RSS

” အချစ်ကို တန်ဖိုးထားပါ”

စကား တစ်ခွန်းရဲ့ နောက်က အတိမ်အနက်ဆိုတာတွေကို လေ့လာဆန်းစစ်ကြမယ်ဆိုရင်အဓိပ္ပာယ်တွေက ကိုယ့်အယူအဆနဲ့ကို အမျိုးမျိုးအဖုံဖုံဖြစ်လာမှာပါ။ ဒီအထဲအကမှ လောကမှာ ရေပန်းအစားဆုံး စကားလုံးက Love (အချစ်) ဆိုတဲ့ စကားလုံးလေးပါ။ရှေးဆရာကြီးတွေက ဒီစကားလုံးလေးကို အဓိပ္ပာယ်တွေအမျိုးမျိုးဖွင့် ဆိုခဲ့ကြပါတယ်။သူ့အယူအဆနဲ့သူ အားလုံးမှန်နေကြတာပဲလို့ ယူဆမိပါတယ်။ 
တစ်ခါတုန်းက အချစ်ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆုံဖူးတယ်။အဲဒီတုန်း
တော့ ကိုယ်တိုင်က ဒီအရာကိုလေးလေး နက်နက်မခံစားတတ်သေးတဲ့ အချိန်ပါ။ သူပြောသမျှ စကားလုံး တွေက ကိုယ့်အတွက်တော့ ဟာသလိုပဲဖြစ်ခဲ့တယ်။ သူ့နောက်ကွယ်မှာ “ ရူးပါတယ်ကွာ” ဆိုပြီးတော့ ဟား တိုက် ခဲ့တယ်။ အဲဒီပုဂ္ဂိုလ် တကယ်ခံစားနေရတယ်ဆိုတာတော့ သေချာပါတယ်။ သူနဲ့ ငယ်ငယ်လေးထဲက ချစ်ခဲ့ကြိုက်ခဲ့တဲ့ အမျိုးသမီးက8888 နဲ့ပတ်သတ်ပြီး တတိယနိုင်ငံတစ်ခုကိုရောက်နေပြီ ဆိုတာလည်း သူပြော ပြလို့သိခဲ့ရပါတယ်။
ဒီကပုဂ္ဂိုလ်ကတော့ သူနဲ့တွေ့ရဖို့ အမျိုးမျိုးကြိုးစားနေတယ်။ သူငယ်ချင်းအေးဂျင့်တွေဆီလာပြီး အဝေးက အမျိုးသမီးနဲ့ တွေ့နိုင်မယ့်နည်းလမ်းတွေ၊ အဆက်အသွယ်ရနိုင်မယ့်နည်းလမ်းတွေလာမေးရှာတယ်။ တကယ် လည်း သနားစရာကောင်းပါတယ်။ အစွဲအလန်း ကြီးတဲ့သူဆိုပြီး အပြစ်တင်လို့လဲ ရပါတယ်။လူတိုင်းမှာ သူ့အ ယူ အဆနဲ့သူဆိုတော့ ခံစားမှုအပိုင်းမှာလည်း ကွဲပြားကြမှာပါ။ တစ်ချို့ကတော့ one go two come ဆိုတာမျိုး လုပ်တတ်ကြတယ်။ ဒီလိုပုံစံတွေက ယနေ့ခေတ်မှာ ပိုပြီးတော့တောင် တွင်ကျယ်လာပါပြီ။ တစ်ချို့တွေ မှာကြတော့လည်း ဒီလိုလွယ်လွယ်လေး မစွန့်လွှတ်နိုင်ကြတဲ့ အတွက် သစ္စာတွေ မေတ္တာတွေ ရင်မှာပိုက်ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်တယ်ဆိုတဲ့ သာဓကတွေတောင်ရှိခဲ့ပါတယ်။
အချစ်ကို မခံစားတတ်သေးတဲ့ အရွယ်မှာ သူများပြောတာတွေကို ဟာသလုပ်ခဲ့မိတဲ့ ကံကြောင့်များလား? ကျွန်တော်လဲ အချစ်ကံတော်တော်ခေပါတယ်။ အချစ်ကို ဘယ်လိုမျိုးအဓိပ္ပာယ်တွေဖွဲ့ ပြီး ချဉ်းကပ်ရ မယ်ဆို တာလည်း နားမလည်ဘူး။ ချစ်မိတယ် ဆိုတာလောက်ပဲသိတယ်။ အဲဒီတော့ ချစ်မိပါတယ် လို့ပဲတည့် တိုးပြော တယ်။
အချစ်အတွက် ဆက်လက်စဉ်းစားခန်းဝင်ကြည့်တော့ တော်တော်မလွယ်တဲ့ အချစ်ပဲ။အချစ်နဲ့ စတင်တယ်။ အိမ်ထောင်ပြု ။ ကလေးတွေရ။ နေရေးထိုင်ရေးပူရ။ စားရေးသောက်ရေးပူရ။ အော် အဲဒါကြောင့်လည်း သူတို့ လေးတွေက စဉ်းစားရမယ်ဆိုတဲ့ စကားလုံးကိုအသုံးပြုနေကြတာကိုး။ သူတို့မှန်တယ်။ ရူးမိုက်တဲ့ ချစ်လူကြမ်း ကြီးတွေ မှားတာပေါ့ဗျာ။
အချစ်တစ်ခုကို တကယ်လေးလေးနက်နက်ဖြစ်စေချင်ရင် တကယ်မလွယ်တဲ့ ကိစ္စပါ။တကယ်ချစ်တဲ့သူတွေ ထမင်းရည်ပူအတူသောက်၊ မယ်တစ်ထမ်းမောင်တစ်ရွက် ( အယ်.. ဟုတ်ပါဘူးမောင်တစ်ထမ်း ၊ မယ်တစ် ရွက်နော်) ဆိုတာက ဒီခေတ်မှာ သိပ်မသုံးကြတော့ဘူး။တကယ်တမ်းကြတော့လည်း အဲဒီ ထမင်းရည်ပူ အတူသောက်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ တကယ့်အိမ်ထောင်ရေးတွေမှာ မပြည့်စုံတဲ့ အတွက် ဆူညံပွက် လောရိုက်နေတဲ့ မိသားစုတွေဘ၀ဟာ တကယ်တရားရဖို့ကောင်းပါတယ်။
စဉ်းစားကြပါ။ ကိုယ်လိုချင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ချစ်သူတစ်ယောက်ကို ရရှိနိုင်ကြစေ။ ပျော်ရွှင် သော အချစ်၊ သာယာသော အချစ်၊ အနှစ်တစ်ရာတိုင်မယ့် အချစ်စစ်အချစ်မှန် ဆိုတာတွေနဲ့ တွေ့ရှိနိုင်ကြ ပါစေ။ ကျွန်တော်ကတော့ ရူးရူးမိုက်မိုက် ချစ်မိနေပါသည်။ ။
တာရာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

3 comments:

blackကော်ဖီ said...

ရူးရူးမိုက်မိုက်ကိုချစ်နေမိတယ်တဲ့လား။အရမ်းချစ်လွန်းရင်လဲမကောင်းဘူးနော်သူငယ်ချင်း။ပြောတာပြောတာကိုယ်လဲဒီလိုပါဘဲလေ.........

မိုးယံ said...

အဲဒါတော့ တို့မသိ။ တို့ နေတဲ့ အသိုင်းအ၀ိုင်းထဲမှာတော့ ယူသာယူ ကလေးတွေလဲမွေး ။ မမွေးနိုင်ရင်ထပ်ယူ ။ မွေးရမှာ လူ့အလုပ် ကျွေးမှာ ဘုရားအလုပ် အဲလိုကြားဖူးတာပဲ။ ဂြီ

ကြယ်ရောင်မှတ်စု said...

အဓိပ္ပါယ်များရဲ့အတိမ်အနက်ကို စကားလုံးတွေက ဖုံးထားကြတယ် တဲ့ ဟုတ်တယ် အဓိပ္ပါယ်ဖွင့်မကုန်နိုင်တဲ့ စကားလုံးတွေ အများကြီးရှိနေပါလား

ခင်မင်စွာဖြင့် ( ဖိုးကြယ် )

Post a Comment