RSS

ချစ်ကြတယ်ဆိုတာ

ချစ်ကြတယ်ဆိုတာ
အပေးအယူမျှဖို့ထက်
 တစ်ဖက်အားနည်းချက်
လိုအပ်ချက်တွေကို
ဖြည့်ဆည်းနိုင်ရင်ဖြည့်ဆည်း
မဖြည့်ဆည်းပေးနိုင်ရင်တောင်
နားလည်ပေးရမယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အောက်ပါပညာရပ်တွေကို သင်နားလည်ပြီလား???

အောက်ပါ ပညာ များကို သင်တတ်ပြီလား?
1. လိမ်ညာတတ်ပြီလား
2. ဟန်ဆောင်တတ်ပြီလား
3. စိတ်ဖိစီးမှုတွေခံနိုင်ရည်ရှိပြီလား
4. တစ်ပါးသူ ကျော်ခွသွားတာတွေကို သည်းညည်းခံနိုင်ပြီလား
5. တာဝန်ဝတ္တရားတွေကိုခေါင်းခံနိုင်ပြီလား
6. သူတစ်ပါးတာဝန်လွဲပြောင်းပြီး ကိုယ့်တာဝန်အဖြစ် ခေါင်းခံရင်ဆိုင်ဖြေရှင်းနိုင်ပြီလား
7. ကိုယ့်ကိုကိုယ်ယုံကြည်မှု့ ရှိပြီ့လား
8. ယုံကြည်မှုအလွဲသုံးစားလုပ်တတ်ပြီလား
9. မိသားစုဆီမှ လက်ဖြန့်တောင်းနေရတုန်းလား
10. အုပ်ထိန်းသူမိသားစုသြဇာခံအဖြစ် သေဆိုသေ အလုပ်ထွက်ဆိုထွက် ဒါလုပ်ဆိုလုပ် အဖြစ် ရပ်တည်နေရဆဲလား
11. ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီလား
12. ကိုယ်ဆုံးဖြတ်ချက်အပေါ တာဝန်ယူနိုင်ပြီလား
13. ဆုံးဖြတ်ချက်လွဲမှုကြောင့် ကိုယ်တာဝန်ကိုယ် ရင်ဆိုင်ဖြတ်ကျော်နိုင်ပြီလား???   မည်သို့ပင်ဖြစ်စေ တစ်ချို့အချက်အလက်တွေကျန်ရှိနေဦးမှာပါ  - သို့သော်ဘဝတစ်ခုရပ်တည်ဖို့အတွက်အထက်ပါအချက်အလက်နဲ့ ကင်းလွတ်ချင်မှကင်းလွတ်ပါလိမ့်မယ့်  -  မိမိဘဝတိုးတက်ဖို့အတွက် မိမိရှေ့ရေးအတွက် မိမိဝင်ငွေရရှိဖို့အတွက် မိဘ ဆွေမျိုး သူငယ်ချင်း တစ်သက်လုံး တာဝန်မယူနိုင်ဘူးလေ ကိုယ့်ဘဝကိုယ် ကိုယ့်မိသားစုကို ကိုယ်ပဲတာဝန်ယူဖြေရှင်းရမှာ- ဘယ်သူလာကူညီနိုင်မလဲ သင် သိပါသလား- ???  သင့်ဘဝတိုးတက်ဖို့အတွက် သင့်ဆုံးဖြတ်ချက် -အရည်အချင်း-ကိုယ့်ကျင့်တရားနဲ့ သင့်ကြိုးစားမှုပေါမှုတည်သည်-
14. ဒါကိုကြည့်ပြီး သင့်ပတ်ဝန်းကျင် နဲ့မိဘက အားပေးမယ် ရှုံချမယ် ကဲ့ရဲ့မယ် အတင်းပြောမယ် လိုသည်ရှိမယ် မလိုသည်ရှိမယ် မနာလိုဝန်တို မုန်းထား တွေဖြစ်ပေါ်လာတော့မှာ မလွဲဧကန်ပါ-

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS