေစေပါသည်။ Online စာဖတ်ပရိသတ်အများစုသည် ထိုသို့သောသူများ ဖြစ်မည်ဟုထင်ပါတယ်။

Myanmar Online Community မှာ စာတစ်ပုဒ်ကို ဖွဲ့စည်းပုံစနစ်ကျကျနဲ့ ရေးသားလေ့ရှိသူတစ်ဦးကတော့ Myanmar Tutorials မှ ကိုသီဟ ဖြစ်ပါတယ်။ အခြားသောသူတွေလည်းရှိပါသေးတယ်။

တိုနိုင်သမျှတိုပါစေ

ကျမ်း၊ ဝတ္ထု၊ အတ္ထုပ္ပတ္တိ စသည်တို့ကလွဲပြီး၊ အခြားစာတို့ကို မည်သူမျှ အရှည်ကြီး ဖတ်ချင်မည်မဟုတ်ပါ။ ထို့ကြောင့် စာတစ်ပုဒ်ကို တတ်နိုင်သမျှ တိုတိုရေးပါနဲ့။ လွယ်လွယ်ကူကူ ဖတ်နိုင်ပြီးတော့၊ တကယ်ပေးချင် တဲ့ အချက်ကို ထိထိမိမိထည့်သွင်းရေးပါ။ ဘယ်လိုမှ မတတ်နိုင်ပါက သက်ဆိုင်ရာ အကြောင်းအရာ အလိုက် အခန်းဆက်အနေဖြင့် ခွဲရေးပါ။

အချိန်ယူပါ

စာရေးသူတိုင်းအတွက် အလွန်အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဘယ်လိုအချိန်မှာဘဲ ဖြစ်ဖြစ်၊ ဘယ်လိုစာမျိုးကိုဘဲဖြစ်ဖြစ် ပြီးစလွယ်မရေးပါနဲ့။ စာတစ်ပုဒ်ကို မရေးခင်မှာ လုံလောက်တဲ့ အချက်အလက်စုဆောင်းပြီး၊ ရေးနေစဉ်မှာလည်း အကောင်းဆုံးသော အချက်အလက်တွေ ပါဝင်အောင်တည်းဖြတ်ပြီး၊ ရေးပြီးသွားရင်လည်း နှစ်ခါထက်မနည်းအောင် ပြန်ဖတ်ပြီး၊ ပြန်ပြင်ဆင်သင့်ပါတယ်။ ယနေ့အလွန်ကောင်းသော၊ အောင်မြင်သော ဆောင်းပါးများသည် တိုပါသည်၊ (၅)မိနစ်၊ (၁၀) မိနစ်မျှသည်ပင် ထိုစာများကို ဖတ်ရှုရန်လုံလောက်ပါသည်၊ သို့သော် ထိုဆောင်းပါးများသည်၊ အနည်းဆုံး ၂ နာရီခန့်အချိန်ယူကာ ရေးသားထားကြသည်ချည်း ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် စာတစ်ပုဒ်ပြီးရန် တစ်လ၊ နှစ်လမျှပင် အချိန်ယူရတတ်ပါသည်။

အချုပ်အားဖြင့်ပြောရရင် စာကောင်းတစ်ပုဒ်ကို စနစ်တကျရေးတတ်ဖို့ မလွယ်ကူလှပါ။ အပေါ်တွင်ရေးခဲ့သော အချက်များသည်လည်း၊ တကယ့်လိုအပ်ချက်များထဲမှ ကောက်နုတ်ထားချက် အချို့သာဖြစ်ပါတယ်။ ထိုအချက်အချို့ကိုပင် ပြည့်စုံအောင်လုပ်ဖို့ရာ မလွယ်ကူလှပါ။ စာများများဖတ်ပါ၊ အခြားသောသူတွေရဲ့ ရေးနည်း၊ ရေးဟန်များကို ဂရုစိုက်လေ့လာကြည့်ပါ။ ထို့နောက်မှာတော့ အထက်ပါအချက်များအတိုင်း အချိန်ယူလေ့ကျင့်ပြီး၊ တစ်စိုက်မတ်မတ် လေ့ကျင့်သွားလျှင် တစ်နေ့မှာ စာကောင်းပေကောင်းများကို စနစ်တကျနဲ့ ရေးသားတတ်လာပါလိမ့်မယ်။

ကျွန်တော်ပြောခဲ့တဲ့အတိုင်းဘဲ စာကောင်းတစ်ပုဒ်ရဖို့၊ အထက်ပါအချက်အလက်တွေနဲ့ ပြည့်စုံဖို့ မလွယ်ကူပါဘူး၊ အခုရေးသားထားတဲ့ စာဟာဆိုရင်လည်း ပြည့်စုံလုံလောက်မှုမရှိသေးပါဘူး။ အကယ်လို့ စာဖတ်သူအနေနဲ့၊ လိုအပ်ချက် တစ်စုံတစ်ရာတွေ့ပါက၊ ထပ်မံပေါင်းထည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

G talk အကောင့် ဘာကြောင့်ပျောက်

G talk အကောင့် ဘာကြောင့်ပျောက်

တကယ်တမ်းတော့ ကျွန်တော်တို့အကောင့်ကို ဘယ်သူမှမခိုးပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲ လုပ်နေကြတာပါ။ တစ်ခါတစ်ခါ မသိလိုက်ပဲပိတ်ဖို့မေ့ကျန်ခဲ့တတ်ကြပါတယ်။

ပထမအချက်က-

Gmail ပိတ်ဖို့မေ့ခဲ့တာ(သို့မဟုတ်) Remember password ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှ ကျန်ခဲ့တက်ပါတယ်။ Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး။

Password Viewer Software တွေရယ် password-recovery-for-google တွေကိုအသုံးပြုရပါတယ်။

ဒုတိယအချက်က-

Key Logger တွေကိုအသုံးပြုပြီး Password ကို ခိုးယူခဲ့ကြပါတယ်။ တစ်ချို့ အင်တာနက်ဆိုင်တွေမှာတော့ Key logger ကို စက်ထဲ ထည့်သွင်းထားပြီး User တွေရဲ့ Password တွေကို ယူတတ်ကြပါတယ်။

အခုနောက်ပိုင်းခေတ်စားလာတာက Phishing နည်းပညာလို့ခေါ်ပါတယ်။

အဲ့ဒါကတော့ Gmail Home page အတုတွေ ရယ်၊ Gmail inbox ထဲဝင်လာတဲ့ Mail မှာ Recover လုပ်မလား ဆိုတဲ့ Fade mailကို သွားဖွင့်ပီးတော့ User-name နဲ့ Password ကိုထည့်ပေးလိုက်မိရင် မိမိရဲ့ အကောင့်ကို တစ်ခြားသူက သိရှိသွားနိုင်တဲ့အကြောင်းအရာတွေပါ။

ကျနော့်အကောင့်ဘာကြောင့် ပျောက်ရတာလဲဆိုတော့- ကျနော်က blogspot ရေးပါတယ် ပြိးတော့ Youtube က နည်းပညာနဲ့ပတ်သတ်တဲ့သတင်းတွေကိုဖတ်ပါတယ်။ တစ်ချို့ဆိုက်တွေကို မြန်မာပြည်ကပိတ်ထားတော့ US Proxy ကို ၀ယ်ပြီး ပြောင်းသုံးပါတယ်။ ဒါမှ ကျော်ကြည့်လို့ရမယ် အသုံးချလို့ရမှာကို……….

ပုံမှန် လုပ်တဲ့အလုပ်တွေကို မြန်မာ Proxy နဲ့သုံးပါတယ် ပြီးတော့ ကျော်ပြီးသုံးရတော့မယ်ဆိုရင် US Proxy ကို သုံးမိလိုက်တယ် အဲ့ဒီတော့ ခုနကအသုံးပြုတုန်းက မြန်မာ Ip Address နဲ့၊ အခုချက်ခြင်းပဲ US IP ကို ပြောင်းသွားတာဆိုတော့ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပြီး ဖြတ်လိုက်တယ်လို့ ထင်ပါတယ်။ အဲ့ဒီတော့အကောင့်လေးက ပျက်သွားရော။ အကယ်၍ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး (၂)နာရီခြားပါ ။ By Pass Program တွေဖြစ်တဲ့ Freedom တို့လိုမျိုးသုံးလည်းအတူတူပါပဲ ဆင်ခြင်နိုင်အောင် လို့ပါ။

Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ။ ပြီးမှ ပြန်ဖွင့်ကြည့်ပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရခဲ့ပါတယ် ။

Disable ဖြစ်သွားခဲ့ရင် အကူအညီတောင်းခံရမည့်နေရာကို သွားမယ့်လင့်လေးပါ နှိပ်လိုက်ပါ

Gmail မှာ လုံခြုံရေးစနစ် အဓိက (၃)ခုရှိပါတယ်။ Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခု ဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်း (၃)နည်း ရှိပါတယ်

(၁) Gmail Recover လုပ်ထားပါ
ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ။ Gmail Recover လုပ်မယ်ဆိုရင် အကောင့်နှစ်ခုပိုင်ဆိုင်ထားရမှာဖြစ်ပြီး အကောင့်အချင်းချင်း Recover ပေးထားလို့ ရပါတယ်။

(၂) Answer your security question

Answer your security question ကတော့ Password ကို အရင်ပေးထားတဲ့ Security Question အသစ် ကို ပြောင်းတာဖြစ်ပါတယ်။

(၃) I no longer have access to these
အပေါ်ကပေးထားတဲ့နည်းအတိုင်းမရပါက နောက်ဆုံးလုပ်ဆောင်ရမည့်အပိုင်းဖြစ်ပါသည်။(အသေးစိတ်လွန်းပါသည်)

မှတ်ချက်။ ဖြစ်နိုင်ရင်တော့အဆင့်တစ်ဆင့်လုပ်ပြီးတိုင်း (၂၄)နာရီ ခြားပေးပါ။မရတဲ့အခါမှ နောက်တစ်ဆင့်လုပ်ပါ.

ရှင်းလင်းချက် (၁) Gmail Recover လုပ်ထားပါ

မိမိ၏ ဂျီမေလ်း password မေ့သွားခဲ့လျှင် password recovery options ကိုအသုံးပြုပြီး password reset လုပ်နိုင်ပါ သည်။ Password reset လုပ်ရာတွင် Email Optoions / Phone Option နှင့် Security Option များစသည်ထဲမှ တစ်ခုခု ကိုအသုံးပြုပါသည်။ အသုံးအများဆုံး password recovery option ကတော့ Email option ကို ပဲ အသုံးပြုပါသည်။ (ရှင်းလင်းချက်ကိုကြည့်ပါ)

(Recovering Your Password လုပ်ရန်မေလ်းအား whitecloud12909@gmail.com အဖြစ် နမူနာထားပါမည်။)

(1) မိမိ Password recovery လုပ်ချင်သောဂျီမေလ်း ကို Sign in လုပ်ပါ။

(ဥပမာ nyaalinkarr@gmail.com)

(2) Gmail setting / Accounts and Imports / Change account setting မှ Change password recovery options ကို အဆင့်ဆင့် Click ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမည်။



ဝိုင်းပြထားသော Add or remove email address နေရာကို Click နှိပ်၍ Add an additional email address နေရာတွင်

password recovery လုပ်ချင်သော ဂျီမေလ်းအကောင့်ကို ရိုက်ထည့်ပါ။ ပြီးလျှင် Save ကိုနှိပ်ခြင်းဖြင့် Password Recovery လုပ်ဆောင်ပြီးစီးပြီဖြစ်ပါသည်။ ယခုလို လုပ်ဆောင်ထားခြင်းဖြင့် အကယ်၍ Password မေ့ခဲ့သည်ရှိသော အခက်အခဲတစ်စုံတစ်ရာမရှိပဲ မိမိ ဂျီမေလ်း၏ password ကိုအလွယ်တကူပြန်ယူလို့ရပါသည်။

မိမိရဲ့ Password (လျှို့ဝှက်)နံပတ် မမှတ်မိတော့လျှင် ပြန်လည်လုပ်ဆောင်ရန်

1. အောက်ပါပုံအတိုင်း Gmail ကို Open လိုက်ပါ.။ User name မှာ Password မေ့နေသောအကောင့် နာမည်ကိုရိုက်ပါ။

(Password မေ့နေသော မေလ်းအား nyaalinkarr@gmail.com အဖြစ် နမူနာထားပါမည်။)

ဝိုင်းပြထားသောနေရာမှာ Can’t access your account? ကို Click ပါ။

2. အောက်တွင်ဖော်ပြထားသောပုံအတိုင်း Password Recovery လုပ်ထားစဉ်က ဂျီမေလ်းလိပ်စာကို ကိုရိုက်ပြီး Summit ကို Click ပါ။

3. အောက်ကပုံအတိုင်းဖော်ပြပေးထားသော စာတွေကို အကြီးဆို အကြီး၊ အသေးဆို အသေး မှန်ကန်စွာရိုက်ရပါမည်။ပြီးလျှင်တော့ Continue ကို Click ပါ။




4. အောက်မှာတွေ့ရသည့်အတိုင်း Email to ကို On ပေးပါ။ ပြီးလျှင် Continue ကို ဆက်လက် Click ပေးပါ။

Email to ******@g*****.com ဆိုတာက မိမိရဲ့ password အသစ်ကိုပြောင်းလို့ရမယ့်လင့်ကို Recover ပေးထားတဲ့မေးထဲသို့ပို့ပေးမှာဖြစ်ပါသည်။ အဲ့ဒါကို ကလစ်ပေးပီးတော့ Continue ကိုနှိပ်လိုက်တာနဲ့ Recover mail ထဲကိုရောက်သွားပါလိမ့်မယ်။

5. ထိုအခါ Password recovery လုပ်ထားသော ဂျီမေလ်းအကောင့်ထဲသို့ မေလ်းတစ်စောင့်ရောက်ရှိလာပါလိမ့်မည်။

6. ရောက်ရှိလာသော မေလ်းအားဖွင့်ရန်အတွက် Recovery လုပ်ထားသော ဂျီမေလ်းကို Sign in လုပ်ပါ။

မေလ်းကိုဖွင့်၍ ပုံတွင်ပြထားသည့် Link ကိုနှိပ်ပါ။

7. Link ကိုနှိပ်လျှင် အောက်တွင်ပြထားသည့်ပုံအတိုင်း New Password နှင့် Re-enter password တွင် Password အသစ်ကိုရိုက်ထည့်ပြီးနောက် Reset Password ကို နှိပ်ပေးပါ။

ဒါဆိုရင် Password မေ့သွားသောအကောင့် ကို ယခုယူထားသော Password အသစ်ဖြင့် Sign in လုပ်၍ ပြန်လည်အသုံးပြုနိုင်ပါပြီ။

xxxxxxxxxxxxxxxxxxxxxxxxx

ရှင်းလင်းချက် (၂) I no longer have access to these
I no longer have access to these ဆိုတာလေးကို ကလစ်လေးပေးပီးတော့ Conitinue ကိုနှိပ်လိုက်ပါ ။ အောက်မှာ ပြထားတဲ့ Box လေးတစ်ခုကျလာပါလိမ့်မည်

ပထမဆုံးက မိမိမှာအကောင့်အပိုတစ်ခု(သို့) မိမိသူငယ်ချင်းရဲ့ဂျီမေးလိပ်စာတစ်ခုခုကို ခနငှားပီးတော့ Contact informationand problem details ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့-

An email adress we can use to contact you* ဆိုတဲ့အကွက်လေးထဲမှာ ထည့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဂျီမေးလိပ်စာအတိုင်း Password ပြောင်းမယ့် လင့်ကိုပို့ပေးမှာဖြစ်ပါသည်။ ပြီးရင် အောက်နားလေးက I am unable to reset my password ဆိုတာလေးကို Click ပေးပါ။

Product information အောက်နားက Do you use Gmail with this account?* ဆိုတဲ့နေရာမှာ Yes ကိုရွှေးပေးလိုက်ပါ ရွေးပေးလိုက်ရင် အောက်နားမှာ အကွက်လေးတွေထပ်ထွက်လာပါလိမ့်မယ်။ အကွက်လေးထဲမှာ မိမိပျောက်သွားတဲ့
ဂျီမေးလိပ်စာကိုထည့်လိုက်ပါ ။ပြီးလျှင် အောက်နားမှာ Do you have a verification code? ဆိုတာလေးရှိပါတယ်။ အဲ့ဒါက အကောင့်လုပ်ကတည်းက recover mail ပေးပြီးတော့ လုပ်ထားမှရပါတယ် အဲ့ဒီကုဒ်လေးကို သိရင်တော့ ထည့်ပေးလိုက်ပါ။ မသိရင်လည်း ထားခဲ့လို့ရပါတယ်။ ဆက်ပြီး Email adresses of up to five frequently emailed contacts: ဆိုတဲ့နေရာမှာ မိမိအကောင့် လုပ်တုန်းက အရင်ဆုံး Add တဲ့သူ (သို့)အရင်ဆုံး မေးလ်ပို့ တဲ့သူတစ်ယောက် ရဲ့ အကောင့်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ (ဒါကလည်းမလွယ်လှပါဘူး. မှတ်မိချင်မှမှတ်မိပါလိမ့်မယ်)

Other account information

Account creation date* အကောင့် လုပ်ခဲ့တဲ့ လနဲ့နှစ်ကို ထည့်ပေးရပါမယ်။ Last successful login date ဆိုတာက နောက်ဆုံး ဖွင့်ခဲ့တဲ့နေ့ကို ထည့်ပေးရပါမယ်။ အတိအကျထည့်ပေးရပါမယ်။ မသိရင်တော့ထားခဲ့လိုက်ပါ။ ပြီးရင် password အဟောင်းကို last password you remember* အဲ့အကွက်လေးထဲမှာထည့်ပေးလိုက်ပါ။ Submit ကို နှိပ်လိုက်ပါ။ နည်းနည်းလေးကြာရင်တော့ ကျွန်တော် ထိပ်ဆုံးမှာ(An email adress we can use to contact you* ) ထည့်ထားတဲ့ဂျီမေးလ်လိပ်စာထဲကို Password အသစ်ပြောင်းမယ် လင့်လေးရောက်လာပါလိမ့်မယ် အဲ့ဒီမှာပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ။

ဒီနည်းလေးက ကိုယ့်အကောင့် အခိုးခံရသူတွေအတွက် လုပ်ရတာအဆင်ပြေပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ပဲသိနိုင်တဲ့အချက်အလက်တွေပဲဖြစ်လို့ပါ။ဒါပေမဲ့လည်း ကျွန်တော်တို့ ကိုယ်တိုင်မှတ်သားထားမိဖို့လိုပါလိမ့်မယ်။

စေတနာများစွာဖြင့်

အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS