RSS

ရှုမျှော်ကာငေး ကျောက်ဖြူမြို့အလှလေး

ကျွန်တော်က ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ…/လုပ်ငန်းတာဝန်ကျရာနေရာတွေကို သွားနေရတာပါပဲ
အခုလည်းကြည့်………..
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ Myanmar-China Gas Pipeline လုပ်ငန်း Project မှာ ကျွန်တော်တို့ ကုမ္ပဏီက CNPC Oil and Gas Transportation Management Office ကို တာဝန်ယူတည်ဆောက်နေတဲ့ Company တစ်ခုပါ… အဲ့ဒီလိုနဲ့ ကျွန်တော်လည်း ကျောက်ဖြူကို ရောက်လာတော့တာပါ…….
အဖေက ကရင်၊ အမေက ရခိုင်လူမျိုးဖြစ်တဲ့ မိဘနှစ်ပါးက မွေးလာတဲ့ ကျွန်တော် ကပြားလေးတစ်ယောက် ရခိုင်ပြည်နယ်မှာအလုပ်လုပ်ရမယ်ဆိုတော့ တတ်ကြွဝမ်းသာနေတာပေါ့…….
ရန်ကုန်ကထွက်လာပြီး ရခိုင်ပြည်နယ်ထဲဝင်လာတော့…
မအီဆိုတဲ့ မြို့လေးမှာ ကားခဏရပ်တော့ နေကလည်းပူ…ကားစီးရတာကလည်း အိုက်၊ ရေကလည်းဆာ ဆိုတော့. ဖရဲသီးသည်ကိုတွေ့တော့ ၀ယ်စားမိတယ်…….
အဲ့ဒီမှာစတာပဲ…… “ ဖရဲသီး တစ်စိတ် ဘယ်လောက်လဲမသိဘူး…….တစ်စိတ်ပေးပါ” ဆိုပြီးဝယ်မိတယ်…
ရောင်းတဲ့သူကလည်း ရခိုင်သံဝဲ၀ဲလေးနဲ့ပြန်ဖြေပါတယ်.
“တစ်ပေါက်ကို ၅၀ ပါ” လို့ပြန်ဖြေတော့ ရုတ်တရက် ကျွန်တော်တို့ကြောင်သွားတယ်….ကျွန်တော်တို့လို့ ပြောတာက ကျွန်တော်နဲ့အတူ HSE (Health, Safety and Environment) တာဝန်ထမ်းဆောင်မယ့် ညီတစ်ယောက်လည်းပါတယ်……နှစ်ယောက်စလုံး မင်တက်သွားပါတယ်……..
ဖရဲသီးတစ်စိတ်ကို တစ်ပေါက်လို့ ပြောသွားတဲ့ အသံဝဲ၀ဲလေးနဲ့ ဘာသာစကားဖလှယ်သွားတာကို …..
အဲ့ဒီလိုနဲ့ ကျောက်ဖြုရောက်ပြီး တာဝန်ထမ်းဆောင်လာတာ အခုဆို (၇)လတောင်ကြာမြင့်လာပါပြီ... တာဝန်ထမ်းဆောင်ရင်းနဲ့ ညနေခင်းတစ်ခုမှာ ကျနော်က အလုပ်သမားတွေအခြေအနေကို Site ထဲ သွားကြည့်တော့... အလုပ်သမတစ်ယောက်က ပြောတယ်..
အကို..." အလုပ်မဆင်းသေးဘူးလား...မိုက်လာပြီတဲ့.."
သူဘာပြောလိုက်မှန်းမသိဘူ....အဲ့ဒီထဲက မြန်မာစကားတတ်တဲ့တစ်ယောက်က မိုက်လာပြီဆိုတာ မှောင်လာပြီလို့ပြောတာ လို့သိရတော့... ကျနော်ကိုယ်တိုင်အသံထွက်တောင်ရယ်မိတယ်..
အဲ့ဒီတော့ ကျနော်က သူတို့ပြောတဲ့အတိုင်းပြန်ပြောမိတယ်........"မမိုက်သေးပါဘူးဟာ... စောပါသေးတယ်လို့"
အဲ့ဒီအလုပ်သမလေးကပဲ "မ၀ါနဲ့နော်.." တကယ်မိုက်လာလို့ပြောတာ" ဆိုပြီးထပ်ပြောတယ်
အဲ့ဒီမှာလည်းစကားလုံးတစ်လုံးသိလာရတယ်...၀ါ = လိမ်ညာပြောဆိုခြင်း ပေါ့.......
ဒီလိုနဲ့ ကျောက်ဖြူမှာ နေသားကျလာတော့ သူတို့ရဲ့ ရခိုင်စကားဝဲသံတွေလည်းနားယဉ်လာပြီး
ကျောက်ဖြူမြို့ရဲ့အကြောင်း ဗဟုသုတအနေဖြင့် တစ်စေ့တစောင်းပြောပြချင်တာကြောင့် ဖော်ပြရေးသား လိုက်ပါတယ်.
အလင်္ကာည
၂၀၁၂ခုနှစ်၊ ဇွန်လိုင်လ(၁၅)ရက်
+++++++++++++++++++++++++++++
ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်ရှိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏ မြောက်ဘက်ဖျားရှိဘင်္ဂလာကမ်းခြေအနီးတွင် တည်ရှိနေသော မြို့တစ်မြို့ဖြစ်ပေသည်။ ရှေးအခါက ရခိုင်ပြည်ကြီးတွင် ၀တီလေးရပ်အပါအ၀င် တိုင်းကြီး(၁၂) တိုင်း ရှိခဲ့ဘူးပါသည်။ ထိုတိုင်းများထဲတွင် ရမ္မာဝတီ (ခေါ်) ရမ္မာပူရကျွန်းလည်း တိုင်းတစ်ပါးအဖြစ်ပါဝင်ခဲ့လေ သည်။ (ဤရမ္မာပူရကျွန်းအား နောက်တစ်နည်းအဆိုအရ ကဿဖဘုရားသခင်လက်ထက်တော်အခါက တစ်ပါးသော နေ့တစ်နေ့တွင် ဘုရားသခင်သည် ရဟန္တာများနှင့် ကောင်ကင်စံခရီးကြွတော်မူရာတွင် ရခိုင်ပြည် ၏ အလယ်ဗဟိုကျသောာ ပင်လယ်ထဲတွင် ၀မ်းဘဲငှက် ပုံသဏ္ဍာန်ရှိသော ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက် ရပ်နားတော်မူပြီး၍ ကျွန်းငယ်အား နောင်တွင် ၀မ်းဘဲကျွန်း ဟုအမည်တွင်အံ့ဟူ၍ ဖျာဒိတ်ထားခဲ့တော်မူသည် ။ ယခုကာလကြာရှည်လာခြင်းကြောင်း ရမ်းဗြဲကျွန်းဟူ၍ ပြောင်းရွှေ့ခေါ်ဆိုကြကြောင်း အဆိုရှိခဲ့လေသည်။)
၁၈၂၄-၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာတို့ ပထမအကြိမ်စစ်ပွဲကြီးဖြစ်ပွားရာတွင် ရခိုင်ပြည်အား အင်္ဂလိပ်တို့ သိမ်းယူရရှိပြီးနောက် လေးခရိုင်ပြုလုပ် အုပ်ချုပ်ခဲ့လေသည်။
(၁) စစ်တွေခရိုင်
(၂) အမ်းခရိုင်
(၃) ရမ်းဗြဲခရိုင် နှင့်
(၄) သံတွဲခရိုင်များပင်ဖြစ်ပေသည်။
၁၈၃၇ ခုနှစ်တွင် အမ်းခရိုင်ကို ဖျက်သိမ်းလိုက်ပြီး ကျောက်ဖြူခရိုင်အဖြစ် ပြောင်းယူအုပ်ချုပ်ခဲ့လေသည်။
၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲခရိုင်ကိုဖျက်သိမ်းပြီး အမ်းခရိုင်နှင့် ရမ်းဗြဲခရိုင် နှစ်ခုကို တစ်ခုတည်းအဖြစ်ပူးပေါင်း၍ ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ်အုပ်ချုပ်ခဲ့လေသည်။ ကျောက်ဖြူမြို့ဟု ခေါ်တွင်ရခြင်းမှာ လှပဖြူဖွေးသော ကျောက်စရစ်လုံးများ ပေါများစွာရှိခြင်းတို့ကြောင့် ကျောက်ဖြုမြို့ဟု အမည်ပေးခဲ့ခြင်းဖြစ်ပေ သည်။ ကျောက်ဖြူမြို၏ အကျယ်အ၀န်းမှာ အလျား(၂)မိုင် ၊ အနံ(၁)မိုင်ခွဲခန့်ရှိပါသည်။ မြေမျက်နှာပြင်မှာ တောင်ကုန်း များ၊ ချိုင့်ဝှမ်းများ မရှိဘဲ ညီညာပြန့်ပြူးလျှက်ရှိပါသည်။
***************
ရန်ကုန်မှလာသော် ကျောက်ဖြူမြို့သို့မရောက်ခင်…. (ကျောက်ဖြူ-ရမ်းဗြဲလမ်းမကြီး) ကံကော်တောဘုရားသို့ ဖူးရန် လမ်းညွှန်ဆိုင်းဘုတ်လေးကို တွေ့ရပါလိမ့်မယ်… (အခုတော့ ၄င်းလမ်းမကို Myanmar-China Gas Pipeline Project သို့ သွားသော Main လမ်းအဖြစ် ကားမျိုးစုံဖြင့် ၀င်ထွက်သွားလာနေကြပါသည်။)
အခါကြီးရက်များ၊ ဥပုသ်ရက်များတွင် ကံကော်တောဘုရားတွင် ဖူးမြော်သူလူများစည်ကားလှပါသည်။ မြို့လုံးကျွတ် လာရောက်ကြသလို နီးစပ်ရွာ ရွာများပါမကျန် ဘုရားပေါ်တွင် စည်ကားလှပါသည်။ ရှေးအခါက ၄င်းနေရာတစ်ဝိုက်တွင် ကံကော်ပင်များမှလွဲ၍ တစ်ခြားမည်သည့်အပင်မျှ မပေါက်ခဲ့ကြောင်းနှင့် ရာပေါင်းများစွာ သော ကံကော်ပင်များသာ ပေါက်ရောက်ခဲ့သောကြောင့် ကံကော်တော ဟု ရှေးယခင်က ခေါ်ဝေါ်သမုတ်ခဲ့ကြ ပေသည်။ ယခုတွင့် လေပြင်းမုန်တိုင်းဒဏ်အကြိမ်ကြိမ်ခံရခြင်းအားဖြင့်လည်းကောင်း၊ ထင်းခုတ်ကြသော တောခုတ်သမားများ၏ မဆင်ခြင်ဘဲ ခုတ်ယူဖြုန်းတီးခြင်းတို့ကြောင့် သိမ်တော်ဘက်သို့ ဦးညွတ်နေသော ကံကော်ပင် (၇)ပင်သာ ကျန်ရှိနေပါတော့ကြောင်း သိရှိရပါသည်။

ကံကော်တော်ဘုရားလမ်းထိပ်မှဆက်ပြီးလာသော် ကျောက်ဖြူမြို့အ၀င်မှာ ကျောက်တစ်လုံးဘုရားရှိပါတယ်.. ကျောက်ဂူထဲမှာ ဘုရားတည်ထားတာကို တွေ့ရှိရပါတယ်..ဘုရားဂူထဲဝင်ပြီး စိတ်ငြိမ်အေးချမ်းစွာ တရားထိုင်တဲ့ သူထိုင်နဲ့ အခါကြီးရက်၊ဥပုသ်ရက်တွေမှာ တရားဘာဝနာပွားများနိုင်ပါတယ်။
၎င်းနဲ့မျက်နှာချင်းဆိုင်မှာ ကမ်းခြေအလှတစ်ခုဖြစ် တဲ့ နတ်ကျောက်တောင် ရဲ့ ရှုခင်းအလှကိုလည်း တွေ့ရမှာပါ။ ( ရွာခံတွေရဲ့ ပြောဆိုမှုအရ ကျောက်တစ်လုံးဘုရားမှ နတ်ကျောက်တောင်သို့ သွားတဲ့ ဥမင်လမ်းတစ်ခုရှိကြောင်းနှင့် အရင်တုန်းက ၄င်းလမ်းကို ဖွင့်လှစ်ထားကြောင်း ၊ သို့သော်လည်း ၄င်းလှိုဏ်ဂူအတွင်း အမြင်မတော်သော ချစ်သူစုံတွဲများကြောင့် အခုပြန်လည်ပိတ်ထားရကြောင်း သိရှိရပါသည်။)

နတ်ကျောက်တောင်ကို အဝေးမှ မြင်ရစဉ်။
ကျောက်တစ်လုံးဘုရားကို ဖူးမြော်ပြီးပြီ (သို့) နတ်ကျောက်တောင်မှာ ၀င်ပြီးလည်ပတ်ခဲ့ပြီးရင်ဆိုရင်တော့ နောက်ထပ် (၁၀)မိနစ်လောက် ကားနဲ့ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ဖြစ်ဖြစ်ဆက်သွားကြည့်မယ်ဆိုရင် ကျောက်ဖြူမြို့အ၀င်မှာ ခမ်းခမ်းနားနားနဲ့ကြိုဆိုသွားတဲ့ ကျောက်ဖြူမြို့အ၀င်ဆိုင်းဘုတ်ကို တွေ့ရှိရပါမယ်။
(မြို့မှထွက်ခွာသည့်ဘက်မှရိုက်ကူးထားသည့်ပုံ :D :)
အဲ့ဒီရဲ့အနီးအနားမှာ နဒီသောင်ယံ ဥယျာဉ်တစ်ခုရှိပါသေးတယ် အနားယူအပန်းဖြေရင်း ရေကူးမလား၊?? သောင်ပြင်မှာလမ်းလျောက်မလား၊?? ခရုခွံတွေလည်းကောက်ဦးမလား၊??? ဆိုင်ကယ်၊စက်ဘီး၊ကားမောင်းလို့လည်းရနိုင်သေးတယ်နော်၊??? မောလို့ အစာပြေစားသောက်ဖို့ဆိုရင်လည်း ဆိုင်ကလည်း ကပ်လျှက်ပါပဲ။(နည်းနည်းတော့ ဈေးကြီးတာပေါ့ :P)


ကျောက်ဖြူမြို့ရဲ့ ညနေခင်းအလှတစ်မျိုးကိုလည်း ဒီလိုမျိုးကြည့်ရှုခံစားနိုင်တာပေါ့။


တံငါသည်တွေရဲ့ ဘ၀အလှတစ်ခုပါ …
ဆောက်လုပ်လျှက်ရှိသော ကျောက်ဖြုမြို့၏ အမှတ်(၁) ဆိပ်ကမ်းဘောတံတား
ဒါကတော့ ပင်လယ်ထဲကတက်လာတဲ့ ကျောက်ဖြူမြို့က လှည်းကလေးပါ... တစ်ခါတစ်ရံ ပင်လယ်ကထွက်တဲ့ အစားအစာကို သယ်ဆောင်တတ်သလို့ တစ်ခါတစ်ရံ ထင်း၊ ကျောက်ကြီးနဲ့ မျှောတိုင်တွေလည်း သယ်ဆောင်တတ်ပါသေးတယ်

ကျောက်ဖြူမြို့ထဲမှာတော့ ထူးထူးခြားခြားရယ်လို့မရှိပါဘူး။ အကျယ်အ၀န်းပေါ်မူတည်ပြီး ပြည်သာယာဈေးနဲ့စည်ပင်ဈေးရုံ(၂)ရုံ ရှိပါတယ်၊ ဈေးဝယ်ခြမ်းရတာတွေလည်း စိတ်ချမ်းသာပါလိမ့်မယ်။ (ရန်ကုန်ဈေးနဲ့စာရင်တော့ နည်းနည်းတော့ ဈေးကြီးပါတယ်) မြို့လယ်ခေါင်တည့်တည့်မှာ နာရီစင်တစ်ခု ရှိပြီး နာရီစင်ဘေးမှာတော့ အ.ထ.က ကျောင်း (ကျောက်ဖြူ) ကို တွေ့မြင်ရပါလိမ့်မယ်။
ကျောက်ဖြူပညာရေးကောလိပ်ကလည်း နှစ်စဉ် ဆရာ/ဆရာမ တွေကို မွေးထုတ်ပေးနေကြပါသေးတယ်။ ပညာရေးကို မိဘများအလေးထားကြတာကိုလည်း တွေ့မြင်ရပါတယ်။
ဘဏ်အနေဖြင့်တော့ မြန်မာ့စီးပွားရေးဘဏ်(ကျောက်ဖြူ)နဲ့ မွေး/ရေဘဏ် နှစ်ခုရှိပြီး ကျောက်ဖြူမြို့ရဲ့ အဓိကအားထားရာ ငွေလွဲဘဏ်တွေပါ။
ရောက်လည်သူဧည့်သည်တွေတည်းခိုရန်နေရာအတွက်လည်း မပူပင်ရပါဘူး။ Hotel အဆင့်ရှိ တည်းခိုခန်းတွေ မှာလည်း စရိတ်စက သက်သာစွာဖြင့် အထက်တန်းကျကျတည်းခိုနိုင်ပါသေးတယ်။
အပျော်အပါးကြိုက်သူများအတွက် သီချင်းဆိုရန်အခန်းများလည်းရှိပြီး အလှအပရေးရာတွက်လည်း ခေတ်နဲ့အမှီ Beauty Spa တွေရှိတဲ့အပြင် ကျန်းမာရေးလိုက်စားသူများအတွက်လည်း Body Fitness Center တွေလည်းရှိကြပါတယ်။ (ပိုက်ဆံသာရှာတတ်ဖို့လိုပါတယ်နော်)
ဒါ့အပြင် ကျောက်ဖြူမြို့သူမြို့သားတွေ ဟာ အခါကြီးရက်တွေရောက်တိုင်း ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သည်တွေနဲ့ ပြည့်နှက်ပြီး ကုသိုလ် ယူနေကြတာ ကို တွေ့သည့်အပြင် ကြီးငယ်မရွေး ဘာသာတရား လိုက်စားကြတာကို သိရှိခဲ့ရပါတယ်။
ကျောက်ဖြူမြို့ကို လာလည်ရင်တော့ ကားလမ်းအပြင်၊ ရေလမ်းနှင့် လေကြောင်းလိုင်းတို့ဖြင့်လည်း လာရောက်လည်ပတ်နိုင်ပါတယ်။
ကျောက်ဖြူမြို့အပြန် လက်ဆောင်အဖြစ် ငါးမုန့် (ငါးပါပလာ)၊ ပင်လယ်ထွက်ပစ္စည်းများဖြစ်သည့် ငါးခြောက်၊ ပုဇွန်ခြောက် ၊မျှင်ငပိတို့အပြင် ရခိုင်လုံချည်၊ထမီ အစရှိသဖြင့် ဈေးနှုန်းသက်သာစွာ ၀ယ်သူသွားနိုင် ပါသေးကြောင်းနှင့် ကျောက်ဖြူမြို့ကို အချိန်ရမယ်ဆိုရင် အလည် တစ်ခေါက် ဖိတ်ခေါ်လိုက်ပါရစေ။
နောင်နှစ်တွေကြာလာမယ်ဆိုရင် SEZ (Special Economic Zone) ဖြစ်လာမည့် ကျောက်ဖြူမြို့ အတွက်တော့ ဒီထက်မက စည်ကားလာဦးမည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
++++++++++++++++++++++++
(ကျနော်ရေးတဲ့အကြောင်းအရာတွေဟာ ကျောက်ဖြူမြို့အတွက် ပြည့်စုံချင်မှပြည့်စုံပါလိမ့်မယ်။ ရောက်ရှိနေစဉ် (၇)လကျော် ကာလအတွင်း မျက်မြင်သိရှိထားသမျှကိုသာရေးသားရသည့်အတွက် အမှားအယွင်းများပါရင် နားလည်ခွင့်လွတ်ပေးကြပါ။ သိရှိထားသူများရှိပါက ဖြည့်စွက်ရေးသားပေးကြ ပါ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

How to kill this snake!!!!!!


Messing Room , at the Camp,KPU Project...
How to kill this snake!!!!!!

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

G+ Hangout အကြောင်းတစေ့တစောင်း

G+ Hangout အကြောင်းကိုတော့ Google Plus အသုံးပြုမှသာလျှင် သိရှိနိုင်ပါမည်။
လူတော်တော်များများက Facebook နှင့် Twitter တို့ကိုသာလျှင် အသုံးပြုမှုများကြလေသည်။
Google Plus(G +) ကို ဂျီမေလ်းဝင်ရုံသာဝင်ပြီးအသုံးပြုကြသူနည်းပါးလှပါသည်။ ယခုဆိုလျှင် Google Plus မှ Google Hangout ကို အသုံးပြုခွင့်ပေးထားပြီးဖြစ်ပါသည်။ Google hangout ဆိုသည်မှာ VZO , Skype တို့လို့ Face to Face Chat နိုင်သည့်အပြင် ဖုန်းလည်းပြောဆိုနိုင်ပါသည်။ ဖုန်းခေါ်ဆိုသည့်အခါမှာလည်း နိုင်ငံအသီးသီးသို့ ခေါ်ဆိုခ နှုန်းထားများကိုလည်းဈေးနှုန်းချိုသာစွာ ပြောဆိုနိုင်ကြောင်းကိုလည်း Google Voice in Hangouts : Calling Rates တွင် ဖော်ပြထားပါသည်။ မိမိပြောကြားလိုသည်များကိုလည်း G+ တွင် မိမိနှင့်ဆက်သွယ်ထားသော မိတ်ဆွေသူငယ်ချင်းများထံ တိုက်ရိုက်ပြောကြားနိုင်ပါသည်။ နောက်ထပ် Group Chat ပြောဆိုနိုင်သည့်အပြင် လူ(၉)ဦးထက်မနည်း တစ်ပြိုင်တည်း Face to Face ပြောဆိုနိုင်ပါသေး သည်။ ဒါတွေက Google Plus ၏ Hangout ၏ အသုံးဝင်သော အချက်တစ်ချို့သာဖြစ်ပါသည်။
ပုံမှာပြောထားတဲ့အတိုင်း Gmail က တစ်ခုသက်သက် ၊ G+ (+Alin Kar) က တစ်ဖက် မြင်တွေ့နိုင်ပါတယ်။ Handout ကို အသုံးပြုမယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း Start A Hangout ကိုနှိပ်၍ စတင်လုပ်ဆောင်နိုင်ပါ သည်။

Start A Handout ကို Click နှိပ်ပါက အောက်ဖော်ပြပါပုံပါအတိုင်း ဆက်လက်မြင်တွေ့နိုင်ပါလိမ့်မယ်။
Add Name နေရာတွင် Face to Face ပြောဆိုနိုင်မည့် နာမည်တစ်ခုရိုက်ထည့်ပေးရမည်။
Name the Hangout နေရာတွင် မိမိနှင့် မိတ်ဆွေတို့ပြောဆိုကြမည့် အကြောင်းအရာနာမည် တစ်ခုခု ကြိုက်သာရေးထည့်ပေးရမည်။(ဥပမာ- Say something) ပြီးလျှင် Hangout ကိုနှိပ်၍ စတင်ပြောဆိုနိုင်ပါသည်။

Handout စတင်အသုံးပြုသည်နှင့် ပုံမှာပြထားသည့် အချက်အလက်များလည်း သိရှိထားရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် Google+ အသုံးပြုသူ နည်းပါသည့်အပြင် Hangout အသုံးပြုရာတွင်လည်း Connection နှေးကွေးမှုကြောင့် ပုံရိပ်လှုပ်ရှားမှုလည်း နှေးကွေးလွန်းလှသည့်အပြင် မိမိတစ်ဦးတည်း ပြောဆိုလို့မရသည့် အတွက် မိတ်ဆွေများ Invite လုပ်၍ ခင်မင်ခွင့်ရမှသာလျှင် တွေ့ဆုံပြောဆိုလို့ရပါမည်။ Hand out တွင် မိတ်ဆွေများရှာဖွေလိုပါက #(name) ရိုက်ထည့်ပြီးရှာဖွေနိုင်ပါသည်။ (ဥပမာ- #alinkarrnya )
ဖော်ပြပါအချက်များအတိုင်း G+ handout ကို အွန်လိုင်းမှမိတ်ဆွေသူငယ်ချင်းများအား ဗဟုသုတအနေဖြင် သိရှိနိုင်ရန်သာ အကြမ်းဖျင်း ဖော်ပြရခြင်းပါသည်။ အခါအားလျော်မယ်ဆိုရင်တော့ G+ Hangout မှာတွေ့ဆုံချင်ပါသေးသည်။
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အခမဲ့ အီးမေလ်း-www.gahta.com

ဒီနေ့အွန်လိုင်းတက်ရင်း မေလ်းဖွင့်မိတော့ ပုံပါအတိုင်း အခမဲ့ အီးမေလ်း-www.gahta.com ကြေငြာလင့်ကို သွားတွေ့မိတယ်...စိတ်ဝင်းစားလို့ Click နှိပ်ပြီးဝင်ကြည့်မိတော့........Social website တစ်ခုဖြစ်မှန်းသိခဲ့ရပါသည်။ ထူးခြားတာက မြန်မာစာစနစ်သုံးအီးမေလ်းလိပ်စာ ပေးထားခြင်းပင်ဖြစ်ပါသည်။

ပိုစ်တွေမစုံသေးသည့်အတွက် Website ဖွင့်လှစ်တာ မကြာသေးမှန်းသိရသည် ။ ပိုစ်တွေရဲ့ Comment တွေကိုလည်း Moderate မှ စီစစ်မှုနည်းနေသေးကြောင်းတွေ့ရှိပါသည်။ ဘာပဲဖြစ်ဖြစ် အွန်လိုင်းအသင်းဝင်များသိရှိထားရအောင် သတင်းပါရင်း ဖော်ပြလိုက်ပါသည်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေ့လာစရာ Acronym

နေ့စဉ် ပြောဆိုဆက်သွယ်ရေးသားနေသော email များတွင် စကားလုံးများကို အကျဉ်းချုံး၍ အတိုကောက် အဖြစ်အသုံးပြုနေကြသည့်ကို သိရှိထားပြီးဖြစ်ပါလိမ့်မယ်...ထိုသို့ အတိုကောက် စကားလုံးတွေအဖြစ် ဖော်ပြရာတွင် နည်း(၃)နည်းရှိပါသည်။


၁။ ထိပ်ဆုံးစာလုံးယူသောနည်း (Acronym)


၂။ အကျဉ်းချုံး၍ ရေးသောနည်း (Abbreviation)


၃။ ကျုံ့၍ ရေးသောနည်း (Telescoping) ဟူ၍ ဖြစ်သည်။



(၁) ထိပ်စာလုံးယူသောနည်း (Acronym) ဆိုသည်မှာ------------


ဝေါဟာရ တစ်ခု ၏ ရှေ့ဆုံးအက္ခရာများကို ဆက်တွဲ၍ အမည်သစ်တစ်ခု(သို့) အသုံးအနှုန်းသစ်တစ်ခု တီထွင်ပြုလုပ်ထားသော အတိုကောက်စကားလုံးပင်ဖြစ်သည်။ပထမဆုံးရေးရာတွင် စာလုံးအားလုံးကို စာလုံးကြီး (Capital ) ဖြင့် ရေးသားပြီး ကြားတွင် အစက် (Fullstop) ကလေးများခံကာအသုံးပြုကြသည်။


နောက်ပိုင်းတွင် အစက် ကလေးများပြုတ်လာပြီး တစ်ဆက်တည်းရေးလာကြသည်။


ဥပမာ------


LCCI = London Chamber of Commerce and Industry - လန်ဒန်စက်မှုလက်မှုနှင့်ကုန်သည်ကြီးများအသင်း


FIFA = Federation International Football Association - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်



(၂) အကျဉ်းချုံး၍ ရေးသောနည်း (Abbreviation) ဆိုသည်မှာ


စကားလုံးတစ်လုံးကို စာလုံးချုံ့၍ ရေးသားသော စကားလုံးများပင်ဖြစ်သည်။


ဥပမာ----------


Govt. = Goverment - အစိုးရ


Dept. = Deparment - ဌာန


Pte. = Private - အများပြည်သူနှင့်သက်ဆိုင်သော


Ltd. = Limited - တာဝန်ကန့်သတ်ထားသော


Co., = Company - ကုမ္ပဏီ



(၃) ကျုံ့၍ ရေးသောနည်း (Telecoping) ဆိုသည်မှာ------


စကားလုံးတစ်လုံးအတွင်းသို့ တစ်လုံးကိုသွင်း၍ အတိုချုံးရေးသားခြင်းဖြစ်ပါသည်။


ဥပမာ -


Infotainment = Information + Entertainment - ပညာပေးဖျော်ဖြေမှု


Smog = Smoke + Fog - မြူခိုးမီးခိုးပေါင်းစပ်နေသည့်လေထု


Talkathon = Talk + marathon - စကားကြောရှည်ခြင်း


အထက်ဖော်ပြပါ (၃)မျိုးအနက် အသုံးအများဆုံးနှင့် နေ့စဉ်ထိတွေ့ပတ်သက်နေသောအတိုကောက် စကားလုံးများမှာ ထိပ်ဆုံးစာလုံးယူသောနည်း Acronym ဖြစ်ပါသည်။


ဒါ့အပြင် မိမိခံစားရသည့် စိတ်အခြေအနေများကို စကားလုံးများဖြင့် ဖော်ပြရန်မစွမ်းသည့်အခါ ခံစားမှုကို ကိုယ်စားပြုပြီး ထင်သာမြင်သာရှိသည့် သင်္ကေတ ရုပ်ပုံများဖြင့် အီးမေလ်းပေးပို့ရာတွင် အသုံးပြုသည့် Emoticons ဆိုတာ ရှိပါသေးသည်။


Emoticon ဆိုသည်မှာ အင်္ဂလိပ်စကားလုံးဖြစ်သည့် စိတ်ခံစားမှု (Emotion)နှင့် ရုပ်ပုံ (Icon) တို့ကို ပေါင်းစပ်ထားသောစကားဖြစ်ပြီး၊ သတင်းစကား (Message) များပေးပို့ရာတွင် မိမိအမှန်တကယ်ခံစားရသည့် စိတ်အခြေအနေကို ဖော်ပြရန် အသုံးပြုသော သင်္ကေတ (Symbol) များဖြစ်ပါသည်။


ဥပမာ-


:-) (or) :) = Smiling ,Agreeing (ပြုံးပြခြင်း၊ သဘောတူညီခြင်း)


:-D (or) :D = Laughing (ရယ်မောခြင်း)



Sample-----



ထိုသို့ရေးသားရာတွင်.. Emoticons များကို စာရေးသားဖတ်ရှုသည့်အတိုင်း ဘယ်ဘက်မှညာဘက်သို့ ဖတ်ရှုရပါမည်။ မျက်လုံး သည့် ဘယ်ဘက်တွင်ရှိပြီး နောက်တွင် နှာခေါင်းနှင့်ပါးစပ်) အချို့သော Emoticon များတွင် နှာခေါင်းပါသော်လည်း. အချို့တွင်မပါဝင်ဘဲ ဖော်ပြကြသည်။


: သည် မျက်လုံး


- သည် နှာခေါင်း


) သည် ပါးစပ်



ယနေ့ဆက်သွယ်မှု ကျယ်ပြန့်မြန်ဆန်နေသည့် အွန်လိုင်းဆက်သွယ်ရေးဖြစ်သော Email နှင့် Text Message များတွင် Acronym များသည် မသိမဖြစ်များ ဖြစ်၍လာပြီး လက်ရှိတွင် တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်သည်။ ထိုသို့အသုံးပြုကြရာတွင်လည်း အသုံးများသော အတိုကောက်စကားလုံးများ၊ စိတ်ခံစားမှုကို ဖော်ပြသော သင်္ကေတအရုပ် (Emoticons) များလည်းမပါမဖြစ် အသုံးပြုလျှက်ရှိနေကြပါသည်။


ဒါ့အပြင် အွန်လိုင်းတွင် ခေတ်စားနေတာ တစ်ခုရှိပါသေးသည်။ ၄င်းရေးနည်းကို Character Map အပြင် Alt Key နှင့် Keypad ပေါ်မှ အက္ခရာများနှင့်တွဲ၍ ရေးသားထားသော ရေးနည်းတစ်ခုဖြစ်သည်။


လေ့လာကြည့်ပြီး အွန်လိုင်းတွင် ရှာဖွေကြည့်သောအခါ How to Type Symbols Using the ALT Key တွင် တွေ့ရသည်။


ရေးနည်းမှာ မခက်ပါ။။။ မိမိ၏ အတွေးအခေါ်ဖန်တီးမှုပေါ်တွင် မူတည်ပါသည်။ ကွန်ပျူတာရှိ Key များပေါ်မှ စကားလုံးများ၊ Character map နှင့် Emoticons များ ကို အချိုးကျတွဲဖက်ရေးသားသည့်အခါ လှပစိတ်ဝင်စား သော စာကြောင်းများပေါ်လာပေတော့သည်။


ဥပမာ..........


、ヽ`ヽ`、.☁``、ヽ` 、☁ヽ`、 ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ

``မိုးစက်လေးရေ、ヽ` `、☁ヽ`နင်မရှိတော့ငါ့ဘ၀ရဲ့ `、`ヽ`、ヽလမ်းတွေခြောက်ကပ်、ヽ、ヽ`☁ ヽ、、ヽ` 、、ヽ`、.`ـ☁、ヽ` 、、ヽ``☁、ヽ`ヽ、、ヽ`ヽ `、ヽ、 ``、ヽ`、、`ဟိုအရင်လိုစိမ်းလမ်းနေဖို့ `、`ヽ`、ヽနင်ငါ့ဘ၀ထဲကို`、ヽ`` `、ヽ、、ヽ、``、ヽပြန်လာခဲ့ပါ、、ヽ、 ヽ、 、ヽမိုးစက်လေးရေ`` 、ヽ、、ヽ` ヽヽ、ヽ、、ヽヽ、ヽ`、☁``、`ヽ`、ヽヽヽ、 ヽမိုးစက်လေးရေ နင့်အသံမကြားတော့ ☁`ヽ` `、ヽ ``、☁ヽ`、ヽ、ヽ`☁ヽ、、ヽ`、ငါ့ရဲ့နားတွေအရင်လိုမပါးလပ်တော့ဘူါး、ヽ`、.`ـ☁、ヽ`、、ヽ``☁、ヽ`ヽ、 ヽ`、☁``、`ヽ`、ဖြစ်နိုင်ရင်အရင်လိုဖျတ်လတ်ဖို့ヽ☁`ヽ``、ヽ``、☁ヽ`、ヽ、ヽ`☁ ヽ、、ヽ ငါ့အနားကိုနင်အမြန်ပြန်ခဲ့ပါ`、.`ـ☁、ヽ、、ヽမိုးစက်လေးရေ`ヽヽ、ヽ、、ヽヽ、ヽ`、☁``、`ヽ

`、```、☁ヽ`、ヽ、ヽ...♥、ヽ`ヽ`、.☁``、ヽ` 、☁ヽ`、 ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ

``နင်မရှိတော့ငါ့ရဲ့ညတွေ、ヽ` `、☁ヽ`ကြေကွဲခြောက်ကပ်、ヽ、ヽ`☁ ヽ、、ヽ` 、、ヽ`、.`ـ☁、ヽ` 、、ヽ``☁、ヽ`ヽ、、ヽ`ヽ `、ヽ、 ``、ヽ`、、`

`、ヽ`` `、ヽ、、ヽ、``、ヽမအိပ်စက်ဝံ့တဲ့ဘ၀မို့、、ヽ、 ヽ、 、ヽဖြစ်နိုင်ရင်နင် `` 、ヽ、、ヽ` ヽヽ、ヽ、、ヽヽ、ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ` `、ヽ ``、☁ヽ`、ヽ、ヽ`☁ヽ、、ヽ`、ငါ့ရဲ့ညထဲကိုပြန်လာခဲ့ပါလို့、ヽ`、.`ـ☁、ヽ`、、ヽ``☁、ヽ`ヽ、 ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ``、ヽ``、☁ヽ`、ヽ、ヽ`☁ ヽ、、ヽဆုတောင်း`、.`ـ☁、ヽ、、ヽနေမိတယ် `ヽヽ、ヽ、、ヽヽ、ヽ`、☁``、``、```、☁ヽ`、ヽ、ヽ...



¤,¸.•*´¯)____♥♥♥________♥♥♥____ ___♥_____♥____♥____♥ ___♥_______♥_______♥_ ____♥____ချစ်တယ်___♥____ ______♥_________♥____ ________♥_____♥______ ___________♥__________ ¸,¤°´'`°•.¸O¸.•°´'`°¤,¸ ♥ I LOVE YOU ♥ ´'`°



¤¸¸.•'´O`'•.¸¸¤°´'` (_¸.•*´'`°¤¸'¸¤°´'♥♥♥♥♥♥♥♥♥♥♥♥♥♥ ♥♥♥♥♥♥♥♥♥♥♥♥♥♥ ♥♥♥♥♥♥♥♥♥♥♥♥♥♥ ♥♥♥♥♥♥♥♥♥



_________$$$$$$$$$$$$$$_____ ___$$

$$___________$$$$$$_________ ___$$

$$___________$$$$$$_________ ___$$

$$___________$$$$$$_________ ___$$

$$___________$$$$$$_________ ___$$

$$___________$$$$$$_________ ___$$

$$___________$$$$$$_________ ___$$

$$___________$$$$$$_________ ___$$

$$___________$$$$$$_________ ___$$

$$___________$$$$$$_________ ___$$

$$_______$$$$$$$$$$$$$$_____ ___$$

$$__________________________ ___$$

$$__________________________ ___$$

$$______$$$$$_______$$$$$___ ___$$

$$____$$$$$$$$$___$$$$$$$$$_ ___$$

$$___$$$$$$$$$$$_$$$$$$$$$$$ ___$$

$$___$$$$$$$$$$$$$$$$$$$$$$$ ___$$

$$____$$$$$$$$$$$$$$$$$$$$$_ ___$$

$$______$$$$$$$$$$$$$$$$$___ ___$$

$$________$$$$$$$$$$$$$_____ ___$$

$$__________$$$$$$$$$_______ ___$$

$$___________$$$$$$$________ ___$$

$$____________$$$$$_________ ___$$

$$_____________$$$__________ ___$$

$$______________$___________ ___$$

$$__________________________ ___$$

$$__________________________ ___$$

$$___$$$$$$$$$_____$$$$$$$$$ ___$$

$$_____$$$$$_________$$$$$__ ___$$

$$_____$$$$$_________$$$$$__ ___$$

$$_____$$$$$_________$$$$$__ ___$$

$$_____$$$$$_________$$$$$__ ___$$

$$_____$$$$$_________$$$$$__ ___$$

$$_____$$$$$_________$$$$$__ ___$$

$$_____$$$$$_________$$$$$__ ___$$

$$_____$$$$$$_______$$$$$$__ ___$$

$$______$$$$$$_____$$$$$$___ ___$$

$$________$$$$$$$$$$$$$_____ ___$$

$$__________$$$$$$$$$_______ ___$$

$$__________________________ ___$$



ခင်မင်စွာဖြင့်


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

(၂၇)နှစ်မြောက် မွေးနေ့အမှတ်တရ

11.7.2012 , ရက်နေ့ မွေးနေ့မနက်ခင်းမှာ
ကျောက်ဖြူမြို့
သာမောဖွယ် ကံကော်တောဘုရား တွင်
မွေးနေ့အတွက် ရွှေပြားကပ်လှူစဉ်





























ညနေခင်းမှာ သူငယ်ချင်းများနှင့်အတူ Officer Barrack တွင် ခုလိုပျော်ပျော်ရွှင်ရွှင် မွေးနေ့ကို ကျင်းပခဲ့ကြပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

" ခုနေခါ မမြင်မစမ်းနဲ့ ရမ်းချစ်ရတာ "

၂၀၁၂ ခုနှစ်အတွင်းမှာ ဒုတိယမြောက်စာမူအဖြစ်

ဇွန်လိုင်လထုတ် ကွန်ပျူတာဂျာနယ်မှာ

" ခုနေခါ မမြင်မစမ်းနဲ့ ရမ်းချစ်ရတာ " ခေါင်းစဉ်ဖြင့်
ရွေးချယ်ဖော်ပြခြင်းခံရသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျွန်တော်နှင့်အတူ ၀မ်းသာပျော်ရွှင်နိုင်ပါရန် သတင်းကောင်းပါးရင်း


(အလင်္ကာည)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS