RSS

Failure is just one step towards success.
Keep Going
Alin Karr Nya

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ကြတယ်ဆိုတာ

ချစ်ကြတယ်ဆိုတာ
အပေးအယူမျှဖို့ထက်
 တစ်ဖက်အားနည်းချက်
လိုအပ်ချက်တွေကို
ဖြည့်ဆည်းနိုင်ရင်ဖြည့်ဆည်း
မဖြည့်ဆည်းပေးနိုင်ရင်တောင်
နားလည်ပေးရမယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အောက်ပါပညာရပ်တွေကို သင်နားလည်ပြီလား???

အောက်ပါ ပညာ များကို သင်တတ်ပြီလား?
1. လိမ်ညာတတ်ပြီလား
2. ဟန်ဆောင်တတ်ပြီလား
3. စိတ်ဖိစီးမှုတွေခံနိုင်ရည်ရှိပြီလား
4. တစ်ပါးသူ ကျော်ခွသွားတာတွေကို သည်းညည်းခံနိုင်ပြီလား
5. တာဝန်ဝတ္တရားတွေကိုခေါင်းခံနိုင်ပြီလား
6. သူတစ်ပါးတာဝန်လွဲပြောင်းပြီး ကိုယ့်တာဝန်အဖြစ် ခေါင်းခံရင်ဆိုင်ဖြေရှင်းနိုင်ပြီလား
7. ကိုယ့်ကိုကိုယ်ယုံကြည်မှု့ ရှိပြီ့လား
8. ယုံကြည်မှုအလွဲသုံးစားလုပ်တတ်ပြီလား
9. မိသားစုဆီမှ လက်ဖြန့်တောင်းနေရတုန်းလား
10. အုပ်ထိန်းသူမိသားစုသြဇာခံအဖြစ် သေဆိုသေ အလုပ်ထွက်ဆိုထွက် ဒါလုပ်ဆိုလုပ် အဖြစ် ရပ်တည်နေရဆဲလား
11. ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီလား
12. ကိုယ်ဆုံးဖြတ်ချက်အပေါ တာဝန်ယူနိုင်ပြီလား
13. ဆုံးဖြတ်ချက်လွဲမှုကြောင့် ကိုယ်တာဝန်ကိုယ် ရင်ဆိုင်ဖြတ်ကျော်နိုင်ပြီလား???   မည်သို့ပင်ဖြစ်စေ တစ်ချို့အချက်အလက်တွေကျန်ရှိနေဦးမှာပါ  - သို့သော်ဘဝတစ်ခုရပ်တည်ဖို့အတွက်အထက်ပါအချက်အလက်နဲ့ ကင်းလွတ်ချင်မှကင်းလွတ်ပါလိမ့်မယ့်  -  မိမိဘဝတိုးတက်ဖို့အတွက် မိမိရှေ့ရေးအတွက် မိမိဝင်ငွေရရှိဖို့အတွက် မိဘ ဆွေမျိုး သူငယ်ချင်း တစ်သက်လုံး တာဝန်မယူနိုင်ဘူးလေ ကိုယ့်ဘဝကိုယ် ကိုယ့်မိသားစုကို ကိုယ်ပဲတာဝန်ယူဖြေရှင်းရမှာ- ဘယ်သူလာကူညီနိုင်မလဲ သင် သိပါသလား- ???  သင့်ဘဝတိုးတက်ဖို့အတွက် သင့်ဆုံးဖြတ်ချက် -အရည်အချင်း-ကိုယ့်ကျင့်တရားနဲ့ သင့်ကြိုးစားမှုပေါမှုတည်သည်-
14. ဒါကိုကြည့်ပြီး သင့်ပတ်ဝန်းကျင် နဲ့မိဘက အားပေးမယ် ရှုံချမယ် ကဲ့ရဲ့မယ် အတင်းပြောမယ် လိုသည်ရှိမယ် မလိုသည်ရှိမယ် မနာလိုဝန်တို မုန်းထား တွေဖြစ်ပေါ်လာတော့မှာ မလွဲဧကန်ပါ-

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်ကလေး

1)  ငါ့ရဲ့ကောင်းကင်ယံမှာ
ကြယ်တွေအများကြီးရှိနေဖို့မလိုဘူး
ငါ့အတွက် ဘယ်တော့မှမှေးမှိန်မသွားမယ့်
ကြယ်လေးတစ်လုံးပဲလိုတယ်။

2) မှောင်မိုက်တဲ့ ကောင်းကင်ယံမှာ
လမင်းကြီးထွန်းတောက်နေဖို့မလိုဘူး
ငါ့ ကြယ်လေးကို အရောင်မှိန်စေမယ့်
တိမ်ဆိုးတွေ ရှိမနေဖို့ပဲလိုတယ်။

3) မိုင်ထောင်ချီဝေးနေဦးတော့
ငါ့ကြယ်လေးသာရှိနေပာစေ
တောင်ကမ်းပားယံ ကာဆီးထားတောင်
အရောက်လှမ်းလို့ လာခဲ့မယ်။

4) တစ်ခြား ဘာမှမလိုဘူး
နွေးထွေးတဲ့ ရင်ခွင်နဲ့ဆီးကြိုမယ့်
ကြယ်လေး ....
မင်းရှိရင် အရာရာအားလုံးပြည့်စုံတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မသိမိလိုက်​​သော အချိန်​များ


မသိမိလိုက်​​သော......အချိန်​များ © ကျူရှင်​အားကိုးပြီး အတန်းပိုင်​ဆရာမ ပို့​ပေးတဲ့ အတန်းသစ်​မှာ .... ငါ​ပျော်​နေမိတယ်​။ © အပိုင်​ရတဲ့​မေးခွန်းကို ​အောင်​မှတ်​​ရွေးကျက်​တဲ့ ​အောင်​မြင်​မှုအတွက်​ ..... ငါ ဂုဏ်​​ယူမိတယ်​။ © Pratical အခန်းမှာ စာထိုင်​ကူးပြီး လက်​​တွေ့ကိရိယာ​တွေကို အလှထိုင်​ကြည့်​​နေရတာ ငါ ​ကျေနပ်​​နေမိတယ်​။ © Tutorial ​ခေါင်းစဉ်​​အောက်​မှာ နာရီဝက်​​လောက်​ ဖတ်​စာအုပ်​က​နေ ကူးတဲ့အရသာကို ငါ ချိုမြိန်​မိတယ်​။ © ဘာမှန်းမသိ...... သုံးနှစ်​သုံးမိုး အချိန်​​ပေးလိုက်​တာ ဘွဲ့တစ်​ခု​တော့ အဖတ်​တင်​တာ​ပေါ့။ © ဘွဲ့ရ ပညာမတတ်​ဘ၀​တွေ ဘွဲ့ရ အလုပ်​လက်​မဲ့ ဘ၀​တွေ ဘာလို့ ... ငါတို့ရဲ့အ​ကောင်းဆုံး ဥာဏ်​ဖွံ့ဖြိုးချိန်​အတွက်​ အာမခံချက်​မရှိတာလဲ....? © ​သြော်​.... ပညာ​ရေးတဲ့ အပြစ်​တင်​ဖို့ စဉ်းစား​တော့ မသိမိလိုက်​တဲ့ အချိန်​​တွေမှာ ငါတို့ကြိုးစားခဲ့ရမှာ။ © ​နောင်​တကို မုန်းရင်​​တော့ ဘာစနစ်​ဖြစ်​ဖြစ်​ လူငယ်​​တွေ ကြိုးစားကြပါ တိုင်းပြည်​အနာဂတ်​ဟာ ငါတို့လက်​ထဲမှာ​လေ ငါတို့.... ပျင်း​နေမယ်​ဆိုရင်​​တော့​ ​နောက်​မျိုးဆက်​​တွေ အတွက်​ ​တွေးကြည့်​ကြ​ပေါ့။ (အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နောက်​ဆုံး​တော့

"သူ့....... ကိုချစ်​လိုက်​တာ....."
သေချာပြန်​စဉ်းစားပါ
တကယ်​​တော့ ....
ချစ်​တယ်​ဆိုတာ သူ့ကိုမဟုတ်​ဘူး
ကိုယ့်​စိတ်​အလိုအရ
သူ့ကို ချစ်​တာဖြစ်​တဲ့အတွက်
ကိုယ့်​စိတ်​ကို ချစ်​​နေကြတာပဲ။
ကိုယ့်​စိတ်​ထဲမှာ 
လိုချင်​မှု ​လောဘ​တွေ
ပိုင်​ဆိုင်​လိုမှု အတ္တ​တွေ
များရင်​များသလို
အချစ်​ဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာ
ခံစားကြရတယ်​..........

အသည်းကွဲတယ်​ဆိုတာ
မျှော်​လင့်​ထားတဲ့အရာတစ်​ခုကို
အဆုံးစွန်​ထိ ယုံကြည်​ပြီး
ပိုင်​ဆိုင်​ခွင့်​မရ​တော့တဲ့အခါ
ထွက်​​ပေါ်လာတဲ့ 
ခံစားချက်​ဖြစ်​တယ်​.....

လူ​တွေရဲ့ ဖန်​တီးမှုထဲမှာ
ဘယ်​​တော့မှ
ဟောင်းမသွားတာဟာ
"လူ" ပဲဖြစ်​သလို.....
တွေ့ရှိမှုထဲမှာ လူသားတိုင်းကို
လွှမ်းမိုးထားတာ
"အချစ်​" ပဲ
တစ်​ချို့က အချစ်​မှားပြီး
ဒုက္ခ​ရောက်​ကြတယ်
တကယ်​ဆို
လူသားတိုင်း တစ်​ခုခုကို​တော့
ချစ်​​နေကြတာချည်းပါပဲ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

During Water Festival (Thingyan)- (12 April to 18 April, 2015)

During Water Festival (Thingyan)- (12 April to 18 April, 2015)

ကုသိုလ်ကောင်းမှု ပြုသမျှကို
သာဓု ခေါ်ဆိုနိုင်ကြပါစေ။
“ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည်
သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း 
ဖြစ်၏။
- ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည်
ပူပန်ဆင်းရဲ အဖန်တလဲလဲ သေရခြင်း၏ 
အကြောင်းဖြစ်၏။
- ကုသိုလ်ကောင်းမှု၌ မမေ့လျော့သော သူတို့သည်
မသေရာ နိဗ္ဗာန်သို့ ရောက်ကြမည်ဖြစ်၍ 
မသေသောသူများ ဖြစ်ကြ၏။
- ကုသိုလ်ကောင်းမှု၌ မေ့လျော့သောသူတို့သည် 
အသက်ရှင်လျက် ရှိကြသော်လည်း အဖန်တလဲလဲ 
သေကြရဦးမည်ဖြစ်၍ သေသောသူနှင့် တူကုန်၏။ ”


Heedfulness is the path to the Deathless.*
Heedlessness is the path to death.
The heedful die not.
The heedless are as if dead already. ( Dhammapada)











  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS