RSS

" ခုနေခါ မမြင်မစမ်းနဲ့ ရမ်းချစ်ရတာ "

၂၀၁၂ ခုနှစ်အတွင်းမှာ ဒုတိယမြောက်စာမူအဖြစ်

ဇွန်လိုင်လထုတ် ကွန်ပျူတာဂျာနယ်မှာ

" ခုနေခါ မမြင်မစမ်းနဲ့ ရမ်းချစ်ရတာ " ခေါင်းစဉ်ဖြင့်
ရွေးချယ်ဖော်ပြခြင်းခံရသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျွန်တော်နှင့်အတူ ၀မ်းသာပျော်ရွှင်နိုင်ပါရန် သတင်းကောင်းပါးရင်း


(အလင်္ကာည)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

'အနုဿတိ'



သူတော်ကောင်းတို့ ......

စီးပွါးချမ်းသာ၏ အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်း 'အနုဿတိ'တို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ...
၁။ ဘုရား ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
၂။ တရား ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
၃။ သံဃာ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
၎။ သီလ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
၅။ စွန့်ကြဲ ပေးကမ်းခြင်း ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
၆။ နတ်တို့၏ သဒ္ဓါတရားနှင့် မိမိ၏ သဒ္ဓါတရားကို အဖန်ဖန် အောက်မေ့ခြင်း။

သူတော်ကောင်းတို့ (စီးပွါးချမ်းသာ၏) အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်းတို့သည်
ဤခြောက်မျိုးတို့ပင်တည်း ဟု မိန့်တော်မူ၏။

(အနုဿတိဋ္ဌာနသုတ်၊ အာဟုနေယျဝဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)
क्रेडिट : http://www.facebook.com/BuddhaInMyLife


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တို့ဆေး (Burundanga)

တို့ဆေး။
ဟိုတလောက visiting card တွေမှာ BURUNDANGA ဆေးသုပ်ထားပြီး၊ အမျိုးသမီးတွေ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီထဲ့နေတုန်းပေးပြီး၊ အဲဒီအမျိုးသမီးဆေးကြောင့် ကား မမောင်းနိုင်တဲ့ အခါနောက်က လိုက်ပြီး ဒုက္ခပေးတတ်ကြောင်းဖတ်လိုက်ရတော့ မြန်မာပြည်မှာခေတ်စားတဲ့ တို့ဆေး ဆိုတာသတိရပြီး BURUNDANGA ဆေးအကြောင်းရှာကြည့်မိပါတယ်။

ရန်ကုန်မှာမကြာခဏဆိုသလို၊ တစိမ်းတစ်ယောက်ကလက်တို့ပြီး၊ ၀တ်ထားတဲ့ လက်ဝတ် လက်စား တွေ၊ ပိုက်ဆံတွေပေးခိုင်းတဲ့အခါ တဘက်လူရဲ့ ပြောစကားကိုမှင်သက်မိပြီး တစ်သွေမသိမ်းလိုက်နာကြပြီး၊ အဲ့ဒီလူထွက်သွားမှပြန်သတိလည်လာတယ်လို့ကြားရပါတယ်။ အထက်လမ်းနည်းလိုလို၊ အောက်လမ်းနည်း လိုလိုနဲ့ ဘာကြောင့်မှန်း သေသေချာချာမသိရလို့၊ ယုံရအခက်၊ မယုံရအခက်ဖြစ်ခဲ့ ပါတယ်။

လက်စသတ်တော့ သူက ဆုပ်လည်းဆူး၊ စားလည်းရူး ဆိုတဲ့ ပဒိုင်းသီးအပင်ကရတဲ့ scopolamine ဆေးဖြစ်နေပါတယ်။ ဒီဆေးက အလွန်သေးငယ်တဲ့ ပမာဏနဲ့ အကျိုးသက် ရောက်စေတဲ့ ဆေးဖြစ်ပါတယ်။ ဒီဆေးကိုစားလို့၊ သောက်လို့ပဲဖြစ်ဖြစ်၊ အကြောထဲ ပဲထိုးထိုး၊ အရေပြားမှာ စက္ကူနဲ့ပဲကပ်ကပ်၊ မျက်စဉ်းပဲ ခပ်ခပ်၊ နှခေါင်းကပဲရူရူ၊ အစွမ်းပြတဲ့ ဆေးလည်း ဖြစ်ပါတယ်။ သူ့မှာ အရောင်အဆင်း၊ အနံ့ အရသာမရှိပဲ၊ ရေမှာလွယ်ကူစွာပျော်ဝင်လို့ လည်း အစားအစာတွေမှာ အလွယ်တကူဆေးခပ်လို့ရပါတယ်။

ဒါကြောင့် ဆေးရည်ကိုလက်မှာသုပ်ပြီး၊ နှောက်ယှက်လိုသူရဲ့အသားကိုတို့ပြီး၊ ဒါမှ မဟုတ် ဆေးမှုံကိုမျက်နှာပေါ်မှုတ်ထုတ်ပြီး သူလိုတာခိုင်းခဲ့တာကိုးလို့ သဘော ပေါက် ပါ တော့တယ်။

ရွှေပေလွှာ (Chain letters) ဆိုတဲ့ ယခုရသောစာကို ဘယ်နှစ်စောင်ဝေပါ။ ဘယ်သူ ကဝေလို့ ထီပေါက်သွားတာ၊ ဘယ်လို ကောင်းကျိုးရသွားတာ၊ မဝေလို့ ဘယ်လိုဒုက္ခရောက် သွားတယ်ဆိုတဲ့ စာတွေ ရခဲ့ဖူးမှာပါ။ တကယ်က ရွှေပေလွှာ တွေမဟုတ်ပါဘူး။ အဆိပ် ပေလွှာ တွေပါ။ အဲ့ဒီစာတွေမှာလည်း ဒီဆေးကိုသုပ်လေ့ရှိတယ်လို့ဆိုပါတယ်။

၂၀ ရာစုနှစ်အစပိုင်းက ချက်ကိုစလိုဗက်နိုင်ငံတော်လုပ်ကြံမှုတွင် ဖြောင့်ချက်ရအောင် ဖမ်းမိသော သူလျှိုများမှာ ဒီဆေးကိုအသုံးပြုပြီးစစ်ဆေးခဲ့ကြတယ်လို့သိရပါတယ်။

၂၀၁၁ နှစ်မှာ ယိုးဒယားနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာလှည့်ဧည့်သည်တွေရဲ့ အစာထဲ မှာအဲ့ဒီ ဆေးထဲ့ပြီး ၎င်းတို့ကိုလုယှက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီဆေးက ဥဏှောက်ရဲ့ ကိုယ်ပိုင်ဆန္ဒကိုဖယ်ပြစ်ပြီး၊ တပါးသူပြောသမျှကို ရုပ်သေး ရုပ်လို လိုက်လုပ်စေခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်နဲ့သူများဆန္ဒဖြစ်သွားတာပါ။

ဒီဆေးလွန်ရင်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဆေးမှာကောင်းကျိုး တွေလည်းရှိပါတယ်။ သုံးတဲ့လူပေါ်မူတည်တာပါ။ ဒီဆေးကို-

၁။ ကားမူးတာ၊သင်္ဘော၊လေယဉ်မူးတာတွေမှာသုံးလို့ရပါတယ်။
၂။ ကိုးကိန်း၊နံပတ်၎ ဆွဲတဲ့သူတွေဆေးဖြတ်တဲ့နေရာများမှာလည်းသုံးနိုင်ပါတယ်။
၃။ Aquagenic pruritius ခေါ်ယားနာရောဂါ။
၎။ တံတွေးအဆမတန်ထွက်သော ALS ရောဂါ။
၅။ Depression စိတ်ဓါတ်ကျရောဂါများမှာလည်းအသုံးပြုနိုင်ပါတယ်။

အဲ့ဒီဆေးပင်မျိုး အမျိုးတူ ၅မျိုးရှိပြီး၊ ဥရောပနဲ့ အာရှမှာ ပေါက်ရောက်သော အမြဲစိမ်းလန်း အပင်မျိုး ဖြစ်ပါ တယ်။ အပွင့်တွေက အဖြူ၊ အ၀ါ၊ အညိုရောင်များဖြစ်ပြီး၊အသီးမှာဆူးများပါ ပါတယ်။ အချို့နေရာမှာ အလှစိုက်လေ့ရှိပါတယ်။ Columbia နိုင်ငံမှာတော့ လမ်းပေါ်မှ ဒုစရိုက်သမားများ အသုံးအများဆုံး သော ဆေး ဖြစ်တယ်လို့ဆိုပါတယ်။
မြန်ပန်းရဂုံ blog မှ ကူးယူဖော်ပြပါသည်။


ကျမ်းကိုး
http://en.wikipedia.org/wiki/Scopolamine


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“အလုပ်ခွင် ထွေပြော၊ မှော်ရုံတောဝယ်…….”


ကျွန်တော်တို့တစ်တွေ အလုပ်မရှိသေးတဲ့အချိန်မှာ အလုပ်ရဖို့အတွက် ကုမ္ပဏီတွေမှာ ရိုးကျိုးစွာနဲ့ အလုပ်လျောက်ကြတယ်….. အလုပ်ရကာစကတော့ တတ်ကြွစွာ လုပ်ကြတဲ့ သူ ချည်းပါပဲ………
အဲ……လုပ်သက်ကလေးရတော့ အခြေအနေတွေကို အသုံးချတတ်လာတဲ့အခါမှာတော့ ကုမ္ပဏီပါး ၀လာ တယ်လို့ပြောရမှာပါ… ကုမ္ပဏီရယ်လို့တော့ပြောတာမဟုတ်ပါဘူး.. အလုပ်တော်တော်များများ မှာပါ အဲ့လို တွေဖြစ်လာကြတယ်……….အလုပ်ကို မလေးစားတတ်ကြတော့ပါဘူး
ဒီလိုကိစ္စမျိုးတွေဖြစ်လာတဲ့အခါ ရေရှည်အတွက်  ကာယကံရှင်အတွက်ရော ကုမ္ပဏီအတွက်ပါ နစ်နာဖို့ ရှိလာပါတယ်……. ရရှိထားတဲ့အလုပ်ကို တန်ဖိုးထားသင့်ပါတယ်… ကိုယ့်အရည်အချင်းကြောင့်ပဲရရ… သူများပြောပေးလို့ပဲရရ…. ထမင်းကျွေးနေတဲ့အလုပ်ကို တန်ဖိုးထားသင့်ပါတယ်. မလုပ်ချင်လို့ ထွက်သွားသည့်တိုင်အောင် ကုမ္ပဏီရဲ့ အလုပ်ထောက်ခံစာလေး Testimonial ရအောင်တောင်းသင့် ပါတယ်.. ဒါက နောက်ထပ်အလုပ်သစ်လျောက်ရင် အသုံးဝင်တဲ့အချက်လေးပါ.
အလုပ်မထွက်ခင်မှာစဉ်းစားသင့်တာတွေရှိပါတယ်…………နစ်မြုပ်ထားတဲ့အချိန်ကာလတွေဆက်လုပ်မယ် ဆိုရင် ဘာတွေတိုးတတ်နိုင်မလဲဆိုတာတွေ တွေးကြည့်သင့်ပါတယ်။
အလုပ်တွေပေါနေပေမယ့် လူတွေက ကိုယ့်အရည်အချင်းကို သေချာမဆုံးဖြတ်နိုင်ပါဘူး။ ဒီအလုပ်က ငါနဲ့မတန်ဘူး..ဟိုအလုပ်ကိုတော့ မလုပ်ချင်ဘူး……..ဆိုပြီး ရွေးချယ်နေရင်းနဲ့ပဲ အလုပ်တွေရှားပါး နေကြတာပါ….တကယ်အလုပ်လျောက်တဲ့အခါ C.V Form တွေမှာ ရေးကြတာရှိပါတယ်. လစာညှိနှိုင်းခြင်း ပဲဖြစ်ပါတယ်…. လူတွေ့စစ်ဆေးတဲ့အခါမှာ မိမိအရည်အချင်းကို မိမိသာအသိဆုံးပါ အဲ့ဒီအတွက် အလုပ်နဲ့ ထိုက်တန်တဲ့လစာကိုတောင်းသင့်ပါတယ်….. မိမိအရည်အချင်းပေါ်မူတည်ပြီး တောင်းသင့်တာက မိမိတာဝန်…….၊ တန်/မတန် ပေးတာမပေးတာက ကုမ္ပဏီရဲ့အပိုင်းပါ။။ ကုမ္ပဏီက ပေးတဲ့ Payment ပေါ်မူတည်ပြီး လုပ်နိုင်မလုပ်နိုင် / မိမိရဲ့အခက်အခဲပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာက မိမိအပိုင်းဖြစ်ပါ တယ်…….. လုပ်ငန်းခွင်ထဲရောက်လာမှ အလုပ်လုပ်တာချင်းတူတူ ရာထူးအတူတူ၊ သူ့လစာက များတယ့် ငါ့လစာက နည်းတာတို့ဖြစ်လာတတ်ပါတယ်...(ဥပမာ ကျွန်တော်တို့ ကုမ္ပဏီဘက်မှာ ရှိတဲ့ HR ဆိုတာကလည်း စကားကြွယ်သလို ဈေးဆစ်တတ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသားပါ. အဲ့ဒီတော့ အရည်အချင်းအတူတူ လုပ်နိုင်တာခြင်းအတူတူ Payment နည်းတာကိုကြည့်ပြီးခန့်မှာဖြစ်တဲ့အတွက်  အဲ့ဒီ အချက်ကို စဉ်းစား စေချင်ပါတယ်……အလုပ် လုပ်ပြီးသိပ်မကြာဘူး အဆင်မပြေလို့ အလုပ်ထွက်လို့ရှိရင် မိမိအတွက်လည်း အချိန်အတိုင်းတာပေါ်မူတည်ပြီး ဆုတ်ယုတ် နိုင်ပါတယ်။
ကျွန်တော်လက်ရှိလုပ်ကိုင်နေတဲ့ကုမ္ပဏီမှာ ကျောင်းဆင်းကာစ အင်ဂျင်နီယာတွေကို (၂၀၀၀၀၀)ကျပ်က နေစပြီးခံစားခွင့်ပေးပါတယ်……ကျောင်းပြီးကာစဖြစ်ပေမယ့် လုပ်ငန်းအတွေ့အကြုံရှိရင် ရှိသလိုလည်း ပေးပါတယ်…Project တွေလိုက်ရတဲ့အခါမှာလည်း Project ခံစားခွင့်တွေပါထပ်ဆောင်းပေးပါတယ်။ ဒါပေမဲ့ လက်ရှိအလုပ်အကိုင်အရ အလုပ်လာလျှောက်တာတွေက Agency က လာကြတာ များတယ်…….. အဲ့ဒီတော့ ၄င်းရဲ့ ရပိုင်ခွင့်ကအပြည့်မရကြတော့ပဲ လစာတွေနည်းပါး လာကြတော့တာပါ….
တစ်ချို့ကြတော့လည်း ကျောင်းဆင်းကာစ များသောအားဖြင့် သက်မွေးကျောင်းနဲ့ဆင်းတဲ့သူတွေက ကိုယ့်ကို ကိုယ် ယုံကြည်မှုမရှိကြတာလည်းပါတယ်။ ကိုယ်ရနိုင်တဲ့လစာကို တောင်းရဲတဲ့ ယုံကြည်မှုမရှိဘူး။ အဲ့ဒါလည်းဖြစ်သင့်ပါတယ် ။ ကျောင်းတွေမှာက လက်တွေ့မရှိ၊ စာတွေပဲ သင်လာတော့ တကယ် လုပ်ငန်းခွင်ဝင်တဲ့အခါ ယုံကြည်မှုမရှိတော့တာပါ။ အရည်အချင်းကိုကြည့်ရင်လည်း အရည်အချင်းနဲ့ ရထားတဲ့ ဘွဲ့နဲ့က သင့်တော်မှုမရှိတော့ လစာကိုမတောင်းရဲ၊ မခန့်မှန်းတတ်ကြတော့ပဲ အရည်အတွက်သာ များလာကြတယ်။ ထိုက်သင့်တဲ့လစာမဟုတ်ပေမယ့် လစာပမာဏ ခပ်မြင့်မြင့်လေးပေးလိုက်တာနဲ့ ကျေနပ်သဘောကျပြီး ကျေးဇူးတွေအထပ်ထပ်တင်ပြီး လုပ်ကြတာတွေလည်းတွေ့ရပြန်တယ်။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိကြတဲ့ တစ်ချို့ ပြောရဲဆိုရဲ လုပ်ငန်းနားလည်ကြတဲ့သူတွေကတော့ ရသင့် ရထိုက်တဲ့ ခံစားခွင့်အနေအထားကိုရကြပါတယ်။ ဒါကလည်း ရာခိုင်နှုန်းနည်းပါတယ်။
နောက်ပြီး ကုမ္ပဏီတွေမှာ ၀န်ထမ်းလုပ်သက်ရလာတဲ့အခါမှာ ကုမ္ပဏီတွေက  OJT ပညာသင်ပေးကြတယ်။ မိမိလုပ်ကိုင်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး သင်တန်းတက်ခိုင်း တာတွေ၊ နိုင်ငံခြားမှာရှိတဲ့ ဖက်စပ်ကုမ္ပဏီ တွေနဲ့ အပြန်အလှန် လုပ်ငန်းခွင်လေ့လာခိုင်းတာတွေကို ကုမ္ပဏီက စီစဉ်ပေးတာရှိပါတယ်။ ၄င်းတို့အနေနဲ့ဝန်ထမ်းတွေကိုမြှင့်တင်ပေးလိုက်ပေမယ့် ၀န်ထမ်းတွေက အလုပ်ထွက်မယ့် အကြောင်း အရာမျိုးရှိမလား၊ရေရှည်မြဲပါ့မလားအားလုံးတွက်ချက်ဆုံးဖြတ်ပါတယ်။ုံ ၀န်ထမ်းတွေကို မြေတောက်မြှောက် ပေးပြီး မှ အလုပ်ထွက်မယ်ဆိုရင် ကုမ္ပဏီ တွေအတွက်လည်း နစ်နာမှုရှိပြန်တယ်။။။
ဒီတော့ ၀န်ထမ်းလုပ်တော့မယ်ဆိုရင် လုပ်ငန်းခွင်မှာ တွေ့ကြုံဖြစ်ပေါ်လာမယ့် Stress တွေ၊ မလိုမုန်းထားခြင်းတွေ၊ အဆင်မပြေမှုတွေကို သည်းခံနိုင်ပါ့မလား၊???
ရေရှည်တိုးတက်မှုကိုကြည့်ပြီးမှလုပ်မှာလား၊၊??? လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းမှာ မိမိအတွက် တိုးတက်မှု မရှိရင် ဘယ်လိုဆုံးဖြတ်မှာလဲ။၊၊??? နောက်အလုပ်မရခင်ထိ မှေးပြီးအလုပ်လုပ်မှာလား၊၊????
အမေး………လား ပေါင်းများစွာဖြင့်ပင် စဉ်းစားရင်း ဖော်ပြပေးလိုက်ပါတယ်။

အလင်္ကာည
၂၀၁၂ ခုနှစ်၊ မေလ (၂၀)ရက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Snake Protection (Second Time)

Whenever u kill a snake,  u will see another one.
Believe it or not!!!

(@ KPU Camp)
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Snake Protection from KPU Camp


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိမ်ဖော်က အိမ်ရှင်ထံ လစာတိုးတောင်းရခြင်းအကြောင်းအရင်း(Joke)

အိမ်ဖော်က အိမ်ရှင်ထံ လစာတိုးတောင်းရခြင်းအကြောင်းအရင်း(Joke)
(မူရင်းက အင်္ဂလိပ်လို ဟာသရေးထားတာပါ)

အိမ်ဖော်...............လစာတိုးပေးပါ။
အိမ်ရှင်အမျိုးသမီး................ ဘာလို့ လစာတိုးတောင်းတာလဲ၊၊၊?

အိမ်ဖော်...............လစာတိုးတောင်းရခြင်း အချက် (၃)ချက်ရှိပါတယ်။
အိမ်ရှင်အမျိုးသမီး.............ပြောပါ.

အိမ်ဖော်...............(၁) ကျွန်မ က အစ်မထက် အ၀တ်လျော် တာ ပိုတော်ပါတယ်.......

အိမ်ရှင်အမျိုးသမီး................ဘယ်သူက ပြောတာလဲ???
အိမ်ဖော်............... အစ်မ ယောကျာ်းက ပြောတာပါ........

အိမ်ရှင်အမျိုးသမီး...............ဟုတ်ပါပြီ........ဒုတိယအချက်ကကော???
အိမ်ဖော်...............   (၂) အချက်က ကျွန်မက အစ်မထက် ထမင်းဟင်းချက်တာ ပိုတော်ပါတယ်.

အိမ်ရှင်အမျိုးသမီး................ဘယ်သူက ပြောတာလဲ???
အိမ်ဖော်............... အစ်မ ယောကျာ်းကပဲ ပြောတာပါ........

အိမ်ရှင်အမျိုးသမီး...............ဟုတ်ပါပြီ........နောက်ဆုံးအချက်ကကော???
အိမ်ဖော်................ညအိပ်ယာဝင်လို့ အိပ်ယာထဲမှာလည်း ကျွန်မက အစ်မထက်တော်တယ်............

အိမ်ရှင်အမျိုးသမီး..................ဒါလည်း ငါ့ယောကျာ်းကပဲ ပြောတာလား????
အိမ်ဖော်...................မဟုတ်ပါဘူး............ခြံစောင့် မာလီ က ပြောတာပါ.

အိမ်ရှင်အမျိုးသမီး..................ရပြီ...ရပြီ...နင့်တောင်းတဲ့လစာ ငါတိုးပေးပါမည်.

နောက်ဆုံး အိမ်ရှင်အမျိုးသမီးက အိမ်ဖော်ကို သူတောင်းတဲ့လစာပေးလိုက်ရလေတော့သည်.။။။။။။။။။။။။။


အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS