RSS

Ngar Nit Ko Chit Tal

အလင်းမရတော့တဲ့
ကောင်းကင်ရထားကြီးကို တွဲလဲခိုစီးရင်း
ငါဘယ်အထိ ခရီးဆက်ရမလဲ..။

အိမ်ခြေရာမဲ့ မိုးတိမ်တွေကလည်း
ငါ့ ရင်ဘတ်ထဲမှာ တလွင့်လွင့်မျောလို့
ငါ့ကိုယ်ငါ စိတ်ပျက်လှပြီ..။

အတိတ်ကိုလွမ်းဆွတ်သတိရနေပေမယ့်
ပစ္စုပ္ပန်မှာတော့ အသေကောင်လို
ဆိုတော့ကာ အနာဂတ်ကလည်း မရှင်သန်နိုင်ဘူး..။

မြိုချရလွန်းလို့ ရင်ဘတ်တစ်ခုလုံး
ပွင့်လျှံပြိုကျ လောင်ကျွမ်းနေပြီ
ငါက တိကျစွာဖယ်ထုတ်ခံခဲ့ရတဲ့ နတ်ဆိုးတစ်ကောင်..။

ဘယ်အကြောင်းကြောင့်ပါလိမ့်
ကံကြမ္မာကို ဖက်တွယ်ထားရင်
ငါ…. တဖြည်းဖြည်းအသည်းငယ်တတ်လာတယ်…။

ကိုယ့်ဘ၀ ကိုယ်ထမ်းပြီးလျှောက်လာခဲ့တာပဲ
ဒါပေမယ့် လမ်းခုလတ်တင် လမ်းကပျောက်သွားတယ်
ငါ့ပိုင်ဆိုင်ရာ တစ်ချို့မရှိတော့ဘူး
တစ်ချို့တစ်ဝက်ရဲ့ အလုံးစုံကို
နတ်ဘုရားမ ကသိမ်းသွင်းယူငင်သွားတယ်
သတိ…သေဆုံးတော့မည်…။

--

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝေဖန်သူနှင့်ဝေဖန်ခံရသူ

့လောက၌ ဝေဖန်သူနှင့် ဝေဖန်ခံရသူ နှစ်မျိုးရှိ၏။
ဝေဖန်မှုသည် အတတ်ပညာတစ်ခုဖြစ်၏။
ဝေဖန်သူသည် ပွဲကြည့်ပရိတ်သတ် ဖြစ်၏။
ဝေဖန်ခံရသူသည် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်၏။ အကောင်အထည်ဖော်ရသူဖြစ်၏။

ဝေဖန်ခြင်းအလုပ်သည်ကား လွယ်၏။ မည်မျှပင်ကောင်းအောင်ကြိုးစားလုပ်ဆောင်နေပါမူ
ဆိုးသည်ဟု ပြောလျှင်လည်းဖြစ်၏။ ကောင်းသည်ဟု ချီးမွမ်းချင်လည်းရ၏။ ဝေဖန်ခြင်းသည် ဝေဖန်သူ၏ အလုပ်ဖြစ်၏။
သို့သော် ........
မှန်ကန်စွာဝေဖန်ဖို့တော့ လိုသည်။ သို့မှသာ ဝေဖန်ခံရသူအတွက် အကျိုးဖြစ်ထွန်းသည့်အပြင် ဝေဖန်သူအတွက်လည်း မှန်ကန်သောလမ်းကြောင်းပေါ်ရောက်ပါလိမ့်မယ်။
သင့်မြတ်သော အတွေးအခေါ်အယူအဆကို နှလုံးသွင်းပါမှ မှန်ကန်သည့်ဝေဖန်မှုဖြစ်နိုင်၏။

လူအများစုမှာ တစ်ခုခုအပေါ် ဝေဖန်ပြောဆိုရာတွင် အများအားဖြင့် မိမိ၏ အတ္တ၊ မာနတို့ကိုသာ ရှေ့တန်းတင်ပြီး ဝေဖန်ပြောဆိုနေကြ၏။ ဝေဖန်ရာမှအတင်းအဖျင်းသို့ရောက်သွား
တတ်သေးသည်။ဖြစ်သင့်သည်ထက် ဖြစ်ချင်သည့်ဆန္ဒက လွန်ကဲနေ၏။ နေရာတိုင်းတွင် မတူညီမှုများဖြင့် ကွဲပြားနေတတ်၏။

လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုသည့်အတိုင်း လူအမျိုးမျိုး စိတ်အဖုံဖုံရှိကြသေးသည်။ ကိုယ့်အတွေးအခေါ် ကိုယ့်အယူအဆသည် အမှန်ဟု ယူဆတတ်ကြသူများ၏။ မိမိလုပ်ကိုင်သမျှ အရာအားလုံးသည် အမှန်ချည်းသာ ယူဆတတ်ကြ၏။ ဝေဖန်မှုအလုပ်ကို လုပ်မည်ဆိုရင် တစ်ပါးသူကို ဝေဖန်ခြင်းမပြုမှီ မိမိကိုယ်ကို ဦးစွာဝေဖန်သင့်၏။ အများက ဝေဖန်သဖြင့် ပြုပြင်ရခြင်းထက် မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်ပြုပြင်ခြင်းက ပို၍
ကောင်း၏ အချို့က ဝေဖန်ခံနိုင်သော်လည်း အချို့က ဝေဖန်မခံနိုင်သဖြင့် ဝေဖန်သူနှင့် ဝေဖန်ခံရသူကြား ပဋိပက္ခ
ဖြစ်နိုင်ကြသေးသည်။

သို့အတွက်ကြောင့် မည်သည့်အလုပ်မဆို အတွေးမှန် နှလုံးသွင်းပါမှ အမြင်မှန်ရနိုင်ပေသည်။ ဝေဖန်သူက အကောင်းမြင်စိတ်ဓါတ်ဖြင့် ဆန်းစစ်ဝေဖန်ပြီး ဝေဖန်ခံရသူကလည်း အမှားကိုအမှန်အဖြစ် ထောက်ပြပေးသည်ဟု ယူဆမိခဲ့လျှင်.........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အခွံများနဲ့ဂြိုလ်

လွင့်ကနဲ.. လွင့်ကနဲ ဖြစ်ဖြစ်သွားသည် ငြိမ့်ညောင်းသည် ပြောပြရန်ခက်သည် တစ်ကိုယ်လုံးပေါ့ပါးနေတာ တော့သိသည်။ ခံစားမှု့ ပြာလွင်တုန်ရီနေသည် ဘယ်လိုကြီးမှန်းလည်းမသိ သေချာတာ တစ်ခုကတော့နေ့စဉ် ရှင်သန်နေရသော ပတ်ဝန်းကျင်မဟုတ်တာတော့ သေချာသည်။ နေရာတိုင်းမှာ နှင်းမြူလို အုံ့ပြဝေရီနေသည် ကြည့်နေရင်းမှပင် လက်ကနဲတစ်ချက်ဖြစ်သွားပြီး အလင်းရောင်တစ်ခုစူးရှရှ ဖြည်းညှင်းစွာတိုးဝင်လာသည်။
“နေ၀င်လာပြီ နေ၀င်လာပြီ”
ကြားလိုက်ရသောအသံကြောင့် တွန့်ကနဲတစ်ချက်ဖြစ်သွားသည်။ ဘယ်နှယ့် နေထွက်“လာ”ပြီတို့ နေ၀င်“သွား” ပြီတို့ပဲ ကြားဖူးသည် ခုကျမှ နေ၀င်လာပြီတဲ့ နေကြီးကဘယ်ကနေ ဘယ်လိုဝင်လာသည်မသိ။ ဘာပဲဖြစ်ဖြစ် သူ စိတ်ဝင်စားသွားသည်။ ဒါနဲ့ သူ့လွင့်မျောနေသောခန္ဓာကိုယ်ကို သတိလေးနှင့် ထိန်းလိုက်သည် ခန္ဓာကိုယ်က အနည်းငယ်တော့ ငြိမ်သွားသည် ဒါပေမယ့် ပေါ့ပေါးလွန်းနေ၍သတိလေးတော့ထားရသည်။
စူးရှလင်းလက်နေသော အလင်းတန်းက လောကတစ်ခွင်လင်းလက်သွားသည် မှုန်မှိုင်းဝေရီနေသော မြူခိုးတို့ လွင့်ပြယ်သွားသည်။အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည် ထိုခဏသူ့လိုပင် လေထဲမှာဝဲပျံနေ သောလူအများအပြားကိုတွေ့လိုက်ရသည် သူတို့တွင်မည်သည့်ခံစားချက်မှရှိနေပုံမပေါ်လေထဲလွင့်နေသည်ကို ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ သဘောထားနေကြသည်။ ဘယ်လိုနေရာမျိုးကိုသူရောက်နေပါလိမ့် သူသိချင်စိတ် ကြောင့် အနားကဖြတ်သွားသော လူကြီးတစ်ယောက်ကိုလှမ်းမေးလိုက်သည်။
“အန်ကယ်ကြီး အန်ကယ်ကြီး ခဏနေပါဦး”
အန်ကယ်ကြီးဆိုတာ ထိုလူကြီးနာမည်မဟုတ်ပါအန်ကယ်ကြီးအရွယ်မို့လို့အန်ကယ်ကြီးလို့လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။ သူ့အသံကြားတော့အန်ကယ်ကြီးသည် ၀ဲ ကနဲရပ်လိုက်သည်။လေထဲမှာလွင့်နေသောကြောင့်တိကနဲ ရပ်လို့မရ ရပ်နေသည်မှာ လွင့်တင့်တင့်ဝဲတဲတဲ ဖြစ်နေသည်။ သူလည်းယက်ကန်ယက်ကန်နှင့်ထိုအန်ကယ်ကြီး နားရောက်အောင်သွားလိုက်သည်။ လေထဲမှာလမ်းလျှောက်ရသည်မှာ ဘယ်လိုမှန်းမသိလျှောက်လို့တော့ ကောင်းသည် ဒါပေမယ့်ဘယ်လိုကြီးမှန်းမသိ အထိန်းအကွပ်မဲ့သလိုခံစားနေရသည်။
“အန်ကယ်ကြီး ဒါဘယ်လိုနေရာလဲဟင်”
“ဟင်”
သူ့ မေးသံဆုံးတော့အန်ကယ်ကြီးက ဟင် ကနဲ တစ်ချက်ဖြစ်သွားသည် ပြီးတော့ သူ့ကို ခြေဆုံးခေါင်းဖျားဝဲပျံ ကြည့်ပါသည် ထိုလူကြီးကိုကြည့်ရသည်မှာ ဟိုနေရာက ယားသလိုဒီနေရာကယားသလိုတောင်ဖြစ်လာသည်။ ပြီးတော့ နောက်ကျောမလုံသလိုလဲခံစားနေရသည် ဘယ်နှယ့်သူက ၀ဲတဲ ၀ဲတဲနှင့်ကိုယ့်အနားပျံနေသည်ဆို တော့ တစ်ချက်တစ်ချက်လေကဟပ်သွားသေးသည်။ နောက်တော့မှ စိတ်ကျေနပ်သွားဟန်ဖြင့်
“လက်စသတ်တော့မင်းက ခုမှလေပူဖောင်းမြို့တော်ကိုရောက်လာတဲ့သူကိုး ”
“ခင်ဗျာ…. ဘာမြို့တော်”
“လေပူဖောင်းမြို့တော် ”
သူတစ်ချက်ပြုးံလိုက်မိသည် ဟုတ်တော့လည်းဟုတ်သား လူတွေအကုန်လုံးကလေပူဖောင်းတွေလိုလေထဲမှာပျံ နေကြတာကိုး
“ဒါနဲ့ ဦးလေးက ဘယ်သွားမလို့လဲ ”
“သင်တန်းသွားတက်မလို့ကွ မင်းလုပ်တာနဲ့နောက်တောင် ကျနေပြီ”
“ဟင် သင်တန်းဟုတ်လား ”
“အေးလေ ဘာဖြစ်လို့လဲ မင်းက ငါ့အသက်လေးဆယ်ရှိပြီ လူ့လောကကြီးမှာရပ်တည်နိုင်ဖို့ သင်တန်းတွေတက် ရတာမကုန်နိုင်သေးဘူး”
“ဒါနဲ့ အန်ကယ်ကြီးက အခုဘာသင်တန်းသွားတက်မလို့လဲ”
“လူမှု့ဆက်ဆံရေးသင်တန်း ဒီမှာက အလုပ်လျှောက်ရင်အဲ့ဒီသင်တန်းလက်မှတ်လေးရထားမှဖြစ်မှာ”
“ဒါဆိုအန်ကယ်ကြီး အဲ့ဒီကိုသွားမှာပေါ့”
“အေး နောက်တော့ကျနေပြီ ဒါပေမယ့် သွားတော့သွားရမယ် ”
“ဒါဆို ကျွန်တော်လိုက်ခဲ့မယ်လေ ကျွန်တော်က ခုမှရောက်တဲ့လူဆိုတော့ လေ့လာကြည့်ချင်လို့ပါ”
“အေး လိုက်ခဲ့လေ လာသွားကြမယ်”
ထိုသို့နှင့် အန်ကယ်ကြီးနှင့်သူယက်ကန်ယက်ကန်နှင့်သင်တန်းကိုရောက်သွားသည်
အန်ကယ်ကြီးကတော့ ယက်ကန်ယက်ကန်မဖြစ်ပါ သူသာအလေ့အကျင့်မရှိသေးသည်မို့ယက်ကန်ယက်ကန်နှင့်ဖြစ်နေခြင်းဖြစ်သည်။ သူတို့ရောက်တော့ သင်တန်းက စနေပြီ အန်ကယ်ကြီးနှင့်သူနောက်ခုံမှာတိတ်တဆိတ်ဝင်ထိုင်လိုက်သည် အန်ကယ်ကြီးက အမူအယာနှင့်တိတ်တိတ်နေဖို့အချက်ပြသည်။ သူကလည်း အသံအားဖြင့်တိတ်တိတ်နေပါ သည်။ ဒါပေမယ့် မျက်လုံးတွေကတော့ ငြိမ်ဆိတ်မနေပါ မြင်နေရသောကြောင့်ဖြစ်သည့် နားကလည်းသူ့ဘာသူ ကြားနေရသောကြောင့် သင်ခန်းစာတွေကိုကြားနေရသည်။ သင်တန်းဆရာက သင်ခန်းစာကို စိတ်ဝင်တစားပို့ချ နေသည်။
“ခင်ဗျားတို့ အနေနဲ့လူတစ်ယောက်နဲ့မျက်နှာခြင်းဆိုင်တွေ့ပြီဆိုပါစို့ သူကကိုယ်နဲ့သိသည်ဖြစ်စေမသိသည် ဖြစ်စေ ပြုံးပြနိုင်ရမယ် ပြီးမှကိုယ့်လမ်းကိုယ်ဆက်လျှောက်ပေါ့ မိတ်ဆွေတစ်ထောင်ရှိလို့မလုံလောက်ဘူးဆိုတဲ့ စကားအတိုင်းပေါ့လေ မိတ်ဆွေများများမွေးယူရမယ် လူတွေကပြောတယ် ဟန်ဆောင်မှု့ဆိုတာမရှိသင့် ဘူးတဲ့ မဟုတ်ပါဘူး ဟန်ဆောင်မှု့ဆိုတာလိုအပ်ပါတယ် မရှိမဖြစ်ကိုလိုအပ်ပါတယ်”
ထိုစကားကိုပြောပြီး သင်တန်းဆရာက တစ်ချက်ဝေ့၀ဲကြည့်လိုက်သည် သူလည်းလေထဲမှာစာသင်နေသော ကြောင့် သူ့အကြည့်က၀ဲပျံနေသည် ပြီးမှချောင်းတစ်ချက်ဟန့်ပြီး စကားကိုဆက်သည်။
“ဘာကြောင့်လိုအပ်သလဲ
ဥပမာ ဟိုတယ် တစ်ခုရဲ့ဧည့်ကြိုဝန်ထမ်းတစ်ယောက်ဟာသူ့မှာနေ့တိုင်းပျော်ရွှင်မနေ နိုင်ဘူးလေ ဒါပေမယ့် သူ့အလုပ်ကြောင့်အမြဲသူ့မျက်နှာကြည့်ရင်ပြုံးရွှင်နေလိမ့်မယ်။ ဒါဟာဘာကြောင့်လဲ အလုပ်ဆိုတဲ့ကိစ္စကြောင့်သူဟာ အပြုံးဆိုတဲ့မျက်နှာဖုံးတုကိုစွပ်ထားရတာပဲ တကယ်လို့များသူဟာ ဟန်ဆောင် ပြုံးမနေနိုင်ဘူးဆိုရင်သူ့အလုပ်ကိုထိခိုက်တော့မယ် နောက်ဆက်တွဲပြဿနာတွေက အများကြီးပဲ အဲ့တော့ လောကကြီးမှာဟန်ဆောင်မှု့ဆိုတာမရှိမဖြစ်လိုအပ်ပါတယ်”
သင်တန်းဆရာက သင်ခန်းစာတွေဆက်လက်ပို့ချနေသည်သူကတော့ မကြားတစ်ချက်ကြားတစ်ချက်
လောက ကြီးမှာ ဟန်ဆောင်မှု့ဆိုတာလိုအပ်တယ်တဲ့
ဒါဟာတကယ့်အမှန်တရားလား
….
သူလမ်းလျှောက်လာသည် တနင်္ဂနွေပိတ်ရက်မို့လို့လားမသိ လမ်းသွားလမ်းလာအရမ်းများနေသည် သူ့မျက်နှာ ကပြုံးတောင့်ပြုံးတောင့်ကြီးဖြစ်နေသည်။ ဟုတ်သည်မိတ်ဆွေတစ်ထောင်ရှိလို့မလုံလောက်ဘူးဆိုလို့ဟို့လူ့ပြုံးပြ ဒီလူ့ပြုံးပြနှင့် နှုတ်ခမ်းက ဟတတကြီးဖြစ်ကာနေသည်။ အသေအချာပြောရလျှင်မျက်နှာကပြုံးဖြီးဖြီးကြီးဖြစ်နေ သည်ဘယ်နှာ့ကြီးမှန်းမသိ ။ တွေ့တဲ့လူတိုင်းကိုပြုံးပြတော့တစ်ချို့ကပြန်ပြုံးပြသည်တစ်ချို့မှုန်ကုပ်ကုပ်နှင့် ကြည့်သွားကြသည်။ ဒီလူတွေလေပူဖောင်းမြို့တော်ရဲ့လူမှု့ဆက်ဆံရေးသင်တန်းကိုပို့ရမယ် ထိုအချိန်မှာပင် ခပ်သွက်သွက်လှမ်းလာနေသော လူတစ်ယောက်ကိုတွေ့ရသည် ။
ထိုလူ့ရှေ့သွားရပ်ကာ ပြုံးပြလိုက်သည် ပထမတော့ထိုလူသည်မျက်မှောင်ကုပ်သည် နောက်ကျတော့နှုတ်ခမ်း ကြီးကွေးလာသည် နောက်မျက်လုံးကိုပြူးလိုက်သည် ကွေးနေသောနှုတ်ခမ်းကိုဆတ်ကနဲစူအာလိုက်သည်။
“မင်း ငါ့ကို လာနောက်နေတာလား”
“အဲ..မဟုတ်ပါဘူးခင်ဗျာ ဒါလူမှု့ဆက်ဆံရေးပါ ဟဲဟဲမိတ်ဖြစ်ဆွေဖြစ်ပါ အစ်ကိုကြီးရဲ့”
“ဘာ မိတ်ဖြစ်ဆွေဖြစ်လဲ ကိုယ့်ဟာကိုယ်စိတ်ညစ်နေရတဲ့အထဲ မင်းက ငါ့ကိုမလေးမခန့်နဲ့”
“လူမလေးခွေးမခန့်လုပ်တာမဟုတ်ပါဘူး အစ်ကိုကြီးရယ် နွားရှေ့ထွန်ကျူးတာလည်းမဟုတ်ပါဘူး ဒါကလူ့မှု ဆက်ဆံရေးပါ အစ်ကိုကြီးလည်းပြန်ပြုံးပြလိုက်ဒါဆိုပြီးနေပြီ”
“မပြုံးဘူးကွ မပြုံးဘူး သေတောင်မပြုံးဘူးကွ ပြုံးကိုမုန်းလွန်းလို့ပြုံးပါတဲ့ မိန်းမ ငါ့မိန်းမ မိပြုံးကိုတောင်စွန့်လာ တာ ဟွန်း”
ထိုလူကြီးသည်ထို့သို့ပြောပြီးသည်နှင် ဘောက်ဆတ်ဘောက်ဆတ်နှင့်ထွက်သွားသည် အော်သူခမျာ့ပြုံးကိုတော် တော်စိတ်နာနေပုံရလေသည်။ ရှေ့ဆက်လျှောက်တော့ အစ်မကြီးတစ်ယောက်ကိုတွေ့ရလေသည် ထုံးစံအ တိုင်းတာဝန်ကျေစွာသူသွားပြုံးပြလိုက်သည်။ ဟိုကလည်းတာဝန်ကျေ ပြန်ပြောသွားပါသည်။
“ဘာမှန်းမသိဘူး ရုပ်ကိုက စပ်ဖြီးဖြီးနဲ့ ပါးကောင်းလို့ လက်ဝါးတောင်းချင်တာထင်တယ်”
အလကားနေရင်း ပါးတောင်အဆစ်ပါမလိုဖြစ်သွားသေးသည် တွေးကြည့်တာတောင်ဘယ်လိုမှအဆင်မပြေ မျက်နှာကလည်း ထုံးစံအတိုင်းပြုံးတောင့်တောင့်ကြီးဖြစ်လို့.
“ဟေ့ ကောင်လေး သင်တန်းပြီးနေပြီသွားမယ်လေ ”
“ဟင် ပြီးပြီလား ”
“အင်း ”
“မြန်လိုက်တာ ”
ကိုယ့်ဟာကိုယ်တွေးကောင်းကောင်းနဲ့တွေးလိုက်တာ သင်တန်းပြီးလို့ပြီးမှန်းပင်မသိ လူတွေလည်း တ၀ဲဝဲ ထပျံ သွားကြသည်။ လေထဲမှာဘောလောကြီးမျောနေသော လူတွေကိုကြည့်ရသည်မှာပေါ့ရွှတ်ရွှတ်ကြီးဖြစ်နေသည် ဘာကြောင့်မှန်းမသိ ကိုယ်ကိုတိုင်ကလည်းပေါ့ရွှတ်နေလို့လည်းဖြစ်နိုင်သည်။
“မြန်မြန်လုပ်ကွ ဒီသင်တန်းပြီးရင် နောက်သင်တန်းတစ်ခုသွားရဦးမယ်”
“ဟင် သင်တန်းက သွားရဦးမယ် ဒါပေါ့ကွ မြင့်မြင့်မှန်းတဲ့လူက သင်တန်းများများတက်ပေးရတယ်”
ဘာမှလည်းမဆိုင် သူ့ဟာနဲ့သူတော့ ဟုတ်နေသည်
“ဒါနဲ့ အန်ကယ်က သင်တန်းတက်မယ်ဆိုပြီးတော့ နောက်သင်တန်းအတွက်စာအုပ်က ဘယ်မှာလဲ ”
“ဒီမှာလေကွာ ”
အန်ကယ်ကြီးက ဖိုင်တွဲတစ်တွဲမြှောက်ပြသည်။
“စောစောက ဒီသင်တန်းသင်တော့ အဲ့ဒီဖိုင်တွဲကြီးထုတ်ဖတ်နေတာတွေ့ပါတယ်”
“မင်းကလည်း ဒါနယ်နယ်ရရမှတ်လို့လား ဒါငါတက်နေတဲ့သင်တန်း ၁၁ ခုလုံးရဲ့ဘာသာရပ်တွေမှတ်ထားတဲ့ ဖိုင်တွဲကွ ”
“ အဲ……သင်တန်းက ၁၁ ခုတောင်တက်နေတာ ဟုတ်လား”
“အေးလေကွာ တကယ်တော့ သင်တန်းက စာက အရေးမကြီးပါဘူး certificate အရေးကြီးတာကွ”
“certificate က အရေးကြီးတာ…….အော်..ဒါနဲ့ ကျွန်တော်မေးစရာရှိသေးတယ် ”
“အေး မေးကွာ သွားမယ် လမ်းလျှောက် ရင်းမင်းသိချင်တာမေး နောက်သင်တန်းကစတော့မှာမို့မြန်မြန်သွားရ အောင်“
သူရယ်အန်ကယ်ကြီးရယ် ၀ဲကနဲ ပျံလိုက်ပါသည် အသားကျသွားပြီမို့ ပျံရတာသိပ်မခက်ခဲတော့ လေထဲမှာလမ်း လျှောက်ရတာအရသာတစ်မျိုးတွေ့ပါသည်။ ခေါင်းတွေမော့ရင်တွေကော့ချင်သလိုဖြစ်လာသည် စိတ်ကူးတွေ အဆင့်အတန်းမြင့်လာတာထင်ပါရဲ့
“ကျွန်တော် မေးချင်တာက ကျွန်တော်ဘယ်လိုလုပ်ဒီကိုရောက်လာသလဲဆိုတာ ”
“ဟေ မင်းမသိဘူးလား ”
“မသိလို့ပါ အန်ကယ်ကြီးရ”
“အေး ဒီမှာကြည့် ”
အန်ကယ်ကြီးက အိတ်ထဲကနေ ဆွဲထုတ်လိုက်တယ် ကြည့်လိုက်တော့ Notebook လေးတစ်လုံး ပြီးတော့ ဟိုနှိပ် ဒီနှိပ်လုပ်နေသည်။
“ကဲ ရပြီဒီမှာ ”
အန်ကယ်ကြီက Notebook ကိုသူ့ဘက်လှည့်ပြသည်
“ဟင် Certificate တွေ ”
ဟုတ်ပါသည် အခန်းတစ်ခုလုံးပြည့်လုနီးပါး certificate တွေကိုအထပ်လိုက်ကြီးတွေ့ရသည်။
“ဟုတ်တယ် certificate တွေ အသေအချာပြောရရင် မင်း certificate တွေပေါ့ကွာ အဲ့ဒါတွေကြောင့် မင်းဒီကို ရောက်လာတာ”
“အမ် … ဘာဆိုင်လို့လဲဗျ”
“ဆိုင်ဆိုင် မဆိုင်ဆိုင်ကွာ ဒါတွေကြောင့်မင်းရောက်လာတာတော့ သေချာတယ် ထပ်မမေးနဲ့တော့ သင်တန်း ရောက်ပြီ”
အန်ကယ်ကြီးက ပြောပြောဆိုဆို ရှေ့မှာမြင်နေရသော အဆောက်အဦးထဲသို့ဝဲကနဲဝင်သွားသည်သူ့မှာသာ ခေါင်းထဲချာချာလည်ရင်းကျန်ခဲ့သည်။
“ဒါ ငါရဲ့ certificate တွေပေါ့ ငါဒီလောက်တောင် သင်တန်းတွေတက်ထားတာပေါ့ ”
တွေးရင်း တွေးရင်း သူပြုံးလာမိသည် လူကပိုပေါ့ပါးလာသလိုခံစားရသည် တစ်ချက်လောက်ဝဲကနဲပျံလိုက်သည် သူ့မျက်နှာက စောစောကလိုမဟုတ်တော့ ဘာပဲဖြစ်ဖြစ် နောက်သင်တန်း တစ်ခုလောက်တော့ တက်ဦးမှပါလေ …………………………..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"ကျွန်တော်နှင့်အလွဲများ"

"ကျွန်တော်နှင့်အလွဲများ"

ဘတ်စ်ကားက တစ်ဆိတ်ကြပ်လွန်းလှသည် ……………

လွတ်ထားသောလွယ်အိတ်ကြိုးကိုကိုင်ကာရှေ့ကိုပို့လိုက်သည်။ အထူးကားကို တက်စီးသော်လည်း မနက်ပိုင်း ရုံးတက်ချိန်ဖြစ်သောကြောင့်လူတွေက ပြည့်ကြပ်ညပ်သပ်လျှက်…………………….

လူတွေကြပ်လို့ တိုးရင်းတိုးရင် ကျွန်တော်လည်းတဖြည်းဖြည်း ကားအတွင်းပိုင်းကိုရောက်လာသည်။ အ၀ပိုင်း တွင်ဆင်းရလွယ်အောင် လူတွေကပ်သပ်နေသောကြောင့် လူများပြီး ကြပ်နေသော်လည်းနောက်ပိုင်း တွင်တော့နည်းနည်းချောင်သလိုရှိသည်။
လူတွေကြပ်နေသောကြောင့် အနံ့မျိုးစုံရနေသော်လည်း ကျွန်တော်ရပ်နေသည့်နားတွင်တော့ သင်းပျံ့ပျံ့ရနံ့တစ်မျိုးရ၍နေသည်။

ဒီရနံ့ကိုထွေထွေထူးထူးသိပ်တော့မရှာလိုက်ရပါ ……

ကျွန်တော့်ရှေ့တွင်ရပ်နေသော လှတပတ ကောင်မလေးဆီက ရနေခြင်းဖြစ်သည်။ ( လှတ နှင့် ပတ ညီအစ်မများမဟုတ်ပါ။ တွဲ၍ဖတ်ပါ - ဤကားစကားချပ်)

ကားက ခုန်လိုက်တိုင်း ကောင်မလေးဆီ ကျွန်တော့်ခန္ဓာကိုယ်က ပြေးပြေးကပ်သွားသည်။ တတ်နိုင်သလောက်ထိန်းထားသော်လည်း ဘတ်စ်ကားကို လေယာဉ်ပျံထင်ကာ မောင်းနေသော ကားသမားနှင့်မြန်မာပြည်ကားလမ်းကကျွန်တော့်ကိုမျက်နှာသာမပေးပါ။

ထို့ကြောင့် လွယ်ထားသောလွယ်အိတ်ကိုရှေ့ကို တင်းတင်းဆွဲကပ်ထားလိုက်သည်။

သို့မှပင် စိတ်ချလက်ချနေ နိုင်တော့သည်။ ကားကခုန်နေသော်လည်း လွယ်အိတ်နှင့်ဆိုတော့ စိတ်ချ လက်ချဖြစ်သွားသည်။

ရနံ့လေးတသင်းသင်းနှင့် ကိုယ့်ဟာကိုယ်သဘောကျနေတုန်း ကောင်မလေးကလှည့်ကြည့်လာသည်။ မျက်ဝန်းလေးတွေကလည်းအတော်လှပါသည်။ ကျွန်တော်ဖျတ်ကနဲတောင် ရင်ခုန်သွားသည်။ ဒါပေမယ့် ကောင်မလေးမျက်ဝန်းတွေက ကောင်းသောလက္ခဏာမဟုတ်။ ဒေါသရောင်သန်းနေသည်။ ဘာကြောင့်လဲဆိုတောတော့ကျွန်တော်မသိ။ ဒါကြောင့် ကျွန်တော်လည်း မသိလိုက် မသိဘာသာ နေလိုက်သည်။

ဒါပေမယ့် ကောင်မလေးက မကြာခဏလှည့်ကြည့်လာသည်။ ကျွန်တော့်ကသူ့နောက်ကဆိုတော့ သူလှည့်ကြည့်တိုင်းမြင်နေရသည်။

ပိုဆိုးတာတာက ကောင်မလေးကတစ်ခါလှည့်ကြည့်တိုင်း မျက်ဝန်းထဲကဒေါသရောင်တွေ ပိုပို တောက်လာခြင်းဖြစ်သည်။

ဒီမှာ ရှင့်မှာနှမမရှိဘူးလား

ဗျာ


ဗလာချည်ကြီးထအော်လိုက်ခြင်းကြောင့် ကျွန်တော်လည်းကြောင်သွားသည်။

ရှင့်မှာနှမ မရှိဘူးလား မေးတာလေ….

ဘာ..ဘာဖြစ်လို့လဲခင်ဗျ

ဘာဖြစ်ရမှာလဲ…..

ရှင်က…….ကျွန်မနောက်ကနေပြီး ကားကြပ်တာကိုအခွင့်ကောင်းယူပြီး အသားယူနေတာလေ… တောက်…..

ထိုစကားပြောပြီး ကောင်မလေးမျက်နှာကရဲရဲတွတ်နေသည်။

ကားတစ်ကားလုံးက၀ိုင်းကြည့်နေသော ကြောင့်ကျွန်တော်ရှက်လည်းရှက်ဒေါသလည်းထွက်သွားသည်။

ဒီမှာ……

ခင်ဗျားကိုနောက်ကနေ အသားယူတယ်ပြောရအောင် ကျုပ်က ဘာလုပ်နေလို့တုန်း

ခင်ဗျားမဟုတ်ကဟုတ် က လာမပြောနဲ့

အောင်မာ ရှင်ကလုပ်ပြီးမှမသိချင်ယောင်မဆောင်နဲ့

ဒီမှာ ခင်ဗျားကို ကျုပ်ဘာလုပ်လဲ ကဲခပ်ရှင်းရှင်းပြော ကျုပ်ဘာလုပ်လဲ

ကျွန်တော်လည်းရှက်တာကလည်းတစ်ကြောင်း၊ကိုယ်မလုပ်ပဲစွပ်စွဲခံရတာလည်းတစ်ကြောင်းမို့၊ ဒေါသကအတော်ထွက်နေသည်။

အသံကတုန်နေပြီ…….ကားတစ်ကားလုံးက လူတွေကလည်းဝိုင်းကြည့်နေသည်။

တစ်ချို့က ကျွန်တော့်ကို ရွံရှာသည့်မျက်လုံးတွေနှင့်ကြည့်နေသည်မို့ ဒီကိစ္စကိုရှင်းအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒီမှာ ခင်ဗျားပြောလေ … ကျုပ်ခင်ဗျားကိုအသားယူတယ်ဆိုတာ ဘာလဲ?? ကျုပ်ကဘာလုပ်တာလဲ???

ဒါတော့…ဒါတော့………….

ပြောလေဗျာ ပြော ဒီမှာလူတွေအများကြီး ကျုပ်ကကျုပ်လိပ်ပြာကျုပ်လုံတယ်…….

အောင်မာ ရှင်ကခုမှ သူတော်ကောင်းလို့အသံကောင်းဟစ်မနေနဲ့ ကျွန်မ ကပြောရခက်လို့ရှင့်

ဒီမှာ မအ၀ှာ ခင်ဗျားမပြောလို့တော့မရဘူးလေ ကျုပ်က ကျုပ်မလုပ်လို့ကျုပ်ကိုယ်ကျုပ်ယုံတယ် ပြောမှရမယ်

ကောင်မလေးကတွေကနဲတစ်ချက်ဖြစ်သွားသည်…………မျက်နှာကလဲပိုရဲတွတ်လာသည်။ နောက်တော့ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်…..

ရှင်လေ ကျွန်မနောက်ပိုင်းကို နောက်ကနေ ဘာကြီးနဲ့လဲမသိဘူး လာလာထိုးနေတာ

ပြီးတော့ အဒီဟာကြီးကပူပူ နွေးနွေးကြီး..

ဟင်…ဗုဒ္ဓေါ


ကျွန်တော်လန့်သွားသည်……….

ကမန်းကတန်းကိုယ့်အောက်ပိုင်းကိုယ်ငုံကြည့်ရသည်။ ဘာမှမဖြစ်………..ဘယ်နှာကြီးတုန်း……

ကားတစ်ကားလုံးလည်းဟင်တွေဟာတွေဖြစ်ကုန်သည်။

ကောင်မလေးကလည်းရှက်လို့ထင်သည်။

ကားပေါ်ကဆင်း ဖို့လုပ်သည်။ အဲ့လိုတော့မဖြစ်သေး ကျွန်တော်မလုပ်မိတာသေချာသည်။

နေဦးဗျ ဒီကိစ္စ ကျွန်တော်မလုပ်တာသေချာတယ်

ရှင်က ခုထိငြင်းတုန်းလား ဟင်.


နောက်မှသတိရတော့သည် သေလိုက်ပါတော့ ဟုသာကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။

နေဦးဗျ ကျွန်တော်လုပ်တာမဟုတ်ဘူး လုပ်တာက ဒီကောင်……….

ဘာရှင့်..

ဟုတ်တယ် ကျွန်တော်လုပ်တာမဟုတ်ဘူး ဒီကောင်လုပ်တာ…………….

ကျွန်တော်ပြောပြောဆိုဆိုလွယ်အိတ်ထဲက ပြောင်းဖူးကြီးကိုဆွဲထုတ်လိုက်သည်။

အပူငွေ့မပြယ်သေးသောပြောင်းဖူးကြီးကကျွန်တော်လက်ထဲမှာအောင်နိုင်သူကြီးလို။

ကောင်မလေးကတော့ရှက်လွန်းလို့ထင်။ မျက်နှာကြီး ရဲရဲတွတ်နေသည်။

တွေ့တယ်မလား ကျွန်တော်ပြောသားပဲ ကျွန်တော်မလုပ်ပါဘူးဆိုတာကို………..

တော်ပါတော့ရှင် တော်ပါတော့

ထိုစကားကိုပြောပြီးကောင်မလေးသည်ဆင်းပြေးတော့သည်။

ကျွန်တော့်မှာတော့ ပြောင်းဖူးကြိးကိုကိုင်ကာ ကားတစ်ကားလုံးကို တဟီးဟီးနှင့်ရယ်ပြလိုက်သည်။

အော် …ဒီနေ့ကံမကောင်းပါလား အရပ်ကတို့ရယ်….

အလင်္ကာည


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သင်..အားနာတတ်ပါသလား…????

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး

စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်
မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။

(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်

မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်က
ပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း
စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏
စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်
မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။
တကယ်တော့ သင်က မချေးချင်။သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က
ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ငွေပြန်မရမချင်း သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်း မျိုးဖြစ်ရာကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုးဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး

ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။ တန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသောအချိန်တွင် တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။
ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။
မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။

ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏စာသားလေးတွေသဘောကြလို့ ပြန်လည် မျှဝေလိုက်ပါတယ် ...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝမ်းနည်းရမှာလား…၀မ်းသာရမှာလား………..???

ဇန်န၀ါရီလဆန်းက ကျွန်တော့် GSM ဖုန်းထဲကို Message တစ်ခု ၀င်လာပါတယ်။

အဲဒါကတော့ Prepaid စနစ်သုံးချင်ရင် Yes လို့ ပြန်ပို့ပေးပါဆိုပြီးတော့ပါ။

ကျနော်လည်း ၀မ်းသာအားရနဲ့ပဲ ပြန်ပို့မိပါတယ်။

အရင်တုန်းကလိုအကြာကြီး တန်းစီရတဲ့ဒုက္ခ၊ ပြီးတော့ ဘီလ်ကို စောင့်ပြီးထုတ်ရ၊ ဘီလ်ဆောင်ရတဲ့ ဒုက္ခတွေ ၊ ပြီးတော့ တခါတခါ ဘယ်လောက်တောင် ဖုန်းပြောမိမှန်းမသိဘဲ လကုန်ကျမှ ဖုန်းဘီလ် အများကြီး ကျနေတာလဲ မဖြစ်တော့ဘူးဆိုပြီး၊ တော်တော်လေး စိတ်ချမ်းသာ ပျော်ရွှင်မိသွားတယ်။

သေသေချာချာ ထပ်သိချင်တာနဲ့ ကျွန်တော်လည်း သူတို့ပြောတဲ့ Call Center ဖုန်းနံပတ်ကို ဆက်ပြီး မေးကြည့်ပါတယ်။

ကျွန်တော် ဘီလ် ဆောင်ထားတာ များနေရင် ဘယ်လိုလုပ်မလဲ သိချင်လို့ပါ။

အမျိုးသမီး အသံတစ်သံနဲ့ ဖုန်းပြန်ဖြေပါတယ်။ ချိုချိုသာသာပါပဲ။

“လူကြီးမင်းတို့ ဘီလ်ဆောင်တုန်းက စာရင်းထဲမှာ ငွေအများကြီးသွင်းမိလို့ ပိုနေတယ်ဆိုရင် Prepaid ကဒ်ပြောင်းတဲ့အခါ ကဒ်ထဲ ငွေပြောင်းထည့်ပေးပါမယ်တဲ့။

တကယ် ကောင်းတဲ့စနစ်ပါ။ ကျွန်တော် တော်တော်လေးအထင်ကြီးလေးစားမိပါတယ်။ အရင်ကလို ရုံးသွားစရာ၊ အချိန်ကုန်စရာ မလိုပဲ အဆင်ပြေအောင် လုပ်ပေးလို့ပါ။

အဲ့ဒီလိုနဲ့ ဟော………..သိပ်မကြာပါဘူး။ ကျွန်တော့်ဖုန်းထဲကို နောက် Message တစ်စောင် ထပ်ရောက်လာပြန်ပါတယ်။

ဘီလ်လာဆောင်ပါတဲ့။ ဇန်န၀ါရီ ၂၇ ရက်နောက်ဆုံးထားပြီး ဆောင်ပါတဲ့။

တော်တော် စိတ်ညစ် သွားပြန်ပါတယ်။ ရုံးသွားပြီး ဘီလ် မဆောင်ချင်လို့ Prepaid ပြောင်းပါတယ်။ လာဆောင်ရဦးမယ်တဲ့ဗျာ။ ပထမပြောထားသလို Prepaid ကဒ် စနစ်ပြောင်းပြီးတဲ့အခါ စာရင်းထဲမှာ ပိုနေတဲ့ ငွေတွေကို ကဒ်စာရင်းထဲ ပေါင်းထည့်လို့ရတယ်လို့ သိထားပါတယ်။

ဒါဆိုရင် ကျွန်တော့စာရင်းထဲမှာ အကြွေး ရှိနေတယ်ဆိုရင်ကော…. ??????????

ပိုငွေကိုကျတော့ Prepaid ကဒ်ထဲ ပြောင်းထည့်လို့ရပြီး၊

လိုငွေကိုတော့ Prepaid ကဒ် ပြောင်းတဲ့အခါကျမှ တခါတည်း နှုတ်လို့မရဘူးလား။

မရဘူးလို့ ဆိုရင်ကော ဘာကြောင့် မရ ရတာလဲ…ရှုပ်သွားတာပါပဲ။ နည်းပညာက ပေါင်းတာနဲ့ နှုတ်တာ ဘာကွာလို့လဲ။ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။

ရှင်းနေတာကို ပြန်ရှုပ်အောင် လုပ်နေတယ်လို့ပဲ ခံစားရပါတယ်။ အဆင်ပြေလွယ်ကူအောင် လုပ်ရင်လဲ တခါတည်း လုပ်ပေးလိုက်ပါလားခင်ဗျာ..အခုတော့ ဘာမှန်းကို မသိတော့ပါဘူး။

စိတ်ညစ်နေတုန်းမှာ ရန်ကုန်က နာမည်ကြီး စတိုးဆိုင်တစ်ဆိုင်မှာ ဖုန်းဘီလ်ဆောင်လို့ရတယ်လို့ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ၀န်ဆောင်ခ ၅၀၀ ပဲ ပေးရမှာလို့ ပြောပါတယ်။ ကျွန်တော်လဲ ၀မ်းသာအားရအနီးဆုံး စတိုးဆိုင် ရှိတဲ့နေရာပြေးသွားပြီး Service လုပ်ပေးတဲ့ ကောင်တာမှာ သွားဆောင်ပါတယ်။

အဲဒီက အမျိုးသမီးက ကျွန်တော့်ဖုန်းနံပတ်မှတ်ပါတယ်။ နောက် သူ့ကွန်ပြူတာထဲမှာ On line billing ဆိုတဲ့ web page တစ်ခုဖွင့်ပြီး ကျွန်တော့်ဖုန်းနံပတ် ထည့်ပါတယ်။ အင်တာနက်ကလဲ မကောင်းတော့ တစ်ခါနှစ်ခါနဲ့မရ၊ နောက်ဆုံးတော့ ဖွင့်လို့ ရသွားပါတယ်။ ကျွန်တော်လဲ ကျသင့်ငွေပေးဖို့ စိတ်ရှည်ရှည်နဲ့ စောင့်နေပါတယ်။

အဲဒီအမျိုးသမီးက ကျွန်တော့်ဖုန်းနံပတ် မြန်မာ့စီးပွားရေးဘဏ်မှာ စာရင်းသွင်းထားတာရှိလားလို့ ထပ်မေးပါတယ်။ ကျွန်တော်ကမရှိကြောင်းဖြေတဲ့အခါမှာ အဲဒါဆို ဘီလ်ဆောင်လို့ မရပါဘူးတဲ့။ ထပ်ရှုပ်သွားပြန်ပါတယ်။

တကယ်လို့ ကျွန်တော့်က မြန်မာ့စီးပွားရေးဘဏ်မှာ On line billing လုပ်ဖို့ စာရင်းသွင်းထားတာ ရှိတယ်ဆိုရင် ဘာဖြစ်လို့ ဒီစတိုးဆိုင်မှာ လာသွင်းစရာအကြောင်းရှိမှာလဲဗျာ။ ကျွန်တော့်ဖာသာ အင်တာနက်ကနေပြီး ဘီလ် ဆောင်လိုက်မှာပေါ့။ အခုက ရှင်းရှင်းလင်းလင်းလဲမပြော၊ သေသေချာချာ မသိလို့ သွားမိတဲ့ကျွန်တော် သာ ဖတ်ဖတ်ကိုမောရတာပါပဲဗျာ။

Written By: Thomas @ Zeyar
Post by : Alin Karr Nya

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗလာနတ္တိ

"ဗလာနတ္တိ"
နေ့ကညကို လောင်ကျွမ်းတယ်
ငါ့ရဲ့ ၀ိညာဉ်ကိုလည်းလောင်ကျွမ်းခဲ့ပြန်တယ်………..
ညမှာ ငါ နေ့အလင်းတန်းထဲကို တိုးဝင်ခဲ့တယ်
ပြီးတော့ မီးလောင်ကျွမ်းခြင်းဖြင့်
အရိုးပြာအမှုန့်တွေအဖြစ် အဆုံးသတ်ခဲ့တယ်……….
ငါ့ကို အသက်ရှူမ၀အောင်လုပ်တဲ့ ညက
ငါ့ တစ်ကိုယ်လုံးကို ၀ါးမြိုခဲ့တယ်
အားလုံးဟာ ဘာမှမရှိခဲ့သလို ပြောင်းလဲသွားတယ်…………
ညအခါမှာ နေ့အလင်းရောင်တွေဖုံးကွယ်ထားတဲ့
လိမ်ညာမှုတွေကို ငါမြင်တယ်
ဖုံးကွယ်ထားတဲ့မျက်လုံး
ဟန်ဆောင်အပြုံးတွေ
အိမ်မက် မက်ရင်းလမ်းလျောက်နေသူ၊ စကားပြောနေသူတွေ
အချိန်တွေကို တစ်လှမ်းချင်းစီဖြတ်ရင်းနဲ့
နောက်ဆုံးတော့….?

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပြန်လာပေးပါ

ချစ်သူ . .
ဆုံတွေခဲ့တဲ့အချိန်တွေကို
ပြန်လိုချင်ပေမယ့်
မရနိုင်တာကို တမ်းတတတ်တဲ့
ကလေးတစ်ယောက်လို
ငိုယိုပြီး တောင်းပေမဲ့
မရရှိလို့ ခံစားရတဲ့ ဝေဒနာကို
ကိုယ်ချင်းစာတတ်ခဲ့ပြီ . .

ချစ်သူ . .
မတွေ့တဲ့ရက်တွေကို
လက်ချိုးရေတွက်ပြီး
ကုန်ခဲ့တဲ့အချိန်တွေကို
ပြန်တမ်းတ လွမ်းတတ်တဲ့
ဝေဒနာကို ခံစားတတ်နေပြီ . .

ချစ်သူ . .
ပြန်ဆုံမဲ့ ရက်ကလေးကို
မှန်းမျှော်ပြီး တခဏတာ
ခွဲခွာတတ်ခြင်းကိုတောင်
ဒီလောက်ခံစားရတာ
မုန်းမေ့ဖို့ဆိုတာကို
စကားအဖြစ်နဲ့တောင်
လက်မခံတတ်ခဲ့ပြီ . .

ချစ်သူ . .
ဆုတောင်းတိုင်သာ ပြည့်မယ်ဆိုရင်
ကိုယ်လည်း ဆုတောင်းလိုက်ချင်တယ်
ချစ်တဲ့သူတိုင်းဝေးကွားခြင်းမှ
ကင်းပါစေလို့ ဆုတောင်းရင်း........။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်သောမျက်စိတွင် အမျက်အအီမရှိ

လူတွေ....လူတွေ
အရေးကိစ္စတွေကို အရေးမစိုက်တဲ့အခါ
မျက်စိက ရုပ်သေဓါတ်ပုံတွေပဲ ရိုက်ယူထားကြတယ်ဗျာ။
ဟော.....အရေးလည်းစိုက်ရော
အားလုံးရုပ်ရှင်တွေ ဖြစ်ကုန်ပါလေရော...........။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS