RSS

ခင်ပွန်းကြီး(၁၀)ပါး ပြဿနာ























































  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခင်ပွန်းကြီး(၁၀)ပါး

ဘလော့ကာ မိတ်ဆွေသူငယ်ချင်းဖြစ်သူ မမေသိမ့်သိမ့်ကျော်က ခင်ပွန်းကြီး (၁၀)ပါး ဖော်ပြပေးပါဆိုလို့
ကျနော်ဖော်ပြပေးလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ညအလင်္ကာ

************************


ခင်ပွန်းကြီး(၁၀)ပါး

(၁) ဘုရား

(၂) ပစ္စေကဗုဒ္ဓါ

(၃) ရဟန္တာ

(၄) မြတ်စွာဘုရား၏ တပည့်ကြီး အဂ္ဂသာဝက

(၅) အမိ

(၆) အဘ

(၇) အလေးအမြတ်ပြုအပ်သော ဆရာ ၊သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ

(၈) လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ

(၉) ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်ဖူးသူ )

(၁၀) တရားဟော ပုဂ္ဂိုလ်
*************************************************
ခင်ပွန်းကြီးဆယ်ပါးပြစ်မှားလျင် သင့်တတ်ဒဏ်ဆယ်ပါး

သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊
ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊
ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊
ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊
တွေ့ကြုံရ၍၊ သေကငရဲ၊ ကမာစွဲ၏။
ဤဒဏ်ဆယ်ပါးအပြင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုလည်း တားနိုင်ပါသည်။

***************************************************

အထက်ပါ ခင်ပွန်းကြီး (၁၀)ပါးကို မပြစ်မှားပဲ ... ရိုသေစွာ ပူဇော်တဲ့သူတွေ ရရှိတတ်တဲ့ အကျိုးတွေကလည်း (၁၀)ပါးရှိပြန်ပါတယ်။

(၁) ကိုယ့်အရပ်ဒေသက အရပ်တစ်ပါးကို သွားတဲ့အခါ အစားအစာ မရှားပါးဘူး။

(၂) ရောက်ရာအရပ်မှာ အပူဇော်ခံရတယ်။

(၃) ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။

(၄) မျက်နှာမြင်ရင် ချစ်ခင်စေတယ်။

(၅) လူပုံအလည်မှာ ရဲရင့်စေတယ်။

(၆) ကိုယ့်ရဲ့ ဂုဏ်သတင်း ပြန့်လွင့်စေတယ်။

(၇) အခြံ အရံ အမြဲမပြတ်ရှိတယ်။

(၈) ဆင် ၊ မြင်း ၊ ကျွဲ ၊ နွား ၊ သီးနှံပေါများကာ ... စိးပွားတိုးတက်မည်။

(၉) မတော်တဆ ဘေးအန္တရယ်ကျရောက်ခဲ့ရင် ... ဆိုးဝါးစွာ မခံစားရဘူး။

(၁၀) သား သမီး ၊ အခြွေအရံများနဲ့ တင့်တင့်တယ်တယ်နေရခြင်းဆိုတဲ့ .... အကျိုး (၁၀)ပါးနဲ့ ပြည့်စုံနိုင်ပါတယ် ။
**************************************************

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆွေနွေးပြောကြားချက်များ၏ mp3 အသံမှတ်တမ်းများ

Audio records of presentations at Myanmar Network Members Gathering (21 May 2011) by MyanmarNetwork

Audio records of presentations at Myanmar Network Members Gathering (21 May 2011)


IT, Education and Challenges by Saya U Kyaw Win by MyanmarNetwork2

IT, Education and Challenges by Saya U Kyaw Win at Myanmar Network Members Gathering (21 May 2011)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Photo records of presentations at Myanmar Network Members Gathering





The presenters









Welcome Speech by Mr Alan Smart OBE Director of British Council, म्यांमार











Social Capital in the Internet by Daw Tin Myat Htet







How to make a blog by U Myo Myint Kyaw


Online Marketing by U Myo Min


New Media, Culture and Market by Matthew Sheader











IT, Education and Challenges by Saya U Kyaw Win




Credit: Myanmar-Nekwork

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျေးဇူးတရား

ကျေးဇူးတရား
ကျေးဇူးတရားအမျိုးမျိုးရှိပါတယ်။
ကျေးဇူးတရားရှိလို့လဲ ကျေးဇူးဆပ်တာတို့ ကျေးဇူးကန်းတာတို့စတဲ့ ဝေါဟာရတွေ ရှိလာရတာပါ။ ကျေးဇူး တရားအမျိုးမျိုးကတော့ ရတနာ(၃)ပါးကျေးဇူး၊ မိဘကျေးဇူး၊ဆရာသမားကျေးဇူးတွေက စပြီး နောက်ဆုံး ရေတစ်ခွက်သောက်ခဲ့ဖူးတဲ့ ကျေးဇူးအထိ ကျေးဇူးအမျိုးအမည်စုံလှပါတယ်။
ကျေးဇူးတရားဆိုတဲ့ ဝေါဟာရကို ကျွန်တော်ပြည့်စုံလုံလောက်အောင် အဓိပ္ပါယ် ဖွင့်ဆိုနိုင်မယ်မထင်ပါဘူး။ သို့သော် ဥာဏ်မီသ၍ ဖွင့်ဆိုကြည့်ရမယ်ဆိုရင် တစ်စုံတစ်ယောက်ကတစ်စုံတစ်ယောက်အပါ် ပြုထားခဲ့ဖူး သူတွေအများအပြားရှိတယ်လို့ဆိုတာကို သေသေချာချာစဉ်းစားကြည့်ရင် သိနိုင်လိမ့်မယ်။
ဥပမာ- ငယ်ငယ်က ကျောင်းသွားလမ်း ကားရှုပ်နေလို့ လမ်းတစ်ဖက်ကို ကိုယ့်ထက်ကြီးတဲ့သူတစ်ယောက်က လက်ဆွဲပြီးခေါ်သွားပေးတယ်ဆိုပါစို့၊ ဒါလည်း ကျေးဇူးတစ်မျိုးပါ။

ဒါဆိုရင် ခင်ပွန်းကြီး(၁၀)ပါးစာရင်းထဲမှာ ၀င်တဲ့ပုဂ္ဂိုလ်တွေဆိုရင် အင်မတန်မှ ကျေးဇူးကြီးလှတဲ့ ပုဂ္ဂိုလ်တွေ လို့ပြောရမှာပါ။
ဒီလိုပုဂ္ဂိုလ်တွေရဲ့ကျေးဇူးကို ကောင်းစွာသိနားလည်ဖို့လိုပါတယ်။ ကျေးဇူးကိုသိဖို့က ပထမအဆင့်ဖြစ်ပြီး ကျေးဇူးကိုတုန့်ပြန်ပေးဆပ်ဖို့ဟာ ဒုတိယအဆင့်ဖြစ်ပါတယ်။ လူတော်တော်များများ ဟာ ပထမအဆင့်ဖြစ်တဲ့ သူတစ်ပါးကျေးဇူးကိုသိဖို့တောင် အနိုင်နိုင်ဖြစ်ကြပါတယ်။
အနည်းအကျဉ်း လောက်သောသူတွေသာသူတစ်ပါးကျေးဇူးကိုသိတတ်ပြီး ကျေးဇူးကို ပြန်ဆပ်နိုင်တဲ့အဆင့်ကိုရောက်တဲ့ သူ အရေအတွက်ကတော့ အင်မတန်မှ နည်းပါးလှပါတယ်။ ဥပမာပြောရရင် လူတိုင်းမှာ မိဘရှိတာ သေချာသလို မိဘကျေးဇူးကို ဆပ်ဖြစ်သူဟာ လူတိုင်းမဟုတ်ဖူးဆိုတာလဲ သေချာပါတယ်။.
ဒါကတော့ ကျေးဇူးသိတတ်မှုနဲ့ ကျေးဇူးဆပ်မှုအပိုင်းပါ။ နောက်တစ်ပိုင်းက ကျေးဇူးကို မသိတတ်မှုနဲ့ ကျေးဇူးကန်းခြင်းအပိုင်းလည်းရှိပါသေးတယ်။ ကျေးဇူးမသိတတ်ခြင်းနဲ့ ကျေးဇူးကန်းခြင်းရဲ့ အဓိက လက်သည်က မောဟပဲဖြစ်ပါတယ်။ လူတစ်ယောက်မှာ လောဘမီးတွေ ဒေါသမီးတွေ လောက်မြိုက်နေပြီဆိုရင်သူတို့ရဲ့မိတ်ဆွေရင်းချာဖြစ်တဲ့ မောဟက အလိုလိုရောက်လာပါတော့တယ်။ အဲ့ဒီအခါမှာ အနှီ ပုဂ္ဂိုလ်ဟာ သူတစ်ပါးက ကိုယ်အပေါ်ပြုထားတဲ့ ကျေးဇူးကို သိနားလည်မှုမရှိတော့ဘဲ ကျေးဇူးကန်းတဲ့ အလုပ်ကို တွင်တွင်ကြီးလုပ်တော့တာပါပဲ။
မြန်မာ့လူအဖွဲ့အစည်းမှာ ဆိုရိုးတစ်ခုက “သူများကျေးဇူး၊ ထိန်ဖူးသောသူ၊ မီးလိုပူ” ဟု ဆိုထားပါတယ်။ မှန်ပါတယ်။ ကျေးဇူးကန်းတတ်တဲ့သူဟာ ဘ၀မှာ ရှုံးနိမ့်မှုနဲ့ ပျက်ဆီးမှုကို ကြုံရတတ်ပါတယ်.။ အထူးသဖြင့် ခင်ပွန်းကြီး(၁၀)ပါးထဲမှာပါဝင်တဲ့ သူတစ်ဦးဦးရဲ့ ကျေးဇူးကို ကန်းမိရင် သူ့ဘ၀မှာ (ခေတ်စကားနဲ့ပြောရရင်)
မြောင်းထဲကိုရောက်တဲ့အထိ လူအသိုင်းအ၀ိုင်းရဲ့ဘေးကို လွင့်စင်သွားတတ်ပါတယ်။ ဒါဟာ ဗုဒ္ဓ ဘာသာဝင်တွေ လက်ခံထားကြတဲ့ ထူုးဆန်းတဲ့ ကြောင်းကျိုးဆက်သဘောတရားတွေပဲဖြစ်ပါတယ်။
ဒါကြောင့် “မိဘကျေးဇူး၊ အထူးသိလျက်၊ အဆပ်ခက်၏” ဆိုတဲ့ စကားမျိုးလဲမဖြစ်ရလေအောင် သူတစ်ပါး ကျေးဇူးကို သိနားလည်နိုင်ကြပါစေ၊ သိတဲ့အတိုင်းလည်းတတ်နိုင်သလောက် ပြန်လည်ပေးဆပ်နိုင်ကြတဲ့ သူတော်ကောင်းများဖြစ်ကြပါစေလို့ တိုက်တွန်းလိုက်ရပါတယ်၊

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

How to Youtube Downloading ( ကျနော်ရဲ့ December'2010 ဆောင်းပါးလေးပါ)

ကျနော်ရဲ့ December'2010 ဆောင်းပါးလေးပါ။


How to Youtube Downloading ခေါင်းစဉ်လေးနဲ့ Computer User ဂျာနယ်မှာပါတာပါ


အခုဆို ကျနော်ဆောင်းပါးအနေဖြင့် နိုဝင်ဘာလနဲ့ င်္ဒီဇင်ဘာလ (၂)လ ကွန်ပျူတာဂျာနယ်မှာ ပါလာတဲ့အတွ့က်


ကျနော်အရမ်းပျော်ပါတယ်ဗျာ။


ကျနော်အွန်လိုင်းသူငယ်ချင်းများလည်း ကျနော်နဲ့အတူထပ်တူပျော်ရွင်မိပါစေလို့တဲ့ဆန္ဒဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။



ခင်မင်စွာဖြင့်


ညအလင်္ကာ



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာနှစ်သစ်ကူးညကို ကြုံဘူး ကြိုဆိုဘူးပါသလား……………….?

မြန်မာနှစ်သစ်ကူးကိုကြိုဆိုကြရအောင်
အော်………………..နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကူးပြောင်းလာမှာကို ကြိုဆိုပေးမယ့် မင်္ဂလာ အတာသင်္ကြန်ကာလ ကလဲ မကြာခင်ရောက်လာတော့မှာပါ
ဒီပြင်နိုင်ငံတွေမှာတော့ မသိပါဘူး။
မြန်မာနိုင်ငံမှာတော့ နှစ်သစ်ကူးချိန်နဲ့ သစ်ပင်များက ရွက်သစ်လောင်းလို့ရွက်ဟောင်းခြွေချချိန်က သိပ်မကွာလှပါဘူး။ သစ်ပင်ပေါ်မှာပုရစ်ဖူးတွေဝေပြီဆိုရင်
သင်္ကြန်ရောက်မယ် နှစ်ကူးတော့မယ် ဆိုတာ အချက်ပြလိုက်သလိုပါဘဲ။
ကမ္ဘာပေါ်မှာရှိကြတဲ့လူမျိုးအသီးသီးတိုင်းရဲ့တိုင်းပြည်တိုင်း မှာ “နှစ်သစ်ကူး”ဆိုတာရှိကြပါတယ်။
ကျွန်တော်တို့နဲ့ဝေးကွာလွန်းတဲ့အလှမ်းဝေးတဲ့နိုင်ငံတွေကလူမျိုးတွေမှာဘယ်လိုနှစ်သစ်ကူးပွဲကို ဆင်နွဲတယ်ဆိုတာ သိပ်မသိရပေမယ့် မြန်မာနိုင်ငံနဲ့ဆက်စပ်
ပါတ်သက်နေတဲ့ အာရှတစ်လွားက နိုင်ငံများမှာတော့ နှစ်သစ်ကူးပွဲတော်ကို အထွဋ်အမြတ်ထားလို့ ဆင်နွဲကြတာကိုတော့ သိနေ ပါတယ်။
မြန်မာနိုင်ငံမှာတော့ နှစ်သစ်ကူး မတိုင်ခင်ရက်မှာ နှစ်ဟောင်းက အညစ်အကြေးတွေဆေးကြောတဲ့
“မဟာသင်္ကြန်”ပွဲတော်ကို ဆင်နွဲကြပါတယ်။
ဒီသင်္ကြန်ပွဲတော်မှာစားသောက်ဆိုင်များကလွဲလို့ အစိုးရ ရုံးတွေ ပုဂ္ဂလိက လုပ်ငန်းတွေအားလုံး လုပ်ငန်းတွေနားထားတဲ့အတွက်လူငယ်များကပျော်ပျော်ပါးပါးရေကစား၊
တစ်ချို့ကတော့လည်း ပိတ်ရက်ရှည်ရှည်ရတဲ့အခိုက် မိသားစုလိုက်ခရီးထွက်သူထွက် ၊ ဘယ်မှမသွားဘဲ အိမ်မှာစိတ်အေး လက်အေးနားသူကနား၊ ကောင်းမူ့ကုသိုလ်
ယူလိုသူတွေကလဲ တရားစခန်းဝင်သူဝင်၊ ဥပုသ် စောင့်သူစောင့်၊ တရားရိပ် ဓမ္မရိပ်မှာ ခေတ္တခဏ ခိုသူခိုနဲ့ လူအပူ စိတ်အပူလျော့အောင် ကြိုးပမ်းရင်းနှစ်သစ်ကို ကြိုဆိုကြပါတယ်။
ဒါကတော့ နှစ်သစ်ကူးမတိုင်ခင်မှာမြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက်လေးတွေပါဘဲ။
သင်္ကြန်အကြို၊အကျ၊အကြတ်၊အတက်နေ့ပြီးရင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ပေါ့။
ဒီရက်ရောက်ရင်တော့ မြန်မာလူကြီးလူငယ်မရွေး ကောင်းမှု့ကုသိုလ်လုပ်ကြတာများပါတယ်။
တစ်ချို့ဘုရားသွားတယ်ရွှေသင်္ကန်းကပ်ကြမယ်၊ငါးလွှတ်မယ်၊ငှက်လွှတ်မယ်။အလှူအတန်းတွေပေးမယ်၊စတုဒီသာကျွေးမယ်။ တစ်ချို့ကတော့ ရေတွင်းရေကန်တွေဆယ်ကြတယ်။
တစ်ချို့ကတော့ သက်ကြီးရွယ်အိုတွေကို လှူဒါန်းကြ၊ခေါင်းလျှော်ပေးတယ်၊ လက်သဲညှပ်ပေးတယ် ဆိုတာတွေကို ကူညီပြီး တတ်အားသမျှလုပ်ကိုင်ပေးကြပါတယ်။
အများအားဖြင့်ကတော့နှစ်သစ်ကူးပြီဆိုတာနဲ့ကောင်းတာတွေကိုဆောင်ရွက်ဖို့သာဦးတည်ကြ တော့ မင်္ဂလာရှိတယ်လို့လဲပြောနိုင်ပါတယ်။
ဒါနဲ့ နှစ်အဟောင်းကနေ မြန်မာနှစ်သစ်ကိုကူးပြောင်းတဲ့အချိန်လေးကို သတိတရနဲ့စောင့်နေတဲ့ သူများရှိကြမလားမသိဘူး၊???
လူအများစုကတော့……………
တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ အင်္ဂလိပ်နှစ်သစ်ကူးမှာပဲ “ဟက်ပီးနယူးရီးယား…………………… “ဆိုတာကို သံပြိုင် ဟစ်ပြီး တရုတ်ပြည်ဖြစ် မီးရှူးမီးပန်းတွေ ကိုပစ်ဖောက်လို့
နှစ်သစ်ကူးကို ဦးဦးဖျားဖျား ကြိုဆိုလိုက်ကြပါတယ်။နှစ်သစ်ကူးတာနဲ့ မီးရှုးမီးပန်းတွေဖောက် သီချင်းတွေ ဖွင့်ပြီးကကြနဲ့ကိုယ်အုပ်စုနဲ့ကိုယ် တပျော်တပါးကြီး နှစ်သစ်ကိုကြိုဆိုကြပါတယ်။
စောင့်မျှော်ကြပြီး ပျော်ရွင်ပွဲတွေလုပ်ကြတာကိုတွေ့မြင်ရပါတယ်။
မြန်မာနှစ်သစ်ကူးညအတွက်ကော စာဖတ်သူအနေနဲ့ အမှတ်တရများရှိကြမလားမသိဘူး??
ကျနော်ငယ်ငယ်တုန်းက သာယာဝတီမှာနေ့ခဲ့စဉ်ကြုံခဲ့ရတဲ့ မြန်မာ့နှစ်သစ်ကူးညလေးကို ပြန်လည်အောက်မေ့မိပါတယ်ဗျာ။
လူကြီးတွေကဦးစီးပြီးလုပ်ကိုင်နေကြတဲ့မြန်မာ့စားစရာသွားရေစာတွေဖြစ်ကြတဲ့---ကောက်ညှင်းပေါင်း၊ အကြော်တွေ၊ မုန့်ပျစ်စလက်တွေ၊ မုန့်လုံးရေပေါ်တွေ ကလဲပူပူနွေးနွေး စားချင်စရာ။
နောက်ပြီး အားလုံးက အမှတ်တရပစ္စည်း လက်ဆောင်ထုပ်ကလေးတွေကို လဲလှယ်ပြီး မဲတွေဖောက်၊ မပေါက်တဲ့သူကလဲ မချင့်မရဲနဲ့အော်၊ ပေါက်တဲ့သူကလဲ့ အထုပ်ကိုဖွင့်လို့ကြည့်ပြီး
တပျော်တပါးနဲ့ ကလေးတွေလိုအော်ကြ၊ ကလေးဘ၀ကို ပြန်ရောက်သွားသလိုလူတိုင်းရဲ့ရင်မှာ အပျော်တွေကူးစက်သွားသလိုပါပဲ။
ဒါနဲ့ဘဲ နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကို ကူးပြောင်းဖို့တစ်စထက်တစ်စ နီးကပ်လာချိန်မှာ
အားလုံးက တစ်…………….နှစ်………..သုံး……….လေး တိုင်ပင်တွေပေးပြီး ၀ိုင်းလို့အော်ကြရင်း နှစ်သစ်ကို ကူးပြောင်းတဲ့သန်းခေါင်ယံလဲကျော်ရော
“မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ”လို့ အားပါးတရအော်လိုက်ကြတဲ့ မင်္ဂလာရှိတဲ့အသံလေးက မိုးထက်ကိုထိုးထွက်သွားပါတော့ တယ်။
တကယ်ကို မမေ့နိုင်တဲ့မြန်မာနှစ်သစ်ကူးညလေးပါ။
ကဲ မိတ်ဆွေများရော ဒီလို မြန်မာနှစ်သစ်ကူးညကို ကြုံဘူး ကြိုဆိုဘူးပါသလား……………….?
ဒါပေမဲ့လည်း မြန်မာနှစ်သစ်ကူးရက်ကိုတော့စောင့်မျှော်တဲ့သူ နည်းမဲ့လို့လည်း ကျနော်အနေဖြင့် ထင်မြင်မိပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS