RSS

ကျေးဇူးတင်ထိုက်သူများသို့

ဘာလိုလိုနဲ့  ၃၅နှစ်တောင်ကျော်လာပြီပေါ့😥

အသက်ကြီးလာတာနဲ့အမျှ 
စိုးရိမ်စိတ်လေးတွေဝင်လာတယ်
ဘာမှမလုပ်လိုက်ရပဲ
လက်ဝယ်ရှိတဲ့အချိန်တွေ 
တစ်ဖြေးဖြေးကုန်ဆုံးသွားတာမျိုး
 တစ်နေ့တာအချိန်ထဲမှာ 
ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်လိုက်ရဘဲကုန်သွားမှာအရမ်းကြောက်မိတယ်

ပြန်ပေးဆပ်ရမယ့် 
ကိစ္စတွေများလွန်းတယ်
သံသရာကြွေးမပါချင်ဘူးလေ
တတ်နိုင်သမျှ
ပြန်လည်ပေးဆပ်ချင်တဲ့စိတ်လေးတစ်ခုထဲပါ

(ကူညီခဲ့သူအားလုံးသို့)
ကျေးဇူးတင်စွာဖြင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူ့ကို ကျနော် ချစ်သည်

သူကို့
ကျနော် ချစ်သည်

သူလည်း
ကျနော် ကို ချစ်သည်

ချစ်ချင်းတူတူ
သူက ကျနော်ထက်ပိုသည်

ချစ်ချင်းတူတူ
သူချစ်ခြင်းက  သံသယတွေကြားက
သဝန်တိုမှု နဲ့
ကျနော်ကို ချစ်ခြင်းဖြစ်သည်

သူ့ ချစ်ခြင်းကြောင့်
ဆေးရောင်မျိုးစုံ
ခြယ်ခံရတာ ကျနော်ဖြစ်သည်

ဆေးရေး ပန်းချီကားတစ်ချပ်ဖြစ်ဖို့
ဆေးစက်မျိုးစုံ
ကျနော်အပေါ် မှာ
အရောင်စုံ။

တစ်ချိန်က
ကျနော် ခံစားခဲ့ရတယ်
ခုတော့ သူက
ကျနော့် နေရာမှာပေါ့

ခံစားရပါစေဆိုတဲ့ စိတ်
ဂလဲ့စားချေတဲ့ စိတ်
ကျနော် မှာ နတ္တိ

ဒီအချိန်မှာတော့
ဒီခံစားချက်ကို
သူ
နားလည်ပြီး
ကိုယ်ချင်းစာတတ်ပါစေ

ဘာပဲဖြစ်ဖြစ်
သူ့ကို
ကျနော် ချစ်သည်။
(ခန့်ဇော်) ၁၆-၀၇-၁၉

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မွေးနေ့ဆုတောင်း

၂၀၁၈ကုန်ပြီးနှစ်သစ်မှာအကောင်းဆုံးလုပ်ဆောင်မယ်လို့ပြင်ဆင်ထားခဲ့ပေမယ့်ကျနော်ရဲ့အမှားတစ်ခုကြောင့်ပြင်ဆင်ထားတဲ့အရာအားလုံးပြိုကျပျက်စီးကုန်တယ်...

အခုတော့ဒီအမှားတွေကြောင့်ဖြစ်လာတဲ့ပြသနာဒုက္ခတွေကိုဖြေရှင်းနေရတဲ့ကျနော်ဘဝရဲ့အဆိုးဆုံးအချိန်ကိုပြောရမယ်ဆိုရင်၂၀၁၉ခုနှစ်လလယ်ပိုင်းအချိန်တွေဟာ
ဒုက္ခဆိုတဲ့နာကျင်မှုတွေတစ်ပွေ့တစ်ပိုက်ကြီးပေါ့

ဒီနေ့ဆိုအသက်က  သုံးဆယ့်ငါးထဲဝင်လာပြီ
ဘာကိုမှပြင်ဆင်ထားချိန်မရှိ
လူကတော့ဗလာနတ္တိပေါ့
လူအသက်အရွယ်ကထက်ဝက်ကျော်လာပြီ
ဘာကိုမှရေရေရာရာမရှိ
အပျော်အပါးကလည်းမက်လှချေရဲ့

ဘာမှမရှိတဲ့အချိန်ကူညီပေးရဲ့တဲ့လက်ချိုးရေတွက်လို့ရတဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ညီတစိယောက်ရဲ့အကူညီတွေကတန်ဖိုးဖြတ်မရသလိုပါပဲ

လူအသီးသီးကခါးသီးနေတဲ့အချိန်
ကျနော်မိတ်ဆွေတွေကအချိုတွေပေါ့
ဒုက္ခရောက်ချိန်မှသိလာခဲ့ရတာက 
အတုယောင်တွေပျောက်
သိသိရဲ့နဲ့မိုက်တွင်းကနက်လှချေရဲ့
အကြိမ်အကြိမ်မကတော့။

စဉ်းစားမိပါတယ်
မီးပူလားမပူလားသိအောင်
ထိကိုင်ကြည့်မှပူမှန်းသိတယ်
အခုတော့ 
ဒုက္ခတွေရဲ့အဆိုးဆုံးနာကျင်မှုကိုသိဖို့တော့
တစ်ခါလောက်တော့ 
အထိနာဖူးဖို့လိုတာပေါ့

အထိနာပေမယ့်
ဘယ်လိုရှေ့ဆက်သွားရမလဲ
မစဉ်းစားတတ်သေးဘူး

ပတ်ဝန်းကျင်ကလူတွေကပြောပါတယ်
"နင်ကပညာတတ်အတွေ့အကြုံလည်းရှိ
တတ်တတ်ကြွကြွနဲ့အလုပ်ကောင်းကောင်းတစ်ခုတော့ရပါတယ်တဲ့"

သူတို့ကစေတနာနဲ့ပြောနေပေမယ် 
ကျနော်အတွေးမှာတော့ဝေဒနာပေါ့

အတိတ်ကိုခဝါချပြီး
ပေါ့ပေါ့ပါးပါးဆက်လျောက်လှမ်းချင်ပေမယ့်
မေ့မရပဲဒီအတိတ်တွေရဲ့ 
ဒုက္ခတွေကလိုက်ပါနေတယ်

ပျော်ပျော်ရွှင်ရွှင်စိတ်အေးချမ်းစွာနဲ့
အခက်အခဲမရှိနေချင်ပေမယ့်
ဒါတွေကိုရှောင်လွှဲလို့မှမရတာ

အမှားကိုသိ
အမှန်ပြင်ဖို့အတွက်ကတော့
အချိန်တစ်ခုတော့လိုတာပေါ့
ဒီအခက်ခဲတွေတစ်နေ့တော့ဖြေရှင်းနိုင်မှာပါ
အဲ့တစ်နေ့ဆိုတာလည်း 
ဘဝရဲ့နိဂုံးချုပ်ပေါ့

ပေးဆပ်ရမယ့်သံသရာကြွေးတွေပြင်ဆင်ဖို့
လူပီသဖို့အတွက်တော့
ဒီအခက်အခဲတွေ 
တွန်းလှန်နိုင်ဖို့အားမွေးရတော့မှာပေါ့ဗျာ
  xxxxxxxxxxxxx
၁၁-၀၇-၂၀၁၉



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS