RSS

ကိုယ်ပိုင်စီးပွားရေး တစ်ခု စတင်ကြရာဝယ်..

ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ကြရာဝယ်….

ရည်ညွန်းတာကတော့လူငယ်တွေလက်တဲ့စမ်းချင်တဲ့သူတွေ။ငွေရှိပြီးဘာလုပ်ရမှန်းမသိတဲ့သူတွေ။ဝန်ထမ်းဘဝနဲ့ငြီးငွေ့လာကြတဲ့သူတွေစတဲ့သူတွေအတွက်နည်းနည်းလောက် အသုံးတည့်ခဲ့ရင်ပဲ ကျွန်တော့် အတွေ့အကြုံ လေးမျှဝေရ ကျိုးနပ်ပါပြီခင်ဗျာ..

စီးပွားရေးတစ်ခုကိုကိုယ်တိုင်ထူထောင်ကြည့်မှဘယ်လောက်ခက်ခဲတယ်ဆိုတာလုပ်ကိုင်ခဲ့ဖူးသူတိုင်းနားလည်ပါလိမ့်မယ်။
ကျနော်အဖို့တော့အရမ်းကိုပင်ပန်းခဲ့ပါတယ်။နဖူးကချွေး ခြေမကျမယ်။အိပ်မရတဲ့ညတွေများလာ မယ်။ ဖိစီးမှုတွေနဲ့ ၂၄ နာရီ၊ ၇ရက် အလုပ်ပြီး အလုပ် လုပ်နေရမယ်။ကိုယ်မကျွမ်းကျင်တဲ့စီးပွားတစ်ခုကို စလုံးရေစ ဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။

စကြမယ်ဆိုပါတော့ဗျာ။
အရင်ဆုံး ပတ်ဝန်းကျင်မှာ
ကိုယ် ထူထောင်မယ့် တူရာ
စီးပွားရေးမျိုးတွေဆီသွားပြီး Experience Copy တွေယူရတယ်။ ယူတယ်ဆိုတာ သူများဆွဲပြီးသား plan ရော့အင့်ဆိုပြီး ပေးခဲ့တာမပာုတ်ဘူး။ အမြင်နဲ့ လေ့လာရတယ် ။သိချင်တာလေး မေးမြန်းရင်းပေါ့။သဘောကောင်းတဲ့သူဆို ပြောပြသလို
တစ်ချို့တွေကလဲ သူတို့စီးပွား ပြိုင်ဖက် တွေဖြစ်လာမှာစိုးရိမ်ကြတယ်လေ။
(ပင်လယ်ရေ တစ်ယောက်ထဲ သောက်လို့ မကုန်ပါဘူးဗျာ။)

ပြီးရင် အားသားချက် အားနည်းချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန် တွေကိုရှာဖွေ ပြီး ကိုယ့်စီးပွားရေး Plan မှာ ဖြည့်စွက်ပြင်ဆင်ရတယ်။

ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ နည်းပညာ အကူအညီရယူဖို့ Online မှာ Data Resource တွေ ရှာဖွေစုဆောင်း ရပါတယ်။
ဈေးကွက်ဖော်ဆောင်ဖို့အတွက်လည်း Market နေရာ Targetရွေးချယ်ရတယ်။
ကိုယ်အခုလုပ်မဲ့လုပ်ငန်းကဘယ်သူတွေကိုဦးတည်မလဲ။ဘယ်နေရာမျိုးမှာ အဆင်ပြေမလဲ။ ပြီးတော့ လုပ်ငန်း ကို customer တွေဆီ အမြန်ရောက်အောင် ဘယ်လို ကြော်ငြာနည်းလမ်းသုံးမလဲ စတာတွေ အကုန် အစုံစဉ်းစားရပါတယ်။

လုပ်ငန်း ကြီးရင်ကြီးသလို လိုင်စင်တွေ မှတ်ပုံတင်တာတွေ လုပ်ရပါတယ်။

ကျနော် ကိုယ်ပိုင်လုပ်ငနိးလေးက ပင်မင်း အဝတ်လျှော် လုပ်ငန်းတစ်ခုနဲ့ စတင်ခဲ့တာပါ..

ပာာ... လွယ်ပါတယ် ဆိုပြီး ကျွန်တော်
ကိုယ့်ကိုယ်ကိုoverconfidence တွေဖြစ်ပြီးစခဲ့တယ်။သူငယ်ချင်းတစ်ယောက်နဲ့ပေါင်းပြီးစပ်တူလုပ်တယ်။အိမ်ငှားမယ်။ပစ္စည်းဝယ်မယ်။ကျွန်တော်ကသူများထက်ပို ပေါက်ချင်တယ်၊
ဖောက်သည်တွေ ရချင်တယ်ပေါ့ အိမ်ရှေ့ ဆိုင်းဘုတ်ထောင်ရုံနဲ့ မရနိုင်ဘူးလေ ။အဲ့ဒီတော့ စဉ်းစားတယ် door to door လေးလုပ်နိုင်ရင် မဆိုးလောက်ဘူးပေါ့။
ကဲ ကားလေး လဲ လိုလာပြီလေ။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျွန်တော်တို့ လုပ်ငန်းစလိုက်တယ်။
အလုပ်သမား ယောက်ခေါ်မယ်။ကျွန်တော် ကိုယ်တိုင် ကြီးကြပ်တယ်၊ပစ္စည်းပို့တယ်။အကျီင်္တွေကို ဘယ်လိုခွဲတယ် လျှော်တယ် ဖွတ်တယ်၊အစွန်းချွတ်တယ်၊ မီးပူတိုက်တယ်၊ ပါကင် ထုပ်မယ်
စတာတွေက အစ အလုပ်သမား ယောက် ကို သင်ပေးရတယ်။ သူတို့ မကျွမ်းကျင်သေးလို့ မတော်တဆ မို့လို့ ဆိုပြီး ပျက်စီးသွားတဲ့ အထည်အတွက် customer တွေ ကို စိတ်ကျေနပ်တဲ့အထိ လုပ်ပေးရတယ်။
ဒါက လုပ်ငန်းရဲ့ လုပ်ဆောင်မှု အပိုင်း။

ဖြစ်လာတတ်တဲ့ ပြသနာတွေက အများကြီး ပဲ။

ဖောက်သည်တွေ ဆီကလာတဲ့ complaint....
အကျီင်္ ပျက်စီးသွားတာမျိုး အနံ့မကောင်းဘူး ၊မီးပူတိုက်တာ မသပ်ရပ်ဘူး။
အချိန်မှီမရဘူး၊ အထည် မှားသွားတယ်၊ စသဖြင့်လာတတ်တဲ့ custormer ဆီက complaint

"ဖောက်သည်တွေက အမြဲမှန်တယ်" ဆိုတဲ့ လက်ကိုင်ဆောင်ပုဒ်နဲ့အတူ
ကိုယ့်ဘက်က သတ်မှတ်ထားတာလေးတွေရှိပေမဲ့ စိတ်ကျေနပ်အောင်လုပ်ပေးရတဲ့ စိတ်ဖိစီးမှု။ ပစ္စည်းလိုက်ယူတာ အချိန်သတ်မှတ်ထားပါရက်နဲ့ customer တွေ တောင်းဆိုလို့ အကြိမ်ကြိမ် သွားယူရတာမျိုး၊ ဖောက်သည်အပျက်မခံနိုင်ဘူးကိုး.....
အလုပ်သမားအပြောင်းမလဲ မတည်ငြိမ်တဲ့အခါ လုပ်ငန်းလည်ပတ်နိုင်ဖို့ ငါပဲာ့ လို့ မာန်တင်းပြီး အကုန်ကြုံလုပ်ရတာမျိုး ကိုယ်ပေးထားတဲ့ service အတွက် နာမည် အပျက်မခံနိုင်လို့ အချိန်မှီအောင်၊အရည်သွေးပြည့်မှီအောင် အရမ်းကြိုးစားရပါတယ်။

အလုပ်သမား ပြသနာ
ဖွဲ့စည်းပုံတွေရေးဆွဲရတယ်။ သူတို့တွေ နေ့စဉ် ပျင်းစရာကောင်းတဲ့ Repetitive Job အလုပ်တွေကို လုပ်ဆောင်နေရတဲ့အတွက်လည်း မငြီးငွေ့ရအောင် ကျနော် ဝန်ထမ်းတွေ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်အောင် စီမံရပြန်တယ် ။သူတို့ အားလပ်ရက်တွေမှာ လုပ်ငန်း Traing ပေးရသည့်အပြင်၊ သူတို့ ပျော်ရွှင်အောင် ၊အလုပ်ကိုချစ်တတ်အောင် ၊အလုပ်အပေါ် သစ္စာရှိအောင် စီမံစည်းရုံးရတာပါပဲ..
အဓိကတော့ ဝန်ထမ်းမြဲဖို့အတွက် ကြိုးစားအားထုတ်ရတာပါ။

ပြောချင်တာကတော့ စီးပွားရေးတစ်ခု အခုမှ စလုပ်မယ်ဆိုရင်
) စိတ်ရှည်ရပါမယ်။
) ကြံ့ ကြံ့ ခံနိုင်ဖို့လိုပါတယ်။
) ၂၄ နာရီ အလုပ်လုပ်နိုင်ရပါမယ်။
အဲတာတွေ ကို လုပ်နိုင်ပြီဆိုမှ ခင်များတို့ ဆွဲထားတဲ့ Plan အတိုင်း လုပ်ငန်း စပါ လို့ အကြံပေးချင်ပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လိုက်တာနဲ့ အောင်မြင်ဖို့ အတွက် ကို တစိုက်မတ်မတ် အာရုံစိုက်ထားရပါမယ်။အစပိုင်းမှာ အမြတ်မပြောနဲ့ အရင်းတောင် အိပ်ထဲက ပြန်မစိုက်ရဖို့ဆုတောင်းပါ။ အမြတ်မကျန်တဲ့ အပြင် အိပ်စိုက်ရမဲ့ကိန်းဆိုတော့ ဘယ်လိုကြီးတုန်းဆိုတော့ Brand ဆိုတဲ့ နာမည်ကောင်းရဖို့ ကြိုးစားနေရလို့ဖြစ်ပါတယ်။ နာမည်ကောင်းရဖို့ အတွက် တာထွက်ကောင်းဖို့ လိုပါတယ်။အဲဒီအတွက် က
စီမံခန့်ခွဲတဲ့ သူရဲ
Plan အစီအစဉ်၊
Decision ဆုံးဖြတ်ချက်၊
Direction ညွှန်ကြားချက်တွေ
Marketing & Advertising က သိပ်ကို အရေးကြီးပါတယ်။ ပြီးတော့ အမြဲတမ်း backup money ဆိုတာ ရှိနေရပါဦးမယ်။ မပာုတ်ရင် ကျရှုံးတာ မြန်ဆန်လွန်းလို့ပါ။ဥပမာ မိတ်ဆွေဆီမှာငွေသိန်း ၁၀၀ ရှိရင် ၅၀ ကို မတည်ပြီး ၅၀ ကို backup ထားစေချင်တာပါ။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူများ ကိုယ့် market plan
ကိုသေချာဆွဲပါ။လုပ်မယ်ဆို သေချာ စိတ်ရောကိုယ်ပါနှစ်ပါ။ ပာာကွက်တွေ တွေ့အောင်ရှာပြုပြင်ပါ။ တူညီတဲ့ စီးပွားရေးတွေလေ့လာပါ။ အမြဲ တမ်း ဘယ်လိုလုပ်မယ်ဆိုတာ တွေးနေမှ နောက်ကောက်မကျမှာပါ။

စစချင်းရတဲ့အသီးအပွင့်သေးသေးလေးတွေအပေါ်မှာ မျောမသွားပါတဲ့။
စိတ်ဓါတ်မကျလိုက်ပါနဲ့။
အရေးအကြီးအဆုံး
က ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါစေ


ချစ်စွာဖြင့်

19/Sep/2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပညာကို တန်ဖိုးထားပါ

ကျနော်တို့ ပညာသင်ယူနေရတဲ့ 
အချိန်ဆိုရင် အရမ်းကို ပင်ပန်းလှပါတယ်။
တကယ်လို့  ကျနော်တို့သင်ယူထားတဲ့ 
ပညာတတ်မြောက်သွားလို့
ပညာနဲ့လုပ်ကိုင်စားသောက်ရတဲ့ 
အချိန်ကျရင်တော့
ပညာမတတ်သူတွေထက် 
ဝင်ငွေပိုကောင်းသလို 
ပညာမတတ်သူတွေလိုလည်း ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူးပေါ့


အဲ့ဒါကြောင့်လည်း ငယ်တဲ့အချိန်တုန်းက မိဘထောက်ပံ့ပေးနိုင်သလောက် ပညာတွေသင်ယူခဲ့ရပါတယ်။
လူက ပင်ပင်ပန်းပန်းမလုပ်နိုင်တော့
ပညာတတ်မှ အေးအေးနေနိုင်မှာလို့ စိတ်ထဲ အမြဲတွေးဖြစ်တယ်
ခုလည်း ရောက်တဲ့နေရာမှာ ရပ်မနေပါဘူးလေ....
အလုပ်နဲ့ပါတ်သတ်ပြီး ဘာတွေဆက်လေ့လာရမယ်ဆိုတာ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းနေရတာပါပဲ၊
*******
မိတ်ဆွေ အကိုဆရာ တစ်ယောက်  ပြောဘူးတယ်
ငါ့ကောင် ငါ့ကိုကြည့်စမ်း
လူကောင်က သေးသေးညှပ်ညှပ်လး
ဗလကလည်း မရှိ
ဒီလိုပုံစံနဲ့ တော့ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ဆိုတာ ရွေးချယ်မှုတစ်ခုတော့ လိုတယ်လေ

ဒီတော့ သူများတွေလို မလုပ်နိင်တော့
ပညာကို တတ်အောင်ကြိုးစားတယ်
ကျွမ်းကျင်အောင်လုပ်တယ်
ခု အတတ်ပညာကို ဥိးစားပေးပြီး ဉာဏ နဲ့ လုပ်တဲ့နေရာမှာငါအလုပ် လုပ်နေတယ်
လစာ ဘယ်လောက်လဲဆိုတာ မင်းသိပြီးသားပါ ဆိုပြီး ပြောခဲ့ဖူးတယ်
အသိဉာဏ်ကို အသုံးချပြီး လုပ်ပါ

ဟုတ်ပါတယ် သူတကယ်ပဲ လစာကို ဆယ်ဂဏန်းအထက် လစာရပါတယ်
တစ်ခြား နာမည်ကြီးကုမ္ပဏီတွေကလည်း ကမ်းလှမ်းခံရပါတယ်
ဒါက သူရဲ့ ငယ်ရွယ်စဉ်အခါမှာ တစ်စိုက်မက်မက် လေ့လာသင်ကြားခဲ့တဲ့ ပညာတွေကြောင့်ပါ

-----------
ပညာဆိုတာ လေ့လာသင်ယူတာနဲ့မပြီးသေးဘူး
အသုံးချတတ်ဖို့လည်း လိုသေးတယ်
ကွန်ပျူတာ သင်တန်းတက်တယ်
စာရင်းကိုင်သင်တန်းတက်တယ်
အင်္ဂလိပ်စကားပြော သင်တန်းတက်တယ်

သင်တန်းဆင်းလက်မှတ်ကိုင်ပြီး
မတတ်သေးတဲ့သူတွေလည်းရှိပါတယ်

Practice make perfect ဆိုတဲ့အတိုင်း အကြိမ်ကြိမ်
လေ့ကျင့်မှုတွေ အဆက်မပြတ်လုပ်နေမှပဲ အကောင်းဆုံးအရာတွေကို ရရှိမှာပါ၊
ဒီလိုလေ့ကျင့်မှုတွေကို ရဖို့အတွက် အလုပ်ထဲမှာပဲ  အတွေ့အကြုံရဖို့ ကိုယ်တတ်ထားတဲ့ပညာနဲ့ ပြန် အသုံးချမှ ကျွမ်းကျင်မှုရှိလာမှာပါ....

-----
တစ်ခုလောက်မေးပါရစေ...
အခု စားဝတ်နေရေးအတွက် အလုပ်စလုပ်တော့မယ်ဆိုရင်
ဘယ်လိုအလုပ်မျိုးကိုရွေးချယ်မှာလဲ???

  1. ကာယ နဲ့လုပ်တဲ့ အလုပ်မျိုးကို ရွေးချယ်မှာလား?
  2. ဒါမှမဟုတ် ဉာဏ အလုပ် လား?
  3. ဒါမှမဟုတ် နှစ်ခုစလုံးလား?

စဉ်းစားပါ
  • ကိုယ်က ဘယ်လိုအတတ်ပညာတွေ တတ်မြောက်ထားလဲ
  • အကျိုးရှိအောင်ကော အသုံးချနိုင်ပြီလား
  • ကိုယ်ခန္ဓာအင်အားကိုအသုံးချပြီး ပင်ပင်ပန်းပန်း အလုပ် လုပ်မှာလား

ဆုံးဖြတ်ပါ
အချိန်မနှောင်းသေးပါဘူး
> ရပ်မနေပါနဲ့ 
>ရပ်နေရင် ဝေးသွားပါလိမ့်မယ်
>ဝေးသွားတဲ့နေရာကို ပြန်လိုက်နေရင်လည်း မောပါတယ်

လက်ရှိနေရာကနေ ကိုယ်လိုချင်တဲ့နေရာကို ဖြစ်မြောက်အောင် ကြိုးစားလိုက်ပါ

အချုပ်ပြောရရင် 

ပညာကို တန်ဖိုးထားပါ လို့ တိုက်တွန်းလိုက်ပါရစေ....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Admin တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်တော့မည်ဆိုလျှင်


Admin ဌာန

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ များစွာသော ကုမ္ပဏီများ၏လုပ်ငန်းတိုင်းမှာ Admin. department လည်း လိုအပ်မှာပါ။
- ကုမ္ပဏီကချမှတ်တဲ့  စည်းမျဉ်းစည်းကမ်းတွေ ထိန်းသိမ်းဖို့၊
- ကုမ္ပဏီလုပ်ငန်းတွေလည်ပတ်ဖို့အတွက်  Register လို စာရွက်စာတမ်းကိစ္စအဆင်ပြေချောမွေ့စွာလည်ပတ်ဖို့၊
- လိုအပ်နေတဲ့ သယ်ယူပို့ဆောင်ရေးစတဲ့ ထောက်ပံ့ရေးကိစ္စတွေ စီမံခန့်ခွဲပေးတာ အစရှိသည်တို့ကို   Admin ဌာနကပဲတာဝန်ယူဆောင်ရွက်ရပါတယ်။
မည်သို့ပင်ဆိုစေ လုပ်ငန်းအမျိုးအစား လုပ်ငန်းသဘောတရား ဘယ်လိုပင်ကွဲပြားကွဲပြား Admin Department ကတော့ လုပ်ငန်းအဆင်ပြေချောမွေ့ရေးအတွက် စီမံပံ့ပိုးပေးရတဲ့ ဌာနတစ်ခုပဲ မဟုတ်ပါလား

 သိထားသင့်သောအချက်များ
Administration နဲ့ပါတ်သတ်ပြီး admin တစ်ယောက်အဖြစ်  စတင် တာဝန်ထမ်းဆောင်တော့မယ်ဆိုရင် admin တစ်ဦးလုပ်ဆောင်ရမည့် JD (Job Description) တွေလည်း သိထားသင့်တယ်လို့ ထင်ပါတယ်။

Main JD တွေအဖြစ်
1. Fix assets
2. Filing system (Document Controll)
3. Inventory / Purchasing
4. Maintenance
5. Supporting
6. Transportation
7. Monthly to do list စသည့်အချက်တွေတော့ မဖြစ်မနေ သိထားရမည့် အချက်များဖြစ်ပါတယ်။


1. Fix Assets (ပုံသေပိုင် ပစ္စည်းစာရင်းပြုစုခြင်း)

       ကုမ္ပဏီတစ်ခုမှာရှိတဲ့ ပုံသေပိုင်စာရင်း ပြုစုရမှာဖြစ်ပါတယ်။
ဥပမာ-ကွန်ပျူတာ၊ ပရင်တာ၊ အဲကွန်း၊စားပွဲကုလားထိုင် အစရှိသည့် ပုံသေပိုင်စာရင်းတွေကို ကောက်ယူပြီး စနစ်တကျဖြစ်အောင် Item code နဲ့ တွဲပြီး မှတ်သားသင့်ပါတယ်။

2. Filing System( Document Controll) ( ဖိုင်များအား စနစ်တကျပြင်ဆင်သိမ်းဆည်းခြင်း)
     
       ကုမ္ပဏီတစ်ခုမှာရှိတဲ့ စာဝင်/စာထွက် ပိုင်းဆိုင်ရာ Document စာရွက်စာတမ်းအားလုံးကို စနစ်တကျ သိမ်းဆည်းရမှာဖြစ်ပြီး စာဝင်/စာထွက် အတွက် စာအမှတ် အမျိုးအစား ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဥပမာ-
- အခြားဌာန ဝင်စာ/ထွက်စာများ
- ရုံးတွင်း အမိန့်/ ရုံးတွင်းညွှန်ကြားစာများ အစရှိသည်များကို ဆိုင်ရာဆိုင်ရာ သူဖိုင်နှင့်သူ သိမ်းဆည်းထားရမှာဖြစ်ပြီး လိုအပ်ပါက ပြန်ရှာလျှင် ဘယ်နေရာမှာ သိမ်းထားသလဲဆိုတာ ချက်ချင်း သိနိုင်မှာပါ။

3. Inventory & Purchasing
     
        မိမိရုံးမှာရှိတဲ့ ပစ္စည်းစာရင်းလက်ကျန် ကောက်ယူရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကုမ္ပဏီကြီးလျှင် store ဌာနအဖြစ် သီးသန့်ထားရှိပေမယ့်  တစ်ချို့ ကုမ္ပဏီက store ဌာနအဖြစ် သီးသန့်မထားရှိတော့ပဲ Admin ဌာနရဲ့လုပ်ဆောင်မှုအောက်ကိုပဲ ပို့လိုက်ကြပါတယ်၊ အဲ့ဒီအတွက် Admin ဌာန ကပဲ ဒီတာဝန်ကို ယူကြပြီး ရုံးတစ်ခုလုံး၏ Electronic Equipment / Stationary / အခြားအသုံးဆောင်များ အစရှိသည့် ပစ္စည်းများ၏ ဝင်/ထွက်/လက်ကျန် စာရင်းစစ်တမ်းများကို ကောက်ယူထားနိုင်မှ ပစ္စ္စည်းအပိုအလျှံကို ထိန်းညှိနိုင်ပြီး ငွေကြေးအခြေအနေကိုလည်း လျော့ချပေးနိုင်ပါသည်။

4. Maintenance (ပြုပြင် ထိန်းသိမ်းခြင်း)
         Admin ရဲ့ လုပ်ငန်းတာဝန်ထဲမှာပင် ပြုပြင်ထိန်းသိမ်းခြင်း Maintenance တာဝန်လည်း တစ်ခုအပါအဝင်ပါ။
ဥပမာ ....
- ရုံးရှိ   မီးချောင်း မီးသီးမကောင်းလို့ ပြင်ဆင်ဆောင်ရွက်ပေးတာမျိုး၊
- ရေမလာရင်ရေလာအောင် စီစဉ်ဆောင်ရွက်ပေးတာမျိုး၊
- ရုံးမီးမလာလို့ ရုံးမီးစက်အသုံးပြုမယ်ဆိုသော် မီးစက်တွင် ဆီ/ရေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရှိတာမျိုး၊
- လောင်စာဆီ၊ မော်တော်ယာဉ်တွေရဲ့ ပြုပြင်ထိန်းသိမ်းရေး၊ မော်တော်ယာဉ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း အစရှိသည်တို့ကို စီစဉ်ဆောင်ရွက်ပေးရပါသေးတယ်။

5. Supporting  ( ကုန်စည် ထောက်ပံ့ပေးခြင်း)

        ရုံးရှိ ဌာနအသီးသီးမှ materials လိုအပ်ချက်များကို ဝယ်ယူဖြည့်တင်းဆောင်ရွက်ပေးရခြင်းဖြစ်ပါသည်။
ဥပမာ - Account ဌာနမှ ဂဏန်းတွက်စက် calculator လိုအပ်တာမျိုး၊
အင်ဂျင်နီယာဌာန safety ပစ္စည်းလိုအပ်တာမျိုး
IT ဌာနမှ ကွန်ပျူတာ လိုအပ်တာမျိုး အစရှိသည်များကို supply request ပြုစု၍ အထက်လူကြီးထံ ခွင့်ပြုချက်တောင်းခံပြီး ဝယ်ယူဖြည့်တင်းဆောင်ရွက်ပေးရမှာဖြစ်ပါသည်။
စနစ်တကျ စီမံခန့်ခွဲပေးနိုင်မှ Marketing ,Finance အစရှိသည့်အခြားသော ဌာနတွေအတွက်လည်း လိုအပ်ချက်တွေကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

6. Transportation ( သယ်ယူပို့ဆောင်ရေး စီစဉ်ပေးခြင်း)

        ဝန်ထမ်းများ ခရီးသွားလာရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ဖို့အတွက် Transportation ကိစ္စကလည်း admin တစ်ယောက်ရဲ့ တာဝန်တစ်ခုပါပဲ၊
- ဝန်ထမ်းတွေရဲ့ ဖယ်ရီလမ်းကြောင်း စီစဉ်ပေးခြင်း၊
- ကားထပ်မံငှားရမ်းလိုအပ်ပါက ကားကုမ္ပဏီ တွေထံမှ ကားငှားရန်စီစဉ်ပေးခြင်း၊
- ငှားရမ်းထားသော ကားများ၏ ဆီစားနှုန်းတွက်ချက်တင်ပြ ရခြင်း

7. Monthly to do List (လစဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ )  

       ဒီအခြေအနေကတော့ မိမိ ရုံးရှိ လစဉ် စီစဉ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကိုလည်း မဖြစ်မနေ သိရှိထားရမှာ ဖြစ်ပြီး လုပ်ဆောင်ပေးရမည့်အချက်တွေပဲဖြစ်ပါတယ်။
- လစဉ် ဖုန်းဘေလ် ဆောင်ပေးခြင်း၊
- အင်တာနက်ဝန်ဆောင်မှုအတွက် အင်တာနက်ဘေလ် ဆောင်ပေးခြင်း၊
- မိမိရုံးတွင် cleaning service ဝန်ဆောင်မှုရယူထားပါက cleaning service ခပေးချေခြင်း၊
- Security service ဝန်ဆောင်မှုရယူထားပါက security service ခပေးချေခြင်း၊
- ရုံးခန်းအဆောက်အဦး ငှားရမ်းထားပါက  အဆောက်အဦးဌားရမ်းခ ပေးချေခြင်း၊
စသည့်အချက်တွေကတော့ တစ်ချို့သော အချက်အလက်တွေ့ဖြစ်ပြီး မိမိတာဝန်ယူလုပ်ဆောင်နေတဲ့ ကုမ္ပဏီအမျိုးအစားပေါ် မူတည်ပြီး အချက်အလက်တွေကွဲပြားသွားနိုင်ပါတယ်။

8. Other problem (အခြားသော ပြသနာများ)
     တစ်ခါတစ်ရံ လုပ်ငန်း သဘောသဘာဝအရ ကုမ္ပဏီတိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဝန်ထမ်းအချို့ရဲ့  ကုန်ပစ္စည်း အလွဲသုံးစားမှုတွေကြုံလာရင်  admin manager နဲ့အတူဖြေရှင်းရတဲ့ ကိစ္စမျိုးတွေလည်း ကြုံတွေ့လာရတတ်ပါတယ်။ ထို့အတွက်ကြောင့် စာရွက်စာတမ်း၊ ပစ္စည်း အလွှဲအပြောင်း လုပ်ရသည့်အခါမျိုးမှာဖြစ်စေ သေချာဂရုစိုက် မှတ်တမ်းမှတ်ရာနှင့်တကွ  ထိန်းသိမ်းထားရမှာဖြစ်ပြီး တစ်စုံတစ်ခုသော ပြသနာကြုံလာရင် ဖြေရှင်းဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။

9. Daily Activities( နေ့စဉ်လုပ်ဆောင်ချက်များ)
         လုပ်ငန်းစဝင်ရောက်ပြီဆိုရင် နေ့စဉ် မိမိရဲ့ လုပ်ဆောင်ချက်များကို ဗလာစာအုပ် (သို့) မှတ်စုစာအုပ်တစ်အုပ်ဖြင့်  Daily logs ရေးသွင်းထားသင့်ပါသည်။ သို့မှာသာ မိမိရဲ့လုပ်ဆောင်ချက်ကို မိမိပြန်အကဲခတ်နိုင်ပြီး လိုအပ်ချက်တွေရှိလာရင်လည်း ပြန်လည်ပြင်ဆင်ရန် လွယ်ကူပြီး မတူညီတဲ့နေ့စဉ်ပြသနာတွေကို နားလည်သဘောပေါက်လာပါလိ့မ်မည်။ ကိုယ် မတွေ့မိလိုက်တဲ့ အချက်တွေကိုလည်း ပြန်လည် သုံးသပ်လို့ ရလာပါလိမ့်မယ်။
....................

ဘာတွေလိုအပ်မလဲ?????

  Admin အဖြစ် တာဝန်ယူလုပ်ကိုင်နေပြီဆိုလျှင် လုပ်ဆောင်ရမည့်   တာဝန်တွေက မိမိရုံးရှိ ဌာနအသီးသီးနဲ့  ချိတ်ဆက် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဌာနအသီးသီးနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုလည်း ရှိရပါမည်။ သို့မှသာ လုပ်ကိုင်ရ မြန်ဆန်ချောမွေ့စေပါမည်။

admin တစ်ယောက်ဖြစ်ရန် လိုအပ်ချက်တွေကတော့

- Communication skill - ကောင်းမွန်ရပါမည်။ ဌာနအသီးသီးနဲ့ချိတ်ဆက် ဆက်ဆံရမည့်လုပ်ငန်းဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးကောင်းမွန်ရပါမည်။

- Computer skill- တတ်ကျွမ်းရပါမည်။ အနည်းဆုံးတော Word ,Excel , PowerPoint နဲ့ စာစီစာရိုက်လေးတော့ တတ်ကျွမ်းရပါမည်။

- Accounting- စာရင်းအင်းပညာ Cash book ရေးသွင်းခြင်းလောက်တော့ အနည်းငယ်နားလည်ထားရပါမည်။

- English ဘာသာစကား - အတွက်တော့ လုံးဝမတတ်ရင်တောင် Conversation  အခြေခံစကားပြောလောက်ရင် အဆင်ပြေပါပြီ။

- HRM- Human Resource Management အကြောင်းကိုလည်း အခြေခံသဘောတရားလောက်တော့ သိထားရပါမည်။ ကုမ္ပဏီရဲ့ တစ်ချို့ ကိစ္စရပ်တွေမှာလည်း HR ဌာန နဲ့ လက်တွဲဆောင်ရွက်ရမည့်ကိစ္စရပ်များတွေရှိတဲ့အတွက် အခြေခံသဘောတရားတွေဖြစ်တဲ့
- Social Security Board -SSB (လူမှုဖူလုံရေးကိစ္စ ပေးသွင်းခြင်း)
- Salary , Allowance & other  Benefits( လစာနှင့် ခံစားရပိုင်ခွင့်အကြောင်း)

အထက်ဖော်ပြပါအချက်များသည် Admin assistant အဖြစ် စတင်ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါလိမ့်မည်ဟု မျှော်လင့်ပါသည်။
Admin Manager တစ်ယောက်ဖြစ်လာဖို့ (သို့) ဒီထက်ပိုမြင့်မည့် career  သွားမည်ဆိုပါက မိမိမှာ သက်ဆိုင်ရာလုပ်သက် များစွားရှိရမည့်အပြင် မိမိ၏အရည်အချင်းကိုလည်း မြင့်သထက်မြင့်အောင် ကြိုးစားသွားနေရမည်သာဖြစ်ပါသည်။


လေးစားစွာဖြင့်
မျိုးမြင့်ကျော်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"ကုမ္ပဏီဝန်ထမ်းဘဝဆိုတာ"

"ကုမ္ပဏီဝန်ထမ်းဘဝဆိုတာ"

အလုပ်က

လိုအပ်တဲ့အချိန်ထိပဲ အလုပ်က
ကြည့်ရှုစောင့်ရှောက်တာ ခံရမှာဖြစ်ပြီး
တစ်နေ့ သူ မလိုအပ်တော့တဲ့
အချိန်တစ်ခုဆိုရင်တော့
..........
"ဂျင်း" နဲ့ "ငရုတ်သီး" ပေါင်းပြီး
 အထောင်းခံရလိမ့်မယ်
.............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Come Here.....Goes There

ဘယ်လွှဲ ညာလွှဲ
"Come Here …Goes There"

**************                   

ဆိုင်ရှင်ဖြစ်တဲ့ ကျနော်ပျင်းပျင်းရိရိနဲ့ စားသုံးသူ အလာကို စောင့်နေပါတယ် 
ဆိုင်ရှင်ဆိုလည်း ကျနော်
စားပွဲထိုးလည်းကျနော်
ချက်ပြုတ်လည်း ကျနော်ပါပဲ …………………………….
ဆိုင်မှာ နေ့လည်နေ့ခင်းအချိန်ဖြစ်သည့်အတွက် ဆိုင်ထဲမှာ ခြောက်သွေ့နေပါတယ်
ဆိုင်မှာ နေ့လည်နေ့ခင်းအချိန်ညံ့လို့လားမသိ၊ တစ်နေ့တစ်နေ့ စားသုံးသူကိုမမျှော်ရတဲ့ နေ့ရယ်လို့မရှိ။

ဒီနေ့ လည်း စားသုံးသူအလာကို ငိုက်မြည်းချည်းများစွာနဲ့ စောင့်နေပါတယ်
"ကျွီ…………… "ဆိုတဲ့ အသံ
တံခါး ဖွင့်သံကြားလို့   ကျနော် ခေါင်းထောင်ကြည့်လိုက်ပါတယ်
လူနှစ်ယောက်ဝင်လာတယ်……………………….
ဆိုင်ထဲဝင်ထိုင်တော့ 
ကျနော်သွားမေးလိုက်တယ်
”ဘာများသုံးဆောင်မလဲ ခင်ဗျာ”

အဲ့ဒီနှစ်ယောက်ထဲက အသက်ကြီးကြီးတစ်ယောက်က
"ကြက်အသည်းအမြစ် နှစ်ပွဲ ဗျာ ….ရလား"

"အာ……ရပါတယ်ခင်ဗျာ"
အင်းပြီးတော့  "၀က်သားတစ်ပွဲ ငါးကြော်နှပ်တစ်ပွဲနဲ့ ….ထမင်းပါပေးဗျာ"

"အဲ ဘီယာကောရလားဗျ"
ရပါတယ်.ပုလင်းပဲရှိပါတယ်
ဒီလိုဆို ဘီယာ လေးလုံးအရင်ချဗျာ   ငါးမုန့်ကြော် နဲ့…….

ကျနော်လည်း ဘီယာ ချပေးပြီး ဟင်းပွဲအတွ့က် အလုပ်ရှုပ်သွားတာပေါ့
ဒါပေမဲ့ စိတ်ထဲ ပျော်နေတယ် ပြီးရင် သူတို့ စားတာ ဘယ်လောက်ကျလဲ ကျနော်တွက်ကြည့်ရဥိးမယ်
တော်တော်တော့ များမှာ ဟဲ…..ဟဲ စိတ်တွေးပေါ့
အဲ့ဒီနောက် ချသင့်တာတွေချပေးပြီး ကျနော်လည်း ကောင်တာ ပြန်ထိုင် ပြီး စားသောက်ထားတာကို တွက်နေတာပေါ့ (မဆိုးဘူးဗျ နှစ်သောင်းလောက်ရှိနေပြီ……) 
အော် လောဘ …လောဘ
သူတို့နှစ်ယောက်လည်း သောက်တယ် 
ပြီးတော့ ထမင်းစားကြတယ်
အချိုပွဲသုံးဆောင်တယ်
အဲနောက်  ဆေးလိပ်သောက်ရင်း စကားပြောနေကြတယ်
သူတို့နှစိယောက် ပြောနေတာကို လည်း ကျနော်လည်း နားစွင့်ကြည့်နေရင်း

"ဆိုင်ရှင်က မလုပ်နိုင်ပါဘူးဗျာ" ဆိုပြီး အသက်ငယ်ငယ်လူငယ်က ပြောတာ ကြားလိုက်တယ်
အကြီးတစ်ယောက်ကလည်း "အာ ဒါလေးက လွဲလွဲလေးပါ သူ မလုပ်နိုင်စရာမရှိပါဘူး"
အဲ့ဒီလိုပြောနေကြတော့ ကျနော်လည်း မနေနိုင်ဘူး 
သိတယ်မှတ်လား စပ်စုတာပေါ့ဗျာ
"ဆိုင်ရှင်" ဆိုတဲ့ ကျနော် နာမည်လည်းပါတာကို……ဟဲဟဲ

ဘာများထပ်လိုချင်လို့လဲမသိဘူး ပြောပါခင်ဗျာ
အာ မလိုတော့ပါဘူး
ဒီမှာဗျာ…..ကျနော်ညီလေးက ပြောတယ်"ဟော…ခင်ဗျားဆိုင်ထဲက နာ၇ီကို တွေ့လား….."
အင်း အဲ့ဒီနာ၇ီက ကျနော်အဖိုးဂျပန်သွားတုန်းက ပါလာတဲ့ နာ၇ီပေါ့
တော်တော်ကောင်းတယ်အခုထိကောင်းတယ်
ရှားလည်းရှားနြေုပီ
( ကြုံတုန်း ကျနော်လည်း နာ၇ီလေးကို ကြွားလိုက်တယ.် )
သူက ဆက်ပြီး.......နာရီ ဟိုဘက်ဒီဘက် လွှဲနေတာကို တွေ့လား”

"တွေ့တာပေါ့ ဘာဖြစ်လို့လဲ.? "

ခင်ဗျားအနေနဲ့ နာရီရှေ့မှာရပ်ပြိး တစ်နာရီလောက် နာရီလွှဲနေတာကို 
ဘယ်လွှဲရင် ဘယ်လွှဲ……….
ညာလွှဲရင် ညာလွှဲ ဆိုပြီး 
ခင်ဗျာ ရေတွက်နိုင် / မနိုင် ……..
အဲ့ဒါကို ငြင်းနေတာ………………

ဟားဟား လွယ်လွယ်ေးလပါဗျာ……………
ဘာလို့မရေတွက်နိုင်ရမှာလဲ

မဖြစ်နိုင်ပါဘူးဗျာ………….
ဘာလို့မဖြစ်နိုင်ရမှာလဲ …ဒီလောက်လွယ်တာကို

ကဲ ဒါဆိုလည်း လောင်းကြေးထပ်မယ်ဗျာ

ကဲ ပြော…ဘယ်လောက်လဲ

ကျနော်က အဲ့ဒါနဲ့ တစ်သောင်းလောက်လုပ်ပါဗျာ…………

အာ နည်းတာပေါ့ လို့  သုံးသောင်းလောက်တော့ လုပ်လိုက်ဗျာ လို့……………
 အငယ်ကောင်က ကြားဖြတ်ပြောတယ်

ကျနော်လည်း ဘာလို့ မလောင်းရဲရမှာလဲ ဆက်လောင်းတာပေါ့ ဒီလောက်လွယ်တာကို.ဟဲ…ဟဲ
အဲ့ဒီတော့ ငွေတွေထပ် ပြီးတော့ ဘယ်သူလက်ထဲအပ်မလဲ…
ကျနော်က သူ့အကိုလက်ထဲအပ်တယ်
သူရဲ့ ညီကလည်း ငွေသုံသောင်းထုတ်ပြိး သူ့အကိုလက်ထဲ ထည့်တယ်

အငယ်ကောင်က အဲ့ဒီမှာစပြောတယ်……………..
ခင်ဗျားအနေနဲ့…………….နာရီရှေ့မှာ ရပ်ပြီး တစ်နာရီ မှန်မှန်ရေတွက်နိုင်ရင်……ခင်ဗျာနိုင်တယ်
တကယ်လို့ ခင်ဗျာလှည့်ကြည့်ရင် ရှုံးတယ်နော်..
သဘောတူတယ်နော် …
အာ..တူတယ် စမယ်....စမယ်
အဲလိုနဲ့ (၃)ဦးသား နာရီ ရှိတဲ့နေရာကို လျှောက်တယ်
ကျနော်က သူတို့(၂)ယောက်ကို ကျော်ပြီး နာရီရှေ့မှာ ရပ်လိုက်တယ်….
အဲ့ဒီအချိန် အငယ်ကောင်က အချိန်စမှတ်တော့တာပဲ


အခန်းတစ်ခုလုံး …..တိတ်ဆိတ်သွားလိုက်တာ 
ကျနော်စိတ်ထဲမှာလည်းးးးးးးးးးးးးးးးး
တစ်……..
နှစ်…………ရေတွက်နေလိုက်တာ အချိန်တော်ကြာသွားတယ်
သုံးဆယ်ငါး….လေးဆယ်…. ငါးဆယ်။….
 အနောက်က ညီအကို နှစ်ယောက်ရဲ့ အသံလည်းမကြားရတော့ဘူး
တိတ်ဆိတ်တာပဲ ကျနော်လှမ်းမေးချင်ပေမယ့်
 ကျနော် မရပ်ရဲဘူးလေ………ရပ်ရင် ကျနော် ရှုံးသွားမှာပေါ့
အဲ့ဒါနဲ့ ဆက်ရေတွက်နေတာပေါ့
အဲ့ဒီအချိန် တံခါးဖွင့်သံ 
လမ်းလျှောက်လာသံ… ကြားနေရတယ်
ကျနော် လှည့်ကြည့်လို့လည်းမဖြစ်…. စိတ်ကလည်းရေတွက်နေရတယ်
ခဏတိတ်ဆိတ်သွားတယ်

ဟေ့လူ ခင်ဗျား ဘာရပ်လုပ်နေတာလဲ နာရီရှေ့မှာ…
ခြောက်ဆယ့်တစ်၊ ခြောက်ဆယ့်နှစ်……………….ခြောက်ဆယ့်သုံး

ဟာ..မဟုတ်သေးပါဘူး.. ခင်ဗျားဘယ်လိုဖြစ်နေတာလဲ 
ကျနော်ကိုမေးမှန်းကျနော်သိတယ်… ကျနော်ဖြေလို့မရဘူးလေ
ဟိုကောင်နှစ်ယောက်လည်း ဘာလို့ ၀င်ဖြေရှင်းချက်မပေးတာလဲ..
ကျနော် ဆက်ရေတွက်တယ်..

ခြောက်ဆယ့်ရှစ်..ခြောက်ဆယ့်ကိုး….

မေးတဲ့အသံပျောက်သွားတယ်
အဲ့ဒါနဲ့ ကျနော်လည်း စိတ်အေးလက်အေးပြန် ရေတွက်တယ်
ခုနှစ်ဆယိငါး…ခုနှစ်ဆယ့်ခြောက်….ခုနှစ်ဆယ်ခုနှစ်…………ရေတွက်တုန်း

တံခါးဖွင့်သံနဲ့ အလောတကြီးစကားပြောလိုက်တာကြားလိုက်ရတယ်
ဟိုမှာ နင့်ယောက်ျားဘာဖြစ်နေမှန်းမသိဘူး…………နာရီရှေ့မှာရပ်ပြီး 
နံပတ်တွေ လျှောက်အော်နေတယ်…
မိန်းမအသံကျနော် ဘေးနားမှာကြားလိုက်တယ်

အကို ဘာလုပ်နေတာလဲ ………………တစ်ယောက်ထဲ    …စိတ်ကိုထိန်းဦးလေ ….(ကျနော်ကိုတော့ သူတို့ မထိကြဘူးဗျ ….တစ်ခုကံကောင်းတယ်)
ကျနော်ရှေ့မှာ မိန်းမက လာရပ်တယ်…. အကို ဘာဖြစ်နေတာလဲ မိန်းမကိုပြောလေ အဲလိုမျိုးလျောက်မလုပ်နဲ့လေ….စိတ်ကိုထိန်းပါအကိုရ….

ကျနော်ဆက်ရေတွက်တယ်……….
ပြီးတော့မှာကို ရှစ်ဆယ်သုံး……ရှစ်ဆယ့်လေး…ရှစ်ဆယ့်ငါးးးး……..
ကျမ ယောကျာ်းဘာဖြစ်သွားမှန်းမသိဘူး………ဟီး……..ဟီး ငိုသံနဲ့ မိန်းမရဲ့ ငိုသံကြောင့် နောက်ဘေးပတ်ဝန်းကျင်က လူတွေေ၇ာက်လာကြတယ်ထင်တယ်ဒီလူ ရူးများသွားပြီးလားမသိဘူး

လူက များလားတယ်
ကျနော်လည်း ဒေါသ ထွက်လာတယ် 
ဒီလောက်ဖြစ်နေတာကို ဟို(၂) ကောင်ဘာမှမပြောဘူးပေါ့လေ
အဲ့ဒီအချိန်မဖြစ်ဘူးဗျ…..သူတို့ကို ချုပ်ပြီး ဆေးရုံပို့ရင်ကောင်းမယ်ထင်တယ်
တော်ကြာမလွယ်ဘူး…ပြန်လည်မပြောဘူးတစ်ယောက်ထဲ နံပတ်တွေပဲရေနေတယ်
ကိုးဆယိတစ်။။ ကိုးဆယ်နှစ် ။။။။ကိုးဆယ့်သုံး…..ကိုးဆယ်လေး ကျနော်မှန်မှန်လေးရေတွက်နေတယ်
ပြီးတော့မှာကို ကျနော်က ဘယ်သူမှလာမကိုင်ကျနဲလို့လည်းစိတ်ကလည်းဆုတောင်းနေရတယ်
ကျနော်နိုင်တော့မှာကို နိုင်ရင် ပိုက်ဆံရတော့မှာ
ကျနော် စိတ်ကူးနဲ့ ပျော်နေတာ
ကိုးဆယ်ရှစ်…ကိုးဆယ်ကိုး…တစ်ရာ လည်းပြည့်ရော 
ကျနော်လည်း ၀မ်းသားအားရနဲ့
နိုင်ပြီ.ကွ နိုင်ပြီ။။။။။။။။။။။။ဆိုပြိး အော်ရင်း လှည့်လိုက်တော့ 
ကျနော် ကို ၀ိုင်းကြည့်နေကြတဲ့လူတွေ မနည်းပါလား…အာလားးးးးးးးလားးး
ဟိုလူနှစ်ကောင်ကို လိုက်ကြည့်လိုက်တယ်…..
ဘယ်ရောက်သွားတာလဲ
မရှိတော့ဘူး…မရှိတော့ဘူး
ဘယ်အချိန်ထဲက ထွက်သွားမှန်းလည်းမသိဘူး ကုန်ပြီ ကုန်ပြီ……………………..
ကျနော်အော်ရင်း အော်၇င်း ရင်ထဲဆို့သွားတယ်………….. ပါးစပ်က စကားထွက်မလာတော့ဘူး
စားသောက်တာရယ် လောင်းကြေးထပ်တဲ့ ငွေသုံးသောင်းရယ် အားလုံးပေါင်းရင်
ငါးသောင်းကျော်လောက် ငါရှုံ့းသွားတာပဲ…………..စိတ်ကပြန်တွေးမိသွားတယ်
ငါတော်တော်မိုက်တာပဲ
ဘာမှမဟုတ်ပဲနဲ့ လောဘ..လောဘ

လူတွေကမေးတယ်………..ခင်ဗျားဘာဖြစ်တာလဲ
ဘာဖြစ်တာလဲ….ဟဲ အထိတ်တလန့်နဲ့
ကျနော်မဖြေနိုင်ဘူး
နည်းနည်းငြိမ်သွားတော့မှ အဖြစ်ပျက်ကိုပြန်ပြောပြတော့
အားလုံး ရယ်တဲ့လူရယ်
နှမြောတဲ့လူ နှမြော နဲ့ ဖြစ်ကုန်ကြလေရော

ကျနော်လည်း ခပ်ရှက်ရှက်နဲ့ နာရီကြီးကို ဖြုတ်ပြီး 
ဒီလောက်တောင် ဖြစ်လှတဲ့နာရီ ရော့ သွားလေေ၇ာဟဲ………………… ဆိုပြီး
စိတ်နာနာနဲ့ တစ်ခါတည်း ရိုက်ချိုးပစ်လိုက်တော့တယ်

လောကမှာ ဘာတစ်ခုမှ လွဲလွဲမရနိုင်သလို။………………… 
ကိုယ့်ထက် လည်တဲ့လူနဲ့တွေ့ရင်လည်း ကြိုမသိနိုင်ဘူး 
ကိုယ့်ကိုယ်ပဲ ဂရုစိုက်သင့်ကြောင်းနားလည်ရင်းးးး။……………..



ကျေးဇူးတင်စွာဖြင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

All the difference in the world

"There always room for a story
                  that can 
transport people to another 
                  place."
         - J.K. Rowling

စိတ်အပြောင်းအလဲလေး တစ်ခုဖြစ်အောင် ပုံပြင်လေး တစ်ပုဒ်လောက်ပြောပါရစေဗျာ...
စာဖတ်သူ မိတ်ဆွေတို့အတွက် သိကျွမ်းပြီးသား ပုံပြင်ဟောင်းလေး တစ်ပုဒ်ဖြစ်မှာပါ

(ဒီပုံပြင်လေးဖတ်ပြီး စာဖတ်သူစိတ်ထဲ ရသ တစ်ခုခု စွဲကျန်ရစ်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီဗျာ)Linn Sat

******************************
"All the difference in the world"

တနင်္ဂနွေနေ့ရဲ့ မနက်တိုင်း ကျနော့် အိမ်နားမှာရှိတဲ့ ပန်းခြံထဲမှာ ပုံမှန် ပြေးလေ့ရှိပါတယ်....
အဲ့ဒီပန်းခြံရဲ့ ထောင့်တစ်နေရမှာတော့ေ
ရကန်လေး တစ်ခုရှိပြီး ဒီရေကန်လေးကို ကျနော် ပတ်ပြီး ပြေးနေစဉ်အတွင်း ရေကန်အစပ်မှာ  သတ္တုလှောင်အိမ်ကလေး တစ်ခုကိုင်ပြီး ထိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို ပုံမှန် မြင်တွေ့နေခဲ့ရတာပေါ့

တနင်္ဂနွေတစ်ရက်မှာတော့ ကျနော်ရဲ့ စူးစမ်းလိုစိတ် သိချင်စိတ်ကို မတားနိုင်တော့ဘဲ  ပြေးနေတာကိုရပ်ပြီး အမျိုးသမီးရှိရာ ရေကန်စပ်ကို  သွားခဲ့လိုက်တယ်။

အမျိုးသမီးနဲ့ နီးကပ်လာတဲ့အခါ  ကျနော် မြင်လိုက်ရတဲ့ သတ္တု လှောင်အိမ်ဆိုတာ တကယ်တော့ တိရစ္ဆာန်လေးတွေ ထွက်ပြေးလို့မရအောင်ထားတဲ့ လှောင်အိမ်ငယ်ကလေးဆိုတာ နားလည်သဘောပေါက်လိုက်တယ်.....

အဲ့ဒီလှောင်အိမ်ကလေးထဲမှာ ပင်လယ်လိပ်လေး(၃)ကောင်က ဖြေးညင်းစွာလှည့်ပတ်သွားနေပြီး (၄)ကောင်မြောက် ပင်လယ်လိပ်ကိုတော့ အမျိုးသမီးကြီးရဲ့ ရင်ခွင်ထဲမှာ ပိုက်ထွေးထားပြီး spongy brush နဲ့ ဂရုတစိုက်နဲ့ သန့်ရှင်းရေးလုပ်ပေးနေတာပေါ့

ကျနော်လည်း အမျိုးသမီးဆီကို သွားပြီး မိတ်ဆက်လိုက်တယ်
"ဟဲလို....
.တနင်္ဂနွေ မနက်တိုင်း မင်းဒီမှာထိုင်နေတာ ငါအမြဲတွေ့တယ် 
မင်း စိတ်မဆိုးဘူးဆိုရင် ဒီ ပင်လယ်လိပ်တွေနဲ့ ဘာတွေလုပ်နေသလဲဆိုတာ ငါ့ သိလို့ရနိုင်မလားလို့"  
ဆိုပြီး ကျနော် ပြောလိုက်တယ်...

"သူတို့ရဲ့ အခွံ တွေကို ငါ သန့်ရှင်းရေး လုပ်ပေးနေတာပါ " ဆိုပြီး  အမျိုးသမီးက ပြုံးပြီး ပြန်ဖြေတယ်... တဆက်တည်း သူက ဆက်ရှင်းပြတယ်

"လိပ်အခွံပေါ်မှာရှိတဲ့အရာတိုင်းဟာ ရေထဲမှာရှိတဲ့ အညစ်အကြေးနဲ့ ရေညှိရေမှော် တွေကြီးပဲ"
ဒီအညစ်ကြေးတွေက လိပ်ရဲ့ အပူစုပ်ယူနိုင်တဲ့ စွမ်းအားကို လျော့ကျစေပြီး ရေကူးနိုင်စွမ်းကိုလည်း ကြန့်ကြာတတ်အောင် ဒုက္ခပေးတတ်တယ်လေ...

ကြာလာရင် သူတို့အခွံတွေက တဖြည်းဖြည်း အားနည်းလာပြီး တမြည့်မြည့် ပျက်စီးတော့တာပဲ"

ဒါကြောင့် ငါဒီမှာ သန့်ရှင်းရေး လုပ်ပေးနေရတာပေါ့.....

"ဝိုး..... မင်းနဲ့တွေ့ရတာ အရမ်း အံသြဖို့ကောင်းတာပဲ" ဟု ကျနော်လည်း ပြန်ပြောမိလိုက်တယ်"


ဒီလိုနဲ့ တနင်္ဂနွေမနက်တိုင်း ရေကန်စပ် မှာ လိပ်ကလေးတွေကို (၂)နာရီလောက် သူမနဲ့အတူ ကူညီ သန့်ရှင်းပေးပြီး လိပ်ကလေးတွေကို ရေကန်ထဲလွှတ်ပေးပြီးနောက် သူမ ပြန်သွားလေ့ရှိပြီး ဒီအပြုအမူလေးက ကျတော့်စိတ်ကိုလည်း အေးချမ်းစေတယ်
ဒါကတော့ ကျနော့်နဲ့ ကွဲပြားခြားနားတဲ့ ထူးထူးခြားခြား လုပ်ဆောင်ချက်လေးတွေကို စတင်အစပျိုးလိုက်ခြင်းပါ....

"ဒါနဲ့..... ရေချိုလိပ်အများဆုံးဟာ  သူတို့ရဲ့အခွံမှာ ကပ်ညှိနေတဲ့ ရေညှိနဲ့အညစ်အကြေးတွေကြောင့် သူတို့ ဘဝတစ်လျောက်လုံး အသက်ရှင်နေထိုင်နိုင်ကြပါ့မလား" လို့
သူမကို မေးလိုက်တဲ့အခါ

"နေထိုင်နိုင်ကြမှာပါ... သူတို့လုပ်နိုင်မှာပါ"ဆိုပြီး စိတ်မကောင်းစွာနဲ့ ပြန်ဖြေတယ်။

"ကောင်းပြီ..... မင်းရဲ့အချိန်တွေကို ဒီထက်ပိုကောင်းတဲ့နည်းနဲ့  အချိန်ဖြုန်းဖို့ မစဉ်းစားမိဘူးလား??" ငါဆိုလိုတာက
" မင်းမှာ အားလုံးကို ကြင်နာတတ်တဲ့စိတ် ရှိတယ်...
ဒါပေမယ့် ကမ္ဘာအနှံ့မှာရှိတဲ့ ရေကန်ထဲမှာလည်း ဒီလိုလိပ် တွေ နေထိုင်နေကြတယ်လေ" ပြီးတော့
ဒီလိပ်တွေရဲ့ ၉၉ %လောက်ကို မင်းလိုမျိုးသူတို့ရဲ့အခွံတွေကို ကြင်နာစွာကူညီသန့်ရှင်းပေးပြီး လုပ်ပေးနိုင်မယ်သူမျိုး ရှိမှာမဟုတ်ဘူး"

"ဒီလိုမျိုး ရှိမလာဘူးဆိုရင်"

"မင်းရဲ့ဒီလိုကွက်ကြားမိုး ကြိုးစားအားထုတ်မှုတွေက ဘယ်လိုများ ပိုပြီး ထူးလာမှာမို့လို့လဲကွာ။"

အမျိုးသမီးက အသံကြားရုံလောက်တခစ်ခစ်ရယ်မောလိုက်ပြီး ရင်ခွင်မှာပိုက်ထားတဲ့   လိပ် ကို ငုံ့ကြည့်လိုက်တယ်...

ပြီးတော့ အခွံပေါ်ကနောက်ဆုံးကျန်တဲ့ရေညှိအချို့ကို  ရှင်းလင်းပြီး သူမက လိပ်ကလေး ကို ပြောလိုက်တယ်'...."

"လိပ်ကလေးသာ စကားပြောတတ်ခဲ့မယ်ဆိုရင် မင်းကိုသူက ပြောလိမ်မယ်..."

"ကမ္ဘာမှာရှိတဲ့ ကွဲပြားခြားနားချက်အားလူံးကို ငါက ပြုလုပ်ပေးချင်တာပဲ ရှိတာပါကွာ"

"Let yourself believe that you have the full right to go after your heart's desires and dreams!


*************
The  Moral - You can change the World.

> ကမ္ဘာကြီးကိုပြောင်းလဲဖို့ ချက်ချင်း လုပ်ဆောင်လို့မရနိုင်ဘူးလေ
>ဒါပေမယ့် တစ်ဦးတစ်ယောက် / တိရစ္ဆာန်တစ်ကောင် ဖြစ်ဖြစ် အချိန်ခဏအတွင်းမှာ မိမိရဲ့ကောင်းမွန်တဲ့အပြုမှုလေးကို ဆောင်ရွက်ရင်း ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်....
******************
Linn Sat (Sep / 3 / 2017)


Ref: All the difference in the World Written by MARC CHERNOFF

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS