RSS

ဆန္ဒတစ်စုံ


မွန်းကြပ်မှုတွေ ရှိလာတဲ့အခါ
ငါ နင့်ကို ရင်ဖွင့်ပြချင်တယ် ချစ်သူ
ပင်ပန်းမှုတွေ ကြုံလာတဲ့အခါ
ငါ နင့်ရဲ့ဂရုစိုက်မှုကို မက်မောတယ် ချစ်သူ
အခက်အခဲတွေရင်ဆိုင်လာရတဲ့အခါ
ငါ နင့်ရဲ့အားပေးစကားသံတွေ
နားထောင်ချင်တယ် ချစ်သူ
နင့်ကို ငါသတိရမိတဲ့အခါ
ငါ့ကို လည်းလွမ်းတယ် ဆိုတဲ့ နင့်စကားကို
ကြားချင်မိပြန်တယ် ချစ်သူ
တယောက်တည်း
ရပ်တည် ရင်ဆိုင်ရတဲ့အခြေအနေတစ်ခုမှာ
ကိုယ်ချစ်ရတဲ့ ချစ်သူကို
အနားမှာ ရှိနေစေချင်တက်ကျတာက
အဝေးရောက်ချစ်သူတိုင်းရဲ့
အဖြစ်ချင်ဆုံး ဆန္ဒတစ်စုံပါ ချစ်သူရယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS