RSS

I couldn't help it !!!


I couldn't help it !!!

Daryl
I am upset. Somebody told my boss I have a part-time job.
Smith
And he doesn't like that ?
Daryl
No, he doesn't. He thinks that I am too tired to work.
Smith
I am sorry. I have to admit I told him.
Daryl
You told him ? Why ?
Smith
I couldn't help it. He asked me point-blank.
Explanation :
If you can't help the way you feel or behave, you cannot control it or stop it from happening. You can also say that you can't help yourself.
If you say something point-blank, you say it very directly or rudely, without explaining or apologizing.



Daryl
I am upset. Somebody told my boss I have a part-time job.
စိတ်တိုတယ်ကွာ။ တစ်ယောက်ယောက်က ငါ့မှာအချိန်ပိုင်းအလုပ်ရှိတဲ့အကြောင်း သူဌေးကိုသွားပြောလိုက်တယ်။
Smith
And he doesn't like that ?
သူကမကြိုက်ဘူးပေါ့။
Daryl
No, he doesn't. He thinks that I am too tired to work.
ဟင့်အင်း။ မကြိုက်ဘူး။ အလုပ်လုပ်ဖို့ ပင်ပန်းနေလိမ့်မယ်လို့ သူကယူဆတယ်။
Smith
I am sorry. I have to admit I told him.
စိတ်မကောင်းပါဘူးကွာ။အမှန်ဝန်ခံရရင်ငါသူ့ကိုပြောလိုက်တာ။
Daryl
You told him ? Why ?
မင်းပြောတာ။ ဘာဖြစ်လို့လဲ။
Smith
I couldn't help it. He asked me point-blank.
ငါလည်းမတတ်နိုင်ဘူး သူကငါ့ကို တဲ့ဒိုးမေးတာ။

ရှင်းလင်းချက်။
         
upset ဆိုတာ
စိတ်အနှောင့်အယှက်ဖြစ်တာ။ အလိုမကျတာ။ ဝမ်းနည်းတာ။
စိတ်မချမ်းမသာဖြစ်တာ။ ရခိုင်မုန့်တီတို့ အသုပ်စုံတို့ကို ငြုပ်သီးစပ်စပ်နဲ့စားပြီးတဲ့အခါမျိုးမှာ
I have an upset stomach. လို့ပြောဖို့အခွင့်ကြုံပါလိမ့်မယ်။
အားကစားပွဲတွေမှာဆိုရင်မျှော်မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ ကမောက်ကမရလာဒ်တွေဖြစ်လာတာကို End Result Suffer Early Upset လို့ခေါင်းစီးရေးထားတာ တွေ့နိုင်ပါတယ်။

I have to admit it.
ဒါကတော့ရှင်းပါတယ်။ တစ်ခုခုကိုယ်လုပ်ထားတာကိုဝန်ခံတာ။

I couldn't help it.
ကိုယ့်စိတ်ကူး၊ အပြုအမူတစ်ခုခုကို မလုပ်ဘဲ မထိန်းချုပ်လိုက်နိုင်တဲ့အခါသုံးနိုင်ပါတယ်။
အင်မတန် လွမ်းစရာကောင်းတဲ့ရုပ်ရှင်ကြည့်ပြီးတဲ့အခါ မငိုမိအောင် ထိန်းပေမယ့်လည်း မျက်ရည်ဝဲလာတဲ့အခါ I couldn't help it. ပြောလို့ရပြီပေါ့။    
         
I couldn't help but shed tear. ဆိုရင် မျက်ရည်မကျဘဲမနေနိုင်ဘူးပေါ့။

point-blank ဆိုတာကတော့ မေးခွန်း(သို့)စကားတစ်ခွန်းကို သွယ်ဝိုက်မနေဘဲ
တိုက်ရိုက်၊ ခပ်ကြမ်းကြမ်းပြောတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။
         
         
ကဲဒါဆိုရင် စကားပြော မှာ ပါတဲ့စာကြောင်းလေးတွေပြောရင်းလေ့ကျင့်ကြည့်လိုက်ပါစို့။

အလင်္ကာည      
         
         


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment