RSS

အမှတ်တရ နေ့

အမှတ်တရ နေ့

အာဒံက ဧ၀ ကို
ပန်းသီးကျွေးတဲ့ နေ့……..
ရိုမီယိုက ဂျူးလီယက် ကို
အာဘွားကြီးကြီးပေးတဲ့ နေ့…..
အချစ်သင်္ကေတ
အကြင်နာအယုအယကို
ထင်ရှားစွာ ပုံဖော်ကြတဲ့နေ့။
ချောကလက်တစ်တောင့်
ပန်းတစ်ပွင့်နဲ့
ဝယ်လို့ရတဲ့ နေ့…
အသည်းနှစ်ခြမ်း ဖြစ်လို့နေလိမ့်မယ်
တစ်ခြမ်းက “Lo”  တစ်ခြမ်းက  “Ve”
“Love” လိုပီ အချစ်
တူညီဝတ်စုံကလေးများ
ကာလာစုံ ရှုပ်ထွေးတဲ့နေ့
February (13) . ကြီးကျယ်ခမ်းနားတဲ့
ဗိုလ်ချုပ်မွေးနေ့ရဲ့ မနက်ဖန်….
ဘာနေ့ဖြစ်မလဲ။
February (14) Happy Valentine’s Day
အဲ့သည့်နေ့လေးကို
ငါလည်း နည်းနည်းပိုင်တယ်
ငါ့ချစ်သူအတွက်
အမှတ်တမဲ့တွေကို

အမှတ်တရ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ ချစ်သူ အတွက် Valentine “

“ ချစ်သူ အတွက် Valentine “

Valentine လို့ ခေါင်းစဉ်တပ်တဲ့နေ့
အနမ်းပွင့်တွေ ပေါတယ်….
နှုတ်ခမ်းနှစ်စုံ တစ်ထပ်တည်းကျတယ်။

ချောကလက် အရသာ
ခါးသက်သက်က ချိုမြိန်လို့…..
ချောကလက်အရောင်နက်ပေမယ့်
စားမိတဲ့ နှလုံးသားတွေ….
 “Feb (14)”  မှာ ဖြူစင်တယ်။

ဒီနေ့ရဲ့ နံနက်ခင်း
ရင်ခုန်သံနဲ့ နှိုးမယ်……..
ချစ်သူနဲ့…. ဆင်တူဝတ်မယ်…..
စိတ်ညစ်စရာတွေကို  ပင်စင်ပေးထားမယ်။

နှင်းဆီပွင့်ရဲ့အဓိပ္ပါယ်ကို
ချစ်သူရင်ခွင်မှာ ကဗျာစပ်ရင်း….
ဒီနေ့ရဲ့ အချိန်တွေကို
ချစ်သူထံသို့ ဆက်သမယ်….။

Valentine နေ့ရဲ့ နေ၀င်ချိန်
အမှတ်တရများစွားနဲ့
နှုတ်ဆက်အနမ်းလေး…
ချစ်သူ နဖူးထက်
အညင်သာဆုံး ဆင်းသက်လိုက်မယ်
Valentine ပါ ချစ်သူ။   
(အလင်္ကာည)



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS