RSS

သူ့ကို ကျနော် ချစ်သည်

သူကို့
ကျနော် ချစ်သည်

သူလည်း
ကျနော် ကို ချစ်သည်

ချစ်ချင်းတူတူ
သူက ကျနော်ထက်ပိုသည်

ချစ်ချင်းတူတူ
သူချစ်ခြင်းက  သံသယတွေကြားက
သဝန်တိုမှု နဲ့
ကျနော်ကို ချစ်ခြင်းဖြစ်သည်

သူ့ ချစ်ခြင်းကြောင့်
ဆေးရောင်မျိုးစုံ
ခြယ်ခံရတာ ကျနော်ဖြစ်သည်

ဆေးရေး ပန်းချီကားတစ်ချပ်ဖြစ်ဖို့
ဆေးစက်မျိုးစုံ
ကျနော်အပေါ် မှာ
အရောင်စုံ။

တစ်ချိန်က
ကျနော် ခံစားခဲ့ရတယ်
ခုတော့ သူက
ကျနော့် နေရာမှာပေါ့

ခံစားရပါစေဆိုတဲ့ စိတ်
ဂလဲ့စားချေတဲ့ စိတ်
ကျနော် မှာ နတ္တိ

ဒီအချိန်မှာတော့
ဒီခံစားချက်ကို
သူ
နားလည်ပြီး
ကိုယ်ချင်းစာတတ်ပါစေ

ဘာပဲဖြစ်ဖြစ်
သူ့ကို
ကျနော် ချစ်သည်။
(ခန့်ဇော်) ၁၆-၀၇-၁၉

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment