RSS

Switch to the new look (Gmail)

အခုတစ်လော ဂျီမေလ်းသုံးရင်းနဲ့ သတိထားမိမလားမသိဘူး


ပုံပါအတိုင်း ဂျီမေလ်းရဲ့ ညာဘက်အောက်ခြေနားမှာ Switch to the new look ဆိုပြီး ပေါ်နေပါလိမ့်မယ်။


ဂျီမေလ်းရဲ့ နဂိုမူလပုံစံကိုမကြိုက်ရင် Switch to new look ကို Click နှိပ်၍ ပြောင်းလဲပေးနိုင်ပါတယ်.Click နှိပ်မယ်ဆိုရင် ပုံပါအတိုင်းဆက်လက်ပေါ်လာမည်။


ပြီးတော့ အထက်ပါပုံမှာ ၀ိုင်းပြထားတဲ့ အတိုင်း Switch to the new look ကို ဆက်လက်နှိပ်ပြီး ဂျီမေလ်းရဲ့ ပုံစံသစ်လေးနဲ့အသုံးပြုလို့ရပါပြီ. စိတ်ဝင်းစားစရာတွေအပြည့်နဲ့ပါပဲ။


လေ့လာကြည့်ပါ။



ဘာတွေစွမ်းဆောင်နိုင်သလဲသိချင်ရင်တော့ မူရင်းလင့်မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။


About Gmail's new look



နောက်ဆုံးအနေနဲ့ ကျနော် ဒီသတင်းကိုဖတ်ပြီးပြီးခြင်း တစ်ချို့သောသူငယ်ချင်းများကိုပြောပြခဲ့ပါတယ်


တစ်ချို့ကတော့အသုံးပြုရတာကြိုက်တယ်။ တစ်ချို့ကမကြိုက်ဘူး။



အဲ့ဒီတော့ ပြန်ပြီး နဂိုမူလပုံစံ (old look ) ကို ပြန်သွားချင်ရင် အောက်တွင်ဖော်ပြထားသော ရှင်းလင်းချက်ပုံပါအတိုင်း


ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။


(ပုံမှာအတိုင်း ) Gear wheel (Setting) ကိုနှိပ်၍ Revert to the old look temporarily ကိုနှိပ်ပါ။


ဒုတိယအဆင့်အနေဖြင့် ထပ်မံပေါ်လာသောပုံတွင် Revert to the old look temporarily ဆက်လက် Click


နှိပ်ပေး၍ နဂိုမူလပုံစံကို ပြန်လည်ပြောင်းပေးပြီးဖြစ်သွားပါမည်။





ခင်မင်စွာဖြင့်


အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“မလုပ်ရင် မတတ်ပါ၊ လုပ်မှ တတ်မှာပါ”

လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးအတွက် လူတိုင်းမှာ အလုပ်ကလေးတွေ ကိုယ်စီ ရှိကြပါတယ်။

တစ်ချို့ကလည်း မိဘလုပ်ကျွေးဖို့၊ မိသားစုအတွက်၊ လုပ်ငန်းအတွေ့အကြုံလေးရအောင်၊ တစ်ချို့ကလည်း ဘ၀ရည်မှန်းချက်ကိုအကောင်အထည်ဖော်ဖို့အတွက် လုပ်ငန်းဝင်ထဲ ၀င်ရောက်လာကြတယ်။ အလုပ်ထဲ ရောက်တော့လည်း လုပ်သက်လေးရလာတယ်၊ ကုမ္ပဏီပါးလေးလည်းဝလာရော စိတ်ထားလေးတွေ ပြောင်းလဲ လာတယ်။ လူအမျိုးစိတ်အထွေထွေဆိုသလိုပေါ့၊ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း မတူညီကြတော့။

အလုပ်ကိုဂရုမစိုက်ကြတော့ ပေါ့ပေါ့လေးနေတတ်လာကြတယ်။ အထက်လူကြီးက တာဝန်မပေးဘူးဆိုလျှင် ဘာမှမလုပ်တော့၊ ထိုင်လိုက်စကားပြောလိုက်၊စာဖတ်လိုက် ဒီလောက်ပဲ၊ အလုပ်မခိုင်းတဲ့အတွက်ကြောင့်လည်း ခိုင်းတာကိုပဲလုပ်မယ်၊ မခိုင်းတာကိုမလုပ်ဘူး၊ ငါသက်သာတယ်လို့ တွေးထင်နေတဲ့သူများလည်းရှိကြပါသေး တယ်။

အလုပ်တစ်ခုပေါ်လာလို့ ကိုယ့်ကိုမခိုင်းဘဲ တစ်ခြားတစ်ယောက်ကိုခိုင်းလိုက်ရင်လည်း ငါသက်သာတယ်ဆိုတဲ့ အတွေးနဲ့နေသူတွေလည်းရှိကြမှာပါ။ အမှန်ပြောရရင် သက်သာရင်ပြီးရောဆိုတဲ့လူတွေ လောကမှာ အများကြီး ပဲရှိကြမယ်ထင်တယ်. သူတို့တွေးထင်နေသလိုကော ဟုတ်ရဲ့လားလို့ အတွေးကို စမ်းစစ်ကြည့်စေချင်တယ်။ ခေတ်စကားနဲ့ပြောရင် Scan ဖတ်ကြည့်စေချင်တယ်ပေါ့ဗျာ၊

“အခိုင်းခံရတယ်ဆိုတာက တစ်ဖက်ကကြည့်ရင် သင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ပြဿနာတစ်ခုကို လက်တွေ့ကိုင်တွယ်ခိုင်းလိုက်ခြင်းဖြစ်တယ်။” ပြောရတာက လွယ်ပါတယ်။ အလုပ်တစ်ခုဟာ လုပ်ကြည့်တော့ မှ အခက်အခဲတွေ တွေ့ရတတ်လာတယ်၊ ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားတတ်လာတယ်။ ဒီလိုစဉ်းစား ဖြေရှင်းရင်းနဲ့ မှ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်တတ်တဲ့အကျင့်ဖြစ်လာတော့တာပါ။ အဲ့ဒီတော့

“မလုပ်ရင် မတတ်ပါ၊ လုပ်မှ တတ်မှာပါ”

နောက်တစ်ချက်-

မြန်မာလူမျိုးဝန်ထမ်းတွေမှာ အထက်လူကြီးကိုကြောက်တတ်တဲ့ အကျင့်လေးရှိတယ်။ ကြောက်တယ်လို့ပြောတာမကြိုက်ရင် (လေးစားတတ်တဲ့အကျင့်လေးရှိတယ်ပေါ့ဗျာ) လူကြီးနားသိပ်မကပ်ချင်ဘူး။ ကပ်ရင် တစ်ခုခုဖြစ်မှာစိုးလို့ထင်ပါ့။ အဲ့ဒိလိုနေပါများတော့ အထက်လူကြီးက သတိထားမိတတ်ကြတယ်။ သူက ခိုင်းလို့သာလုပ်နေတာ၊ အလုပ်ပေါ်စိတ်ဝင်စားရဲ့လား၊ ပြီးမြောက်ရဲ့လား၊ ဒီတော့ကိစ္စတစ်ခုပေါ်လာလို့ ခိုင်းတော့မယ်ဆိုရင် အဆိုပါဝန်ထမ်းကို သိပ်မစဉ်းတော့ဘူး.၀န်ထမ်းဘက်က ကြည့်ရင် သက်သာသွားတာပေါ့။ တကယ်မှာ အဆိုပါဝန်ထမ်းအတွက် များစွာနစ်နာဆုံးရှုံးပါတယ်။

“လူကြီးတစ်ယောက်ရဲ့ ယုံကြည်မှုမရတာဟာ၊ ၀န်ထမ်းတစ်ယောက်အတွက် အနစ်နာဆုံးအရာ” လို့ဆိုရပါလိမ့် မယ်။

အဲ့ဒီလိုနဲ့ပဲ လုပ်ချင်ကိုင်ချင်တဲ့ သူတွေကိုလူကြီးက ခိုင်းနေတဲ့အတွက် မသိမသာ ဘေးကိုတဖြည်းဖြည်း ချောင်ထိုး ရောက်သွားတတ်ပါတယ်. ဘယ်လုပ်ငန်းမဆို လုပ်ချင်ကိုင်ချင်တဲ့ (Active)ဖြစ်နေတဲ့သူကိုသာ ခိုင်းချင်တတ်ကြပါတယ်။

နောက်တစ်ခုက ဒီလိုလူမျိုးဘာလုပ်ဖို့ ဆက်ပြီး ခန့်ထားဖို့လိုမလဲ??ဆိုတာ စာဖတ်သူအနေနဲ့ တွေးမိမလား။ လုပ်ငန်းမှာ လုပ်သက်လည်းကြာလာတယ်၊ ခန့်ထားမိလျှက်သားဖြစ်နေပြီး စာနာထောက်ထား၍ ဆက်လက်ခန့်ထားရခြင်းများ ဖြစ်ပါတယ်။ ဒီလိုအထင်ခံရတာဟာ ဘ၀ရှေ့ရေးအာမခံချက်လည်း နည်းသွားတယ်။ ဘယ်နေရာမှာပဲလုပ်လုပ် ဒီလိုပုံနဲ့ဆို ကြာရှည်ခံဖို့မလွယ်ပါ။

ကျနော်လည်း အရင်တုန်းက အဲ့လိုတွေးမိခဲ့ဘူးတယ်။

ငါက Leader(ခေါင်းဆောင်) မလုပ်ချင်ဘူး နောက်လိုက် (Follower) ပဲလုပ်မယ်ပေါ့၊ခေါင်းဆောင်ဆိုတာ တာဝန်ခံရတယ်။ နောက်လိုက်ကတော့ ခိုင်းမှလုပ်တယ်၊ ဘာမှတာဝန်ခံစရာမလိုဘူး။ပေါ့ပေါ့ပါးပါးနေရုံပဲ ဆိုပြီး တွေးမိဘူးပါတယ် ။လက်တွေ့အဲ့လိုလည်းလုပ်ခဲ့ပါတယ်။ နောက်တော့ ဘာဖြစ်လာသလဲဆိုတော့ လုပ်ငန်းမှာကိုယ်ကအရေးမပါတဲ့သူတစ်ယောက်ပုံစံမျိုး လူပိုသက်သက်ဖြစ်လာတယ်။ ခံစားလာရတယ်။

ဒီလိုမဖြစ်အောင်လို့ပါ။ သက်သာရင်ပြီးရော၊ လုပ်ပေးဖို့လည်း ၀န်လေးနေမယ်ဆိုရင် အလုပ်က သင်သွားတယ် ဆိုတဲ့ အရာကိုလုံးဝခံစားလိုက်ရမှာမဟုတ်သလို့ လုပ်ငန်းအတွေ့အကြုံဆိုတာ အလကားပဲ ဖြစ်သွားပါလိမ့်မယ်။ နောက်တစ်ခုက ပညာတစ်ခုရဖို့လူတွေကိုအောက်မကျို့ချင်ဘူး။ ဆိုတဲ့စိတ်ထား လေးရှိကြတယ်။ ကိုယ်အောက်ကျို့ရမှာက လူတစ်ယောက်ဆီကပဲ အောက်ကျို့ရတာပါ။ ကိုယ်ကိုယ်တိုင် အဲ့ဒီပညာ၊ လုပ်ငန်းသဘောသဘာဝကို တတ်သွားရင် ကိုယ့်ဆီကိုလာမေးမယ့်သူက အများကြီးပါ။ အဲ့ဒါကြောင့် လုပ်ငန်းခွင်မှာ အောက်ကျို့သင့်ရင်လည်း အောက်ကျို့ရမှာပဲ ၊

တစ်ချိန်တုန်းက ကျနော်ရဲ့အကြောင်းအရာတစ်စိတ်တစ်ပိုင်းတစ်ခုပါ။

နောက်ဆုံးအနေနဲ့-

အထက်လူကြီးဆိုတာ လုပ်ငန်းအားလုံးကို အမြဲတစေ့တစောင်း ခြုံငုံကြည့်နေတတ်ပါတယ်။ ကြိုးစားချင်စိတ်မရှိသူ။ ကူညီလိုစိတ်မရှိသူ၊ အလိုက်သိတတ်မှုရှိမရှိ ၊ အလုပ်ကိုမလုပ်ရရင် သက်သာတယ် လို့ထင်နေတဲ့သူ၊ ကိုယ့်အကျိုးပဲ ကြည့်နေတတ်တဲ့သူကို ဘယ်လူကြီးမှ အားကိုးမှာမဟုတ်ပါဘူး။

ငယ်ရွယ်ပြီးတတ်တတ်ကြွကြွ ဖျတ်ဖျတ်လတ်လတ်လုပ်နိုင်ချိန်မှာ အလုပ်ကိုမခိုမကပ် လုပ်ဆောင်ပေးခြင်းဖြင့် မိမိဘ၀ကို လုပ်ငန်းထဲမှာတိုးတက်အောင်ကြံဆောင်သင့်ပါကြောင်းဖော်ပြလိုက်ပါတယ်။


ခင်မင်စွာဖြင့်

အလင်္ကာည


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံး သို့

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံး သို့

ဘ၀ဖြစ်စဉ်…….အသွင်သွင်ပြောင်းလဲ

တွေ့ဆုံခဏ………..ခင်မင်ကြသည်

လုပ်ဖော်ကိုင်ဖက်………ညီရင်းအစ်ကို

တို့တစ်တွေသည်……… ငယ်ကပေါင်းဖက်

ညီရင်းတွေပမာ……..စိတ်မှာထား၍

တိုင်ပင်နှီးနှော…အတွေးဖလှယ်ယူ

မှားရင်သင်ပြ……မသိတာကူညီ

ဖေးမကူ၍……လက်တွဲကာခေါ်

အသွယ်သွယ်လမ်းမှာ……….လျောက်လှမ်းကြသည်

တို့တစ်တွေရင်ထဲ……..ထင်ကျန်ဆဲမို့

ရောက်ရာနေရာ အသီးသီးမှ

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံးကို

ပြန်လည်တွေ့ဆုံ……..ရပါစေလို့


ဆုတောင်းရင်းးးးး


အလင်္ကာည
xxxxxxxxxxxxxxxxxxxxxxx

စာမရေးဖြစ်တာလည်းကြာပြီ အခုမှ ပြန်ရေးဖြစ်တာပါ။ ကော်နတ်ရှင်ကလည်းနှေး၊
ဘာပဲဖြစ်ဖြစ် လာရောက်ဖတ်ရှုအားပေးသော မိတ်ဆွေသူငယ်ချင်းများကို ကျေးဇူးတင်ရှိပါကြောင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပျောက်ဆုံးနေသော ကိုယ်တစ်ခြမ်း

●●●လူဆိုတာတစ်ယောက်စီမနေနိုင်တဲ့သတ္တဝါလို့ပဲ ပြောဆိုစမှတ်ရှိခဲ့တယ်။

●●●အခြံအရံတွေနဲ့အိမ်ထောင်တွေနဲ့တင့်တယ်မြဲ

●●●ကိုယ်မှာတော့လေ တစ်ကောင်ထဲ…..မျက်စိလည်။

လက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်လျှောက်မိတော့ အဆိုတော်စိုင်းထီးဆိုင်ရဲ့တေးသံလေးကလွင့်နေတယ်။

စဉ်းစားရင်းပြုံးမိသေးတယ်။ ကျနော်သူငယ်ချင်း မလပြည့်ဝန်းအကြောင်းကိုပါ။

ကျနော်သူငယ်ချင်းက အပျိုကြီးဆိုတော့ (ကြုံတုန်းဝင်ကြေငြာပေးတာပါ)

အော်……..အချစ်ဆိုခြင်းရဲ့တုပ်နှောင်စွမ်းကို မသိရှာသေးဘူးလေ။ ကျနော်ကတော့ အခုမိသားစုနဲ့ဆိုတော့ သိရှိနေပါပြီလေ။ အချစ်ဆိုတာကို လူတွေက အမျိုးမျိုးအထွေထွေ ပြောကြ ပါတယ်။ ရယူခြင်း၊ ပေးဆပ်ခြင်း အမျိုးမျိုးပေါ့လေ။ ကျနော်က တော့ အချစ်ဆိုသည်မှာ “ပျောက်ဆုံးနေသောကိုယ်တခြမ်း” ရယ်လို့ သာထင်မြင်မိပါတယ်လေ……..။.။

ပုံပြင်လေးက……….ဒီလို……..

ဟိုးရှေးရှေးခေတ်များစွာတုန်းက လူသားတွေက အလွန်အားကြီးကြသတဲ့ နတ်ဘုရားများကိုတောင် ရန်မူနိုင်ကြတဲ့အထိပေါ့၊ အဲ့ဒီလိုရန်မူနိုင်ကြတော့လဲသူတို့တွေကမာန်မာနတွေလဲထောင်လွှားကြသတဲ့ပေါ့။ (မာန်မာနရယ်၊ အောင်မြင်ခြင်းရယ်ဆိုတာ တိုက်ရိုက်အချိုးကျနေတယ်လို့ထင်ပါတယ်) အဲ့ဒီလိုပေါ့သူတို့တွေ ဘာကြောင့်အားကြီး ကြတယ်၊ခွန်အားဗလကောင်းကြသလဲ ဆိုတော့ သူတို့မှာ ကျား၊ မ အင်္ဂါ နှစ်စုံ လုံးပါသတဲ့ကွယ်။ အဲ့သလိုမျိုး ပြည့်စုံနေတော့ သူတို့ကနတ်ဘုရားတွေတောင် ဂရုမစိုက်သလိုတွေဖြစ်လာကြတာမဆန်းဘူးထင်ပါတယ်။ အဲ့ဒီတော့ နတ်ဘုရားများကစိတ်ဆိုးကြတာပေါ့။ သူတို့အုပ်ချုပ်တဲ့ နေရာမှာနေရင်း သူတို့ထက် မာနတွေကြီးနေတော့ မကြိုက်တော့ဘူးပေါ့လေ။ မရိုသေမလေးစားရင် ဘယ်လူကြီးမိဘကမှ ချစ်မြတ်နိုးမှာ မဟုတ်တာ သိပ်သေချာတာပေါ့။အဲ့ဒီတော့ ကဲဒီလောက်တောင် မာန်မာနကြီး၊ ရိုသေလေးစားမှုမရှိတဲ့ လူတွေ ဒီခန္ဓာကိုယ်တွေ နှစ်ပိုင်းကွဲစေလို့ ကျိန်စာတိုက်လိုက်တော့တာပေါ့ ။(တပိုင်းသည် ကျား ။တပိုင်းသည် မ အဖြစ် ကွဲကွာ သွားကြတော့ တာပေါ့လေ) အဲ့ဒီအချိန်ထဲက လူတွေဟာ ခွန်အားအရာ ကျဆုံးပြီး မာန်တွေကျသွားလေတော့ နတ်ဘုရားတွေ ကောင်းမွန် စွာအုပ်ချုပ်နိုင်ကြတော့တာပေါ့။ ဒါအပြင် တစ်ကိုယ်ထဲကနေ နှစ်ပိုင်းခွဲခံလိုက်ရတဲ့ အဲ့ဒီကျားနဲ့မတို့ဟာ ပျောက်ဆုံး သွားတဲ့သူတို့ကိုယ်တစ်ပိုင်းကိုရှာဖွေကြရတော့တာပေါ့။

ဒါကြောင့်လဲ ကျွန်တော်တို့တစ်တွေ ပျောက်ဆုံးနေသော ကိုယ်တခြမ်း ကိုရှာနေကြရတာ ပေါ့လေ။တချို့တွေကလဲ သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ ကိုယ်တခြမ်းကိုတွေ့လို့ တချို့ကလဲ ရှာကြဖွေကြဆဲပေါ့။

အိမ်ထောင်ကျလို့ ပျော်ရွှင်နေတဲ့ မိတ်ဆွေများကတော့ သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ကိုယ်တခြမ်းကို ရှာဖွေ တွေ့ရှိသူတွေပေါ့လေ။

သူတို့ရဲ့ပျော်ရွှင်သောအိမ်ထောင်ရေးလေးများထာဝရသာယာပါစေလို့ဆုတောင်းရင်း………………..

ကျနော်သူငယ်ချင်းလည်းဖြစ်တဲ့ မလပြည့်ဝန်းကတော့ ဘယ်အချိန်မှာ သူရဲ့ ကိုယ်တခြမ်းလေးကိုရှာတွေ့မလဲဆိုတာကိုတော့.............................

စောင့်မျှော်နားထောင်လိုက်ပါဦးမယ်။


အလင်္ကာည

၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၉)ရက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လောကသဘာဝက မပေးဘဲရမလား????

                     လောကသဘာဝက မပေးဘဲရမလား????
မပေးဘဲရသလား???
ရပါသည်-တစ်ကြိမ်တော့ရနိုင်သည်။ သို့ သော် အကြိမ်ကြိမ်ယူချင်၍ မရနိုင်ပါ။
မစိုက်ဘဲစားရသလား???
ရသည်-တစ်နပ်တော့ စားရနိုင်သည်။ သို့ သော် ထာဝရမရနိုင်ပါ။
တစ်ရာသီစားဖို့ /တစ်သက်တာစားဖို့ သားစဉ်မြေးဆက် စားဖို့ အတွက်တော့ စိုက်ပျိုးရလိမ့် မည်။
ကောက်နှံတွေ ဝေနေသည့်  စပါးခင်းကြီးတစ်ခင်းရလိုချင်လျှင်  မျိုးစိတ်အနည်းအကျဉ်းတော့ သုံးစွဲရလိမ့်မည်။
မပေးဘဲ ယူလျှင်၊မစိုက်ဘဲစားချင်လျှင် အဲ့ဒီ လူတစ်နေ့ ဒုက္ခရောက်တတ်ပါသည်။
သူနှင့်ဆက်စပ်လုပ်ကိုင်နေသောပတ်ဝန်းကျင်လည်း ၎င်းကြောင့်အနှောက်အယှက်တွေ များရလိမ့်မည်။
သူရောကိုယ်ပါ သာယာဖို့ အတွက်  ပေးသင့်ပေးထိုက်တာကို ပေးတတ်သော အလေ့အကျင့်မွေးမြူဖို့  လိုပါ လိမ့်မည်။  
ဒါကို စွန့်လွှတ်အနစ်နာခံရခြင်းလို့ မထင်ပါနှင့် မျှမျှတတဆောင်ရွက်သော သဘော၊ မိမိက သူတစ်ပါးကို မတရားမလုပ်သော သဘောသာဖြစ်ပါတယ်။
သို့သော် အဲ့ဒီလောက်ကိုပင် ကျွန်တော်တို့ အခါခပ်သိမ်းကျင့်ကြံနိုင်ပါ့မလား????

"ဆရာဖေမြင့်၏ စာဖတ်သမားမှတ်စုများ စာအုပ်"မှ ကောက်နှုတ်ဖော်ပြပါသည်။
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငွေ(Money)


ငွေပေးလျှင် ဘာမဆိုရသည်ဟု၊ လူတွေပြောကြသည်။
မဟုတ်ပါ။
ငွေဖြင့်စားစရာဝယ်၍ ရနိုင်သည်။ အရသာကိုဝယ်လို့မရပါ။
ငွေဖြင့်ဆေးဝါးကို ၀ယ်၍ရနိုင်သည်။ ကျန်းမာခြင်းကို ၀ယ်လို့မရပါ။
ငွေဖြင့်ဗဟုသုတအချက်အလက်ကို ၀ယ်၍ရနိုင်သည်။ ဥာဏ်အမြော်အမြင်ကို ကိုဝယ်လို့မရပါ။
ငွေဖြင့် အရောင်ပြိုးပြိုးပြက်ပြက်တွေကို ၀ယ်၍ ရနိုင်သည်။ လှပမှုကိုဝယ်လို့မရပါ။
ငွေဖြင့် အပျော်အပါးကိုဝယ်လို့ရနိုင်သည်။ ချမ်းသာသုခကို ၀ယ်၍မရနိုင်ပါ။
အသိအကျွမ်းတွေဝယ်၍ရသည်။ မိတ်ဆွေအစစ်အမှန်ကိုဝယ်၍မရပါ.။
အစေအပါးတွေဝယ်၍ရနိုင်သည်။ သစ္စာရှိမှုကိုဝယ်၍မရပါ။
အားလပ်ချိန်တွေကိုဝယ်၍ရနိုင်သည်။ ငြိမ်းချမ်းကိုဝယ်လို့မရပါ။
ငွေဖြင့်သင်သည် အလုံးစုံသောအရာတို့၏ အခွံအကာများကို ၀ယ်၍ရနိုင်သည်။
အတွင်းအနှစ်သာကိုကား မရရှိနိုင်။
                             အန်းဂါဘောဂ်
Money
It is said that for money you can have everything, but you can’t.
You can buy food, but not appetite;
Medicine, but not health;
Knowledge, but not wisdom;
Glitter, but not beauty;
Fun, but not joy;
Acquaintances, but not friends;
Servants, but not faithfulness;
Leisure, but not peace.
You can have the husk of everything for money, but not the kernel.
                                                (Arne Garbog)


“ဆရာဖေမြင့်၏ စာဖတ်သမားမှတ်စုများ” မှ ကောက်နှုတ်ဖော်ပြပါသည်။
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သဲတစ်ပွင့် အုတ်တစ်ချက် ပါဝင်လှူဒါန်းကြမလား????

ကျွန်တော် ဒီနေ့ လုပ်ငန်းကိစ္စတစ်ခုနဲ့အပြင်သွားရင်း အမှတ်တမဲ့နဲ့မထင်မှတ်ထားတာလေးတစ်ခု ကိုသွားမြင်လိုက်တယ်။ သွားမြင်တော့ အတွေးတစ်ခုစိတ်ထဲဝင်လာပြီးတော့ ဓါတ်ပုံလေး တစ်ပုံ ကောက်ရိုက်မိလိုက်တယ်၊ ဓါတ်ပုံကိုကြည့်ပါဦးဗျာ….



နေပြည်တော်မှာ မိုးကလေးနှစ်ရက်ရွာလိုက်တာနဲ့ အုတ်ခဲတွေက ဒီလိုဖြစ်ကုန်တယ်ဆိုတော့  ကျနော်စဉ်းစားမိတယ်….
ဘယ်လိုများ တိုက်တာအဆောက်အဦးတွေကို ဆောက်လုပ်ကြမလဲပေါ့….????
Foundation ကောကောင်းပါ့မလား။ အုတ်ထုတ်တဲ့သူတွေက ဒီလို အုတ်မျိုးကို ဘာလို့ထုတ်ကြ တာလဲဗျာ…မိမိစီးပွားရေးတိုးတက်ဖို့အတွက်ပဲကြည့်နေကြသလားမသိဘူး.
ဒီလိုအုတ်တွေကို အသုံးပြုမှဖြစ်လာမယ့် အဆောက်အဦးတွေမှာ လူတွေရဲ့အသက်အန္တရာယ်ကို လည်း သတိ ကောထားမိပါ့မလား။။။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ထုတ်လုပ်တဲ့အုတ်ကို မျက်နှာလွဲခဲပြစ်မလုပ်ပဲ အရည်အသွေးမှီအောင် ထုတ်လုပ်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲလို့ပါ။ Win & Win နှစ်ဦးနှစ်ဖက် အကျိုးကိုကြည့်သင့်တယ်လို့ မဆီမဆိုင်တွေးရင်း ရေးသားဖော်ပြလိုက်ပါတယ်။

                                                                   အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS